မကြာသေးခင်က ထောင်ကလွတ်လာတဲ့ လူပျက်ဇာဂနာ တစ်ယောက် ထောင်တကာလှည့်ပြီး ထောင်ကျ နေသူတွေကို ထောင်ဝင်စာ လိုက်တွေ့နေတာဟာ ထောင်ကိုသံယောဇဉ် မပြတ်လို့ ပဲလား၊ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်နေတာပဲလား ဆိုတာတော့ ဇာဂနာကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ဇာဂနာဟာ ထောင်ဝင်စာတွေ လိုက်တွေ့နေပေမဲ့ ထောင်ကျနေတဲ့
အကျဉ်းသားတွေအားလုံးကို မဟုတ်ဘဲ သူနဲ့ ပါတနာကျရာ လူတွေကိုပဲ
ထောက်ပံ့ပစ္စည်းတွေ ပေးနေတာလို့သိရပါတယ်။
ဇာဂနာ သွားရောက်ခဲ့တဲ့ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ ထောင်သားရဲ့ အဒေါ်က"ဇာဂနာ က ထောင်ကျနေသူတွေကို ပစ္စည်းတွေ လိုက်ပေးနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲတာကလည်းသူနဲ့ နီးစပ်ရာ နီးစပ်ရာ ကိုပဲပေးတာပါ။ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ပဲပေးတာလို့တော့ ပြောကြတာပဲ။ ကျွန်မတူလေး ကနိုင်ငံရေး အကျဉ်းသား မဟုတ်လို့ လား တော့မသိဘူး အဲတာ တွေ မရပါဘူး"
နောက် တစ်ဦးကမူ" ဇာဂနာက လူ့အခွင့်အရေးအတွက်ဆိုပြီးသာ လုပ်နေတာပါ။တကယ်တော့ သူ့အခွင့် အရေးတွက် လုပ်နေတာ။ ထောင်ကျနေတာချင်း အတူတူ ကျန်တဲ့လူကျ ဘာလို့မထောက်ပံ့လဲ။ ကျန်တဲ့ အကျဉ်းသားလည်း လူပဲလေ။ လူ့အခွင့်အရေး တန်းတူဆိုပြီး ဘာလို့ ကျန်တဲ့ထောင်သားတွေကျ မပေးရတာလဲ"
နောက် အကျဉ်းကျခံနေရသူတစ်ဦးရဲ့ အစ်ကိုဖြစ်သူက " ဇာဂနာ က လှူတာတောင် အခွင့်အရေးကြည့်လှူ တာဗျ။ သူ့လို အမှုတွေနဲ့ ထောင်ကျနေတဲ့ လူတွေကိုပဲ သူကလှူတာ။ ကျန်တဲ့လူကျ လူမဟုတ်တဲ့အတိုင်း လှူတာတွေ မရပါဘူးဗျာ။ သူ့လိုလူတွေပဲ သူကလှူတော့ ဟိုလူတွေပြန်လွတ်လာရင် သူ့ဘက်ကိုစည်းရုံး ပြီးသား ဖြစ်တာပေါ့ဗျာ။ ဒါပါပဲ လူ့အခွင့်အရေးလို့ အော်နေပြီး လုပ်နေတာတွေက ကိုယ့်အခွင့်အရေး အတွက်ဖြစ်နေတယ်ဗျာ။"
နောက်ဒေသခံတစ်ဦးက"ကိုဇာဂနာ လှူတာတော့ ၀မ်းသာပါတယ်။ဒါပေမဲ့ သူက ထောင်ကျနေတဲ့ လူတွေချင်းတူတူ နိုင်ငံရေးအကျဉ်းသားတွေမှ ရွေးလှူတယ်ဆိုတော့ ဒါဘာသဘောလဲ။ ကျန်တဲ့လူတွေက သူ့အတွက် အရေးမပါလို့လား။ သူ့အတွက် အသုံးမ၀င်လို့လား။ ဒီလိုတော့ မခွဲခြားသင့်ပါဘူး။ အားလုံးက လူတွေပဲလေ ထောင်ကျနေတဲ့ သူအချင်းချင်း လှူတာမရတဲ့ အကျဉ်းသားတွေလဲ ဘာပဲဖြစ်ဖြစ် လိုချင်ရှာမှာပေါ့။ တချို့ ဆင်းရဲလို့ ထောင်ဝင်စာ မတွေ့နိုင်တဲ့ အကျဉ်းသားတွေ ရှိတယ်လေ။ ဒီလိုခွဲခြားခံရ တော့ သူတို့လဲ ဘယ်စိတ်ကောင်းပါ့မလဲ။"
ဇာဂနာသည် ထောင်ဝင်စာများ အမှန်တကယ်လိုက်တွေ့ အလှူတော့လုပ်ပါ၏။ ဒါပေမဲ့ သူ့အတွက် ပေါ်ပြူလာ ဖြစ်အောင် ထောက်ခံမှုရအောင် နိုင်ငံရေးအကျဉ်းသား ဆိုသူတွေကိုသာလှူသည်။ ဒီလိုမှမဟုတ် မင်းတို့ ငါလှူတာတွေနဲ့ ထောင်ထဲမှာပဲ အေးအေးဆေးဆေးနေကြပါကွာ ဆိုတဲ့ အဓိပ္ပာယ် လားတော့မသိ။ ဘာလိုပင်ဖြစ်စေ ဇာဂနာသည် လူ့အခွင့်ရေးတန်းတူရရေးလို့သာ အော်နေပြောနေသည်။ သူ၏ အများအကျိုးအတွက် လုပ်ဆောင်မှုတွေက ဘာမှ မရှိ။ ပြည်သူတွေအတွက် အထောက်အကူမရ။ နိုင်ငံရေးအကျဉ်းသားမှ လူမဟုတ်။ ကျန်တဲ့လူတွေလည်း လူဖြစ်သည်။ အကူအညီလိုနေသော ထောက်ပံ့မှု လိုနေသောသူများ အပြင်တွင် အများကြီးရှိသည်။ လှူလို့ရသည်။ ပေးကမ်းထောက်ပံ့လို့ရသည်။ ဇာဂနာ၏ လုပ်ရပ်များသည် အခက်အခဲဖြစ်နေသူများကို အမှန်တကယ် ကူညီနေသော ပရဟိတ အဖွဲ့လောက်တောင် လူသားချင်းစာနာမှု မရှိ။ ထို့ကြောင့် ဇာဂနာ ဘယ်လောက်ပင် လူ့အခွင့်အရေးတန်းတူရရေး၊ ဒီမိုကရေစီရေး ဟုအော်နေပါစေ သူ့ရဲ့ လုပ်ရပ်များက လူအချင်းချင်းခွဲခြားမှု တန်းတူမထားရှိမှု မိမိနှင့်ပါတနာကျသူများသာ အခွင့်အရေးပေးမှု စသည်တို့ကို ထင်ထင်ရှားရှားဖော်ပြ နေသည်ကို ပြည်သူများ သိရှိနိုင်ရန် ရွှေမြန်မာမှ ထောက်ပြလိုက်ရပေသည်။

လူအခွင့်အရေးတန်းတူရရေးအတွက်ဆိုပြီး ထောင်သားအချင်းချင်းခွဲခြားပြီး
ထောက်ပံ့တဲ့ ဇာဂနာ
http://goldenmyanmarnews.blogspot.com/2011/10/blog-post_26.html မှ ကူးယူဖော်ပြပါကြောင်း