ပြည်သူ့လွှတ်တော်၌
ဥပဒေကြမ်း တင်သွင်းခြင်းကဏ္ဍတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက
စက်တင်ဘာ ၂၆ ရက်တွင် တင်သွင်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ
အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များတွင်
နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ
ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ
စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ရှိသည်ဟု
ဖော်ပြပါရှိခဲ့သည်။ ထိုသို့ ပါရှိပြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ
အခွင့်အရေးနှင့် တင်သွင်းလာမည့် ယခုဥပဒေကြမ်းအပေါ်တွင် မည်သို့ ပါရှိမည်ကို
သံသယဖြင့် စိတ်ဝင်စားမှု ရှိခဲ့ကြသည်ဟု ရေဒီယိုနှင့် သတင်းစာပါ အဆိုပါ
ဥပဒေကြမ်း သတင်းထုတ်ပြန်မှုကို ဖတ်ရှုကြားသိခဲ့ရသူတို့က ပြောသည်။ အဆိုပါ
ဥပဒေမူကြမ်းကို ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိမှု အစီရင်ခံစာကို ကော်မတီဝင်
ဦးငွန်မောင်းက လွှတ်တော်တွင် ဖတ်ကြားခဲ့သည်။ ၄င်းဥပဒေကြမ်းသည်
ဥပဒေကော်မတီ၏ စိစစ်မှုပြီးပါက လွှတ်တော်တွင် အတည်ပြုချက် ရယူမည်ဖြစ်ရာ ယခု
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် အပြီးပြတ်နိုင်ဘဲ နောင်တွင်ခေါ်ယူမည့်
လွှတ်တော်၌သာ အတည်ပြုနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ်
စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
- နောက်ဆုံးသတင်းများ
- ပြန်လည်ဆွေးနွေးချက်များ
- လစ်ဗျားစစ်ပွဲ ပြီးဆုံးသွားပြီလာ3း0 Dec 2011
- ဘာလူစကိုနီနှင့် ဥရောပကြွေးမြီအကျပ်အတည်3း0 Dec 2011
-
Sujay Ghosh
Nice
-
Tarun
Upload proper download link pleas3
karthikeya: Sanivaaram Naadi By Malladi VenkataKrishna Murthy Novel · 7 months ago
-
Tarun
Upload proper download link
karthikeya: Sanivaaram Naadi By Malladi VenkataKrishna Murthy Novel · 7 months ago
-
Certificate Attestation
Commercial Document Attestation, MOFA Attestation, and Certificate Attestation Expertise. Services of the UAE Embassy and...
-
Royal88
thank you berty sinhala Full movie Watch online · 2 years ago