အောက်တိုဘာလ
၂၄ ရက်နေ့က ၀ိုင်းမော် ချီဖွေ ကားလမ်းပေါ်က ရှန်ငေါ်ရွာအထွက်က
ရှမ်းကြူးခချောင်းတံတားမှာ မိုင်းပေါက်ကွဲခဲ့ပြီး တံတားကျိုးကျသွားကြောင်း
ဝိုင်းမော်မှပေးပို့သော သတင်းများအရသိရပါတယ်။
ယမ်းအားပြင်း မိုင်း ၂ လုံးပေါက်ကွဲမှုကြောင့် တံတားကျိုးကျသွားခဲ့ပြီး ကားများသွားလာနိုင်မှု မရှိတော့ကြောင်း သိရပါတယ်။
တံတားမိုင်းကွဲတဲ့ရွာအနီးက
ရှန်ငေါ်ရွာသား ဦးအယ်ဇော်ဝါကို ဆက်သွယ်မေးမြန်းကြည့်တော့
“မိုင်းကွဲတဲ့နေ့က မနက် ၅နာရီ ခွဲလောက်မှာ ကေအိုင်အေက ဗိုလ်ကြီး
ဇော်လရဲ့တပ်ခွဲဟာ ရှငေါ်ရွာကို ရောက်လာခဲ့ကြပြီး ရိက္ခာအတွက် ဆန် ၅
အိတ်တောင်းလို့ ရွာကစုပေးလိုက်ရပါတယ် ၉ နာရီလောက်မှာ
အခုမိုင်းကွဲတဲ့တံတားဖက်ကို ထွက်သွားကြတာ သိပ်မကြာဘူး
အသံအကျယ်ကြီးကြားရတော့တာပါ”ဟု ဖြေကြားခဲ့ပါတယ်။
ကေအိုင်အေမှ
ခုခံရေးနည်းဗျူဟာအရ လမ်းတံတားများနှင့် ကချင်ပြည်နယ်အတွင်းရှိ
မြို့ရွာများကို ဗုံးဖောက်ခွဲဖို့အတွက် အခြားနိုင်ငံမှ
ဖောက်ခွဲရေးပညာရှင်များကို လိုင်ဇာမှာခ်ါပြီး သင်တန်းပို့ချနေကြောင်း
နယ်စပ်သတင်းများအရ သိရပါတယ်။