သရုပ်ဆောင်၊ ဒါရိုက်တာ လူရွှင်တော်
ဇာဂနာအား ရုပ်ရှင် အစည်းအရုံးမှ တာဝန် ရှိသူများက နိုဝင်ဘာလဆန်းတွင် ခေါ်ယူ
တွေ့ဆုံ၍ အနုပညာ လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိပြီ ဖြစ်ကြောင်း ပြောကြား
ခဲ့သည်ဟု ဇာဂနာက ပြောသည်။
“ရုပ်ရှင်အစည်းအရုံးက ဦး မြင့်သိန်းဖေရယ်၊
ဦးအောင်စိုးဦး ရယ်၊ ကိုစိုးထက်အောင်ရယ် ၊ သူတို့ သုံးယောက်ကနေပြီး
ကျွန်တော့် ကိုအကြောင်းကြားပါတယ်။ သူ တို့အထက်လူကြီးတွေကလည်း သူတို့ကို
အကြောင်းကြား ပါတယ်တဲ့။ ကိုဇာဂနာ အနုပညာအလုပ်တွေကို လွတ်လွတ်လပ်လပ်
လုပ်လို့ရပါတယ်။ ဘာမှ မပိတ်ပင်ထားပါဘူး၊ မတားဆီးပါ ဘူးတဲ့။ ပွဲပဲကက၊
ရုပ်ရှင်ပဲရိုက်ရိုက်၊ ဒါ ရိုက်တာပဲလုပ်လုပ် လုပ်ချင် တာ လုပ်ပါဆိုပြီး
အကြောင်းကြားပါ တယ်။ အရင်က ကျွန်တော့် ဇာတ် ကားသုံးကား ဆင်ဆာပိတ်ထား
တာရှိတယ်။ “မြင်းစီး ထွက်သော အိပ်မက်များ“၊ “သျှောင်ကြီးဗွေ”နဲ့
“ဇာဂနာ/၂၀ဝ၆” သုံးကားပေါ့။ မြင်းစီးထွက်သော အိပ်မက်များနဲ့ ဇာဂနာ/၂၀ဝ၆ က
ဇာတ်လမ်းတို ရုပ်ရှင်တွေပဲ။ သျှောင်ကြီးဗွေက မင်းသားနေဆန်း၊ ပပဝင်းခင်နဲ့
ရိုက်ထားတာ။ ဆင်ဆာ ခွင့်ပြု လိုက်ပြီ။ ထုတ်လုပ်သူ တွေလည်း တော်တော်လေး
ပျော်သွားမယ်”ဟု ဇာဂနာက အနုပညာအလုပ်များ ပြန်လည် လုပ်ကိုင်ခွင့်ရခြင်း
အကြောင်း ပြောပြသည်။ အနုပညာအလုပ်များ ပြန် လည် လုပ်ကိုင်ခွင့်ရခြင်းတွင်
ဇာတ်ကားရိုက်ကူးမှုများ ပြုလုပ်သွား မည်မဟုတ်ဘဲ “ဇာတ်ကားတော့
မရိုက်ချင်သေးဘူး။ ပင်ပန်းတယ်။ ကြော်ငြာလာအပ်ထားတာတွေ ရိုက်မယ်။ ဗြူးတီး
ခေါင်းလျှော် ရည်ကြော်ငြာရိုက်မယ်။ နောက်ဗလာစာအုပ်ကြော်ငြာရိုက်မယ်။
ဂေါ်ဇီလာ၊ လေဆာကြော်ငြာတွေ ရိုက်မယ်။ ဗြူးတီးခေါင်းလျှော် ရည်ကြော်ငြာ
ရိုက်ဖို့ စိတ်ကူးလည်း ရပြီးပြီ”ဟု ပြောသည်။ ဇန်နဝါရီ ၄ ရက်တွင်
ပြုလုပ်မည့် လွတ်လပ် ခြင်း အနုပညာရုပ်ရှင်ပွဲတော်အ တွက် သက်ဆိုင် ရာမှလည်း
ခွင့်ပြု ချက်ရထားပြီဖြစ်ပြီး လိုအပ်သော အကူအညီများကိုလည်း ပေးသွား
မည်ဖြစ်ကာ ပွဲအတွက် လှုပ်ရှားမှုများကို သတင်းများပေးရန်
ပြောကြားထားခြင်းရှိကြောင်း ဇာဂနာက ပြောကြားခဲ့သည်။