ကချင်ရွာတွေကို မီးရှို့ဖျက်စီးပြီး ကချင်လူမျိုး အချင်းချင်း ပြန်သတ်ခဲ့တဲ့ KIA ကချင်အဖွဲ့မှ တပ်ရင်း ၇ တပ်ရင်းမှုး ဗိုလ်မှုး လဖိုင်တူးယော်နဲ့ ပူတာအို ခရိုင်အုပ်ချုပ်ရေးမှုး ဦးလဖိုင်နော်ဆန်း တို့ ၂ယောက်ကို KIAဗဟိုမှ အချုပ်ဖြင့်ထားခိုင်းတဲ့အတွက် တပ်မဟာ ၁ အင်ဂွန်းလ မှာ အချုပ်နဲ့ ထားထားတယ်လို့ လိုင်ဇာမှ KIA တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး KIA
တပ်မဟာ ၁ မှ အရာရှိ တစ်ဦးကိုဆက်သွယ်မေးမြန်းကြည့်တော့ ခေါင်လန်ဖူးက
ခရမ်ထီးဒမ်ရွာကို မီးရှို့ခဲ့ပြီး ကချင်ရွာသား(၃)ဦးကို
သေနတ်ဖြင့်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့အတွက်
အရေးယူတဲ့အနေနဲ့ အချုပ်နဲ့ထားပါလို့ KIA ဗဟို လိုင်ဇာမှ
လှမ်းအကြောင်းကြားခဲ့ပါတယ်၊ အချုပ်နဲ့ထားတယ်ဆိုပေမဲ့ ဟန်ပြအနေနဲ့လုပ်တာပါ
ပုံမှန်အတိုင်းအေးဆေးပါဘဲ အခြားတပ်ဖွဲ့ဝင်တွေလိုပါဘဲ
အခွင့်အရေးတွေအကုန်ပေးထားပါတယ်လို့ ဖြေကြားခဲ့ပါတယ်။
စက်တင်ဘာလ
၁၉ ရက်နေ့က KIA တပ်ရင်း ၇ မှ ခွဲမှုး ဇော်လှိုင်ရဲ့ တပ်ခွဲဟာ ပူတာအိုခရိုင်
၊ခေါင်လန်ဖူးက ခရမ်ထီးဒမ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦးကို
သေနတ်ဖြင့် ပစ်ခဲ့လို့ ရွာသား ၃ ဦးသဆုံးခဲ့ပါတယ်၊မီးရှို့ခဲ့လို့ အိမ် ၃၃
လုံး၊ စာသင်ကျောင်း ၁ ကျောင်း နဲ့ ဘုရားရှိခိုးကျောင်း ခြံစည်းရိုး
မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ ခရမ်ထီးဒမ်ရွာဟာ ရ၀မ်လူမျိုးတွေ
အများဆုံးနေတဲ့ရွာ ဖြစ်ပါတယ်။ရွာသားတွေက်တော့ ခေါင်လန်ဖူး၊လဂျာရွာနဲ့
ဆွေမျိုးတွေရှိတဲ့ ရွာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။
ဗိုလ်မှုး
လဖိုင်တူးယော်နဲ့ ဦးလဖိုင်နော်ဆန်းတို့က ခရမ်ထီးဒမ်ရွာကိုမီးရှို့ရတာဟာ
တပ်မဟာ ၁ ကထုတ်ထားတဲ့ အမိန့်ကို မလိုက်နာလို့ဖြစ်ကြောင်း၊အစိုးရကို
သတင်းပေးနေတဲ့ ဘယ်လူမျိုးကိုမဆို
သေဒဏ်ပြစ်ဒဏ်ချမှတ်ထားကြောင်း၊ခရမ်ထီးဒမ်ရွာဟာ
အစိုးရစစ်တပ်အခြေစိုက်စခန်းလိုဖြစ်နေလို့ အင်ဂွန်းလအနီး ပြောင်းမိန့်ကို
မလိုက်နာလို့ ဖျက်ဆီးရတာဖြစ်ကြောင်း၊ တပ်မဟာ ၁ ရဲ့အမိန့်အရ
လုပ်ရတာဖြစ်ကြောင်းကို ဗဟိုဌာနချုပ်အားပြန်လည်ဖြေရှင်း
တင်ပြထားတယ်လို့သိရပါတယ်။ ဒီလိုမျိုးကချင်အချင်းချင်းသတ်ပြီး ရွာကိုမီးရှို့
ခဲ့လို့ ကချင်ရိုးရာယဉ်ကျေးမှု လူကြီးများမှ KIA ဗဟို ဌာနချုပ်က
ဗိုလ်ချုပ်ဂမ်ရှောင်ကို တိုင်ကြားတဲ့အတွက် KIA ဗဟို လိုင်ဇာမှ
ကချင်ပြည်သူတွေမှ KIA စစ်တပ်အပေါ် ယုံကြည်မှုပြန်ရလာအောင် အရေးယူတဲ့အနေနဲ့
အချုပ်နဲ့ထားဖို့ အမိန့်ပေးခဲ့တာဖြစ်နိုင်ကြောင်း ထို့အပြင် တပ်မဟာ ( ၁ ) မှ အန်ထန်းဇွတ် ရွှေမှော်က ရွှေကျင်းပိုင်ရှင်တွေဆီက သိန်း ၂၀
ခန့်တောင်းယူကောက်ခံခဲ့ပြီး ပျော်ပွဲ၊ရွှင်ပွဲ
စားသောက်ပွဲတွေပြုလုပ်ခဲ့ကြကြောင်း ၊ KIA ခေါင်းဆောင်ပိုင်းနဲ့
နီးစပ်တဲ့ တရုတ် မြန်မာ နယ်စပ်မှ ကုန်သည်တစ်ဦးမှလည်း ပြောပြခဲ့ပါတယ်။
မေးဖြင့်ပေးပို့သော ဦးဂန်နော်မိုက်အား ကျေးဇူးတင်ပါသည်။