ကချင်လွတ်မြောက်ရေးတပ်ဖွဲ့
KIA တပ်ရင်းများမှ စစ်သင်တန်းတက်ခိုင်းကာ ၊ ရိက္ခာအတွက် စပါးများပို့ခိုင်းခြင်း ၊စစ်ရေးရံပုံငွေ
အကြောင်းပြကာ ပိုက်ဆံကောက်ခံနေတာကြောင့် KIA မှ ရွာသားတော်တော်များများဟာ မြစ်ကြီးနားမြို့အပါအ၀င်
အခြားမြို့တော်တော်များများ ပြောင်းရွှေ့နေထိုင်ကြလို့ ဒုက္ခသည်များတိုးလာကြောင်းသိရသည်။
တောင်ယာလုပ်တဲ့သူ
တစ်ဦးကို စပါး ၅ တင်း၊ ပိုက်ဆံ ၅ သောင်းစီ ပေးရမယ်၊စစ်သင်တန်းတက်ဖို့ အတွက်ကတော့ တစ်အိမ်ထောင်ကို
၂ ယောက်နှုန်းမတက်မနေရ တက်ရမယ်လို့ အမိန့်ထုတ်တယ်၊ သင်တန်းကတော့ တပ်မဟာ ၂ မှာသွားတက်ရမယ်ပြောတယ်
၊စပါးနဲ့ပိုက်ဆံကိုတော့ ရင်း ၅ ခွဲမှုး ဗိုလ်ကြီး ဘရန်အောင်ဆီ မှာ အောက်တိုဘာလ ၂၄ ရက်နေ့မတိုင်ခင်
ပေးရမှာပါဟု ဟိုပင် ကြာကြီးကွင်းရွာမှ ဦးဆိုင်းနော်လွန်း ကပြောပြပါတယ်။
KIA
နဲ အစိုးရတပ်တို့ တိုက်ပွဲများစတင်ဖြစ်ပွားချိန်တွင် ဒုက္ခသည်တော်တော်များများဟာ လိုင်ဇာမြို့ကို
ပြောင်းရွှေ့ခဲ့ကြပေမဲ့ အခုနောက်ပိုင်း လိုင်ဇာမှာ
အစားအသောက် နှင့် ငွေကြေးအခက်အခဲများ ရှိလာကြကြောင်း
သိရသည်။
ဒုက္ခသည်တွေဟာ
အစိုးရတပ်မှ လိုင်ဇာမြို့ကို တိုက်ခိုက်လာမည့်
အခြေအနေကို စိုးရိမ်နေကြရတဲ့အတွက် တိုက်ပွဲများမှ
လွတ်ကင်းသောမြို့တွေကို ပြောင်းရွှေ့နေတာကြောင့် မြစ်ကြီးနားအပါအ၀င် မြို့တော်တော်များများမှာ
ဒုက္ခသည်များ ထပ်တိုးလာကြောင်းသိရသည်။
ဒုက္ခသည်တွေဟာ မြစ်ကြီးနားတွင် ၁၄၀၀ ကျော်၊ ၀ိုင်းမော်တွင်
၂၀၀၀ကျော်၊ ရွှေကူတွင် ၁၅၀ ၊ဗန်းမော်တွင် ၁၂၀၊ မန်စီတွင် ၅ ၊မိုးမောက်တွင် ၅၀၀ ကျော်၊
မချမ်းဘောတွင် ၂၅ ဦး ရောက်ရှိ နေထိုင် နေကြကြောင်းသိရသည်။
ပြည်နယ်အစိုးရက
ထောက်ပံ့မှုတွေပေးတယ်ဆိုပေမဲ့ အဆင်မပြေဘူး လိုအပ်နေတာတွေက တော်တော်များများရှိတယ် မလုပ်ပေးနိုင်ဘူး
ကလေးတွေစာသင်ဖို့လဲ တော်တော်လေးခက်ခဲတယ် တိုက်ပွဲလွတ်ကင်းလို့သာ ဒီမှာလာနေတာပါ လို့
မြစ်ကြီးနားဒုက္ခသည် စခန်းမှ ဒုက္ခသည်တစ်ဦးမှလည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။