မြန်မာနိုင်ငံလွယ်ဂျယ်နှင့်ဆက်စပ်လျက်ရှိတဲ့မြန်မာ-တရုတ်နယ်စပ်မှာတရုတ်နယ်ခြားစောင့်တပ်တွေ ပိုမို တိုးမြှင့်ချထားနေတယ်လို့နယ်စပ်သတင်းတွေအရသိရှိရပါတယ်။ လတ်တလောဖြစ်ပျက်နေတဲ့ KIA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေရဲ့ပဋိပက္ခတွေကြောင့် တရုတ်အစိုးရအနေနဲ့သူ့နိုင်ငံဘက်ကိုကူးစက်မလာအောင်စောင့်ကြည့် နေတဲ့သဘောဖြစ်တယ်လို့ဆိုပါတယ်။
စစ်ဘေးဒဏ်ကြောင့်စစ်ပြေးဒုက္ခသည်အဖြစ်ဝင်လာမှာမျိုးကိုလဲ
တရုတ်က လက်မခံနိုင်သလို KIA တပ်ဖွဲ့ဝင်တွေ
တရုတ်ဘက်ထွက်ပြေးလာမှာမျိုးကိုလဲစောင့်ကြည့်နေတဲ့သဘော ဖြစ်ပါတယ်။
တရုတ်နိုင်ငံကျန်ဖုန်းမြို့မှာရှိတဲ့နယ်ခြားစောင့်တပ်အမှတ်(၄၅)ကဗိုလ်မှူးကြီးချိန်းကျန်းတွဦးစီးတဲ့
လူ(၄၀) ပါတဲ့တပ်ဖွဲ့တစ်ဖွဲ့ဟာနယ်စပ်တစ်လျှောက်မှာရှိတဲ့ကျေးရွာတွေမှာ
နေ့ဘက်မှာမော်တော်ကားတွေနဲ့ လှည့်လည် နေပါတယ်။ညဘက်မှာလဲလူအင်အားနဲ့
အချိန်ပြည့်စောင့်ကြည့်ကင်းပုန်းဝပ်ခြင်း၊ လှည့်လည်သွားလာနေခြင်းများ
ပြုလုပ် နေပါတယ်။
တရုတ်-မြန်မာနယ်စပ်ဂိတ်အမှတ်(၁)လူဝင်၊လူထွက်စစ်ဆေးရေးဂိတ်ရဲ့ မြောက်ဘက်မှာ
ဗိုလ်ကြီးလျှိုကျားစိန်နဲ့အင်အား(၂၀)ရှိနေပြီး
စစ်ဆေးရေးဂိတ်ရဲ့
တောင်ဘက်မှာတော့ဗိုလ်ကြီးဖန်တုံစီနဲ့အင်အား
(၂၀)ရှိနေပါတယ်။ဗိုလ်ကြီးတုံရှောက်ချွမ်နဲ့အင်အား(၃၀)ဦးကတော့
လားရင်းကျေး၇ွာဘက်မှာ အရံတပ်အဖြစ် စောင့်ကြည့် နေတယ်လို့
ယူနန်ပြည်နယ်မှလာသောသတင်းများအရသိရှိရပါတယ်။
အဲဒီလိုတရုတ်-မြန်မာနယ်စပ်မှာ
တရုတ်ဘက်ကလုံခြုံရေးတွေတိုးမြှင့်ချထားတာနဲ့ပတ်သက်လို့ မြန်မာ
အာဏာတွေနဲ့သဘောတူထားပြီးဖြစ်တယ်လို့သိရပါတယ်။KIO/KIA တပ်များအနေနဲ့
လက်ရှိအနေအထားများတွေ အရ
တရုတ်အာဏာပိုင်တွေနဲ့သင့်မြတ်မှုမရှိတဲ့အတွက်သူတို့ရဲ့ဌာနချုပ်ကို
အိန္ဒိယနယ်စပ်ဘက် ရွှေ့ပြောင်း
ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းများလဲထွက်ပေါ်နေပါတယ်။
ယူနန်ပြည်နယ်အစိုးရခေါင်းဆောင်ပိုင်း ကလာတဲ့
သတင်းတွေအရတရုတ်အစိုးရအနေနဲ့မြန်မာနယ်စပ်မှာရှိတဲ့ကချင်လက်နက်ကိုင်တပ်တွေကိုမြန်မာဘက်က
တိုက်လာမယ်ဆိုရင်လိုအပ်တဲ့အကူအညီတွေပေးဖို့နဲ့ပိတ်ဆို့ထားဖို့
ပြင်ဆင်နေတယ်လို့သိရပါတယ်။