• မူလစာမျက်နှာ
  • စာပေဟောပြောပွဲ ( ၁၂၃ ) ဖိုင်
  • မူလစာမျက်နှာ
  • ဗီဒီယိုမှတ်တမ်းများ
  • ဓာတ်ပုံသတင်းများ
  • KIA အကြောင်း
    • Category
      • Category
      • Category
      • Category
      • Category
    • Category
    • Category
    • Category
  • မြန်မာ့အရေး
  • နိုင်ငံတကာအရေး
  • အတွေးအခေါ်များ
    • Category
    • Category
    • Category
    • Category
လက်ရှိဖတ်ရှုနေသောခေါင်းစဉ်: မူလစာမျက်နှာ »
Showing posts with label KIA အကြောင်း. Show all posts

ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကရင်တိုင်းရင်းသား အလံတင် အခမ်းအနားတွင် ကရင် ရိုးရာဖားစည်တီးနေသည့် ကရင် ကလေးငယ်တစ်ဦး။ ၂၇၅၁ ခုနှစ် ကရင်တိုင်းရင်း သား နှစ်သစ် ကူးပွဲတော်နှင့် ကရင်တိုင်းရင်းသားအလံတင်အခမ်းအနားကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ အလုံ သာသနာဝင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ၁၉၃၉ ခုနှစ်မှ စတင်ခါ နှစ်စဉ် ကျင်းပခဲ့ပြီး ယခုနှစ် တွင် အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်းမြို့ နယ်တို့တွင် နေထိုင်သော ကရင်တိုင်းရင်းသား ၃,၀၀၀ ဦးခန့် တက်ရောက်ခဲ့သည်။
ဓာတ်ပုံ-သက်ထူး
၂၇၅၁ ခုနှစ် ကရင်တိုင်းရင်းသား နှစ်သစ်ကူးပွဲတော်နှင့် ကရင်တိုင်း ရင်းသားအလံတင်အခမ်းအနားကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ အလုံသာသနာဝင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်နှစ်သစ်ကူးပွဲတော်ကို အလံတင် အခမ်းအနား၊ အား ကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဒုံးယိမ်းအကဖြေဖျော်မှုများကို အလုံသာသနာဝင်းတွင် ၁၉၃၉ ခုနှစ်မှ စတင်ခါ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်း မြို့နယ်တို့တွင်နေထိုင်သော ကရင်တိုင်းရင်းသား ၃,၀၀၀ ဦးခန့် တက်ရောက်ခဲ့သည်ဟု ကရင်တိုင်းရင်း သား နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရန်ကုန်မှာ အာလိန်ငါးဆင့်၊ မြောက်ဥက္ကလာပနဲ့ ဒီအလုံသာသနာဝင်း ဆိုပြီး ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့နေရာ သုံးနေရာရှိတယ်။ ကရင်လူမျိုးတွေက တောင်ပေါ်နဲ့ မြေပြန့် (မြစ်ဝကျွန်းပေါ်) နေရာ အသီးသီးမှာ နေကြ၊ ဗုဒ္ဓဘာသာဆိုရင်လည်း ဘုရား၊ ကျောင်းကန် တွေမှာ တွေ့ဆုံကြ၊ ခရစ်ယာန်ဘာသာဝင် တွေဆိုလည်း ဘုရား ကျောင်းတွေမှာပဲ တွေ့ဆုံကြရ တယ်။ ဒါပေမယ့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ဆိုရင်တော့ ဘာသာ၊ အယူအဆ၊ ဒေသမတူတဲ့ ကရင် တွေ စုစည်းကြတဲ့အတွက် ပေါင်းစည်းခြင်း အကျိုး အမြတ်ကို ရတယ်"ဟု ကရင်တိုင်းရင်းသား နှစ်သစ်ကူး ပွဲတော် ကျင်းပ ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းလွိုက်က ပွဲတော် နှစ်စဉ်ကျင်းပရခြင်း၏ အကျိုးကျေးဇူးကို ပြောသည်။
ကရင်တိုင်းရင်းသား နှစ်သစ်ကူးပွဲတော်ကျင်းပသော နေ့ရက်တွင် ကရင်တိုင်းရင်းသားအလံ လွှင့်တင်ရခြင်း အကြောင်းကိုလည်း "ဒီနေရာမှာ ပွဲတော် စကျင်းပတဲ့ ၁၉၃၉ ခုနှစ်ကစပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနဲ့ ကရင်တိုင်းရင်းသား အထိမ်းအမှတ် အလံကို ပူးတွဲလွှင့်တင်ပြီး ကရင်တိုင်းရင်းသားများ ပြည်ထောင်စု နဲ့အတူ အစဉ်အမြဲ တစ်လုံးတစ်ပါတည်း ရှိနေမယ်လို့ ရည်ရွယ်ခဲ့ တာကြောင့် အစဉ်အလာကို ဆက်ထိန်းသိမ်း တာပါ"ဟု ဦးစောမင်းလွိုက်က ပြောသည်။
ပွဲတော်ကျင်းပရန် ကုန်ကျစရိတ်များအတွက် ကရင် တိုင်းရင်းသားများ၊ ကရင်စီးပွားရေးလုပ်ငန်းရှင်များက နှစ်စဉ် အလှူငွေများ ထည့်ဝင်ခဲ့ကြပြီး မည်သည့်အဖွဲ့ အစည်း၏ ထောက်ပံ့မှုမျှ မပါဝင်ကြောင်း နှစ်သစ်ကူး ပွဲတော် ကျင်းပရေးကော်မတီနာယက ဦးမန်းသိန်းကြိုင် က ပြောသည်။
"နှစ်တိုင်းလုပ်နေကျဆိုတော့ ကရင် လူမျိုးတွေအချင်းချင်း အလှူငွေတွေလာထည့်ဝင်ကြ တယ်" ဟု ၎င်းက ပြောသည်။
ပထမဆုံးလဟု အဓိပ္ပာယ်ရသော စကောကရင် တိုင်းရင်းသားများ၏ သလေ၊ ပိုးကရင်တိုင်းရင်းသားများ ၏ ထိုင်ခုတ်ဖိုနှင့် မြန်မာ လူမျိုးများ၏ ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့ဟု သတ်မှတ်ပြီး အဆိုပါ နေ့တွင် ရိတ်သိမ်းပြီးစ သီးနှံများကို သက်ကြီး ၀ါကြီး များနှင့် အိမ်နီးချင်းများအား ပေးကမ်းခြင်း၊ ပြီးခဲ့သော နှစ်ဟောင်း၏ အတွေ့အကြုံနှင့် အကောင်းအဆိုးများကို သုံးသပ်ခြင်း နှင့် နှစ်သစ်တွင်လုပ်ဆောင်ဖွယ်ရာများကို လုပ်ငန်းစဉ်ချခြင်းများကို ပြုလုပ်လေ့ရှိသည်။

Ref : http://www.myanmar.mmtimes.com/


 
KIA အဖွဲ့သည် ပြည်သူပိုင် အဆောက်အဦးများကို အစိုးရတပ်များ မလာနိုင်အောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ မိုင်းထောင်ဖောက်ခွဲတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ဒေသန္တရ လက်လုပ်မိုင်းတွေကို အသုံးပြုလို့ မိုင်းထောင်ရင်း သေကြရတဲ့ ကချင်လူမျိုးတွေ မနည်းခဲ့ပါဘူး။
`        ပြီးခဲ့တဲ့လက မြစ်ကြီးနားမှာ ဦးဒယောင်တန်ဂွန်းရဲ့ မိဘမဲ့ကလေးတွေနေတဲ့အိမ် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီအိမ်မှာ လိုင်ဇာကလာတဲ့ ဧည့်သည်က မိုင်းထောင်တာကို လက်တွေ့ပြနေတုန်းမှာ ပေါက်ကွဲခဲ့ တာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေဟာ ခဏခဏ ဖြစ်နေပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆဒုံးမြို့နယ်ခွဲ၊ ၀ိုင်းမော်-ကန်ပိုက်တီး ကားလမ်းအနောက်ဘက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲသံကြားလို့ နိမ်ဖော့ကနေပြန်လာတဲ့ ဇော်ဆိုင်းက သွားကြည့်ရာ ဆဒုံးမြို့နယ်၊ ရပ်ကွက် ၁ နေ KIA မှ ဂွမ်ရှောင်နဲ့ ဖော်မြန်လှ တို့ ၂ ဦး သေဆုံးနေတာကို တွေ့ရပါတယ်။
 

ဂမ်ရှောင်က ညာဘက်လက်ချောင်း ၃ ချောင်းပြတ်ပြီး၊ ခေါင်းမှာ ဒဏ်ရာတွေနဲ့သေဆုံးနေ ပါတယ်။ ဖော်မြန်လှကတော့ လက်နှစ်ဘက်လုံး တံတောင် ဆစ်နေ ရာနေ  ပြတ်ထွက်နေပြီး မျက်နှာတစ်ခုလုံး မိုင်းမှန်ထားလို့ ပျက်ဆီး နေပါတယ်။ သူတို့ ဘေးမှာ ဆိုင်ကယ် ၁ စီးတွေ့ရ ပါတယ်။ ဇော်ဆိုင်းက “ သူတို့ဆိုင်ကယ်တွေနဲ့ မိုင်းထောင်ဖို့လာရင်း ကွဲတာဖြစ်နိုင်တယ် ” လို့ ပြော ကြားခဲ့ပါတယ်။
          KIA အဖွဲ့ အနေဖြင့် မိုင်းထောင်နေစဉ်ပေါက်ကွဲမှုများကြောင့် ဘယ်သူမှ မိုင်းမထောင် ချင်တော့ပါဘူး။ ဒါပေမယ့် မလုပ်ရင် ကချင်သစ္စာဖောက်ဆိုပြီး သတ်မယ်ပြောထားလို့ ကြောက်လန့်တကြား မိုင်းထောင်နေ ကြရပါတယ်။
 
Ref : http://kachindailynews.blogspot.com/

 
ဒီဇင်ဘာလ ၁၉ရက်နေ့ နေ့လည် ၁၂နာရီအချိန်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်ပုံကွမ်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးဇခုန်ယိန်ဆောင် တို့ဟာ မြစ်ကြီးနားကနေ မော်တော်ယာဉ်တွေနဲ့ ထွက်ခွာလာပြီး ၀ိုင်းမော်မြို့ ကန်ပိုက်တီး အနီး စင်ကြိုင်ရွာမှာရှိတဲ့  လက်ဘက်ခြံ တည်းခိုရေးစခန်းကို ရောက်ရှိပြီး ၄င်းတည်းခိုရေးစခန်းမှာရှိတဲ့ စစ်ပြေး ဒုက္ခသည် တွေကို တွေ့ဆုံခဲ့ပါတယ်။
 
 
အဲ့ဒီလိုတွေ့ဆုံတဲ့အခါမှာ အစိုးရနဲ့ ကေအိုင်အေတို့ ငြိမ်းချမ်းရေးဆွေးနွေးနေမှုတွေကို ရှင်းလင်းပြောကြားခဲ့ပြီ: စခန်းမှာရှိတဲ့ မိသားစုဝင်တွေအတွက် ငွေကျပ်၅၇သိန်း နဲ့ အ၀တ်အထည်များကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါချန်းထံမှာ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ထောက်ပံ့မှုတွေပေးအပ်တဲ့အခါမှာ  လချိတ်၊ ရ၀မ်၊ လီဆူး ..အစရှိတဲ့ လူမျိုးစုများကိုသာပေးအပ်ခဲ့ပြီး ဂျိမ်းဖောလူမျိုးများကိုထောက်ပံ့မှုမရှိကြောင်းသိရှိရပါတယ်။ လွှတ်တော်အမတ်ကြီးများက ဒုက္ခသည်ချင်းအတူတူ ဂျိမ်းဖောလူမျိုးတွေကို ဘာလို့မထောက်ပံ့ရလဲဆိုတာတော့ စဉ်းစားစရာရှိလာပါတယ်။ ဒီလိုခွဲခြား ထောက်ပံ့မှုတွေဟာ ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် နဲ့ပက်သက်ပြီး နာကျည်းစရာများ ရှိနေသလားဆိုတာတွေးစရာပါပဲ။
ဂမ်ရှောင်က ဂျိမ်းဖောလူမျိုး ဖြစ်ပြီး တပ်မဟာ၂ တပ်ရင်း၆ တပ်ရင်းမှူးဘ၀မှာ ဖားကန့်မှော်ကိုအုပ်ချုပ်ခွင့်ရတဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလ ဖားကန့်မှော်မှာ ဘိန်းရောင်းဝယ်မှု၊ ဆက်ကြေးကောက်ခံမှုတွေရှိနေပါတယ်။ ဒါနဲ့ ပက်သက်လို့ အမေရိကန်က ကေအိုင်အို ဟာ မူးယစ်ဆေးဝါး လုပ်ငန်းမှာ ပါတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ ဂမ်ရှောင်ဟာ ဖားကန့်နယ်က ဘိန်းအရောင်း အ၀ယ်တွေမှာ KIA ရဲ့ပက်သက်မှုတွေပေါ်မှာစိုးလို့ နှုတ်ပိတ်တဲ့ အနေနဲ့ သူနဲ့ ပတ်သက်ခဲ့တဲ့ လူတွေကို ဖမ်းပြီး စပေါ့ချောင်းဘေးမှာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ လက်ဝါးကပ်တိုင်လို လုပ်ထားတဲ့ ကားစင်တွေမှာ ကြိုးနဲ့ချည်ပြီး သေနတ်နဲ့ ကေအိုင်အေ ရဲဘော်တွေက ပစ်သတ် လက်စဖြောက်ခဲ့တယ်ဆိုတာ မျက်မြင်သက်သေတွေ ယနေ့ထိရှိဆဲပါပဲ။
အဲ့ဒီဖြစ်စဉ်အပါအ၀င် KIA က လူမျိုးရေးခွဲခြားပြီး ကချင်ပြည်နယ်အတွင်းက လူမျိုးစုငယ်များအပေါ် အနိုင်ကျင့်ရက်စက်မှုများကို ရ၀မ်၊လချိတ်လူမျိုးများက ကျေနပ်မှုမရှိကြပါဘူး။ KIA တပ်များ အနေနဲ့ကလည်း ဂျိန်းဖောလူမျိုးတွေက လွဲပြီး ကျန်လူမျိုးများကို သတ်ဖြတ်ရန် ကြိုးစားလာတယ်ဆိုတာ  ယခင်နှစ် စက်တင်ဘာလ ဖြစ်စဉ်ကသက်သေပြနေပါတယ်။ ရ၀မ်လူမျိုးတွေ နေထိုင်တဲ့ ခေါင်လန်ဖူးရွာကို မီးရှို့ပြီး ရွာသား ၃ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ်မီးရှို့ခဲ့တယ်။ 
ဒါ့ကြောင့်လည်း KIA  ကြောင့် ဖြစ်နေတဲ့ စစ်ပွဲတွေမှာ ဒုက္ခသည်ဖြစ်နေရတဲ့ ကချင်လူမျိုးချင်းအတူတူ လချိတ်လွှတ်တော်အမတ်မင်းများက သူတို့မျိုးနွယ်စုကိုပဲ ထောက်ပံ့ပေးနေတာ သိသာထင်ရှားကြောင်း တရုတ်-မြန်မာ စစ်ရေးအကဲခတ်များက ဝေဖန်ပြောကြား လျှက်ရှိပါတယ်။
 
Ref : http://kachindailynews.blogspot.com/


KIA အဖွဲ့အနေဖြင့် စစ်ပွဲအတွင်း ကုန်ကျစရိတ်များသဖြင့် ယခုကာလအတွင်း အခွန်ငွေကို တိုးမြှင့်ကောက်ခံလျက် ရှိပါတယ်။ ကချင်နိုင်ငံတော် ထူထောင်နိုင်ရေးအတွက် အခွန်များကို ကချင်ပြည်သူများက ထမ်းဆောင်ရမှာ ဖြစ်သော်လည်း အစိုးရနဲ့ စစ်ပွဲတွေမှာ ရှုံးနိမ့်ပြီး စခန်းတွေဆုတ်ခွာခဲ့ရလို့ ပြည်သူ တော်တော်များများက အခွန်မပေးဆောင်တော့ပါဘူး။ အခွန်ထမ်းဆောင်ရန် အကြိမ်ကြိမ် နှုတ်/စာ တို့ဖြင့် သတိပေးခဲ့သော်လည်း အခွန် ပေးဆောင်ခြင်း မရှိခဲ့ပါ။

အခွန်ကောက်ခံနေတဲ့ ကချင်ပြည်သူ့အမှုထမ်းများ
အခွန်မထမ်းဆောင်တဲ့ ကုမ္ပဏီ ၂ ခုကို  ပထမဦးဆုံးအကြိမ် ထိရောက်စွာအပြစ်ပေးဖို့ ဗဟိုဌာနချုပ်မှ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၂၁)ရက်နေ့ ညနေ(၄)နာရီတွင် ဖားကန့်မြို့ ၊ မရှီကထောင်ရပ်ကွက်ရှိ CAT ကုမ္ပဏီအလုပ်ရုံသို့ KIA အဖွဲ့မှ (၂)ဦးကို ဆိုင်ကယ်ဖြင့် စေလွှတ်ပြီး လက်လုပ်မိုင်း(၂)လုံးကို စက်ရုံအတွင်း ၀င်ရောက်ဖောက်ခွဲခဲ့ပါ တယ်။ မိုင်း(၂)လုံးပေါက်ကွဲမှုကြောင့် ခြံဝန်းအတွင်းရပ်ထားတဲ့ Transporter ယာဉ်(၁)စီး၊ အနည်းငယ် ထိခိုက်ခဲ့ပါတယ်။ 
 
   ဒီဇင်ဘာလ(၂၁)ရက်နေ့ ညနေမှာပဲ ဖားကန့်မြို့နယ်၊ နမ္မပြစ်ကျေးရွာက ဘော်ကိုကျောက်မျက်ကုမ္ပဏီကို KIA စစ်သည်(၂)ဦးရောက်ရှိလာပါတယ်။ လုံခြုံရေးဂိတ်တဲမှ လုံခြုံရေးဝန်ထမ်း မောင်လှဝင်းကို ပစ္စတိုနဲ့ချိန်ပြီး စက်ရုံဝင်းအတွင်း အတင်းဝင်ရောက်ကာ မိုင်းထောင်ဖောက်ခွဲခဲ့တယ်။ ၄င်းမိုင်းကြောင့် ကွန်ကရစ်လမ်း အနည်းငယ်ပျက်စီးတာကလွဲပြီး လူနဲ့ အဆောက်အဦး ထိခိုက်မှုမရှိခဲ့ပါဘူး။
 
     ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးမှ “ ကျွန်တော်တို့က အခွန်မပေးဆောင်တဲ့အတွက် ဒဏ်ခတ်တာပါ။ ပထမအကြိမ်ဖြစ်လို့ လူတွေ အဆောက်အဦးတွေကို မထိခိုက်အောင် လုပ်ဆောင်ခိုင်းတာဖြစ်တယ်။ ဒါမှ အခွန်မပေးဘူးဆိုရင် ပြင်းပြင်းထန်ထန် အရေးယူရလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။
 
Ref : http://kachindailynews.blogspot.com/

ကချင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ ဇွန်လဆန်းပိုင်းကစပြီးအစိုးရတပ်နဲ့ KIA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဟာ ၆ လကျော်ရှိလာခဲ့ပါပြီ၊ ဒီကာလအတွင်းမှာ တွေကြုံခံစားခဲ့ရတဲ့ကချင်လူထုရဲ့ ဒုက္ခ ပေါင်းစုံနဲ့အခုချိန်မှာ KIA ခေါင်းဆောင်တွေအပေါ်ကို ကချင်ဒေသခံပြည်သူတွေရဲ့ သဘောထားအမြင်များနဲ့ ပက်သက်ပြီး မြစ်ကြီးနားက ကချင်အမျိုးသား ကိုလဂျာကော့က အခုလိုပြောပြထားပါတယ်။


“အခုဆိုရင် ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ကျွန်တော်တို့ ကချင်ဒေသခံ တွေဒုက္ခမျိုးစုံခံစားရတာ ၆ လကျော်ရှိနေပါပြီ၊ ကျွန်တော်တို့တွေက နေစဉ်နဲ့မျှ အနေဆင်းရဲ၊အစားသောက် ဆင်းရဲ့နဲ့ခက်ခဲတဲ့ ဘ၀ကိုဖြတ်သန်းနေကြရပါတယ်၊ တိုက်ပွဲတွေကြောင့်ပဲ ကိုယ့်အိမ်၊ကိုယ့်ရွားနဲ့တောင်ယာ ၊စိုက်ခင်း၊ကျွဲ၊နွားတွေအပြင်ပိုင်ဆိုင်တာတွေအားလုံးကို စွန့်ခွါထွက်ပြေးခဲ့ရတာပါ။


အခုတော့တောင်ယာလဲမလုပ် နိုင်၊စပါးလဲမရိတ်နိုင်တော့ပါဘူး၊ ကျွန်တော်တို့သားသမီးတွေကျောင်း လဲမတက် နိုင်ဖြစ်တော့ ဒုက္ခသည်စခန်း တွေကိုထွက်ပြေးလာရတဲ့ မိဘတွေကသူတို့ကလေးတွေအတွက်တော်တော် လေးဝမ်းနည်းနေကြရတာပေါ့ဗျာ၊ ပြီးတော့ ဗိုလ်ချုပ်ဂမ်ရှောင်က သေနတ်ကိုင်နိုင်တာနဲ့ KIA စစ်သားလုပ် ရမယ်ဆိုတဲ့အမိန့်နဲ့ တွေ့သမျှလူအားလုံး ကို KIA စစ်သားလုပ်ခိုင်တာကလည်းတော်တော်လေး ရက်စက်လွန်း ပါတယ်၊၊

KIA ကလူသစ်စုတာတောင် ကျောင်းသားကလေးငယ်တွေကအစ အလွတ်မပေးဘဲ ဖမ်းခေါ်သွားတာ တွေလုပ်ပါတယ်၊ ကျောင်းသားကလေးတွေက ဘယ်လိုလုပ်စစ်သားလုပ်တတ်ပါ့မလဲဗျာ၊အတင်းဖမ်းပြီးစစ်သား လုပ်ခိုင်းတယ်၊ရှေ့တန်းစခန်းတွေကိုပို့တော့ တိုက်ပွဲမှာသေဆုံးတာတွေ၊ဒဏ်ရာရတာတွေရှိပါတယ်၊မိဘတွေက တယုတယနဲ့ထားတာ၊ အခုတော့ KIA ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် မိဘ တွေရင်ကျိုးရတဲ့အဖြစ်နဲ့ကြုံရပါပြီ။


ရွာမှာနေထိုင်တဲ့ ဒေသခံကချင်တွေတင်ဒုက္ခေ၇ာက်ကျရတာမဟုတ်ဘဲ မြို့ပေါ်မှာနေတဲ့ ကချင်လူထု လည်း KIA ခေါင်းဆောင်တွေရဲ့လုပ်ရပ်ကြောင့် ဆိုးကြိုးတွေခံစားနေရပါတယ်၊ သားသမီးတွေကျောင်းသွားရင် တောင် ညနေကျရင်အိမ်ကိုပြန်ရောက်လာပါ့မလား၊ KIA အဖွဲ့ဖမ်းခေါ်သွားရင်တော့ ဒုက္ခပါဘဲဆိုတဲ့ အပူသော ကကို နေ့စဉ်နဲ့အမျှ ကျောင်းသားမိဘတွေခံစားနေကြရတာပေါ့ဗျာ၊ ကချင်ပြည်နယ်အေးချမ်းရေး၊ကချင်လူထု ကောင်းစားရေးဆိုတာက တစ်ကယ်တော့ KIA ခေါင်းဆောင်တွေက ကြားကောင်အောင်နာမည်တပ်ပြီး နောက် ကွယ်ကတော့ တစ်ကယ့်ကို အကြမ်းဖက်လုပ်ရပ်တွေကိုဘဲ လုပ်ဆောင်နေတာပါ။


ကျွန်တော်တို့ကချင်လူထုအတွက်လုပ်တယ်ဆိုရင် ကျွန်တော်တို့သွားလာနေတဲ့ ရထားလမ်း၊ ကား လမ်း၊တံတားတွေကိုမိုင်းထောင် ဖောက်ခွဲတဲ့လုပ်ရပ်တွေ လုပ်မှာမဟုတ်ပါဘူး၊ အခုတော့သွားလာရေခက်ခဲ့ရပြီး ကုန်ပစ္စည်းတွေလဲ မသယ်ယူနိုင်ဘူး၊ဒီထက်ပိုဆိုးတာကသယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ကား၊ဆိုင်ကယ်တွေကို အတင်အဓမ္မအခွန် ကောက်ခံပါသေးတယ်။စားစရာမရှိတဲ့အထဲ သူတို့တောင်ခံတဲ့အခွန်ကိုသတ်မှာကြောက် လို့ပေးဆောင်နေရပါတယ်။

 အရင်တုန်းကမြို့ပေါ်မှာ ဘယ်နေရာကိုသွားသွား စိတ်ပူစရာမလိုပါဘူး၊အခုတော့ ဘယ်နားလေးကိုများ KIA ကဖောက်ခွဲမလဲ၊ဗုံးထောင်ထားမလဲဆိုပြီး မသွားရဲ၊မလာရဲဖြစ်ရပါတယ်၊ ကချင်ပြည် သူတွေအပေါ်မှာ သနားငဲညှာမှုမရှိဘဲလုပ်ဆောင်နေတဲ KIA အဖွဲ့ရဲ့အခုလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် ကချင်တိုင်းရင်းသား တွေကို မိုင်းခွဲဖို့သင်တန်းပေးရင်း မြစ်ကြီးနားမြို့သီတာရပ်ကွက်က ဦးဒယ်ရောင်တန်ဂွမ်းအိမ်မှာ မိုင်းပေါက် ကွဲပြီးသေဆုံးခဲ့ကြရတယ်၊ကချင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ အဓိကတရားခံကတော့ စစ်ကိုဘဲလို လားနေတဲ့ စစ်သွေးကြွ KIA ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ဂမ်ရှောင်၊ဂွမ်မော်နဲ့ ခေါင်းဆောင်အချို့ပါပဲ။


ကချင်ပြည်နယ်အနှံ့မှာ တိုက်ပွဲတွေဖြစ်အောင် ဖန်းတီးနေတဲ့ ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ တစ်ဘက်စွန်း ရောက်လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ပြည်တွေမှာ နင့်နာဆုံးရှုံးမှုတွေက အတော်ကလေးများနေပါပြီ၊ KIA တပ်ဖွဲ့မှာရှိတဲ့ စစ်သားတွေကလည်း ရှေတန်းစခန်းကိုပို့ခံထားရပြီး စစ်တိုက်နေရတာကို ငရဲဘုံတစ်ခုမှနေရသ လိုခံစားနေကြရပါတယ်၊ စစ်မတိုက်ချင်းပါဘူး၊ကိုယ့်ရွား၊ကိုယ့်အိမ်မှာဘဲမိသားစုနဲ့ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်လိုကြတဲ့ စိတ်ဆန္ဒရှိပါတယ်၊တစ်ချို့မိသားစုတွေဆီပြန်ထွက်ပြေးတော့ ဗိုလ်ချုပ်ဂမ်ရှောင်က ထွက် ပြေးတဲ့စစ်သားရဲ့ မိသားစုတွေကိုပါဖမ်းဆီးပြီး အတင်းအကျတ်ကိုင်ပြီး ထွက်ပေါက်မရှိအောင် လုပ်ထားပါ တယ်။

KIA ရှေ့တန်းစခန်းတွေမှာက ရိက္ခာလဲမလုံလောက်၊ထောက်ပံ့မှုကလဲမရှိ၊အစိုးရတပ်ဘက်ကလည်း အတင်းထိုးဖောက်ဝင်ရောက်လာတဲ့ အခါကျတော့ ရွာသားတွေကိုလည်းထိခိုက်မှာ စိုးရိမ်လို့ ဆုတ်ခွါပေးလိုက် ရတာမျိုးတွေရှိပါတယ်၊ ဒီလိုဆုတ်ခွါရင်လဲ ဗိုလ်ချုပ်ဂမ်ရှောင်က KIA စစ်သည်တွေအပေါ်သက်ညှာမှုလုံးဝ မရှိဘဲ သေဒဏ်အပြစ်ပေးပါတယ်၊ ဒီလိုရက်စက်လွန်းလှတဲ့ လုပ်ရပ်တွေကြောင့် KIA စစ်သည်တွေရဲ့ရင်ထဲမှာ ကြီးမားတဲ့ ဒဏ်ရာအနာတစ်ရတွေဖြစ်နေပါပြီ၊ နောက်တန်းမှာကျန်ခဲ့တဲ့သူတို့ရဲ့သားသမီးတွေနဲ့ မိန်းမတွေ ဘယ်လိုးများနေထိုင်စားသောက်နေမလဲဆိုပြီး အသက်အန္တရာယ်ကြားကနေ စိုးရိမ်ပူပန်နေရတဲ့ဒုက္ခကိုလည်း ခံစားကြရပါတယ်၊ KIA စစ်သည်တွေက သူတို့ဘယ်အချိန်အိမ်ပြန်ရလဲဆိုတာကို စောင့်မျှော်နေကြပါတယ်။


တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းကိုရောက်ရှိကြရတဲ့ ကချင်မိသားစုတွေမှာလည်း အစားသောက်၊ ရိက္ခာအလုံအလောက်မရရှိပါဘူး၊ရှေ့တန်းကိုပို့ခံထားရတဲ့ သူတို့ရဲ့သားသမီးနဲ့ ယောက်ျားတွေကို ရှေ့တန်းစ ခန်းတွေကနေပြန်ခေါ်ပေးဖို့ လိုင်ဇာမှာ ဆန္ဒပြတောင်းဆိုမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ ဗိုလ်ချုပ်ဂမ်ရှောင်က ဒါကိုနည်းနည်းလေးမှ လှည့်မကြည့်ပါဘူး၊ ပြည်တွင်း၊ပြည်ပမှာရှိတဲ့ ကချင်လူးမျိုးအသင်းအဖွဲ့တွေ၊အသင်း တော်တွေနဲ့ အစိုးရအဖွဲ့အစည်း၊အခြားအဖွဲ့စည်းတွေက ဒုက္ခသည်တွေအတွက်ထောက်ပံ့တာတွေကိုလည်း ဒုက္ခသည်တွေလက်ထဲကို ပြည့်ပြည့်၀၀ မပေဘဲ ရှေ့တန်းKIA စခန်းတွေကို ပိုဆောင်တာတွေရှိပါတယ်။


အစိုးရတပ်တွေဘက်က တိုက်ခိုက်တာတွေကိုရပ်ဖို့ ညွှန်ကြားထားပြီလို့သိရပါတယ်၊ ငြိမ်းချမ်းရေးအ တွက်လည်းဆွေးနွေးမှုတွေ လုပ်ဆောင်တာတွေ့ရပါတယ်၊ ကချင်လူထုရဲ့အေးချမ်းမှုဘ၀ကိုလုံးဝထည့်မတွက် တဲ့ စစ်ကိုဘဲလိုလားတဲ့ စစ်သွေးကြွ ဗိုလ်ချုပ်ဂမ်ရှောင်က တစ်ကယ်တမ်းတော့ သူ့အကျိုးစီးပွားနဲ့ အာဏာပါဝါ အတွက်အလုပ်လုပ်နေတဲ့အာဏာရှင်တစ်ဦးဆိုတာ ကျွန်တော်တို့ကချင်လူထုက သိလိုက်ရပါပြီ၊ ကျွန်တော်တို့ တွေနဲ့ မိသားစုတွေရဲ့ဘ၀တွေကို ဒုက္ခပင်လယ်ဝေအောင် လူမျိုးချင်တောင်ကိုယ်ချင်းစာစိတ်ကင်းမဲ့နေတဲ့ KIA ခေါင်းဆောင်တွေကို ကိုယ်တော်ကတူသောအကျိုးအတွက်ထိုက်တန်တဲ့ အပြစ်ဒဏ်ကိုပေးသွားမှာပါ ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။
 
www.amayeainn.blogspot.com မှကူယူဖော်ပြပါသည် 
 


နိုဝင်ဘာလ(၂၆) ရက်နေ့က မိုးမောက်မြို့နယ် မံဒပ်ရွာ အနီးမှာနည်းဗျူဟာ(၈၈၂)လက်အောက်ခံ အစိုးရတပ်ရင်း (၁)ရင်းနဲ့ ကေအိုင်အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။





 လက်နက်ငယ်နဲ့လက်နက်ကြီးကျည်ဆံထိလို့ ကေအိုင်အေဘက်က (၃)ယောက်ကျပြီး (၄)ယောက်အပြင်း အထန်ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရရာတဲ့လူနာတွေကို မထန်းရွာ၊ဂျခိုင်ရွာ၊လွယ်လုံးရွာ၊လောခန်ရွာ တွေကိုဖြတ် ပြီး တောလမ်းအတိုင်း မိုင်ဂျာယန်ဆေးရုံကိုသယ်ယူ သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတစ်ဦးကပြောပါ တယ်။
နိုဝင်ဘာလ (၁) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ အစိုးရတပ်တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာ ကေအိုင်အေဘက်ကသေဆုံးသူ(၂၃)ယောက်နဲ့ ဒဏ်ရာရလို့မိုင်ဂျာယန်မှာ ဆေးကုသနေတာ (၄၁)ဖြစ်ပြီး သေဆုံး/ဒဏ်ရာရသူစုစုပေါင်း (၆၇)ရှိပြီလို့ သိရပါတယ်။
KIAတပ်ဖွဲ့တွေစိုးမိုးထားတဲ့ ကျေးရွာများရှိဒေသခံများဟာ အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲများဖြစ်ပွား လာမှာစိုးရိမ်တဲ့အတွက် နေအိမ်တွေကိုစွန့်ခွာပြီး တရုတ်-မြန်မာနယ်စပ်ကိုထွက်ပြေးနေကြပါတယ်။ တစ်ချို့အိမ် ထောင်စုတွေကတော့ ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ဆွေမျိုးတွေထံသွားရောက်နေထိုင်ကြသလို တစ်ချို့ကတော့ခရစ် ယာန်ကျောင်းတွေမှာသွားရောက်နေထိုင်ကြပါတယ်။ တရုတ်-မြန်မာနယ်စပ် ကိုသွားတဲ့သူတွေကိုတော့ တရုတ်နိုင်ငံ ဘက်က သူတို့နိုင်ငံထဲကိုအ၀င်မခံဖို့ နယ်စပ်ဒေသအာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

 
တရုတ်နိုင်ငံဘက်မှာ ရောက်ရှိနေတဲ့ ဒုက္ခသည်(၂၀၀၀)ကျော်ကိုလဲ နေရပ်းဒေသတွေပြန်ဖို့ တရုတ်အာဏာ ပိုင်တွေကဒီဇင်ဘာလ(၉)ရက်နေ့ကလာရောက်ပြောခဲ့တယ်လို့ ဒုက္ခသည်ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောပါတယ်။“


မြန်မာတပ်တွေနဲ့ ကချင်တပ်တွေတိုက်ပွဲဖြစ်နေတာ ခုဆိုရင်(၆)လကျော်သွားပါပြီ။မြန်မာဘက်က ကချင် တပ်(KIA)ကို အပြီးအပိုင်တိုက်ခိုက်တာမတွေ့ရသေးပါဘူး။ကချင်ဘက်ကလဲ ကချင်ပြည်နယ်မှာ မြန်မာတပ်တွေဝင် မလာအောင် ကာကွယ်ထားနိုင်ခြင်းမရှိသေးပါဘူး။ လောလောဆယ်ဒုက္ခရောက်နေတာ ရွာတွေမှာနေထိုင်တဲ့လူထု တွေဖြစ်ပါတယ်။ ရွာတွေမှာ KIA တပ်တွေအတွက်ရိက္ခာတွေပေးနေရတဲ့အပြင် ကချင်တပ်အတွက် အမှုထမ်းဖို့ခေါ် နေတာတွေရှိနေပါတယ်။ အရင်တုန်းက ယောက်ျားတွေလောက်ပဲခေါ်နေပေမဲ့ အခုအခါမှာတော့ မိန်းမတွေပါခေါ်နေ တဲ့အတွက်သူတို့ဟာရွာတွေကိုစွန့်လွှတ်ပြီးထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလဲ ဒုက္ခသည်တွေကို လက်မခံတော့ပါဘူး ။

 





မန်စီမြို့နယ်မှာရှိတဲ့ မုန်းတိမ်းပါရွာသားတစ်ဦးဖြစ်တဲ့ လဆွတ်နော်က`` ကျွန်တော်တို့က ရွာတွေကို စွန့်ပြီး မသွားချင်ပါဘူး။အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေချင်ပါတယ်။ စစ်တပ်ကလာရင်လဲကြောက်ရ တယ်။ကချင်တပ်တွေလာရင်လဲကြောက်ရတယ်။ရွာနားမှာ တိုက်ပွဲဖြစ်ရင် သေမှာကြောက်ရတယ်။ဒီအ တိုင်းနေရင်လဲ သူတို့ (KIA) ကိုဆန်တွေပေးရတယ်။ ငွေလဲပေးရတယ်။ လူလဲပေး ရတယ်။ဘယ်လိုမှမခံနိုင်တော့ ဘူး။ ဒါကြောင့် ဗန်းမော်မှာရှိတဲ့ ဆွေမျိုးတွေဆီပဲ သွားနေတော့မယ်`` လို့ပြောပါတယ်။ အစိုးရတပ်တွေနဲ့ ကချင်တပ်တွေ ငြိမ်းချမ်းရေးမယူသရွေ့တော့ လူထုတွေဒုက္ခရောက်နေဦးမှာဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ အဓိက စခန်းကြီးတွေဖြစ်တဲ့ အောင်ဂျာ(ရင်း-၃)| စံပိုင် စခန်းကြီးတွေနဲ့ ရင်း(၂၅)လွယ်ဂျယ် တို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိပြီးဖြစ် တယ်လို့သိရပါတယ်။ ယင်းစခန်းတွေနဲ့အတူ KIA ကိုင်ဆောင်သော လက်နက်တွေဖြစ်တဲ့ တရုတ် စက်လက်၊ 57(ဖိုက်ဆဲလ်ဗင်း)တိုက်ရိုက်ပစ်နောက်ပွင့်လက်နက်ကြီး၊ 79(40mm)လေကွဲ၊ထိကွဲ၊ 21(တွမ်တိဝမ်း)၊ 22(တွမ်တိတူး)စသော လက်နက်များကို တပ်မတော်မှ သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

KIA အသုံးပြုသော လက်နက်များကို မြန်မာ့တပ်မတော်သားများအားလုံးက လက်နက်နာမည်၊ လက်နက်အမျိုးအစား၊ ထုတ်လုပ်သည့်နိုင်ငံ သာမက မည်သို့ကိုင်တွယ်ပစ်ခက်ရသည်ကိုပါ သိရှိကြပြီးဖြစ် ကြောင်းနဲ့ KIA က တော့ မြန်မာ့တပ်မတော်သုံး လက်နက်ငယ် လက်နက်ကြီးများကို နာမည်လည်းမသိ၊ အမျိုးအစားလည်း အသိဖြစ်နေကြပြီး ၎င်းတို့လက်နက်နဲ့ မတူတဲ့ ထူးခြားနေတဲ့ လက်နက်အားလုံးကို ဓာတုလက်နက်လို့ ထင်နေကြကြောင်းကို ၃၁၈ မှ တပ်သားသစ် တစ်ဦးက အခုလိုပြောပြပါတယ်

"သူတို့သုံးနေတဲ့ လက်နက်တွေကို အသံကြားတာနဲ့ ကျွန်တော်တို့က သိပါတယ်.. ဒါက ဘယ်လက်နက်နဲ့ ပစ်တဲ့အသံ... ဘယ်နိုင်ငံထုတ်.. ဘယ်လောက်ရောက်တယ်.. ဘယ်လိုပစ်ရတယ် က စ ပြီး ကျွန်တော်တို့ အားလုံးက သိကြတယ်.. ဒါပေမယ့် သူတို့က ဘာမှ မသိကြဘူး.. သူတို့ သေနက်နဲ့ မတူတဲ့ လက်နက်တွေ တွေ့တာနဲ့ နူကလီးယား လက်နက်လိုလို၊ ဓာတုလက်နက်လိုလို ထင်ကြတယ်...." လို့ ဆိုပါတယ်။

ဒါ့အပြင် KIA အရာရှိတွေကစပြီး ပြင်ပဗဟုသုတနဲ့ အသိပညာ အရမ်းနည်းကြောင်းကို အဲဒီ မြန်မာ့တပ်မတော်က တပ်သားသစ်ကပဲ ဆက်ပြောပါတယ် "KIA ရဲ့ အဓိက အားနည်းချက်က ဘာလဲဆိုတော့.. သူတို့ခေါင်းဆောင်တွေက ဘာမှ သင်မပေးထားခြင်းပဲဗျ.. တော်တော် အဆင့်မြင့်တဲ့ KIA အရာရှိတွေကစပြီး ဘာမှ မသိကြဘူး.. KIA အဖွဲ့ဝင်အားလုံးကို ဂွမ်ချောင်၊ ဂွမ်မော် တို့က ဒီလိုလာရင်၊ ဒီလိုပစ်ရတယ် ဆိုပြီးပဲ သင်ပေးထားတာ.. ဒီကောင်တွေ ခေါင်းထဲမှာ အထက်က ကျွေးတာစားမယ်၊ ပေးတာယူမယ်၊ တံတားကို မိုင်းခွဲခိုင်းရင်ခွဲမယ်၊ လမ်းကို မိုင်းထောင်ခိုင်းရင်ထောင်မယ်၊ စစ်သားတွေ့ရင် ပစ်မယ်... ဒါပဲ သိကြတာ.. ဒီကောင်တွေခေါင်းက တိရစ္ဆာန်တွေလိုပဲ... အထက်ကလည်း အဲ့လိုပုံစံဖြစ်အောင် သေချာ သွင်းပေးထားတာဗျ.. " လို့ဆိုပါတယ်။

အခုနောက်ပိုင်း အဓိက စခန်းကြီးတွေ ကျအပြီးမှာတော့ KIA အချင်းချင်း စိတ်ဝမ်းကွဲနေပြီး စည်းလုံးမှုပျက်ပြားနေပြီလို့သိရပါတယ်။ ကျောင်းပညာ သင်ကြားနေကြသော မြစ်ကြီးနား နဲ့ အခြားသော မြို့များရှိ KIA ရဲ့ သားသမီးများမှာ သူတို့မိဘများနဲ့ အဆက်သွယ်ပျက်နေသောကြောင့် ငွေ\ရိက္ခာ စသည်တို့က မိဘများမှ မထောက်ပံ့နိုင်သောကြောင့် အခက်တွေ့နေပြီး မြို့ကျောင်းများတွင် သားသမီးရှိသော KIA များမှာ ဒုက္ခရောက်နေပြီး KIA အချင်းချင်း ငြိုငြင် မတည့်မှုများဖြစ်လာကြပါတယ်။

KIA အောက်ခြေရဲဘော်များဟာ မိသားစုများနဲ့ အဆက်အသွယ်ပျက်နေခြင်း၊ ဆောင်းတွင်းရောက်လာချိန်ဖြစ်တာကြောင့် အအေးဒဏ်ကို မခံနိုင်ခြင်း၊ ဆက်တိုက်ဆိုသလို အရှုံးတွေနဲ့ ရင်ဆိုင်လာရပြီး အကျအဆုံး အလွန်များလာခြင်း တွေကြောင့် အထက်က ခိုင်းတာတွေကို ကြည်ကြည်ဖြူဖြူလုပ်နေသူ မရှိသလောက် နည်းနေပြီဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း အင်တာနက်ပေါ်က သတင်းတွေမှာတော့ ခုချိန်ထိ မြန်မာ စစ်သား ၃ ရာ၊ ၄ ရာ ကျဆုံးတယ်ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ ကောလဟာလတွေ ဖြန့်နေကြဆဲ တွေ့နေရတုန်းပါ။

စွန်ရဲ


လိုင်ဇာမှာရှိတဲ့ စစ်ပြေးဒုက္ခသည် ယောက်ကျားတွေကို ကေအိုင်အေမှ အင်အားဖြည့်တင်းခဲ့ပြီး ရှေ့တန်းစစ်မြေပြင်ကို အပို့ခံထားရတာကြောင့် ဒုက္ခသည်စခန်းမှာကျန်နေခဲ့တဲ့ မိန်းမတော်တော်များများဟာ လူမှုရေးဖောက်ပြန်တာတွေများလာတယ်လို့ လိုင်ဇာမှလာတဲ့
သတင်းများအရသိရပါတယ်။
လော့ဒန်၊ ဂဒါးယန်၊ မလန်းယန်၊ နယ်မြေ ရှေ့တန်းစစ်မြေပြင်ကို ရောက်နေတဲ့ KIA ရဲဘော်များရဲ့ မိန်းမတွေဟာ KIA လိုင်ဇာစစ်ရုံးချုပ် လုံခြုံရေးအဖြစ် နောက်တန်းမှာကျန်ခဲ့တဲ့ လုံခြုံရေးစစ်သည်တော်တွေနဲ့ လူမှုရေးဖောက်ပြန်နေကြပါတယ်။ အချို့မိန်းမတွေဟာ မတရားနှိပ်စက်အနိုင်ကျင့်ခံရပြီး ကြောက်ရွံ့တာကြောင့် ဘယ်သူ့ကိုမှဖွင့်ပြော တိုင်ကြားနိုင်ခြင်း မရှိကြောင်းသိရပါတယ်။


ဒီလိုမျိုးလူမှုရေးဖောက်ပြန်နေတာတွေများလာတာကြောင့် သူတိုရဲ့ယောက်ကျားတွေကို ပြန်ခေါ်ပေးဖို့ KIA လူကြီးတွေကို အခုလ ဒုတိယအပတ်လောက်က တောင်းဆိုထားပါတယ်။ ဒီလိုတောင်းဆိုထားတာကို KIA လူကြီးတွေက လုပ်မပေးရင် KIO လူကြီးတွေဆီမှာ တောင်းဆိုသွားမယ်လို့သိရပါတယ်။ 

ဒုက္ခသည်စခန်းမှာကျန်ခဲ့တဲ့ မိန်းမတွေဟာ ရိက္ခာလည်းမရ အားကိုးစရာယောက်ကျားလည်း မရှိတဲ့အချိန်မှာ သားမယားပြုကျင့်ခံနေရတဲ့ သတင်းတွေကို မကျယ်ပြန့်ဖို့အတွက် KIA လူကြီးတွေမှ ထိန်းချုပ်ခဲ့ကြပါတယ်။

သတင်းတွေမကျယ်ပြန့်ဖို့ ထိန်းချုပ်ထားပေမဲ့ KIA က အဓမခေါ်ထားတဲ့ ရှမ်း၊ ကချင် လူငယ်တွေထဲမှာ အစိုးရစစ်တပ်က သူလျှိုထည့်ထားလို့ KIA ရဲ့သတင်းများပေါက်ကြားမှု့ရှိနေတယ်လို့ KIA လူကြီးတွေက သံသယရှိနေကြပါတယ်။ 

ဒါ့ကြောင့် စက်တင်ဘာလနောက်ပိုင်း အင်အားစုဆောင်းထားတဲ့ လိုင်ဇာကတပ်ဖွဲ့ဝင်တွေကို လိုင်ဇာဌာနချုပ်မှာ သွားလာမှုကန့်သတ်ထားခဲ့ပါတယ်၊အထူးသဖြင့် ဂျိန်းဖောလူမျိုးမဟုတ်တဲ့ တပ်ဖွဲ့ဝင်တွေကို ဖုန်းပြောဆိုခွင့် မပေးဘဲ ရှေ့တန်းစစ်မြေပြင်မှာသာ ထားရှိတာကြောင့် အိမ်ထောင်ရှိတဲ့ တပ်ဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျလျက်ရှိပါတယ်။ 





KIA တာဝန်ရှိသူတစ်ဦးကတော့ တပ်ဖွဲ့ဝင်တွေ မိန်းမကိစ္စရှုပ်ထွေးတာဟာ အထူးအဆန်းမဟုတ်ကြောင်း မူးယစ်ဆေးဝါနဲ့ပက်သက်သူ သုံးစွဲသူ၊ အမိန်မနာခံတဲ့သူ၊ ရှောင်ပြေး ထွက်ပြေးဖို့လုပ်နေတဲ့သူတွေကိုသာ ပြစ်ဒဏ်ပေးလေ့ရှိကြောင်း ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ KIA စစ်သည်တော်တွေကို မိန်းကလေးတွေပါတဲ့ ဖျော်ဖြေရေးအဖွဲ့တွေနဲ့ ဖျော်ဖြေသွားမယ်လို့ ပြောကြားထားပါတယ်။
ဒီလိုမျိုးပြောကြားခဲ့ပေမဲ့ KIA လိုင်ဇာကတပ်ဖွဲ့ဝင်တွေနဲ့  ဒုက္ခသည်စခန်းက မိန်းမတွေဟာ လူမှုရေးဖောက်ပြန်နေတဲ့အတွက် ကိုယ့်လူမျိုးအချင်းချင်း လူမျိုးရေးပြသနာတွေ ဖြစ်လာမှာကို KIO လူကြီးတွေနဲ့ ဘာသာရေး ခေါင်းဆောင်များမှလည်း စိုးရိမ်နေကြကြောင်း သိရပါတယ်။

ပေးပို့လာတဲ့kachinboy@gmail.comအားကျေးဇူးတင်ရှိပါသည်။
 
Ref : http://kachindailynews.blogspot.com/


ကေအိုင်အေ တပ်တွေအနေနဲ့ ထိခိုက် ကျဆုံးဒဏ်ရာရနေတာတွေများနေလို့ လက်စားချေတဲ့အနေနဲ့ မြစ်ကြီးနားမြို့ပေါ်နဲ့ ပတ်ဝန်းကျင်တွေမှာ ဖောက်ခွဲမှုတွေပိုမိုပြုလုပ်လျက်ရှိနေပါတယ်။နိုဝင်ဘာ ၁၅ ရက်နေ့က မြစ်ကြီးနားဗလမင်းထင်တံတားမြစ်ကြီးနား-၀ိုင်းမော်သွားကားလမ်းရဲ့ညာဘက်၁၀ ပေခန့်အကွာမှာမိုင်း(၁)လုံး ပေါက်ကွဲခဲ့ပါတယ်။ပေါက်ကွဲမှုကြောင့် ဘီးခွန်ဂိတ်ညာဘက်လူနေအိပ်ဆောင်တစ်လုံးပျက်စီးခဲ့ပြီးလူတွေထိခိုက်မှုမရှိ ဖူးလို့သိရပါတယ်။

``မိုင်းကွဲတာက ကျွန်မတို့ ဘီးခွန်ကောက်ခံသူတွေနဲ့ တံတားဖြတ်သန်းခကောက်ခံတဲ့သူနေတဲ့ အိပ်ဆောင် မှာဖြစ်ခဲ့တာပါ။ ဖြစ်တာကည(၉)နာရီအချိန်လောက်မှာပါ။ လူတွေနဲ့တိရိစ္ဆာန်တွေထိခိုက်မှုမရှိပါဘူး။ လူတွေမထိလို့ တော်သေးတယ်လို့ပြောရမှာပါ။ ကျွန်မတို့နေတဲ့အဆောက်အဦးကတော့ ၁၀ ပေ ပတ်လည်ခန့်ပျက်သွားပါတယ်။ အနက်၆ ပေလောက်နက်တဲ့ကျင်းတစ်ကျင်းလဲ ဖြစ်သွားပါတယ်`` လို့ တံတားဖြတ်သန်းခတွေကောက်ခံနေတဲ့ မသင်ဇာကျော်က ပြောပြပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ကလဲ ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ ဆီနီခူးကျေးရွာနဲ့ မလိယန်ကျေးရွာအကြားမှာရှိတဲ့ နမ့်မလိချောင်းကူး တံတားကို KIA တပ်ရင်း(၄) အဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့လို့ မော်တော်ယာဉ်တွေလုံးဝ သွားလို့ မရဘူးဖြစ်နေပါတယ်။ ရွှေဘို-မြစ်ကြီးနားသွားတဲ့လမ်းမှာရှိတဲ့ ဆည်မြောင်းကူးပျဉ်ခင်းတံတားတစ်ခုကိုလဲနိုဝင်ဘာ (၁၅)ရက်နေ့မှာ ဖောက်ခွဲ ဖျက်ဆီးခဲပါတယ်။တံတားတွေဖျက်ဆီးနေသလို ရထားသံလမ်းဖျက်ဆီးဖောက်ခွဲမှုတွေလဲ များပြားနေပါတယ်။နမ္မားနဲ့မြို့သစ်ကလေးရွာအကြားမှာရှိတဲ့ရထားသံလမ်းကို နိုဝင်ဘာ(၁၅)ရက်နေ့ မနက်(၃)နာရီမှာ မိုင်းခွဲလိုက်ပါတယ်။ မိုးညှင်းမြို့ မြန်မာ့မီးရတားအဖွဲ့ကနေသွားရောက်ပြင်ဆင်လိုက်လို့ခရီးသွားလာမှုအခက်အခဲမရှိ ဖူလို့သိရပါတယ်။

ခုလိုမျိုးမိုင်းတွေပေါက်ကွဲနေတာနဲ့ပတ်သက်လို့ဗိုလ်ချုပ်ဂမ်ရှောင်အနေနဲ့သူတို့တပ်ဖွဲ့ဝင်လုပ်တာမဟုတ်ဖူးလို့ငြင်းဆိုထားပါတယ်။သူတို့ဗဟိုအနေနဲ့ မိုင်းထောင်ခိုင်းတုန်းက စစ်တပ်တွေလာမဲ့လမ်းကြောင်းလောက်ပဲထောင် ခိုင်းခဲ့တာဖြစ်ပေမဲ့ ပြည်သူ့တပ်ဖွဲ့ဝင်အမှုထမ်းတွေကြောင့် ခုလိုမျိုးမိုင်းကွဲမှုတွေများလာတာလို့ပြောပါတယ်။မိုင်းကွဲမှု တွေများလာလေလေ ကချင်လူထုအနေနဲ့KIA အဖွဲ့အစည်းအပေါ်မှာ အကြမ်းဖက်အဖွဲ့အဖြစ်မြင်လာလေလေဖြစ်နေ ပါတယ်။


Ref : http://kachindailynews.blogspot.com/

Older Posts Home
  • နောက်ဆုံးသတင်းများ
  • ပြန်လည်ဆွေးနွေးချက်များ

Trending Topic




    • Feature
    • KIA အကြောင်း
    • The Lady ဝေဖန်ချက်
    • ကချင်သတင်း
    • စစ်တပ် ဆိုတာ
    • စာအုပ်များ
    • စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်
    • တွစ်တ်တာ(twitter) မှပြန်အလာ
    • ဒီမိုကရေစီစနစ်၏ အနှစ်သာရများ
    • ဓာတ်ပုံသတင်းများ
    • ဗဟုသုတ
    • ဗိုလ်ချုပ်အောင်ဆန်း
    • ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ
    • ဗီဒီယိုမှတ်တမ်းများ
    • ဘာလဲဟဲ့စတုတ္ထမဏ္ဍိုင်
    • ဘာသာပြောင်းမည်ဆိုသော လူပျက် ဇာဂနာ
    • ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး
    • ပြည်သူအသံ
    • မြန်မာ့အရေး
    • မြန်မာ့နိုင်ငံခြားရေး
    • ကြီးဒေါ်စုသို့ ပေးစာ
    • သတင်းများ
    • သမ္မတကြီး ဦးသိန်းစိန်၏ ရိုးဂုဏ်
    • သမ္မတကြီး၏ မိန့်ခွန်းများ
    • သာသနာတော်ကို ခုတုံးလုပ်ကြသူများ
    • အတိုက်အခံများ
    • အလှည့်ကျပေးတဲ့ နိုဘယ်ဆု
    • အာဇာနည် ခေါင်းဆောင်ကြီးများ
    • အတွေးအခေါ်
    • အပြောကြီး တဲ့ဇာဂနာ
    • ဧရာဝတီနှင့်ပါတ်သတ်သမျှ
    • ပေးစာ ( ၁ )
    • ပေးစာ ( ၂ )
    • ပေးစာ ( ၃ )
    • ပေးစာ ( ၄ )
    • ပေးစာ ( ၅ )
    • ပေးစာ ( ၆ )
    • နိုင်ငံတကာအရေး
Designed by Open-Resources88