ဒုက္ခသည်တွေလည်း KIA ဖြစ်ကုန်ကြပါပြီ




KIO/ KIAထိန်းချုပ်ရာနယ်မြေလိုင်ဇာတွင် စစ်ပြေးဒုက္ခသည်တွေ တစ်နေ့တစ်ခြားများပြားနေပါတယ်။ လိုင်ဇာမှာရှိတဲ့ဒုက္ခသည်စခန်းတွေနဲ့ မလုံလောက်တဲ့အတွက်ဂျေယန်ခဒုက္ခသည် စခန်းသစ်တွေမှာနေရာချထားပေးရပါတယ်လို့ ဒုက္ခသည်စခန်းတာဝန်ရှိသူ တစ်ဦးမှပြောပြခဲ့ပါတယ်။ စခန်းတွေမလုံလောက်တဲ့အတွက် ထပ်မံဆောက်လုပ်နေပြီး အသစ်ပြီးပါကဒုက္ခသည်တွေကိုပြောင်းရွှေ့သွားမယ်လို့လည်းသိရပါတယ်။လိုင်ဇာမှာ ၄၈၀၀ ကျော် ဂျေယန်ခစခန်းတွင်၃၆၀၀ကျော် ဖုန်လုံရန်စခန်းတွင် ၇၀၀ ကျော် ရှိပြီး အများစုကတော့ အမျိုးသမီးများ၊ကလေးငယ်များနှင့် အသက် ၅၀ ၀န်းကျင်အရွယ်အမျိုးသားများသာဖြစ်ကြပါတယ်။အမျိုးသားငယ်တွေကတော့ စစ်ရဲ့ဘေးလွတ်ရာကိုပြောင်းရွှေ့လာကြပေမဲ့ ဒုက္ခသည်စခန်းမှ KIAတပ်ဖွဲ့၏ အင်အားဖြည့်တင်းရေးစီမံချက်အရ KIAစစ်သင်တန်းတက်ပြီးKIAစစ်သားဖြစ်ရပါတယ်။အစိုးရစစ်တပ်နှင့် အပစ်အခတ်စတင်ချိန်မှာ KIAရဲဘော်များနှင့်သာတိုက်ပွဲဝင်ခဲ့ကြပြီး နောက်ပိုင်းတွင် KIAစစ်သားအများအပြားကျဆုံးခဲ့ပြီးအင်အားနည်းလာသဖြင့် ဒုက္ခသည်များကိုပါ စစ်သင်တန်းပေးပြီးသေနတ်ကိုင်တိုက်ပွဲဝင်ခိုင်းရတယ်လို့ KIAအရာရှိတစ်ဦးမှပြောပြခဲ့ပါတယ်။
ယခုနောက်ပိုင်းတွင်လိုင်ဇာကိုလာတဲ့ဒုက္ခသည်တွေဟာ အမျိုးသမီးများနှင့် ကလေးငယ်များသာ ရောက်လာတဲ့အတွက် KIAမှာအင်အားဖြည့်တင်းဖို့တော်တော်လေးခက်ခဲနေတယ်လို့လည်းသိရပါတယ်။ 


Tags: