နိုင်ငံတော်သမ္မတကြီး အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ  အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် မည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။  အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံသမ္မတကြီးနှင့် တာဝန်ရှိ သူများကို တွေ့ဆုံသွားမည်ဖြစ်ပြီး နိုင်ငံရေး ၊ စီးပွားရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စရပ်များကို  ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ 
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သည်  ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ယခုနှစ် မေလ ၅ရက် နေ့က  (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်ရန် သွားရောက်ခဲ့ပြီးဒုတိယ အကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယခုနှစ် မေလ ၂၆ ရက်နေ့တွင် ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့ကာယခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတကြီး၏ သမ္မတသက်တမ်းအတွင်း တတိယမြောက် ခရီးစဉ်ဖြစ်ပါသည် ။
သမ္မတ၏ယခုခရီးစဉ်ကို မြစ်ဆုံဆည် ရပ်ဆိုင်းလိုက်မှုကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန် မာနိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေရချိန်နှင့် တိုက်ဆိုင်နေသဖြင့် အင်အားချိန်ခွင်လျှာညှိရန်ဖြစ်နိုင်သည်ဟု သုံးသပ်မှုများဖြစ်ပေါ်နေသော်လည်း ၊ မြစ်ဆုံဆည်ကိစ္စ မပေါ်ပေါက်မီ အချိန်အတော်ကြာကပင် နှစ်နိုင်ငံကြိုတင်စီစဉ်ထားသော ခရီးစဉ်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည် ။
Voice Of Myanmar
Tags: