လွတ်တော်အမတ်ဖြစ်ဖို့အရေး ပွဲလန့်တုန်း ဖျာဝင်ခင်းတဲ့ ဦးဝင်းချို


ဦးဝင်းချိုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်တော်အမတ် ဖြစ်ဖို့အရေး စိတ်ကူးရင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒလ မြို့နယ်မှ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခပ်ကြောင်ကြောင် အတွေးတွေကြောင့် ဘယ်ပါတီနဲ့မှ အဆင်မပြေနိုင်ဘူးဆိုတာ သိတာကြောင့် တသီးပုဂ္ဂလအနေနဲ့ပဲ တစ်ကောင်ကြွက် ဝင်ပြိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း မဲထည့်တဲ့လူ မရှိလို့ ဝက်ဝက်ကွဲကောင် ရှုံးပြီး လွတ်တော်အမတ်မင်းဖြစ်ရေး အိပ်မက်ကြီး ပျက်ပျယ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဇွဲမလျှော့နိုင်သေးပဲ မသေခင် လွတ်တော်အမတ်ဖြစ်ရေး မျှော်တွေးကာ နောက်ထပ် ၂၀၁၅ မှာ လုပ်မယ့် ရွေးကောက်ပွဲမှာ မဲရရှိရေးအတွက် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲ စဉ်းစားနေတတ်ပါတယ်။ လူမိုက်ကံကောင်း ဆိုသလိုပဲ ခေါင်းစဉ်ရှာနေတဲ့ ဦးဝင်းချိုအတွက် ဧရာဝတီ ရောဂါ က အကောင်းဆုံး ခေါင်းစဉ်ဖြစ်လာခဲ့ပါတယ်။ ဧရာဝတီ ရောဂါပျံ့နှံ့ကာ ပွဲလန့်နေတုန်းမှာပဲ ဦးဝင်းချိုတစ်ယောက် ဖျာခင်းဖို့ ဖျာလိတ်ထမ်းကာ ပြေးဝင်လာပါတော့တယ်။

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း က အမျိုးသား အကျိုးစီးပွား တိုးတက်စေတာကြောင့် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောခဲ့တာကို နိုင်ငံတော် ပုန်ကန်မှု တစ်ခုအသွင် ဖန်တီးကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက အခန်း တွေ၊ ပုဒ်မ တွေတပ်ပြီး အရေးယူဖို့တောင် ပြောလိုက်ပါသေးတယ်။

ဦးဝင်းချို ကို မေးမြန်းချိန်မှာလဲ လူအများက မကြိုက်တာကြောင့်လို့ ပြောခဲ့ပါတယ်။ ခုချိန်မှာ ဦးဝင်းချိုရဲ့ အလုပ်က လူတွေဘာကြိုက်လဲ၊ လူတွေ ကြားမှာ ဘာအကြောင်းတွေ ပြောနေလဲဆိုတာ စုံစမ်းပြီး ပရိတ်သက်အကြိုက် လိုက်ကာ ၂၀၁၅ မှာ ထောက်ခံမဲ ရဖို့အရေး ကြိုးစားဖို့ပါပဲ။ ဦးဝင်းချိုရဲ့ ဒီလုပ်ရက်နဲ့ ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့ဖူးတဲ့ ကိုယ်စားလှယ်တစ်ဦးက အခုလိုပြောပါတယ်။
"အထူးပြောစရာမလိုပါဘူးဗျာ... သူမဲလိုချင်လို့ လုပ်နေတာ သိသာနေတာပဲ.. အပေါစားစည်းရုံးမှု ဆိုတာ ဒါမျိုးပဲဗျ.. ၁၉၉၀ တုန်းကလည်း အဲလိုလူတွေ အများကြီး နိုင်သွားကြတာပဲ... ဦးဝင်းချိုလည်း ဒီ မရိုးနိုင်တဲ့ ပရိတ်သက်အကြိုက်လိုက်၊ ပရိတ်သက် ကြားချင်တာ ပြောတဲ့ နည်းနဲ့ လူထောက်ခံအောင် လုပ်တာပေါ့... ဒါပေမယ့် ဒီခေတ်မှာ ပွဲလန့်တုန်း ဖျာခင်းတတ်ရုံနဲ့ လူတွေရဲ့ ထောက်ခံမှု ရဖို့ မလွယ်ဖူးလေ.. ဒါကြောင့် သူလည်း ခုထိ လွှတ်တော် အမတ်မဖြစ်တာပေါ့... ဒီဦးနောက် ဒီအတွေးအခေါ်နဲ့ ဒီနည်းလမ်းအတိုင်း ဆက်သွားလို့တော့ ... လွှတ်တော်အမတ်မပြောနဲ့ဗျာ... လွှတ်တော် တံခါးစောင့်တောင် ဖြစ်ဖို့မလွယ်ဘူးဗျ.." လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

ဒါ့အပြင် ဧရာဝတီ ကို စောင့်လျှောက်ဖို့ထက် သူများကို အရေးယူဖို့ အရင် စဉ်းစားနေတဲ့ ဦးဝင်းချို ကို ရှုံ့ချ ကြသူတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ အင်တာနက်ပေါ်က အတိုက်အခံ စာမျက်နှာတွေမှာတော့ ထုံးစံအတိုင်း အရည်အချင်းရှိရှိ ပြန်မပြောနိုင်ချိန်မှာ ပါဆင်နယ်တွေ လျှောက်ပြောပြီး အနိုင်ရဖို့ကျိုးစားနေကြောင်းကို နိုင်ငံခြားမှာ နေပြီး ဧရာဝတီ အရေးလှုပ်ရှားနေသူ တစ်ဦးက "အခုချိန်မှာ အရေးကြီးတာက ဧရာဝတီ ပဲဗျာ.. ဦးဝင်းချို အနေနဲ့ တလွဲကို ဆံပင်မကောင်းသင့်ဘူးလို့ ပြောချင်တယ်ဗျ.. သူက သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့စိတ်ထက် သူများကို အရေးယူချင်စိတ်က ပိုများနေသလိုဖြစ်နေတယ်လေ... အင်တာနက် စာမျက်နှာတွေလည်း အတူတူပဲပေါ့... ဧရာဝတီ ကို ကယ်ကြမယ် အော်ပြီး အရည်ချင်းရှိရှိ ပြန်မဆွေးနွေးနိုင်တော့ လျှပ်စစ်ဝန်ကြီးကို မကျေနပ်ပြီး ပါဆင်နယ်တွေ လျှောက်ပြောနေကြတာတွေ လုပ်နေကြတယ်.. သတ္တိမရှိလို့ လက်နက်ပုန်း သုံးသလိုဖြစ်နေတာပေါ့ဗျာ... အဲဒီ လုပ်ရက်တွေ၊ အဲဒီ စိတ်ဓာတ်တွေနဲ့ နိုင်ငံတော်ကို ကယ်တင်မယ်.. ဧရာဝတီကို ကယ်တင်မယ် ဆိုရင်တော့ ရင်လေးစရာပဲဗျ..." လို့ ပြောသွားပါတယ်။

အင်တာနက်ပေါ်က ယောင်္ကျားဆန်ဆန် အရည်ချင်းရှိ ပြန်မဆွေးနွေးကြပဲ အမှောင်ထဲက လက်နက်ပုန်းသုံးကာ မဆိုင်တာ လျှောက်ပြောနေသူများကို အမှတ် (၁) လျှပ်စစ် ဝန်ကြီးက ယောင်္ကျားဆန်ဆန် ဒုတ်ဒုတ်ချင်း၊ ဓား ဓားချင်း သာ ပြန်လည် ယှဉ်ပြိုင်သင့်ကြောင်း ဆုံးမ စကား ပြောခဲ့ပါတယ်။

အသက် ၆၀ နီးပါး ရှိပြီဖြစ်တဲ့ ဦးဝင်းချိုဟာ ဗိုလ်ချုပ်ဈေးမှာ ရွှေဆိုင်ဖွင့်ပြီး ကြီးပွားချမ်းသာနေသူဖြစ်ပါတယ်။ ဦးဝင်းချိုရဲ့ ကိုယ်ရေးအချက်အလက်အချို့ကတော့ အောက်မှာဖော်ပြထားတဲ့ အတိုင်းဖြစ်ပါတယ်။ ဧရာဝတီ သတင်းဌာနကတော့ ဦးဝင်းချိုကို ရန်ကုန်တိုင်း ဒဂုံ မဲဆန္ဒနယ် က လို့ မှားယွင်း ဖော်ပြ ထားပါတယ်။

 
Ref : http://myanmarexpress.blogspot.com/
Tags: