တိုက်ပွဲကြားမှပြည်သူများ

တပ်မဟာ(၄)နယ်မြေထဲမှာရှိတဲ့ ကွတ်ခိုင်မြို့နယ်အတွင်းကရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေကတော့ စိုးရိမ်ကြောက်လန့် နေကြပါတယ်။ဒီနယ်မြေဒီဒေသမှာတိုက်ပွဲသံတွေကြားနေရတာတော်တော်ကြာ ပြီဖြစ်လို့ ပြည်သူတွေကတော့တိုက်ပွဲတွေ ဖြစ်မှာကိုမလိုလားကြပါဘူး။ဒီနယ်မြေထဲမှာ ရှမ်း၊တရုတ်နဲ့ ကချင်၊လီဆူး၊ပလောင်လူမျိုးအနည်းငယ်တို့နေထိုင်လျှက်ရှိပြီး လူနည်းစုကချင်လူမျိုးတွေကြောင့် တိုက်ပွဲတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့အတွက် KIA တပ်မဟာ(၄)တပ်တွေ အနေနဲ့ အဖက်ဖက်က အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အထူးသဖြင့်တော့ တပ်မဟာ(၄)နယ်မြေ၀န်းကျင်မှာ ပတ်ပတ်လည် ၀ိုင်းနေတဲ့ ပြည်သူ့စစ်တွေနဲ့ တပ်မဟာ(၄)နဲ့ဆက်စပ်နေတဲ့(UWSA)တပ်တွေဟာလည်း အစိုးရတပ်တွေနဲ့ အပစ်ရပ်ထားပါတယ်။ ဒါကြောင့်အစိုးရတပ်တွေရဲ့ အာရုံစူးစိုက်မှုဟာလည်း တပ်မဟာ(၄)တပ်ဖွဲ့တွေကို ပိုမိုအင်အား စုစည်းကာ တိုက်ခိုက်နိုင်ပါတယ်။
ဒီနေ့ဖြစ်နေတဲ့တိုက်ပွဲတွေမှာ ကချင်စစ်တပ်တွေကို ရှမ်းပြည်တပ်တွေက အကူအညီ ပေးနေပေမယ့်လည်း ဒီစစ်ပွဲနယ်မြေထဲမှာရှိတဲ့ ရှမ်းလူမျိုးတွေကတော့ လက်မခံချင်ကြပါဘူး။ အထူးသဖြင့် တရုတ်နွယ်ဖွား လက်နက်ကိုင် ပြည်သူ့စစ်တပ်ဖွဲ့တွေက ဒီနယ်မြေ ထဲမှာရှိတဲ့ဒေသတွေမှာ ကချင်ပြည်နယ်က ကချင် လက်နက်ကိုင်တွေ လာရောက် နေထိုင်ကြီးစိုးနေတာကို သမိုင်းအစဉ်အဆက်လက်မခံ လာတာဘဲဖြစ် ပါတယ်။
အခုရက်ပိုင်းအတွင်းဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ပွဲနယ်မြေထဲက ရွာသူရွာသားတွေဟာ KIAက တောထဲမောင်းထုတ်၊ အစိုးရတပ်က ရွာထဲမှာနေခိုင်းနဲ့ အမိန့်(၂)ခုကြားမှာ သနားစဖွယ်ဖြစ်နေကြပါတယ်။ KIA ကရွာသားအသွင်ဟန်ဆောင်ပြီး တောတောင်တွေကြားထဲမှာ လှုပ်ရှားနိုင်ဖို့နဲ့ သူတို့ရဲ့ အခြေစိုက် စခန်းတွေကို အစိုးရတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ် လာရင် ရွာသားတွေသေကြေပျက်ဆီးတယ်
ဆိုတဲ့ အကြောင်းပြချက်ရရှိဖို့အတွက် ရွာတွေကိုအတင်းမောင်းထုတ်နေပါ တယ်။ ဒီအခြေအနေကို
သိတဲ့ အစိုးရစစ်တပ်နဲ့ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ရွာသားတွေထိခိုက်မှု မရှိအောင် အထူးသတိထားနေပြီးတော့ အမြောက်လက်နက်ကြီးများပစ်ခတ်ရာမှာလည်း တောင်ကုန်းတွေပေါ်မှာ
ရှိတဲ့ KIA တပ်စခန်းတွေကိုသာရွေးချယ်ပစ်ခတ်နေတယ်လို့ မုန်းဝီးပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးရဲ့   ပြောကြားချက်အရသိရှိရပါတယ်။
Tags: