• မူလစာမျက်နှာ
  • စာပေဟောပြောပွဲ ( ၁၂၃ ) ဖိုင်
  • မူလစာမျက်နှာ
  • ဗီဒီယိုမှတ်တမ်းများ
  • ဓာတ်ပုံသတင်းများ
  • KIA အကြောင်း
    • Category
      • Category
      • Category
      • Category
      • Category
    • Category
    • Category
    • Category
  • မြန်မာ့အရေး
  • နိုင်ငံတကာအရေး
  • အတွေးအခေါ်များ
    • Category
    • Category
    • Category
    • Category
လက်ရှိဖတ်ရှုနေသောခေါင်းစဉ်: မူလစာမျက်နှာ »
Showing posts with label နိုင်ငံတကာအရေး. Show all posts
Photo
ကြည်နေ၀င်းမင်း
အတွဲ (၁၀)၊ အမှတ်(၃၂)
လစ်ဗျားခေါင်းဆောင်ဟောင်း မွမ် မာကဒါဖီအား သစ္စာခံ၍ နောက် ဆုံးခုခံနေသော မြို့နှစ်မြို့အနက် မှတစ်မြို့ဖြစ်သော ဘာနီဝါလစ်မြို့ ကျသွားခဲ့ရာ လစ်ဗျားအမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ ( NTC )  သည်အမျိုးသားလွတ် မြောက်ရေးကို အတိအလင်း ကြေညာနိုင်တော့မည် ဖြစ်သည်။ သို့သော် စစ်ဒဏ်ခံထားရသော တိုင်းပြည်အား နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ရေးမှာမူ အလှမ်းဝေး နေပါသေးသည်။
    ဘာနီဝါလစ်မြို့တွင် ကဒါဖီ လက်ထက်မတိုင်မီ လစ်ဗျားနိုင်ငံ ၏အမှတ်အသား သုံးရောင်ခြယ် အလံကို တလူလူလွှင့်ထူထားပြီ ဖြစ်သော်လည်း ကဒါဖီ၏ နောက်
ဆုံးခံတပ်နှင့် ၎င်းင်း၏ မွေးရပ်မြေ
ဆာတီမြို့တွင်မူ အသွင်ကူးပြောင်း ရေးကောင်စီတပ်များ ဆက်လက် တိုက်ပွဲဝင်နေရဆဲဖြစ်သည်။ ရက် သတ္တပတ်ပေါင်းများစွာ စီးနင်း ထားခဲ့သော မြို့အား နှစ်ရက်၊ သုံးရက်အတွင်း လုံးဝထိန်းချုပ် နိုင်တော့မည် ထင်မှတ်ခဲ့သော် လည်း ကဒါဖီသစ္စာခံတပ်များ၏ ပြင်းပြင်းထန်ထန် ခုခံမှုကြောင့်  NTC  တပ်ဖွဲ့များသည် ဆာတီမြို့ အချို့နေရာများမှ ဆုတ်ခွာခဲ့ရ သည်။
    တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင် ပြီဟု အမျိုးသားအသွင်ကူးပြောင်း ရေးကောင်စီက ကြေးကြော်နိုင် ရေး ဆာတီမြို့မှ ကဒါဖီသစ္စာခံ များက နောက်ဆုံးအခုအခံအဖြစ် ရှိနေရာတွင် ၎င်းင်းတို့တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရပြီးနောက်  NTC  က နေတိုးလေတပ်အား ကဒါဖီလို လားသော တပ်ဖွဲ့များ ခိုအောင်း နေသည့်နေရာများကို ဗုံးကြဲခိုင်း သည်။ လက်နက်ကြီးများဖြင့် လည်း အဆက်မပြတ်ပစ်ခတ်ခဲ့ သည်။
    နိုင်ငံမြောက်ပိုင်း ကမ်းရိုး တန်းမြို့အား သိမ်းပိုက်ရေးမှာ အမျိုးသားအသွင်ကူးပြောင်းရေး ကောင်စီ၏ အရေးပါသော ရည် မှန်းချက်တစ်ခုဖြစ်သည်သာမက ယင်းမြို့အား သိမ်းပိုက်နိုင်ပါက တစ်နိုင်ငံလုံး လွတ်မြောက်ပြီဖြစ် ကြောင်းကြေညာ၍ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ တစ်ရပ်သို့ အာဏာလွှဲပြောင်း ပေးနိုင်ရေး စတင်ပြင်ဆင်မည်ဟု  NTC  ကပြောကြားထားသည်။ သို့ ဆိုလျှင် ယင်းမှာ နေတိုးတပ်ဖွဲ့ များ၏ လစ်ဗျားတွင် ခြောက်လ အကြာဗုံးကြဲတိုက်ခိုက်မှု အဆုံး သတ်သည့် အချိန်လည်း ဖြစ်ပါ လိမ့်မည်။
    အမေရိကန်နှင့် အီတလီကာ ကွယ်ရေးဝန်ကြီးများကလည်း နေ တိုးစစ်ဆင်ရေး အဆုံးသတ်နိုင် မည့် အခြေအနေကို သုံးသပ်နေ ကြောင်းပြောကြားကြပါသည်။
““စစ်ဆင်ရေးဘယ်အချိန်မှာ အဆုံး
သတ်ရမလဲဆိုတာကို တပ်မှူးတွေ ကပြောတာ ကျွန်တော်တို့ စောင့် မျှော်နေပါတယ်””ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပါနက်တာကဆိုပါသည်။ သို့ သော် စစ်ဆင်ရေးအဆုံးသတ်ရေး မှာ ဆာတီမြို့အခြေအနေပေါ် တွင် မူတည်နေကြောင်း ကန်ဝန် ကြီးက ဆက်ပြောပါသည်။ ““ဆာ တီမြို့မှာ တိုက်ပွဲတွေ ဖြစ်နေတုန်း ပဲလေ။ အဲဒီလို တိုက်ခိုက်မှုတွေရှိ နေသမျှတော့ အဲဒီမှာ ငါတို့ဆက် ရှိဖို့လိုအပ်တယ်လို့ ငါတို့တပ်မှူး တွေကယူဆမှာပဲ””ဟု မစ္စတာပါ နက်တာကဆိုပါသည်။
    အမျိုးသားလွတ်မြောက်ရေး  ကြေညာနိုင်လုဆဲဆဲမှာပင်  NTC  အဖွဲ့သည် သံတမန်ရေးမျက်နှာ စာတွင် ကြီးကြီးမားမားတိုးတက် မှုများ ရရှိခဲ့သည်။ ကုလသမဂ၏ အသိအမှတ်ပြုမှု ရရှိခဲ့သလို နိုင်ငံ အများအပြား၏ လျင်လျင်မြန်မြန် အသိအမှတ်ပြုမှုများ ရရှိခဲ့သည်။
    ဖေဖော်ဝါရီလမှစ၍ ဆိုင်းငံ့ ထားခဲ့ရသော ဗြိတိသျှသံရုံးလစ် ဗျားနိုင်ငံတွင် ပြန်လည်ဖွင့်လှစ် ရေးကိစ္စအတွက်လည်း ဗြိတိသျှ နိုင်ငံခြားရေး အတွင်းဝန် ၀ီလီ ယမ်ဟေ့ပ် ထရီပိုလီမြို့သို့ လာရောက်လည်ပတ်ခဲ့သည်။ လစ်ဗျားနိုင်ငံအား အုပ်ချုပ်နေသောအဖွဲ့နှင့် ဆက်ဆံရေးထူထောင် နိုင်ရန်အတွက် လစ်ဗျားနိုင်ငံရှိ ဗြိတိသျှသံရုံးက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ် ကြောင်းနှင့် မစ္စတာ ဂျွန်ဂျင်ကင်းစ်အား သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ဗြိတိ သျှနိုင်ငံခြားရေးဝန်ကြီးက ဆိုပါသည်။ ထို့အပြင် ပါကစ္စတန်ဝန်
ကြီးချုပ် ယူဆွတ်ရာဇာဂီလာ နီကလည်း လစ်ဗျားအစိုးရသစ်ကို ပါကစ္စတန်နိုင်ငံကလည်း အသိ အမှတ်ပြုမည်ဖြစ်ကြောင်း ပြော ကြားပါသည်။
    အမျိုးသားလွတ်မြောက်ရေး ကိုကြေညာနိုင်တော့မည်ဟု ဆို သော်လည်း လစ်ဗျားအုပ်ချုပ်သူ အစိုးရအဖွဲ့သစ်သည် စစ်ကြောင့် ပြဲပြဲစင်ခဲ့ရသော တိုင်းပြည်ကို စီ မံခန့်ခွဲရေးမှာမူ အချိန်ယူရဦးမည် ဖြစ်သည်။
    လပေါင်းများစွာ အတူတကွ တိုက်ပွဲဝင်နေကြသော်လည်း  NTC  တပ်ဖွဲ့များသည် ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းသည်။ ရန်သူနှင့် နဖူးတွေ့ဒူး တွေ့တိုက်ခိုက်နေချိန်တွင် မကြာ
ခဏဆိုသလို မှားယွင်းပစ်ခတ် မှုများရှိခဲ့သည်။ ဆာတီမြို့တိုက် ပွဲများတွင် နိုင်ငံအနောက်ဘက် မစ်စထရာတာမြို့မှ NTC တိုက်ခိုက်ရေးသမားများနှင့် အရှေ့ဘက်ဘင်ဂါဇီမြို့မှ တပ်ဖွဲ့များ
ယင်းကဲ့သို့ မှားယွင်းပစ်ခတ်မှု များကို တစ်ဖက်နှင့် တစ်ဖက် စွပ်စွဲရင်း တပ်ဖွဲ့ဝင်များစွာ အ သက်ဆုံးရှုံးခဲ့ရသည်။
    နောက်ဆုံးအမာခံဒေသများ အား  NTC  တပ်ဖွဲ့များက ရက် ပေါင်းများစွာ စီးနင်း၍ တိုက်ပွဲ များဝင်နေခဲ့ရခြင်းကလည်း ဒေ သခံလူထု၏ အခြေအနေကို ဆိုး ၀ါးစေခဲ့သည်။ ဘာနီဝါလစ်မြို့ ရှေ့တန်းတိုက်ခိုက်ရေးဒေသများ မှထွက်ပြေးလာသော အရပ်သား အများအပြားအား ဘာနီဝါလစ် မြို့အနီး ရှေ့တန်းစခန်းဆေးရုံ များတွင်လက်ခံကုသပေးခဲ့ ရ ကြောင်း တောင်ပိုင်းစစ်မျက်နှာ ပြင်ပြောခွင့်ရပုဂ္ဂိုလ် မာမွတ်တောဖစ်ကပြောပါသည်။
    တစ်ဖက်တွင်လည်း  NTC  တပ်ဖွဲ့များသည် အကျဉ်းသား များအား နှိပ်စက်ကလူ ပြုသည် ဟုလည်း စွပ်စွဲခံရပြီး ယင်းမှာ က ဒါဖီအစိုးရလုပ်ခဲ့သည့်အတိုင်းပင် ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့  Amnesty Inter-national  က ပြောဆိုပါသည်။ ယင်းကိစ္စကို ထရီပိုလီမြို့တွင်  NTC  အကြီးအကဲနှင့် တွေ့ဆုံပါက ဆွေးနွေးသွားမည်ဟု ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး ၀ီလီယမ် ဟေ့ဂ်ကဆိုပါသည်။
    ကဒါဖီ၏ သစ္စာခံတပ်ဖွဲ့များ ၎င်း၏ မွေးရပ်မြေ ဆာတီမြို့တွင် ဆက်လက်ခုခံနေစဉ်မှာပင် အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ကလင်တန်တစ်ယောက် ထရီပို လီမြို့သို့ ရောက်ရှိလာခဲ့ပြီး “လစ်ဗျား၏ အောင်ပွဲ”ကို ကြိုဆိုခဲ့ပါ သည်။ ယင်းမှာ ကဒါဖီ၏ ၄၂ နှစ်ကြာအုပ်ချုပ်ရေး သြဂုတ်လ တွင် အဆုံးသတ်ခဲ့ပြီးနောက်ပိုင်းထရီပိုလီ သို့ ရောက်ရှိလာသည့် အမေရိကန် အဆင့်မြင့်ဆုံး အရာရှိတစ်ဦး၏ ခရီးစဉ်ဖြစ် သည်။ မစ္စကလင်တန်၏ ခရီးစဉ်အတွင်း လုံခြုံရေးကိုအထူး တင်းကျပ်ထားခဲ့ရာ လစ်ဗျားအုပ် ချုပ်သူအသစ်များသည် နိုင်ငံအား အပြည့်အ၀ မထိန်းချုပ်နိုင် သေးကြောင်း စိုးရိမ်ပူပန်မှုများကို ရောင်ပြန်ဟပ်နေသည်။
    လစ်ဗျားကြားဖြတ်အုပ်ချုပ် ရေးအဖွဲ့ဝန်ကြီးချုပ် မာမွတ်ဂျီ ဘရီးလ်နှင့် တွေ့ဆုံပြီးချိန်မှာပင် ကဒါဖီအစိုးရအား ဖြုတ်ချခဲ့ရာမှ ပေါ်ထွက်လာခဲ့သော အင်အား ကြီးမားပြီး လက်နက်အများအ ပြားကိုင်ဆောင်ထားသည့် လက် နက်ကိုင်အဖွဲ့များအား ဗဟိုအုပ် ချုပ်ရေးအဖွဲ့အောက်သို့ သိမ်း သွင်းရေးကို မစ္စကလင်တန်က ပြောဆိုပါသည်။
    “နိုင်ငံကို စုစည်းနိုင်ဖို့ လိုအပ်  တာတွေကို လုပ်ဆောင်သွားမယ် လို့အမျိုးသားအသွင်ကူးပြောင်း ရေးကောင်စီက ကတိပြုပြော ကြားတဲ့အတွက် ကျွန်မတို့ အား ရပါတယ်။ ရှည်လျားတဲ့အတွေ့ အကြုံအရ ကျွန်မတို့ သိတာတစ် ခုကတော့ လက်နက်ကိုင်အဖွဲ့ အစည်းအမျိုးမျိုးကို တစ်ခုတည်း သောစစ်တပ်အဖြစ် ပေါင်းစည်း ရပါမယ်။ အမျိုးသားစစ်တပ်ကို အရပ်ဘက်အုပ်ချုပ်ရေး အောက် မှာထားရှိရေးဟာလည်း အရေး ကြီးပါတယ်”ဟုကန်နိုင်ငံခြားရေး ၀န်ကြီးက ဆိုပါသည်။
    လက်နက်ကိုင်အဖွဲ့များက အစိုးရသစ်ကို သစ္စာခံမည်ဖြစ် ကြောင်း ပြောကြားကြသော် လည်း ၎င်းင်းအဖွဲ့များသည် လစ် ဗျားနိုင်ငံစည်းလုံးညီညွတ်ရေး အ တွက် အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ်သည်ဟု လေ့လာသုံးသပ်သူ အများအပြားက ရှုမြင်ကြပါ သည်။
    ယခုအခါ လစ်ဗျားခေါင်း ဆောင် ကဒါဖီသေဆုံးသွားပြီဖြစ် ၍ လစ်ဗျားစစ်ပွဲပြီးဆုံးသွားပြီဟု ဆိုနိုင်သော်လည်း NTC ရင်ဆိုင်ရ မည့်ပြဿနာများမှာ ထုနှင့်ထည် နှင့် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။        —Ref: Xinhua, Reuters

Ref : http://7daynewsjournal.com/

နောက်ဆုံးမှာတော့ အီတလီ ၀န်ကြီးချုပ် ဆီဗီယိုဘာလူစကိုနီ ကဲ့သို့ နိုင်ငံရေးအရ ရှင်သန်ကျန် ရစ်ရန် ကျွမ်းကျင်သူတစ်ဦးသော် မှ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ဈေးကွက်များ၏အင်အားကို မယှဉ်နိုင်တော့။
အီတလီဝန်ကြီး ချုပ်သည် နိုဝင်ဘာလ ၉ရက်နေ့ တွင် နိုင်ငံတကာဖိအားများနှင့် ပြည်တွင်း၌ ထောက်ခံမှုလျော့ရဲ လာမှုကို ဦးညွှတ်လိုက်ရပြီး နိုင်ငံ၏ ကြွေးမြီအကျပ်အတည်းအား ဇက်သတ်နိုင်မည့် ပြုပြင်ပြောင်း လဲရေးအစီအစဉ်များကို ပါလီမန် က အတည်ပြုပေးလိုက်ပါက ရာ ထူးမှနုတ်ထွက်မည်ဟု ကတိပေး လိုက်ရသည်။
သို့သော် ယခုအချိန်တွင် မေးခွန်းထုတ်ရမည့်အချက်မှာ ဘာလူစကိုနီနုတ်ထွက်သွားရုံဖြင့် ယိုင်နဲ့နေသော အီတလီနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေကို ချုပ်ကိုင်နိုင်မည်လားဆိုသည့် အ ကြောင်းအရာဖြစ်သည်။ ဥရောပဘဏ္ဍာရေးအကျပ်အတည်းမှာ လည်း ယခင်အစွန်အဖျားနိုင်ငံ များဖြစ်သည့် ဂရိ၊ အိုင်ယာလန်ကဲ့သို့နိုင်ငံမျိုးမှ ၎င်းင်း၏အင်အားကြီး စီးပွားရေးနိုင်ငံကြီးဆီသို့ ရောက်ရှိလာပြီဖြစ်သည်။
ဘတ်ဂျက်မဲခွဲမှုတွင် ထောက် ခံမဲအလုံအလောက်ရရှိရန် မစွမ်း ဆောင်နိုင်ခဲ့ခြင်းမှာ ဘာလူစကိုနီ အတွက် သိက္ခာကျစရာဖြစ်ခဲ့သ လို ၎င်းင်းအနေဖြင့် နိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် ပါလီမန်ထောက်ခံမှုဆုံးရှုံးသွားခြင်းလည်း  ဖြစ် သည်။ သို့တိုင်အောင် ပါလီမန် အနေဖြင့် ဥရောပကတောင်းဆို ထားသည့် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာဥပဒေကို အတည်ပြုပေး မှသာ ရာထူးမှနုတ်ထွက်မည်ဟု ဘာလူစကိုနီက    ပြောကြားပါ သည်။ အီတလီနိုင်ငံ၏ တောင်လို ပုံနေသော ကြေးမြီကန်ဒေါ်လာ ၂  ဒသမ  ၆  ထရီလီယံအတွက် ထောက်ပံ့အကူအညီပေးနိုင်ရန် အီတလီနိုင်ငံက စီးပွားရေးဆိုင် ရာပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ရမည်ဟု ဥရောပက တောင်း ဆိုထားပါသည်။
နှစ်ခြမ်းကွဲနေသော အီတလီ ပါလီမန်ကလည်း နိုင်ငံပိုင်လုပ် ငန်းများအား ရောင်းချခြင်း၊ အ လုပ်သမားဥပဒေများအား ဖြေ လျှော့ခြင်းများ ပြုလုပ်ဆောင်ရ မည့် ပြုပြင်ပြောင်းလဲမှု ဥပဒေကို အတည်ပြုပေးနိုင်မည်လားဆို သည်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ ခြိုးခြံချွေတာမှုအစီ အစဉ်များအား ဆန့်ကျင်မှုမှာလည်း ဆက်လက်အားကောင်းနေ ဆဲဖြစ်ရာ ယင်းအချက်ကို ဘာလူ စကိုနီ က အခွင့်ကောင်းယူ၍ ရွေး ကောက်ပွဲအသစ်တွင် ၀င်ရောက်ယှဉ်ပြိင်ပြီး အာဏာဆက်လက်ရ ယူထားနိုင်မည်ဟု မျှော်လင့်နေသည်။
သို့သော် အီတလီနိုင်ငံရေး ၏ အရှုပ်တော်ပုံများနှင့် နောက် ဆုံးဘာလူစကိုနီနုတ်ထွက်ရသည့် အထိဖြစ်လာခဲ့သည့်အဖြစ်အ ပျက် များက အီတလီ၏ နိုင်ငံတော် ကြေးမြီပြဿနာကို ပြေလည် အောင် ဖြေရှင်းရေးနီးစပ်မှုမရှိ လာသလို အီတလီ၏ အကျပ်အ တည်းအခြားနိုင်ငံများသို့ ကူးစက် နိုင်ခြေ ဥရောပ၏ စိုးရိမ်မှုကိုလည်း လျော့ပါးမသွားစေခဲ့ပေ။
တစ်နည်းအားဖြင့်လည်း ဘာလူစကိုနီ၏ဇာတ်လမ်းမှာ အာရုံလွှဲစရာသာဖြစ်ပြီး အဓိက ဇာတ် ကောင်(သို့မဟုတ်)ပူပန်မှုမှာ ကမ္ဘာ့အဋ္ဌမမြောက်စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ၏ ဘဏ္ဍာ
ရေးအခြေအနေ တစ်နေ့တခြား ဆိုးဝါးလာပြီး ပြိုလဲနိုင်သည့် အခြေအနေဖြစ်သည်။
ဘာလူစကိုနီအား ဆန့်ကျင် သူများက ၎င်းင်းရာထူးမှနုတ်ထွက်ရန် ကတိပေးခြင်းကို အောင်ပွဲအ ဖြစ် ရှုမြင်ပြီး အလှည့်အပြောင်း ဖြစ်နိုင်သည့် အခြေအနေဟုကြေး  ကြော်ကြသော်လည်း ၎င်းင်းအား ထောက်ခံသူများကမူ ဘာမှမ ပြောင်းလဲဟု ဆိုကြပါသည်။
““ဘာလူစကိုနီနုတ်ထွက် သွားတာနဲ့ပဲ လူတိုင်းလူတိုင်းအ ရမ်းကို တော်လာတတ်လာကြပြီး ဒီနိုင်ငံကို အံ့သြဘနန်းပြောင်းလဲ သွားအောင် လုပ်နိုင်မယ်လို့ထင် လား””ဟု ပါလီမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဒဲဘိုရာဘာဂါမီနီက မေး ခွန်းထုတ်ပါသည်။ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ချပြီးနောက် ဘာလူ စကိုနီနှင့် စကားပြောခဲ့သူ မစ္စဘာ ဂါမီနီက   မိမိပါတီမှလူများပါ
တစ်ဖက်သို့ ကူးပြောင်းသွားခြင်း ကြောင့် နိုင်ငံအုပ်ချုပ်ရေးအတွက် ထိရောက်မှုမရှိတော့သည့်အချက် ကို လက်ခံရမည်ဟု ဘာလူစကိုနီ က ပြောကြားခဲ့ကြောင်းနှင့် ဘာ လူစကိုနီမှ အလွန်ပင်အေးဆေး တည်ငြိမ်ပြီး စိတ်သက်သာရာရ သွားသည်ဟုပင် ထင်ရကြောင်း မစ္စဘာဂါမီနီက ပြောပြခဲ့သည်။
သို့သော် အီတလီနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေကို လေ့ လာနေသူများအတွက်မူ ယင်းသို့ စိတ်မအေးနိုင်ကြပါ။ ဆယ်စုနှစ် တစ်ခုကြာရပ်တန့်နေခဲ့သော အီတလီနိုင်ငံ၏ စီးပွားရေးကြောင့် နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေ ဆိုးရွားလာခဲ့သည်။ အစိုးရ၏ ကြေးမြီမှာ ကန်ဒေါ်လာ၂ဒသမ၆ ထရီလီယံကျော်ရှိပြီး ယင်းမှာနိုင်ငံ စီးပွားရေး၏ ၁၂၀ ရာခိုင်နှုန်းရှိပါ သည်။ ဂရိနိုင်ငံပြီးလျှင် ဥရောပ တွင် ဒုတိယမြောက်အများဆုံးဝင် ငွေ၊ ထွက်ငွေမညီမျှမှုဖြစ်သည်။
နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုမရှိသော်လည်း အစိုးရက လူမှုရေးထောက်ပံ့ငွေများရက် ရက်ရောရောပေးကမ်းပြီး အခြား သုံးစွဲမှုအများအပြားလည်း ပြုလုပ်ခဲ့သည်။ ယင်းသုံးစွဲမှုများမှာ လည်း အများအားဖြင့် ခြစားမှုနှင့် အလဟဿဖြုန်းတီးမှုများတွင် ပျောက်ဆုံးခဲ့သည်။ အစိုးရငွေ တိုက်စာချုပ်များထုတ်ရောင်း၍ ဘဏ္ဍာငွေ ရှာဖွေပံ့ပိုးခဲ့သည်။ ချေးငွေများအတွက် အတိုးနှုန်းနည်းပါးချိန်တွင် မထောင်းတာလှ သော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း အတိုးနှုန်းများ သိသိသာသာမြင့်တက်လာခဲ့ရာ ငွေချေးငှားရန် အကျပ်အတည်း ဖြစ်လာသည်။ ကြေးမြီများကို ဆက်လက်ပံ့ပိုးနိုင်ရန် မရေမရာ ဖြစ်လာပြီး ကြေးမြီပေးဆပ်ရန် လည်း အန္တရာယ်ပြမ်းလာခဲ့ရာ ဂရိ၊ ဥရောပ၊ အိုင်ယာလန်နိုင်ငံများ ကဲ့သို့ ယူရိုဇုန်၏ ကယ်တင်မှုလို အပ်နိုင်သည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ရာထူးမှဆင်းပေးရန် ဘာလူ စကိုနီ၏ ကမ်းလှမ်းမှုကို ဈေး ကွက်များက တုံ့ပြန်ခဲ့ပြီး အမေရိ ကန်စတော့ဈေးကွက်ဈေးနှုန်း များမြင့်တက်လာသည်။ တစ်ခါတစ်ရံ ထင်ရာစိုင်းတတ်သည့် ဘာ လူစကိုနီကြောင့်လည်း အီတလီ၏ ဘဏ္ဍာရေးပြဿနာများကို ထိန်း ချုပ်နိုင်ပါ့မလားဟူ၍ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်စိတ်တိုးပွားခဲ့ရသည်။
ထို့အပြင် အီတလီ၏ စီးပွား ရေးနှင့် ကြေးမြီပမာဏမှာ အခြား ယူရိုဇုန်နိုင်ငံများထက် ကြီးမား ပါသည်။ အီတလီနိုင်ငံ၏ ငွေတိုက် စာချုပ်ဈေးကွက်မှာလည်း အမေ ရိကန်နှင့် ဂျပန်နိုင်ငံတို့နောက် ကမ္ဘာ့တတိယအကြီးမားဆုံးဈေး ကွက်အဖြစ် ရပ်တည်နေသည်။ ပြင်သစ်၊ ဂျာမနီနှင့် အခြားနိုင်ငံ အများအပြားမှ ဘဏ်များက လည်း အီတလီငွေတိုက်စာချုပ် ဘွန်းများကို အကြီးအကျယ်ဝယ် ယူထားကြရာ အီတလီသာ ကြေး မြီပျက်ကွက်ပါက အခြားယူရိုဇုန် နိုင်ငံများပါ ထိခိုက်မည်ကို စိုးရိမ် လာကြသည်။ ပဲ့တင်လှိုင်းများက အမေရိကန်နှင့် မြောက်အမေရိက နိုင်ငံများသာမက ကမ္ဘာ့စီးပွားရေး ကိုပါ ကျကပ်အတွင်းဆွဲသွင်းသွား မည်ကို ပူပန်လာကြသည်။
နောက်ဆုံးတွင် ရင်းနှီးမြှုပ်နှံ သူများ၏ စိုးရိမ်မှုများကို ပြေ ပျောက်စေရန် အီတလီ၏ ဘဏ္ဍာ ရေးအခြေအနေများကို နိုင်ငံတ ကာငွေကြေးရန်ပုံငွေအဖွဲ့က စောင့်ကြည့်လေ့လာရေးကိုအီတ လီနိုင်ငံက လက်ခံခဲ့ရသည်။ ၀န် ကြီးချုပ်ဘာလူစကိုနီမှာလည်း ပြည်တွင်းမှာပင် နိုင်ငံရေးအရ ထောက် ခံမှုကျဆင်းလာခဲ့ရာ သမ္မတဂျီယာ ဂျီယိုနာပိုလီတာနိုနှင့် ၄၅ မိနစ်ကြာအစည်းအဝေး ပြုလုပ်၍ ၎င်းင်း နုတ်ထွက်မည့် အ ကြောင်းကို ကြေညာခဲ့သည်။
ယူရိုဇုန်က ကယ်တင်ရန် ကြီးမားလွန်းသည်ဟု ဆိုကြသည့် အီတလီနိုင်ငံ၏ ကြွေးမြီပြဿနာ ကို ဥရောပခေါင်းဆောင်များ မည် သို့ဆက်လက်ကိုင်တွယ်ကြမည် နည်းဆိုသည်မှာ လွယ်မယောင် နှင့် ခက်၊ တိမ်မယောင်နှင့်နက်ဟူ၍သာ ဆိုရပါတော့မည်။

Ref : http://7daynewsjournal.com/



 
















ဒီဇင်ဘာလ ၁၁ ရက်နေ့က လစ်ဗျားနိုင်ငံ ထရီပိုလီမြို့အရှေ့ပိုင်း၌ နိုင်ငံရေးနှင့်စစ်ဘက်ဆိုင်ရာကိစ္စ အမေရိကန်လက်ထောက်အတွင်းဝန် အင်ဒရူးရှာပီရိုကမီဒီယာများသို့ ပြောကြားရာတွင် အမေရိကန်နှင့် လစ်ဗျားဗုံးအထူးကျွမ်းကျင် သူလစ်ဗျားနိုင်ငံ၌ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်အစင်း ၅,ဝဝဝ ခန့် တွေ့ရှိများသည် မူအမ္မာကဒါဖီလက်ထက်ကကျန်ရစ်ခဲ့သော မြေပြင်-ဝေဟင်ပစ် ဒုံးကျည် အစင်း ၅ဝဝဝ ခန့်ကို တွေ့ရှိခဲ့ ရပြီးဖျက်ဆီးခဲ့ရကြောင်း ပြောကြားခဲ့သည်။

Ref : http://swesonemedia.org/  
(အေအက်ဖ်ပီ)
ဝင်းသော်တာ ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်း ဗီဒီယို လုပ်ငန်းတစ်ခုအားသွားရောက်စစ်ဆေးနေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
အသက် ၆၉ နှစ် ရှိပြီဖြစ်သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နျူကလီးယားလက်နက်ပိုင်ဆိုင် ထားသည်ဟု ဆိုသော မြောက်ကိုရီးယားနိုင်ငံသည် ကသောင်းကနင်းဖြစ်လာ မည့်အရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်နေသည့်အကြားက ကင်ဂျုံအီးလ်၏သားဖြစ်သူ ကင်ဂျုံအန်း အား 'မြောက်ကိုရီးယား နိုင်ငံသားတို့၏ မဆုတ်မနစ်တဲ့စိတ်ဓာတ်နဲ့ အတွေး အခေါ် ယုံကြည် ချက်များရဲ့ဒေါက်တိုင်' အဖြစ် ဖော်ပြကာ ဆက်ခံသူအဖြစ် ကြေညာ ခဲ့သည်။
"ကွန်မြူနစ်ပါတီ၊ စစ်တပ် နဲ့ ပြည်သူ လူထုတို့ရဲ့ ထူးခြားတဲ့ ခေါင်းဆောင်လည်းဖြစ်၊ တော်လှန်ရေးကြီးရဲ့ ဆက်ခံသူလည်းဖြစ်တဲ့ ကွန်မြူနစ်ပါတီဝင် တစ်ဦးဖြစ်သူ ကင်ဂျုံအန်းဟာ ကျွန်ုပ်တို့ရဲ့ တော်လှန်ရေးကြီးမှာ ရှေ့တန်းက ရပ်တည်ပေးမှာဖြစ်ပါတယ်။ "ပါတီအဖွဲ့ဝင်တွေအားလုံး၊ စစ်တပ်နဲ့ ပြည်သူတွေက ကင်ဂျုံအန်းရဲ့ ခေါင်း ဆောင်မှုနောက်က သစ္စာရှိစွာနဲ့လိုက်ပါသင့်တယ်" ဟု မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာနတစ်ခုက ပြောကြားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံမှ ဘွဲ့ရ တစ်ဦးဖြစ်သူ အသက် ၃၀ ၀န်းကျင်ရှိ ကင်ဂျုံအန်းသည် ၂၀၀၈ ခုနှစ်ဩဂုတ်လတွင် ၎င်း၏ဖခင် လေဖြတ် ဝေဒနာ ခံစား ရပြီးနောက် ရေပန်းစားထင်ရှားလာခြင်း ဖြစ်သည်။
ပြီးခဲ့သောနှစ်က ၎င်းသည် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်လာပြီး ထိပ်တန်းအာဏာရ ပါတီတွင်လည်း နေရာရလာ ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် သေဆုံးကြောင်း ကြေညာသည့် ဒီဇင်ဘာ ၁၉ ရက်နေ့၌ မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းခြေဒေသတွင် တာတိုပစ်ဒုံးကျည်ဖြင့် စမ်းသပ် ပစ်ခတ်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ ၎င်းကို တောင်ကိုရီးယားစစ်တပ် အာဏာပိုင်များက စောင့်ကြည့် အကဲခတ်လျက်ရှိကြောင်းကို တောင်ကိုရီးယား သတင်းဌာနမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည် အမျိုးသားလုံခြုံ ရေးပူးပေါင်းဆောင် ရွက်မှုကို ဂရုတစိုက် သေချာစွာဆောင်ရွက်ရန် ဒီဇင်ဘာလ ၁၉ ရက်နေ့က တယ်လီဖုန်း ဖြင့်ဆက်သွယ် ပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး နှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးအတွက် အမေရိကန်ပြည် ထောင်စု၏ ခိုင်မာသော ကတိက၀တ်ကို သမ္မတအိုဘားမားက ထပ်လောင်းအတည်ပြုကြောင်း ကြေညာ ချက်တစ်စောင်၌ ဖော်ပြ ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကိုရီးယားကျွန်း ဆွယ်တွင် ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် လုံခြုံမှု အဓွန့်ရှည်သော ခေတ်သစ် တစ်ရပ်ထူထောင်ရန် မြောက်ကိုရီး ယားခေါင်းဆောင်သစ်ကို တိုက်တွန်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံ ရေးမရှိသော ဂျပန်နိုင်ငံကလည်း ကင်ဂျုံ အီးလ် သေဆုံးမှုနှင့်ပတ်သက်၍၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး တစ်ဖက်တွင်လည်း အရေးပေါ် လုံခြုံရေးအစည်း အဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
ဗြိတိန်နိုင်ငံကလည်း အထီးကျန် နေထိုင်သော မြောက်ကိုရီးယားနိုင်ငံတွင် အလှည့်အပြောင်းတစ်ရပ် ဖြစ်ပေါ်ရန် မျှော်လင့်ချက်ကြီး လျက်ရှိသည်။
ပေကျင်းတွင် သမ္မတဟူကျင်တောင်က မြောက်ကိုရီးယားသံရုံးသို့ သွားရောက်ကာ ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီး စီးပွားရေးအရ အားထားရ သောနိုင်ငံ တစ်နိုင်ငံဖြစ်သည်။
ကင်ဂျုံအီးလ်၏ ဈာပနကို ပြုံယမ်းမြို့ တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ထိကျင်းပ မည်ဖြစ်သော်လည်း နိုင်ငံခြားကိုယ်စား လှယ်အဖွဲ့ များကိုမူ ဖိတ်ကြားခြင်းမပြုပေ။
နိုင်ငံသားများ၏၀မ်းနည်းပူဆွေးကြောင်း ပြသခြင်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်သည်။

Myanmar Daily Mail



 

မလေးရှား နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ပြစ်မှု ခုံရုံးတစ်ခုတွင် အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျှူဘုရှ် နှင့် ယခင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်သူ တိုနီဘလဲတို့မှာ အီရတ်နိုင်ငံ နှင့်ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်းတွင် စစ်ပွဲဆိုင်ရာ ပြစ်မှုများကို  ကျူးလွန်ခဲ့သူများ အဖြစ် တွေ့ရှိခဲ့ရကြောင်း press tv သတင်းတွင် ဖော်ပြခဲ့သည်။ ကွာလာလမ်ပူရှိ စစ်ဘက် ဆိုင်ရာ ပြစ်မှုခုံရုံးရှိ ငါးဦးပါ ခုံသမာဓိ အဖွဲ့မှ ဆုံးဖြတ်ရာ၌ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံသို့ ကျူးကျော် တိုက်ခိုက်ခဲ့သည့် လုပ်ရပ်တွင်  ဘုရှ်နှင့် ဘလဲ တို့မှာ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသား ဖြစ်တည်မှုကို ဆန့်ကျင် သည့် ပြစ်မှု များကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ အီရတ်တွင် ဖျက်အားပြင်း လက်နက်များ တွေ့ရှိသည် ဆိုသည့် အချက်ဖြင့်  နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုဖြင့် ကျူးကျော်စစ်ကို ဆင်နွဲခဲ့ခြင်း ဖြစ်သည်။ မလေးရှား နိုင်ငံရှိ သမာဓိခုံအဖွဲ့မှ ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြောရာ၌ ထိုစဉ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်ခြင်း ဖြစ်ပြီး အီရတ် ပြည်သူတို့အပေါ်တွင် ကြီးကျယ် သည့် သေကြေမှုများကို ဖြစ်စေသော ကျူးလွန်မှု တစ်ရပ် ဖြစ်ေ ကြာင်း ပြောကြား သွားခဲ့သည်။

ခုံရုံးဆုံးဖြတ်သူများမှ ပြောရာ၌ ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း အဆိုပါ လက်နက်ကြီးများကိုတွေ့ရှိခဲ့ခြင်း မရှိသည် ကို ဗြိတန်နှင့် အမေရိကန် ခေါင်းဆောင်များ သိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင်  အဆိုပါ စစ်ပွဲကြောင့် အီရတ်ပြည်သူ တစ်သန်းကျော် သေဆုံး ခဲ့ရကြောင်းလည်း  ကယ်လီဖိုးနီးယား အခြေစိုက် စုံစမ်းရေး အဖွဲ့အစည်းတစ်ခုမှ ပြောခဲ့သည်။ ယခုလို တွေ့ရှိ မှုအား ရောမရှိ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးသို့ တင်ပြသင့်ကြောင်းနှင့် ဘုရှ်နှင့် ဘလဲတို့အား စစ်ဘက်ဆိုင် ရာ ပြစ်မှု ကျူးလွန် သူများအဖြစ် စာရင်းသွင်းသင့်ကြောင်းလည်း ပြောကြား သွားခဲ့သည်။  

မူရင်းလင့်


 
ကွယ်လွန်သွားပြီဖြစ်သော မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီး


 
သူတို့နိုင်ငံခါင်းဆောင်အတွက် ၀မ်းနည်းပူဆွေးနေကြသော ပြည်သူများ


 
ကွယ်လွန်သူခေါင်းဆောင်ကြီးအား  အလေးပြုနေကြသူများ


 
ငိုတာတောင် ကွန်မြူနစ်တွေက ဟန်ဆောင်ပြီးငိုဟန်ပြုနေကြတာလို့ အဝေဖန်ခံရရှာပါသေးတယ်


 
Ref : http://doctorsatephwar.blogspot.com/






နိုင်ငံငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့နှင့် ပူးပေါင်းမပါဝင်ပါက ဆက်လက်ပြီးတိုက်ခိုက်ခံနေရအုံးမှာ ဖြစ်ကြောင်း ကို စစ်ပွဲများရပ်စဲရေး၊ လွတ်လပ်စွာ သဘောထားကွဲလွဲရေး နှင့် ဒီမိုကရေစီ အရေး ဆိုတဲ့ စကားတွေကို အမြဲပြောတတ်တဲ့ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တာလီဘန်တွေကို ပြောကြားလိုက်ပါတယ်။

ဟီလာရီကလင်တန်ဟာ သမ္မတအိုဘားမားရဲ့ အားအကိုးရဆုံး ဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာကွဲလွဲခွင့်ရရေးနဲ့၊ ဒီမိုကရေစီအရေးအပြင် အစိုးရရဲ့ လက်နက်ကိုင်တိုက်ခိုက် မှုတွေကိုပါ အပြစ် တင်နေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာ အမေရိကန်ရဲ့ သြဇာမခံတဲ့ အစိုးရတွေကို လက်နက်ကိုင်ပြီး အစိုးရဆန့်ကျင်သူတွေကို မတိုက်ခိုက်ဖို့ အပြစ်တင်နေချိန်မှာ တခြားတစ်ဖက်မှာတော့ အမေရိကန်နဲ့ အဆင်ပြေတဲ့ အစိုးရတွေဖက်ကလိုက်ပြီး အစိုးရဆန့်ကျင်သူတွေကို လက်နက်ချဖို့နဲ့ လက်နက်မချရင် ဆက်တိုက်မယ်ဖြစ်ကြောင်းတွေကို အာဏာရှင်ဆန်စွာ ပြောဆိုလျှက် ရှိပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စိုးရိမ်ကြောင်း မပြောခဲ့ကြပါဘူး။ ဘန်ကီမွန်း၊ ကင်တင်းနား၊ မစ်ရှဲ နဲ့ ဂျွန်မက်ကိန်းတို့လည်း စိုးရိမ်ဖို့ မေ့နေကြပါတယ်။


တစ်ချိန်က ဦးနေဝင်း ပြောခဲ့တဲ့ ဆူဆူပူပူလုပ်ရင် တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုချက်ကို မြန်မာအတိုက်အခံတွေက ဝေဖန်ခဲ့ကြပေမယ့် အခု ဟီလာရီကလင်တင်ပြောတဲ့ အစိုးရနဲ့မပူးပေါင်းရင် ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်မယ် ဆိုတဲ့စကားကိုတော့ မသိချင်ဟန်ဆောင်ပြီး အမေရိကန်ကို ဘုရားလို ကိုးကွယ်နေကြတုန်းပဲဖြစ်ပါတယ်။

မြန်မာအစိုးရကို ထိုးစစ်တွေရပ်ဖို့ ဆိုပြီး မြန်မာပြည်တွင်းက အစိုးရဆန့်ကျင်သူတွေရာ၊ ပြည်ပက အစိုးရ ဆန့်ကျင်သူ တွေအပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မကြာခဏ ပြောကြားခဲ့ပေမယ့်။ ဟီလာရီကလင်တန်ရဲ့ ထိုးစစ်တွေ ဆက်လုပ်ဖို့ ပြောကြားချက်ကိုတော့ အားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကုလသမ္မဂ္ဂအစည်းအဝေးမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အာဏာရှင်ဆန်မှု၊ နိုင်ငံငယ်တွေကို ရန်တိုက်ပေးမှု၊ ကမ္ဘာကြီးကို စစ်တွေဖြစ်အောင် လုပ်ဆောင်မှုတွေကြောင့် အပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာဖဂန်နစ္စတန်မှာ ရောက်နေပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က သမ္မတ ဟာမစ် ခါဇိုင်း ၊ တခြား အာဖဂန် အရာရှိ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရအတိုက်အခံအဖွဲ့အစည်းတွေနဲ့ လူထုခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။

အာဖဂန် နစ်စတန်မှာ အမေရိကန်တပ်တွေ ထားရှိပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော် ကြာမြင့်ပြီဖြစ်ပြီး ၂ဝ၁၅ ထိ အမေရိကန် တပ်တွေကို ထားရှိအုံးမှာ ဖြစ်ပါတယ်။ 
 
မူရင်းလင့် 

 
Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange
အင်တာနက် လောကအတွင်းတွင် လျှို့ဝှက်သတင်းများ ဖောက်ချမှုဖြင့် နာမည် ထင်ရှား လှသည့် Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange မှာ၎င်း၏ လျှို့ဝှက်ချက်များ ထုတ်ဖော်နေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ကာ ၎င်းတို့ ဝက်ဆိုက်၏ ဘဏ္ဍာရေး ကိစ္စရပ်များ ပြန်လည် အခြေတည် နိုင်ရန် ယခုလို ပြုလုပ်မည် ဟု ကြေငြာ ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။ 

 
အမေရိကန် လျှို့ဝှက်ဌာနများမှ ထောင်ပေါင်း များစွာသော သတင်း အချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် wikileaks မှာ ငွေရေး ကြေးရေးနှင့် ဆိုင်သည့် လုပ်ငန်းကြီးများ ဖြစ်သည့် MasterCard နှင့်  PayPal တို့မှ အမည်ပျက် စာရင်း သွင်းခံလိုက်ရကာ ၎င်းတို့၏ ရပ်တည်ရေးမှာလည်း ယိုင်နဲ့လာခဲ့ရသည်။



နောက်ဆက်တွဲ အဖြစ် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြရာ၌ ၎င်းတို့အနေဖြင့် အလွန်ပင် ထက်ထက် သန်သန်ဖြင့် ငွေကြေးများ ထောက်ပံ့နိုင်ရန် ပြုလုပ်ရမည် ဖြစ်ပြီး ယခုလို ပိတ်ဆို့မှုများကို တိုက်ဖျက်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

MRTV 4 
 
Ref : http://doctorsatephwar.blogspot.com/



အမေရိကန် ဘဏ္ဍာရေး နှင့် ငွေကြေး ဈေး ကွက် ဖြစ်သည့် ဝေါလ်ထရိတ် လမ်းရှိ မသမာ သည့် အရင်း ရှင် များ ကို အကြမ်းမဖက်သောနည်းဖြင့် ယုံကြည်ချက်ကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန့် ကျင် ဆန္ဒ ပြ နေ သည့် Occupy Wall Street လှုပ် ရှား မှု အဖွဲ့  ၀င်များ ကို အမေရိကန်ရဲများ က ငရုတ် ကောင်း မှုန့် များ ထည့် ထား သည့် မှုတ် ဆေး ဗူးများဖြင့် ပက် ဖျန်း ခံ တယ်လို့ သတင်းစာများမှာ ရေးသားထားတာ တွေ့ရပါတယ်။


သမ္မတအိုဘားမား တက်လာပြီးကတည်း စီးပွားရေး ချွတ်ခြုံကျခဲ့တဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားတွေက စိတ်မရှည်နိုင်တော့ပဲ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာ ဒါနဲ့ဆို ခဏခဏ ရှိနေပြီ ဖြစ်ပါတယ်။ ၀ါရှင်တန် ဒီစီ ရှိ ဆန္ဒပြ သူများက ဝေါလ်စထရိ ၊ H လမ်းမ နဲ့ နေရာ အတော်များများမှာ စုဝေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
နယူးယောက် တွင် လည်း ထောင် နှင့် ချီ သည့် ဆန္ဒပြ သူ များ သည် ၎င်း တို့  ၂၂ ရက်ကြာ စခန်း ချရာ ဇာကိုတီ ပန်းခြံ မှ အောက် မက်ဟတ်တန် ရှိ ၀ါရှင်တန် ရင်ပြင် သို့  ချီတက်ကြ ရာ လူထောင် ပေါင်း များ စွာ ပါဝင် ခဲ့ သည်။
ကော်လိုယာဒို ပြည်နယ် ဒင်ဗာ မြို့  မှာလည်း လူ ၇၀၀ ခန့် က ဗဟို ဘဏ် ရှေ့  တွင် စု ရုံး ပြီး ဆန္ဒပြ ကြသည်။
OWS လှုပ်ရှား မှု များ ကို အမေရိကန် မြို့  ပေါင်း ၁၀၀၀ ကျော် နှင့် နိုင်ငံ တကာ ရှိ မြို့  ပေါင်း ၁၀၀ ခန့် တွင် ကျင်း ပ နိုင်ခဲ့ သည် ။
ဆန္ဒပြ သူ များ ကြောင့် နယူးယောက် ရဲတပ်ဖွဲ့  ၀င် များ ကို အချိန် ပို ကြေး လုပ်ခ ကြေး များ တိုး ပေး ရ မှု သည် တစ်လ လျှင် ဒေါ်လာ တစ်သန်း ခန့်  ရှိ မည် ဟု နယူးယောက် တိုင်း သတင်း စာ တွင် ရေး သား ထားပါတယ်။
အမေရိကန် အရင်း ရှင် များ ၏ မသမာ မှု နှင့် လောဘဇော တိုက်ကာ စီပွား ရှာ မှု ကို ဆန့် ကျင် တိုက် ဖျက် သည့် Occupy Wall Street သည် ပြီး ခဲ့ သည့် သီတင်း ပတ် မှာ စတင် ကာ အမေရိကန် နိုင် ငံ တ၀ှမ်း သို့  ပျံ နှံ့ သွား ပြီး ယခု အခါ မြို့  တိုင်း နယ် တိုင်း ဉ် ဆန္ဒပြ မှု များ ဖြစ်ပွား နေသည်။ အစိုးရနဲ့ နီးစပ်သူ လူနည်းစုကပဲ ချမ်းသာနေပြီး ကျန်တဲ့ လူများစုမှာ ဆင်းရဲခြင်းနဲ့ ရင်ဆိုင်နေကြကြောင်း ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ၀ါရှင်တန် ၊ နယူးယောက် ၊ ဘော်စတွန် မြို့  များ တွင် ပြု လုပ် သည့် ဆန္ဒ ပြ မှု များ ဉ် အီရတ် နှင့် အာဖဂန် နစ္စတန် ရှိ အမေရိကန် တပ် များ ပါ ရုပ်သိမ်း ရေး တို့ ကိုပါ တောင်းဆိုခဲ့ကြပါတယ်။ ကုလသမ္မဂ္ဂအစည်းအဝေးမှာလည်း အမေရိကန်က ကမ္ဘာမှာ စစ်ဖြစ်အောင် အမျိုးမျိုးလုပ်နေတယ်လို့ ပြောခံခဲ့ရပါတယ်။
နယူးယောက် မြို့ တော် ၀န် မိုက်ကယ် ဘလွန်းဘာဂ် က ဆန္ဒ ပြ သူ များ သည် အမေရိကန် လုပ် ငန်း ခွင် များ ကို ဖျက်ဆီး နေခြင်း ဖြစ် သည် ဟု ပြောပြီး အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တဲ့တယ်လို့လည်း သိရပါတယ်။ တံတားမှာ ဆန္ဒပြသူတွေကိုလည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ခ် လင် တံတား မှာ ဆန္ဒပြနေသူ လူပေါင်း ၇၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဆန္ဒပြရာမှာ ခေါင်းဆောင် ခဲ့သူ တစ်ဦးက "ဆန္ဒပြတာ ၂၀၀၀ လောက်ရှိတယ်.... ၇၀၀ ရာလောက်က အဖမ်းခံရတယ်... " လို့ ပြောပါတယ်။ ရဲအင်အား ဘယ်လောက် ရှိလဲမေးချိန်မှာတော့ "မြင်ရတဲ့ အင်အားကို ပြောတာလား... မမြင်ရတဲ့ အင်အားကို ပြောတားလား... မြင်တွေ့နေရတာကတော့ ရဲအင်အား ၄၀၀၀ ထောက် ရှိတယ်... အမြင်နိုင်တဲ့ အင်အားကတော့ တစ်သိန်းလည်း ဖြစ်နိုင်တယ်.. နှစ်သိန်းလည်းဖြစ်နိုင်တယ်..." လို့ ဆိုပါတယ်။



အမေရိကန်နိုင်ငံဟာ တခြားနိုင်ငံငယ်တွေကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရေးအတွက် နိုင်ငံငယ်လေးတွေရဲ့ ပြည်တွင်းရေးကို ပါဝင်စွက်ဖက်တတ်သူ တစ်ဦးဖြစ်ပြီး သူ့နိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုတော့ ဖမ်းဆီးမှုတွေနဲ့ ငရုတ်ကောင်းရည်တွေနဲ့ ပတ်ဖျန်းတာတွေ လုပ်ခဲ့ပါတယ်။




ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဆန္ဒပြမှု ဖြစ်ခဲ့ပေမယ့် ရဲတွေက ဖမ်းဆီးတာတွေ၊ ငရုတ်ကောင်းရည်နဲ့ ဖျန်းတာတွေ မလုပ်ခဲ့ဘူးလို့လည်း သိရပါတယ်။

Ref : http://oppositeyes.blogspot.com/

ဒီမိုကရေစီနိုင်ငံကြီးလို့ မြန်မာအတိုက်အခံများ အပါအဝင် အခြားသူ အတော်များများက လေးစားအထင်ကြီးနေကြတဲ့ ဗြိတိန်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီး လီယမ်ဖောက်စ် (Liam Fox) ဟာ အခုဆိုရင် ရာထူးမှ နှုတ်ထွက်သွားပါတယ်။ ဝန်ကြီးချုပ်က နှုတ်ထွက်စာ တင်ခိုင်းတယ်လို့လဲ ပြောကြပါတယ်။ အပြစ်ကတော့ သူ့ ရဲ့ နိုင်ငံခြားခရီးစဉ်တွေကို ခေါ်သွားလေ့ရှိသူ သူ့သူငယ်ချင်းတစ်ယောက်က သူ့ကိုယ်သူ အစိုးရအကြံပေးအဖြစ် လိမ်ညာခဲ့တာကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်သွားတာလို့ ဆိုပါတယ်။ ဗြိတိန်စစ်တပ်ရဲ့ အကြီးတန်းတာဝန် ထမ်းဆောင်သူ တစ်ဦးအနေနဲ့ သူနဲ့ အတူ ခရီးစဉ်တွေမှာ ခေါ်ဆောင်သွားသူက လိမ်ညာနေတာကို မသိတာ အံ့သြောစရာ ကောင်းလွန်းပါတယ်။ အဲဒီလူက အရမ်းတော်လွန်းပြီး ဗြိတိန်ထောက်လှန်းရေးနဲ့ အနီးကပ်လူတွေကိုသာမက ကာကွယ်ရေးဝန်ကြီး ကိုပါ သူ့ကိုယ်သူ အကြံပေးနိုင်တာဆိုရင်တော့ ဗြိတိန်စစ်တပ်က ထောက်လှန်းရေးတွေနဲ့ အကြီးတန်းအရာရှိအားလုံး ဘယ်လောက် အသုံးမကျလဲ ဆိုတာ မြင်တွေ့နိုင်ပါတယ်။

ဒါပေမယ့် သောကြာနေ့က ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) ကိုပေးခဲ့တဲ့ နုတ်ထွက်စာမှာ မစ္စတာ ဖောက်စ် က သူ့ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားနဲ့ အစိုးရလုပ်ငန်းတွေကို ရောနှောခဲ့မိတဲ့ သူ့ရဲ့ အမှားကြောင့်လို့ ရေးသားထားတာ တွေ့ရပါတယ်။ ကာကွယ်ရေးဝန်ကြီး တစ်ဦးက ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနဲ့ အစိုးရလုပ်ငန်းကို ရောနှောမှုတွေ ရှိနေရင် အတွင်းပိုင်းနဲ့ အငယ်တန်းအရာရှိတွေမှာ ဒီထက် ဆိုးတဲ့ အကျင့်ပျက် ချစားမှုတွေ အသေအချာ ရှိနေမယ်လို့ ဗြိတိန်အရေး ကျွမ်းကျင်သူအချို့က ဆိုပါတယ်။

မစ္စတာ ဖောက်စ်ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ အဒမ်ဝါရီတီ (Adam Werritty) နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းရဲ့ ဆက်ဆံရေးကို အစိုးရက စုံစမ်းစစ်ဆေးဖို့ တစ်ရက်အလိုမှာပဲ သူ ခုလို ရာထူးကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ အစိုးရဖက်က စုံစမ်းမှု မလုပ်ရင် နှုတ်ထွက်မှုမရှိပဲ ဆက်ပြီး ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးတွေ ဆက်လက် ရှုပ်ထွေးနေမှာ ဖြစ်ပါတယ်။ မစ္စတာ ဖောက်စ် နိုင်ငံခြားကို အစိုးရတာဝန်နဲ့ သွားခဲ့စဉ်မှာ မစ္စတာ ၀ါရီတီ လည်း တာဝန်မရှိဘဲ အစိုးရစရိတ်နဲ့ လိုက်ပါခဲ့တယ်ဆိုတာကို မစ္စတာဖောက်စ် က ဒီသီတင်းပတ်အစောပိုင်းက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အခွန်အခတွေကို လိမ်ညာ စားသောက်၊ ဇိမ်ခံ သုံးယူနေခြင်းသာ ဖြစ်ကြောင်း သတင်းစာများမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရ ဆန့်ကျင်သူများကတော့ ချစားအကျင့်ပျက်နေတဲ့ ဗြိတိန်နိုင်ငံသားတွေနဲ့ ဗြိတိန်တပ်မတော်ကို အထင်ကြီးလျှက် ရှိနေပါတယ်။
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ  အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် မည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။  အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံသမ္မတကြီးနှင့် တာဝန်ရှိ သူများကို တွေ့ဆုံသွားမည်ဖြစ်ပြီး နိုင်ငံရေး ၊ စီးပွားရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စရပ်များကို  ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ 
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သည်  ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ယခုနှစ် မေလ ၅ရက် နေ့က  (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်ရန် သွားရောက်ခဲ့ပြီးဒုတိယ အကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယခုနှစ် မေလ ၂၆ ရက်နေ့တွင် ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့ကာယခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတကြီး၏ သမ္မတသက်တမ်းအတွင်း တတိယမြောက် ခရီးစဉ်ဖြစ်ပါသည် ။
သမ္မတ၏ယခုခရီးစဉ်ကို မြစ်ဆုံဆည် ရပ်ဆိုင်းလိုက်မှုကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန် မာနိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေရချိန်နှင့် တိုက်ဆိုင်နေသဖြင့် အင်အားချိန်ခွင်လျှာညှိရန်ဖြစ်နိုင်သည်ဟု သုံးသပ်မှုများဖြစ်ပေါ်နေသော်လည်း ၊ မြစ်ဆုံဆည်ကိစ္စ မပေါ်ပေါက်မီ အချိန်အတော်ကြာကပင် နှစ်နိုင်ငံကြိုတင်စီစဉ်ထားသော ခရီးစဉ်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည် ။
Voice Of Myanmar
သမ္မတချင်းရင်းရင်းနှီးနှီးအပြုံးပန်းကိုယ်စီ
သူတို့ နှင့်လဲ ရင်းနှီးပွင့်လင်းစွာ
ဦးဇော်ဇော်လောက်တောင်အရာမရောက်တဲ့ အင်တာနတ်ပေါ်က လူထုခေါင်းဆောင်
၅ရက်၁၀လပိုင်း ဗုဒ္ဓဟူးနေ့ ကမြန်မာနိုင်ငံကို တရက်တာ ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် မစ္စစ် ယင်းလပ် ရှင်နာဝပ်  Yingluck Shinawatra ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ကုန်သွယ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။ယင်းခရီးစဉ်တွင် ယင်းလပ်ရှင်နာဝပ်ဟာ သမ္မတကြီးဦးသိန်းစိန် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် တို့ နှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ခါ ချစ်ကြည်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။အိမ်နီးချင်းနှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ကြဖို့  ရည်ရွယ်ပြီးလာရောက်ခြင်းဖြစ်ပါတယ်။ထိုင်းမြန်မာချစ်ကြည်ရေးတံတားကို့ ပြန်ဖွင့်ပေးဖို့ လဲ ထိုင်းဝန်ကြီးချုပ်မှတောင်းဆို ခဲ့ပါတယ်။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရွှေ့ပြောင်းအလုပ်သမားအရေး စွမ်းအင်ထုတ်လုပ်ရေးကိစ္စတို့ ကိုလဲ ဆွေးနွေးခဲ့ကြောင့် ရိုက်တာမှာဖော်ပြထားပါတယ်။
ဒါပေမဲ့မစ္စစ်ယင်းလပ်ရှင်နာဝပ်ဟာ ဒေါ်စုကြည်နဲ့  တွေ့ ဖို့ အစီအစဉ်မရှိပါဘူးဟု တရားဝင်ထုတ်ပြောထားပါသည်။ဤကိစ္စနှင့်ပါတ်သတ်ပြီး မြန်မာ့ဒီမိုကရေစီဗန်းပြအတိုက်အခံဒေါ်လာစားတို့ မှာ
  မစ္စစ်ယင်းလတ်အား ရှုံ့ ချ အပစ်တင်နေကြပါသည်။တစ်ကမ္ဘာလုံးကတောင် အမွှန်းတင်ပြီးလေးစားနေတဲ့ နိုယ်ဗယ်ဆုများရှင် ဒီမိုကရေစီ မိခင်ကြီးကိုမတွေ့ ရကောင်းလားဆိုပြီး ပိုးစိုးပတ်စက် ယင်လပ်ကို အပစ်တင်နေကြပါသည်။ပြည်ပရောက် အန်အယ်လ်ဒီ အဖွဲ့ မှ ဝါရင့် နိုင်ငံရေးသမားတစ်ဦးကမူ'' ဒေါ်စုကြည်နဲ့ ဘယ်တွေ့ မှာလဲ  သူကနိုင်ငံအတွက် ဘာမှအရာမရောက်တဲ့သူကို နိုင်ငံချင်းဆက်သွယ်တယ်ဆိုတာ နိုယ်ဗယ်ဆု ရတာနဲ့  ဘာမှမဆိုင်တဲ့အတွက် ဒေါ်စုအား ဖုတ်လေသည့်ငပိ ရှိတယ်လို့ တောင်မထင်လောက်ဘူးဟု '''ပြင်းပြင်းထန်ထန်ဝေဖန်သွားပါသည်။
   RFAအခြေစိုက် သတင်းထောက်တစ်ဦးကမူ ''ဒေါ်စုနိုယ်ဗယ်ဆုရတာ နဲ့  ထိုင်းဝန်ကြီးချုပ်က တွေ့ စရာလား?ဒေါ်စုကသာ ထိုင်းဝန်ကြီးချုပ်ကို ကပ်ဖားယက်ဖားလုပ်နေတာ..ဟိုကဂရုတောင်မစိုက်ဘူး..ဒေါ်စုအနေနဲ့ အသက်ကြီးမှ ကိုယ့်ထက်ငယ်တဲ့ အမျိုးသမီးဝန်ကြီးချူပ်ကို ကပ်ဖားယက်ဖားလုပ်နေတာ မသင့်တော်ပါဘူး''ဟု ပိုးစိုးပတ်စက် ဝေဖန်ခဲ့ပါတယ်။ယင်လတ်ရှင်နာဝပ်မှာဒေါ်စုကိုမတွေ့ တာဒေါ်စုဟာ ဦးဇော်ဇော်လောက်တောင် မြန်မာနိုင်ငံအတွက်အရာမရောက်တဲ့ လူပိုတစ်ဦးဖြစ်လို့  မတွေ့ တာပဲဖြစ်မယ်လို့ လဲ နိုင်ငံရေးလေ့လာသူတစ်ဦးမှ သုံးသပ်သွားပါသည်။

ဓါတ်ပုံမျာကို ယင်းလပ်ရှင်နာဝပ် ဖေ့စ်ဘွတ်မှ ရယူသည်။

ဖိုးကျော်

Ref : http://kyawthuaungpolitical.blogspot.com/

 
ထိုင်းဝန်ကြီးချုပ်သစ် ယင်းလတ် ရှင်န၀ပ်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက် ရှိနေပြီဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် အနေနဲ့ ဒီမြန်မာခရီးစဉ်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါတယ်။

ဒီ ခရီးစဉ်ဟာ အာဆီယံအတွင်းက ၀န်ကြီးချုပ်သစ် တဦးအနေနဲ့ နိုင်ငံချစ်ကြည်ရေးခရီးစဉ်ထွက် မိတ်ဆက်တဲ့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နိုင်ပေမယ့် ဒီထက်ပိုတဲ့ ဆွေးနွေးမှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မှုများလဲရှိနေပါတယ် ။

သူမရဲ့ခရီးစဉ်ဟာ ၁ ရက်သာ ကြာမြင့်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် ထိပ်တန်းတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ညပိုင်းတွင် ညစာစားပွဲတက်ရောက်ပြီး ညတွင်းချင်း ဆိုသလို ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသွားမှာဖြစ်ကြောင်းလည်းသိရပါတယ် ။
သူမ၏ အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် လက်ထက်တုံးကတော့ မြန်မာ အစိုးရနဲ့ နှစ်နိုင်ငံဆက်ဆံရေးအထူး ကောင်းမွန်ခဲ့ပြီး နောက်ပိုင်းတက်လာတဲ့ဝန်ကြီးချုပ်အဘီဆစ် လက်ထက်မှာတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ ပုံမှန်အဆင့်သာရှိတော့တယ်လို့ သုံးသပ်သူများက ဆိုပါတယ် ။
ထားဝယ်ရေနက်ဆိပ်ကမ်း ၊ ကမ်းလွန်သဘာဝဓါတ်ငွေ့တူးဖေါ်ရေးလုပ်ငန်းစတဲ့ ရင်းနှီးမြှုတ်နှံမှုကြီးမားတဲ့ လုပ်ငန်းတွေမှာ မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ထိုင်းနိုင်ငံဟာ နယ်စပ် ကုန်သွယ်ရေးအပါအ၀င် အခြားစီးပွားရေးလုပ်ငန်းတွေမှာ တိုးတက်လုပ်ဆောင်ဘို့ ဆန္ဒရှိနေတဲ့ အပြင် မြန်မာနိုင်ငံ အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးတွေကို တိုးတက်ဆောင်ရွက်နေချိန်ဖြစ်လို့  ထိုင်းဝန်ကြီးချုပ်ရဲ့ ခုခရီးစဉ်ဟာ ထူးခြားမှုတွေရှိနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိနေကြောင်းသတင်းရရှိပါတယ် ။

Ref : http://doctorsatephwar.blogspot.com/



လာမည့် နိုဝင်ဘာ ၁၄မှ ၁၉ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပမည့် ၁၉ ကြိမ် မြောက်၊ အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးပွဲသို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှသမ္မတ ဒီမီထရီ မက်ဗီဒက်တို့ တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဘာလီတွင်ပင် ပြုလုပ်ခဲ့သည့် အာဆီယံ ဒေသတွင်း ဖိုရမ်တွင် အမေရိကန်၏နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်ခဲ့ကာ၊ ယခု ထိပ်သီး အစည်းအဝေးတွင်မူ သမ္မတ အိုဘားမား ကိုယ်တိုင် လာရောက်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှလည်း အဆိုပါ ထိပ်သီးညီလာခံသို့ သမ္မတ ဦးသိန်းစိန်တက် ရောက်မည်ဟု နေပြည်တော်ရှိ သတင်း ရပ်ကွက်များက ပြောသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေရာ အဆိုပါ ထိပ်သီးညီလာခံတွင် အလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့် ပတ်သတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက် အပြီးသတ် ချမည် ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရားဝင် ပြောကြားခဲ့သည်။

ထိုထိပ်သီး အစည်းအဝေး မတိုင်ခင် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ ခေါင်းဆောင်သည့် သံအဖွဲ့ အောက်တိုဘာလ အတွင်းမြန်မာနိင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ရှိနေသည်။




မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သွားလာဆက်ဆံရေးသည် လတ်တလောဖြစ်စဉ်များအရ ပိုမို ကောင်းမွန်သည့် ခြေလှမ်းများ ဖြစ်လာကြောင်း သုံးသပ်သူများက ပြောသည်။
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ရောက်ရှိလာသည့် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချယ်၏ ခရီးစဉ်အပါအ၀င် မြန်မာနိုင်ငံသို့လာ ရောက်လည်ပတ်ခဲ့သည့် အမေရိကန် ပြည်ထောင်စုမှ ကိုယ်စားလှယ်များ ဖြစ်သော အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း၊ မစ္စတာ ဂျိုးဇက်ဝိုင်ယွန်း တို့လာရောက်လာခဲ့မှုတို့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အမြင်သည် ပြောင်းလဲလာပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ဒီမိုကရေစီနည်းဖြင့် တိုင်းပြည် နိုင်ငံရေးပြောင်းလဲမှု လုပ်နေသည့် မည်သည့် နိုင်ငံကိုမဆို အမေရိကန်ပြည်ထောင်စုက ကူညီဆောင် ရွက်ပေးနေခြင်းကြောင့် မြန်မာနိုင်ငံသို့လည်း ထိုနည်းလည်း ကောင်း ထိတွေ့ဆက်ဆံလာခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြ သည်။
"မစ္စတာဒဲရစ်မစ်ချယ်ရဲ့ ခရီးစဉ်ကြောင့် နှစ်နိုင်ငံရဲ့ ဆက်ဆံရေးလည်း ပိုပြီးကောင်းမွန်လာမှာပါ။ သူ့ရဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီး တင်သွင်းချက်တွေ က သမ္မတအိုဘားမားဆီကို အတား အဆီးမရှိပဲ တိုက်ရိုက်ရောက်ရှိမှာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ပြောသည်။
"သူ့ရဲ့ခရီးစဉ်မှာ အစိုးရအရာရှိတွေ သာမကပဲ တခြား လူမှုရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ခဲ့ရတာဖြစ်လို့ လက်ရှိ အနေအထားကို သူကောင်းကောင်း နားလည်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ သူကဆက်လက် ပြောဆိုသည်မှာ မြန်မာနိုင်ငံ သည် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန် တို့အကြားတွင် ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုနှစ်နိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေး ရှိနေသမျှ ကာလပတ်လုံး အကျိုးရှိနေမည်သာ ဖြစ်သည်ဟု သုံးသပ်ပြောဆိုခဲ့သည်။
"ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်တိုင်းပြည် အကျိုးစီးပွားအတွက်တော့ ချိန်ညှိရမှာပါ"ဟု ဦးကိုကိုလှိုင် ကပြောသည်။
မြန်မာနိုင်ငံသည် အခြားပြည်ပနိုင်ငံများနှင့် ဆက်ဆံရာတွင် တည့်မတ်စွာ ကြားနေရေး မူဝါဒကိုသာ ကျင့်သုံးခဲ့ကြောင်း ၎င်းကထပ်မံ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာတိုင်း(မ်) နှင့် တွေ့ဆုံစဉ် ပြောကြားချက်အရ မြန်မာ-အမေရိကန် ဆက်ဆံရေး ပြောင်းလဲလာမှုအပေါ် ၎င်း၏ သဘောထားမှာ ကောင်းမွန်သည့် အမြင်ရှိနေသည်ကို တွေ့ရသည်။
"အစကတည်းက စေ့စပ်ရေးမူကို သဘောတူတယ်။ ဘာပဲပြောပြော တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှုရှိမှ တိုးတက်မှုရှိနိုင်မှာပေါ့။ ဆက်သွယ်မှု မရှိပဲ ဘယ်လိုမှ တိုးတက်မှု မရှိနိုင်ဘူး" ဟု ၎င်းက ပြောသည်။
ထို့ပြင် ဆက်လက်ပြောသည်မှာ စေ့စပ်မှုသည် တစ်ဖက်တည်းနှင့် ဆောင်ရွက်ခြင်းမဟုတ်ပဲ ဒီမိုကရေစီဘက်၊ အစိုးရဘက် စသည်ဖြင့် အဘက်ဘက်က လုပ်မှသာ တိုးတက်နိုင်မည်ဟု ဆိုသည်။
"ကျွန်မကတော့ ကြိုက်ပါတယ်။ ဖြစ်သင့်တယ်လို့လည်း ထင်တယ်၊ မစ္စတာ မစ်ချယ်လာတာကိုလည်း ၀မ်းသာပါတယ်"ဟု ၎င်းကပြောသည်။
မြန်မာ- အမေရိကန်၏ ဆက်ဆံရေး သည်ယခင်ထက် ပိုမိုပွင့်လင်းလာသည် ဟု သုံးသပ်မိကြောင်းလည်း အမေရိကန်နိုင်ငံ ဗီအိုအေ သတင်းဌာန၏ သတင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်းက မစ္စတာမစ်ချယ်၏ ခရီးစဉ်အတွင်း လာရောက်သတင်းယူစဉ် ပြောသည်။
"မြန်မာနိုင်ငံအနေနဲ့ အမေရိကန် နိုင်ငံနဲ့ အပြုသဘောဆောင်ဆက်ဆံ လာတာဟာ တစ်နိုင်ငံလုံး အတွက်လည်း အကျိုးရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍကတော့ တစ်ကမ္ဘာလုံးမှာ အရေးကြီးပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းခြင်းအားဖြင့် ကောင်းကျိုးတွေပဲရနိုင်သလို ဆိုးခြင်း အားဖြင့်လည်း လောလောဆယ် တားဆီးပိတ်ဆို့မှုတွေ ရှိနေတုန်းပါ" ဟု ပြောသည်။
အင်အားကြီးနှစ်နိုင်ငံအနက် မြန်မာ နိုင်ငံ၏ အနေအထားသည် တရုတ်ပြည်နှင့် ပိုမိုထိစပ်မှုရှိသည့်အတွက် ၎င်းနိုင်ငံ၏ ဩဇာ သက်ရောက်မှု ပိုရှိနိုင်မည်ဟု ယူဆကြောင်းလည်း ဒေါ်ခင်စိုးဝင်းက ပြောသည်။
"အမေရိကန်ဟာ အဝေးမှာ ရှိနေသလို မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ အကျိုးစီးပွားဟာလည်း အရမ်း အလှမ်းဝေးလွန်းနေတယ်။ စီးပွားရေးနဲ့ ပတ်သတ်ပြီးလည်း သိပ်မပြောပလောက် ဘူး"ဟု ၎င်းက ပြောသည်။
သို့သော် အမေရိကန်၏ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အဓိက ဆက်သွယ် လာရခြင်းသည် ယင်းတို့၏ အခြေခံမူ တစ်ခုဖြစ်သည့် ဒီမိုကရေစီထွန်းကားရေးကို အားပေးရန်အတွက်သာ ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
"လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေးကို တိုးတက်အောင်လုပ်ဖို့ ၀င်ပါတာပါ။ မြန်မာတင်မကပါဘူး၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အမေရိကန်က ပါဝင်ပတ်သက်တာ တခြားနိုင်ငံတွေလည်း ရှိနေပါတယ်"ဟု ဒေါ်ခင်စိုးဝင်းက ပြောသည်။ 

Ref : http://www.myanmar.mmtimes.com/


နယူးဒေလီ(မဇ္ဈိမ) ။      ။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် အာဆီယံ ပါလီမန် အမတ်များ
ညီလာခံ (APIA)သို့ မြန်မာက  ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အမတ် ၁၄ ဦး တက်ရောက်မှာ
ဖြစ်ကြောင်း လွှတ်တော်အမတ်များက ပြောသည်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် ဦးဆောင်သော အာဏာရ ကြံ့ခိုင်ရေးပါတီ အမတ်ထက်ဝက် ပါဝင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ ချင်းတိုးတက်ရေး ပါတီ(CPP)၊ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊  အမျိုးသားဒီမိုကရေစီ ပါတီသစ်တို့မှ အမတ်တဦးစီနှင့် တသီးပုဂ္ဂလ အမတ်တဦး ပါဝင် တက်ရောက်မှာ ဖြစ်သည်။
aipa
စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ တပတ်ကြာမြင့်မည့် ညီလာခံတွင် ပထမဆုံးအကြိမ် တက်ခွင့်ရသော
မြန်မာအမတ်များက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသင်းအဖွဲ့များ ဖွဲ့စည်းရေး ကိစ္စရပ်များနှင့် အမျိုးသမီးရေးရာ တို့တွင် ဝင်ရောက် ဆွေးနွေးကာ စာတမ်းများ တင်သွင်းမည်ဟု သိရသည်။

“နိုင်ငံရေးပါတီအလိုက် သွားတဲ့ သဘောမရှိဘူး၊ လူမျိုးအလိုက်ကိုပဲ ရွေးတဲ့ သဘောဖြစ်နေတာပေါ့၊ ချင်း၊ ရခိုင်၊
ရှမ်း စသဖြင့် ကိုယ့်သက်ဆိုင်ရာ Region အလိုက် တာဝန်ခံရတာ” ဟု AIPA သို့ တက်ရောက်မည့် RNDP ပါတီမှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာအေးမောင်က ပြောသည်။ 

 CPP ပါတီ ဥက္ကဌ ဦးနိုထန်ကပ်က“  ပြည်ထောင်စု လွှတ်တော်က  နောက်ခံ ပညာအရည်အချင်းတွေ ဘာတွေ
လေ့လာပြီး သင့်တော်တဲ့ ပုဂ္ဂိုလ်ကို ဆုံးဖြတ်တယ် ထင်တယ်”ဟု ပြောသည်။ CPP မှ ဖလမ်းမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးခွန်လိန်းက ချင်းပြည်နယ် ကိုယ်စားပြု တက်မှာ ဖြစ်သည်။

အမျိုးသမီး အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းတို့မှ ကြံ့ခိုင်ရေးပါတီ၏ အမျိုးသမီး အမတ် သုံးဦးက ဆွေးနွေးသွားမည်ဟု ဆိုသည်။

လွှတ်တော် အမတ်များနှင့် အတူ ခရီးသွားလုပ်ငန်းနှင့် ငါးလုပ်ငန်းတို့မှ စီးပွားရေး လုပ်ငန်းရှင် ၁၄ ဦးကလည်း
၎င်းတို့ ကိုယ်ပိုင် အစီအစဉ်ဖြင့် လိုက်ပါမည်ပြီး အာဆီယံ ဒေသတွင်း စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး
တို့ ပြုလုပ်ရန်လည်း အစီအစဉ် ရှိသည်။

ယခုညီလာခံက  အာဆီယံ ၁၀ နိုင်ငံတွင် AIPA ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာရန် ကျန်ရှိနေသေးသော မြန်မာနိုင်ငံ ကို လေ့လာသူအဆင့်မှ အဆင့်တိုးပေးလိမ့်မည်ဟုမျှော်လင့်ထားကြသည်။ မြန်မာက အာဆီယံသို့ ဝင်ရောက်ခဲ့
သည့် ၁၉၉၇ ခုနှစ်ကပင် AIPA တွင်လည်း အထူးလေ့လာသူနိုင်ငံ အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သလို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတေးလျ၊ ကနေဒါ၊ ဥရောပ ပါလီမန်နှင့် ပူပါလ် နယူးဂျီနီးယား နိုင်ငံများက
နှစ်စဉ် လေ့လာသူအဖြစ် တက်ရောက်လေ့ ရှိသည်။

AIPA အား ဒေသတွင်းနှင့် ပြင်ပရှိ လွှတ်တော်အမတ်များ အကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက်
၁၉၇၇ ခုနှစ်တွင် အာဆီယံ လွှတ်တော် အမတ်များက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ တနှစ်တကြိမ် အထွေထွေ ညီလာခံ
ကို အဖွဲ့ဝင် နိုင်ငံများက အလှည့်ကျ ကျင်းပလေ့ရှိပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည်။

 Ref : http://www.mizzimaburmese.com/ 

 



ယခုအချိန်မှာ ကမ္ဘာကြီးဟာ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ မှာရှိနေတဲ့ နျူလက်နက်အန္တရာယ် တွေကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေရပါတယ်။
အီရန်ဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း နျူလက် နက်ထုတ်လုပ်လာနိုင်တယ်လို့ ခန့်မှန်းနေကြသလို၊ မြောက်ကို ရီးယားရဲ့ နျူခြိမ်းခြောက်မှုက လည်း ကြီးထွားနေဆဲပါ။ ဒါ့အပြင် အမေရိကန်ရဲ့ မဟာမိတ် ပါကစ္စတန်ဟာလည်း နိုင်ငံတွင်း မငြိမ်သက်မှုကြောင့် အကြမ်းဖက်သမားတွေလက်ထဲ ၎င်းင်းရဲ့နျူလက် နက်တွေ ရောက်သွားမှာကို တချို့က ပူပန်နေကြတာလည်းရှိ ပါတယ်။ ဒါ့ကြောင့် စပိုင်းဂဲလ်မီဒီ ယာဟာ နိုင်ငံတကာအဏုမြူစွမ်း အင်အေဂျင်စီရဲ့ အကြီးအကဲ ယူကီယာအာမာနိုနဲ့တွေ့ဆုံကာ၎င်းနဲ့၎င်းရဲ့ အဖွဲ့ကြီးရင်ဆိုင်နေ ရတဲ့ စိန်ခေါ်မှုတွေအကြောင်း၊ တီဟီရန်မှ ထွက်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်းကိုမေး မြန်းထားပါတယ်။
ဝီကီလိခ်က ဖော်ထုတ်ခဲ့တဲ့ သံတ မန်ရေးသတင်းတွေအရတော့ ဗီ ယင်နာမှာရှိတဲ့ အမေရိကန်သံတ မန်တွေဟာ လူကြီးမင်းရဲ့IAEA မှာ အရွေးချယ်ခံရမှုကို သူတို့ရဲ့ အောင်ပွဲလို့ ခေါ်ခဲ့ပြီး၊ အေဂျင်စီ အပေါ် အမေရိကန်သြဇာလွှမ်းမိုး မှုပြန်ရတော့မယ်လို့ ဆိုထားပါ တယ်။ အဲဒီ့သတင်းကြောင့် လူကြီး မင်း စိတ်မသက်မသာဖြစ်ခဲ့ရပါ သလား။
ကျွန်တော့်ရဲ့ ရွေးကောက်ခံရမှု ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အောင်ပွဲပါ။ ဒါ့အပြင် ကျွန်တော် ရွေးချယ်ခံရတာကိုအမေရိကန် အကျိုးစီးပွားနဲ့ တွဲပြီးထားဖို့လည်း မလိုအပ်လှပါဘူး။ ကျွန်တော့်အ လုပ်က တရုတ်ဖြစ်ဖြစ်၊ နိုင်ဂျီးရီး ယားဖြစ်ဖြစ်၊ ရုရှားဖြစ်ဖြစ် အဖွဲ့ ၀င်နိုင်ငံအားလုံးရဲ့ အကျိုးစီးပွား ကို ကိုယ်စားပြုဖို့ပါ။
ဒါဆို အီရန်ရောပါပါသလား။
နျူစွမ်းအင်ကို အရပ်ဘက်သုံးအ တွက် သူတို့ဆောင်ရွက်နေသမျှ၊ တီဟီရန်ရဲ့ ရည်ရွယ်ချက်တွေဟာ လည်း ငြိမ်းချမ်းရေးအတွက် ဖြစ် နေသမျှ အီရန်ရဲ့ အကျိုးစီးပွား တွေကိုလည်း ကျွန်တော် ကိုယ် စားပြုမှာပါ။
ဝီကီလိခ်မှာ ဖော်ပြခဲ့တဲ့ သံတမန် ရေးဖိုင်တွေအရလည်း အမေရိ ကန်သံတမန်တွေပြောထားတာက အီရန်ရဲ့ အိမ်နီးချင်း အာရပ်နိုင်ငံ တွေကိုလည်း မယုံသင့်ဘူးလို့ ဆို ထားတာ တွေ့ရပါတယ်။ ဥပမာ ဆိုရရင် တီဟီရန်နျူလက်နက်တွေ လျှို့ဝှက် ထုတ်လုပ်နေသမျှကို ကြောက်နေတဲ့အိမ်နီးချင်းတချို့ ပေါ့။
ကျွန်တော့်အလုပ်က ဒါမျိုး ဖြစ် တာတွေကို တားဆီးပေးဖို့ပါ။ ဒါ ပေမဲ့ အီရန်ကိစ္စကတော့ ခက်ခဲ တဲ့ကိစ္စပါ။ တီဟီရန်ရဲ့ နျူလုပ် ဆောင်ချက်တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ နည်းနည်းပဲ သိရ သေးတယ်။ မေးခွန်းတွေအကုန် လုံးကို ဖြေဖို့လည်း အဖြေမရှိသေး ပါဘူး။ ဒါ့ကြောင့် တီဟီရန်ဟာ ကျွန်တော်တို့နဲ့ ထိထိရောက် ရောက်ပူးပေါင်းဆောင်ရွက်နိုင် အောင် ကျွန်တော်တို့ လုပ်နေတာ ပါ။
မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ခန့်မှန်းချက်တွေအရလည်း အီရန် ဟာ နျူဗုံးပြုလုပ်နိုင်ဖို့ တစ်နှစ် လောက်ပဲ လိုတော့တယ်လို့ ဆို ထားပါတယ်။
အဲဒါနဲ့ပတ်သက်လို့တော့ ကျွန် တော် သေချာမပြောနိုင်ပါဘူး။ အဖြေမရှိတဲ့မေးခွန်းတွေနဲ့တော့ အီရန်ဟာ နျူအစီအစဉ်ကို ဆက် လုပ်နေတယ်လို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။
အီရန်နဲ့ ကမ္ဘာ့နိုင်ငံများက ကိုယ် စားလှယ်တွေ ဒီဇင်ဘာလအစော ပိုင်းက ဂျာမနီမှာ တွေ့ဆုံခဲ့မှုဟာ လည်း သိပ်မအောင်မြင်ခဲ့ပါဘူး။ နောက်ထပ် ဆွေးနွေးပွဲတွေလုပ်ဖို့ သာ သဘောတူညီမှုရခဲ့တယ်။ အလုပ်သိပ်မဖြစ်ခဲ့ပါဘူး။
ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ကွာဟချက်တွေကို တံတားထိုး ချဉ်းကပ်ရပါမယ်။ ဒီဖြစ်စဉ်ရဲ့အ ဆင့်တိုင်းဟာ အရေးကြီးပါတယ်။ တကယ်လို့ ဂျီနီဗာဆွေးနွေးပွဲတွေ က အီရန်ရဲ့ သုတေသနဓာတ် ပေါင်းဖိုနဲ့ပတ်သက်လို့ ပြဿနာ ဖြေရှင်းချက်ရအောင် လုပ်ပေးနိုင် မယ်ဆိုရင် ကျွန်တော်တို့လည်း ဒီပဋိပက္ခရဲ့ အခြားကဏ္ဍတွေကို ကိုင်တိုယ်နိုင်မှာပါ။
ဒီအတောအတွင်း အီရန်ဟာ ကုလလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့ အရေးယူမှု လေးကြိမ်ရှိထားတာ တောင်မှ သူတို့ရဲ့ ဓာတ်ပေါင်းဖို အတွက် ယူရေနီယမ်သန့်စင်မှုကို ၂၀ ရာခိုင်နှုန်းအထိ များများရ အောင် ဆက်လုပ်နေတယ်ဆိုပါ တယ်။
ဒါ သူတို့ လုပ်နေတာပါပဲ။ ကုလ ရဲ့ ဆုံးဖြတ်ချက်အားလုံးကို ဆန့် ကျင်ပြီးတော့ပေါ့လေ။ အီရန်ဟာ အခုဆိုရင် အဆင့်နိမ့်သန့်စင်ပြီး ယူရေနီယမ် ၃\၁၀၃ ကီလိုဂရမ် ကျော်ကျော်နဲ့ အဆင့်မြင့်သန့်စင် ပြီး ယူရေနီယမ် ၃၃ ကီလိုဂရမ် လောက်ရထားပါတယ်။ အနည်း ဆုံးတော့ အဲဒီ့ပမာဏနှစ်ခုစလုံး ကို ကျွန်တော်တို့ အပြည့်အ၀ စောင့်ကြည့်သွားမှာပါ။
ဒါပေမဲ့ လူကြီးမင်းကိုယ်တိုင်လည်း အခုချိန်အထိ တီဟီရန်ကို မသွား သေးဘူးနော်။
ကျွန်တော် တီဟီရန်ကို သိပ်သွား ချင်ပါတယ်။ ဒါပေမဲ့ “ဟယ်လို” ပြောဖို့တော့ မသွားချင်ပါဘူး။ ခရီးစဉ်အတွက် အကြောင်းပြချက် ကောင်းကောင်းရှိရပါမယ်။ တိုး တက်မှုကို ကျွန်တော် မြင်ချင်ပါ တယ်။
အစ္စရေးဟာလည်း စက်တင်ဘာ ၂၀၀၇ တုန်းကလည်း သူဟာ စစ် ရေးအရတိုက်ခိုက်မှုတွေကို ရှောင် ဖယ်နေမှာမဟုတ်ဘူးလို့ ပြသခဲ့ပါ တယ်။ အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားမှာလည်း အစ္စရေးဟာ ပလူတိုနီယမ်ထုတ်လုပ်တဲ့ အ ဆောက်အအုံတွေကို ၀င်ရောက် ဖျက်ဆီးခဲ့ပါတယ်။ ဆီးရီးယားသမ္မ တဘာရှာအာဆတ်ရဲ့ နျူအစီ အစဉ်တွေနဲ့ပတ်သက်လို့ သတင်း အသစ်တွေ လူကြီးမင်း ရထားပါ သေးလား။
ဆီးရီးယားဟာ ကျွန်တော်တို့ရဲ့ စုံစမ်းရေးမှူးတွေကို အဲဒီ့နေရာကို အသေးစိတ်သွားရောက်စစ်ဆေး ဖို့ တိုင်းပြည်ထဲ ၀င်ခွင့်မပေးသေးပါဘူး။ ပြီးခဲ့တဲ့နိုဝင်ဘာလက ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဆီပေးပို့တဲ့စာမှာလည်း ကျွန်တော်ဟာ သူ့တိုင်းပြည်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အရေးတကြီး လိုအပ်နေကြောင်း ပြောခဲ့ပါတယ်။ 
ဒီကိစ္စမှာ တိုးတက်မှုတွေ ကျွန်တော်တို့လိုချင်ပါတယ်။ အခုဆိုရင် ဆီးရီးယားနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ ပြဿနာရှိနေပါပြီ။ ဒမတ်စကပ်က ဓာတ်ပေါင်းဖိုဟာ အိုင်အေအီးအေရဲ့ ကြီးကြပ်မှု အောက်မှာရှိနေပါတယ်။ အဲဒီ့မှာ ပုံမှန်စစ်ဆေးမှုတွေလည်း ကျွန် တော်တို့ လုပ်နေပါတယ်။ အခုတော့ ယူရေနီယမ်ထုတ်လုပ်နေ ကြောင်း သဲလွန်စအသစ်တွေ လည်း အမည်မဖော်တဲ့ရင်းမြစ် တစ်ခုကနေ ကျွန်တော်တို့ သတင်းရထားပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ကျွန်တော်တို့ ပိုသိချင်နေ ပါတယ်။
လူကြီးမင်းဟာ ၁၉၅၇ မှာ စတင် တည်ထောင်တဲ့ ဒီအိုင်အေအီးအေ အဖွဲ့ကြီးမှာ ပဉ္စမမြောက် အထွေ ထွေညွှန်ကြားရေးမှူးပဲဖြစ်ပါတယ်။ အာရှသားထဲကလည်း ဒီနေရာ ကို ပထမဆုံးရသူပါ။ လူကြီးမင်း ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန မှာ လုပ်စဉ်ကလည်း မြောက်ကိုရီးယားရေးရာ ကျွမ်းကျင်သူတစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတယ်။ အာဏာရှင်ကင်မ်ဂျုံအီလ်ဟာ ဘယ် လောက်အန္တရာယ်ကြီးပါသလဲ။
မြောက်ကိုရီးယားကိစ္စက သိပ်အ ရေးကြီးတဲ့ကိစ္စပါ။ ကျွန်တော်က အဲဒီ့ဒေသက လာတာဖြစ်ပြီး၊ အခု စကားပြောချိန်မှာ (အင်တာ ဗျူးအကြောင်းအရာက) အီရန် ကိစ္စတစ်ခုတည်း မဟုတ်လို့ ကျေး ဇူးတင်ပါတယ်ဗျာ။ တီဟီရန်နဲ့ မတူတာကတော့ ပြုံယမ်းဟာ တကယ် နျူလက်နက်ရှိနေတာပါ။ ၂၀၀၆ နဲ့ ၂၀၀၈ မှာလည်း နျူဗုံး နှစ်ကြိမ် စမ်းသပ်ပြထားတယ်။ ပြီးတော့ အဲဒီမှာ ဘယ်စစ်ဆေး ရေးမှူးမှ ရှိမနေဘူး။ ကျွန်တော် တို့(အေဂျင်စီက) လူတွေ ၂၀၀၉ မှာ နှင်ထုတ်ခံရပြီးနောက် ကျွန် တော်တို့မှာ တိုက်ရိုက်ရတဲ့သတင်း အချက်အလက်ဘာမှမရှိတော့ ဘူး။
မြောက်ကိုရီးယားလက်နက်တိုက် မှာ နျူလက်နက်ပေါင်း ဘယ်လောက်ရှိမယ်လို့ လူကြီးမင်း ခန့်မှန်းပါသလဲ။ ဒါဇင်ဝက်လောက်ရှိမလား။ အဲဒီ့ထက် နှစ်ဆရှိမလားခင်ဗျ။
ကျွန်တော့်အလုပ်က နျူကလီး ယားအစီအစဉ်တွေ စောင့်ကြည့်ဖို့ ပါ။ တိုင်းပြည်တွေထဲ စစ်ဆေးခွင့် ရအောင် လုပ်ဖို့ပါ။ ပြုံယမ်းက အဲဒီလို လုပ်ချင်တဲ့စိတ်ဆနမရှိ ဘူး။ အကျိုးအမြတ်မျှော်ကိုးပြီး လုပ်တဲ့အထဲမှာ ကျွန်တော် မပါ ၀င်ခဲ့ပါဘူး။
လူကြီးမင်းဟာ မကြာမီမှာပဲ ပါကစ္စတန်ရဲ့ နျူလက်နက်တွေ တာလီဘန်တွေလက်ထဲ ရောက် သွားလို့ ကူရာကယ်ရာမဲ့ဘ၀ဖြစ် ကောင်းဖြစ်နိုင်ခြေရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နျူကပ်ဘေးကြီး ဟာ ဖြစ်နိုင်ခြေတစ်ခုလား။ အဲဒီ့ ဖြစ်နိုင်ခြေဆိုတာကလည်း အကြမ်း ဖက်အစွန်းရောက်တွေ လက်ထဲ နျူလက်နက်တွေ အဆုံးသတ် ရောက်ရှိသွားမယ့် ဖြစ်နိုင်ခြေ လားခင်ဗျ။
ကျွန်တော်က နျူကလီးယားဗုံး နှစ်လုံး ကြဲချခံရဖူးတဲ့နိုင်ငံက လာ တာပါ။ ဟီရိုရှီးမားနဲ့ နာဂါဆာကီ လိုအဖြစ်မျိုးတွေ တစ်ကျော့ပြန် ဖြစ်လာမှာကို တားဆီးဖို့ ဖြစ်နိုင် သမျှ အရာရာကို လုပ်ဆောင် သွားမှာပါ။ အဲဒါကြောင့် ကျွန် တော်ကတော့ သတိကြီးကြီးနဲ့ကို အစွမ်းကုန်စောင့်ကြည့်နေဦးမှာ ပါ။
 
—Ref: Interview with IAEA Head Yukiya Amano. Spiegel. 11 Jan.
Older Posts Home
  • နောက်ဆုံးသတင်းများ
  • ပြန်လည်ဆွေးနွေးချက်များ

Trending Topic




    • Feature
    • KIA အကြောင်း
    • The Lady ဝေဖန်ချက်
    • ကချင်သတင်း
    • စစ်တပ် ဆိုတာ
    • စာအုပ်များ
    • စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်
    • တွစ်တ်တာ(twitter) မှပြန်အလာ
    • ဒီမိုကရေစီစနစ်၏ အနှစ်သာရများ
    • ဓာတ်ပုံသတင်းများ
    • ဗဟုသုတ
    • ဗိုလ်ချုပ်အောင်ဆန်း
    • ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ
    • ဗီဒီယိုမှတ်တမ်းများ
    • ဘာလဲဟဲ့စတုတ္ထမဏ္ဍိုင်
    • ဘာသာပြောင်းမည်ဆိုသော လူပျက် ဇာဂနာ
    • ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး
    • ပြည်သူအသံ
    • မြန်မာ့အရေး
    • မြန်မာ့နိုင်ငံခြားရေး
    • ကြီးဒေါ်စုသို့ ပေးစာ
    • သတင်းများ
    • သမ္မတကြီး ဦးသိန်းစိန်၏ ရိုးဂုဏ်
    • သမ္မတကြီး၏ မိန့်ခွန်းများ
    • သာသနာတော်ကို ခုတုံးလုပ်ကြသူများ
    • အတိုက်အခံများ
    • အလှည့်ကျပေးတဲ့ နိုဘယ်ဆု
    • အာဇာနည် ခေါင်းဆောင်ကြီးများ
    • အတွေးအခေါ်
    • အပြောကြီး တဲ့ဇာဂနာ
    • ဧရာဝတီနှင့်ပါတ်သတ်သမျှ
    • ပေးစာ ( ၁ )
    • ပေးစာ ( ၂ )
    • ပေးစာ ( ၃ )
    • ပေးစာ ( ၄ )
    • ပေးစာ ( ၅ )
    • ပေးစာ ( ၆ )
    • နိုင်ငံတကာအရေး
Designed by Open-Resources88