ကချင်လွတ်မြောက်ရေးတပ်မတော်
KIA နှင့် အစိုးရစစ်တပ်တို့ အောက်တိုဘာလ ၂၃ ရက်နေ့က လော်ဒန်ရွာအနီးတွင်
တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး KIA တပ်သားနှစ်ဦးဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ
မိုင်ဂျာယန်ဆေးရုံမရောက်ခင်မှာ သေဆုံးခဲ့တယ်လို့ လိုင်ဇာမှ
သတင်းပေးပို့လာပါတယ်။
“လော်ဒန်ရွာမှာ
KIA ဘက်က လူ ၄၀ လောက်ပါတယ် စစ်တပ်ဘက်ကလည်း ၃၀ လောက်တော့ရှိတယ်
လော်ဒန်ရွာကို ဆန်သွားတောင်းတာ လမ်းမှာတွေ့တော့ ပစ်ကြတာပါ စစ်တပ်ဖက်က
လူခွဲပြီးလာတာ စိန်ပြောင်းတွေနဲ့လည်း ပစ်တယ် ဘယ်ကမှန်းမသိဘူး KIA
တပ်သားနှစ်ယောက် ဗုံးစမှန်လို့ဒဏ်ရာရသွားတယ် အစိုးရတပ်ဖက်က
စိန်ပြောင်းနဲ့ပစ်တာများတယ် ကြာကြာနေလို့မရလို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု
တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ KIA စစ်သား ခွန်အောင် မှပြောပြပါတယ်။
ဒဏ်ရာပြင်းတဲ့
KIA စစ်သားတစ်ဦးကတော့ တောလမ်းမှမိုင်ဂျာယန်ဆေးရုံကို
ပို့ခဲ့ရာမှာအချိန်ကြာပြီး သွေးထွက်များကာ
လမ်းတွင်သေသွားကြောင်းသိရပါတယ်။ကျန်တစ်ယောက်ကတော့
မိုင်ဂျာယန်ဆေးရုံမှာဆေးကုနေပြီး တိုက်ပွဲဖြစ်ခဲ့တဲ့စစ်ကြောင်းနံပါတ်
မသိရသေးကြောင်း သိရသည်။
ကေအိုင်အေနှင့်အစိုးရတပ်တို့
တိုက်ပွဲဖြစ်ပွားရာတွင် ယနေ့ထိ KIA ဘက်မှကျဆုံးသွားသော စစ်သား ၉၀၀
ကျော်ရှိပြီဖြစ်ကြောင်း လိုင်ဇာစစ်ရုံးချုပ်မှ KIA အရာရှိတစ်ဦးက
ပြောပြပါတယ်။
Ref : http://kachindailynews.blogspot.com/
Ref : http://kachindailynews.blogspot.com/