မြစ်ကြီးနားမြို့ သီတာရပ်ကွက် ၀န်ထမ်းအိမ်ယာ မလိခလမ်းကြား ပြည်နယ်အစိုးရရုံးအနီးတွင်
ည ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။ဗုံးကွဲရာမှာ ဗုံးထောင်ရန်လာသူ
လေးဦးမှ တစ်ဦးမှာ ဗုံးထောင်မည့်နေရာမရောက်ခင်မှာ လမ်းတွင် ပေါက်ကွဲပြီး
သေဆုံးခဲ့တယ်လို့သိရပါတယ်။
KIA
မှ တပ်မဟာ ၄ နယ်မြေတွေကို အစိုးရတပ်တွေကသိမ်းပိုက်ခဲ့လို့
စခန်းတွေကျဆုံးတာတွေကို အာရုံလွှဲတဲ့အနေနဲ့ အပြစ်မဲ့တဲ့ပြည်သူတွေနဲ့
အစိုးရရုံးတွေကို ဖျက်ဆီးပြစ်ဖို့ ဦးအင်ဘန်လ၏ အစီအစဉ်အရ
မြစ်ကြီးနားမြို့ကို ထိတ်လန့်အောင် မိုင်းခွဲဖျက်ဆီးဖို့နဲ့ အစိုးရရုံးတွေကိုပျက်စီးအောင် မိုင်းထောင်ဖောင်ခွဲဖျက်ဆီးတဲ့ လုပ်ငန်းတွေကို လုပ်ဖို့ KIA တပ်ဖွဲ့ဝင် ၂ ဦးနဲ့ KIAပြည်သူ့စစ်
၂ ဦး ကို လုပ်ခိုင်းခဲ့တယ်လို့ လိုင်ဇာမှ ဦးဘရန်မှိုင်းကို
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။ ဗုံးထောင်ရန်လာသူ KIA နှစ်ဦးမှ
တစ်ဦးမှာ ဖောက်ခွဲဖျက်ဆီးရန် သွားနေစဉ် လမ်းတွင်ပေါက်ကွဲခဲ့ပြီး ဆီးစပ်တွင်ဒဏ်ရာပြင်းပြင်းထန်ထန်
ရရှိသေဆုံးခဲ့ပါတယ်။ ကျန် KIA တစ်ဦးနဲ့ KIA ပြည်သူ့စစ် ၂
ဦးမှာဒဏ်ရာရရှိခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့တယ်လို့ သီတာရပ်ကွက်မှ
မျက်မြင်တွေ့ရှိသူတစ်ဦးမှပြောပြခဲ့ပါတယ်။ ဒီဗုံးကွဲတဲ့ ကိစ္စမှာ
သေဆုံးခဲ့သူဟာ KIA တပ်ဖွဲ့ဝင်မဟုတ်ကြောင်း
ဒီလိုဖောက်ခွဲဖျက်ဆီးရေးအလုပ်တွေကို လုပ်ဖို့ခိုင်းထားတာတွေလည်းမရှိကြောင်း
KIA မှ ငြင်းဆိုခဲ့ပါတယ်။
Ref : http://kachindailynews.blogspot.com/