ငဘမပြောချင်ဘူးဆိုမှ ပြောရပြန်ပြီဗျာ။ဆန္ဒပြသူတွေ ဖမ်းဆီးတာကို အထူးတလည်လိုလို၊ဆန်းဆန်း
ပြားပြားလိုလို ပြောနေကြားနေရတော့  ကြာတော့ နားကငြီးလာရောဗျ။ကိုယ်ကမှန်လားဆိုတော့ လည်းမမှန်
ဘူး။သမ္မတ ရဲ့ ပြည်သူတွေ အပေါ်ငဲ့ ညာမှု့ တွေကိုတခုပြီးတခု ရောင့် တက်ချင်လာတာကိုတော့ ဘယ်လိုမှ
ကြည့်  မရတော့ တာအမှန်ပဲ။တိုက်ခန်း အိမ်ယာ တွေကို အပြတ်ေ၇ာင်းတာ ဆိုရင်တော့ တမျိုးပေါ့။

မဟုတ်ရင် အပြတ်ရောင်းတာထက် ငှားစားတာက ရေရှည်မှာ မြတ်တာမို့ လို့ စီးပွားရေး၇ှင်တော်တော်များ
များက ဆိုင်ခန်းတွေကို မရောင်းပါဘူး။ခုပြသနာကလည်း ဆိုင်ခန်းတွေကို အဆင့် ဆင့်  ရောင်းပြီးတော့ 
ကိုယ်ပိုင်လိုလို စပြောတာကနေစတာပါပဲ။ခုလက်ရှိ ရောင်းနေတဲ့  သူများကတော့  ကံဆိုးသူများပေါ့။ဒါကို
ပဲ ရုပ်တည်ကြီးနဲ့  စာတမ်းတွေကိုင် လမ်းတွေလျောက်ပြနေတော့  ဖြစ်နေတာနဲ့  ဖြစ်ချင်တာလွဲကုန်တော့ 
မှာ မတွေးမိကျဘူးလားဆိုတာ ငဘ စဉ်းစားမရဘူးဗျာ။
ခုကျတော့  ဆန္ဒပြတာကို တာဝန်ရှိသူတွေက ခေါ်ယူထိန်းသိမ်း တာကို ပဲ တကယ့် ဟော့ သတင်းလိုလို
ပြောနေရေးနေကျပြန်တော့  ငဘတွေးမိတဲ့  မီဒီယာဆိုတာ ဒါမျိုးလားလို့ တောင် ထင်ယောင်မြင်မိတယ်။
ငဘ ကတော့  ဟိုပြောဒီပြောပြောနေသူများကို ပြောပြချင်တာကတော့  မြန်မာနိုင်င့ မှာမှ ဆန္ဒပြသူတွေ
ကို စတန့် ထွင်ပြီးဖမ်းတာမဟုတ်ပါဘူးလို့ ။ဒေါ်လာတောင်းစားနေတဲ့  သူတွေကို အဓိကပြောချင်တာက
ခင်ဗျာ တို့  ပထွေးတော်နေတဲ့ ဒါမှမဟုတ် ခင်ဗျားတို့  အားကျနေတဲ့  ဒီမိုကရေစီ ဘိုးတော်နိုင်ငံမှာ တောင်
ဆန္ဒပြတာ လုပ်ချင်တိုင်းလုပ်လို့ မရဘူးဆိုတာ နည်းနည်းလောက်တော့  သဘောပေါက်ဖို့ ကောင်းတယ်လို့ 
ပဲ ပြောချင်တော့ တယ်ဗျာ။
ငဘ
နယူယောက်မြို့ ဆန္ဒပြသူတွေ ဖမ်းဆီးခံရ link