ဒီနေ့မနက်ပိုင်းမှာ မြန်မာ-တရုတ်
နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ချက်ချက်အရ မြန်မာလူမျိုးတို့ ကိုးကွယ်ရာ
ဗုဒ္ဓမြတ်စွာ ရဲ့ စွယ်တော်မြတ်ဟာ နေပြည်တော်ကို ဒေသစာရီကြွချီတော်မူလာပါတယ်
... ၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် ၀မ်းမြောက်ဝမ်းသာစရာ
သတင်းကြီးပါဘဲ... ၊ ဘုန်းတော်အန္တ ၊ ကံတော်အန္တ ၊ ဥာဏ်တော် အန္တ နဲ့
ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားရဲ့ မြတ်စွယ်တော်ကြီး ကြွချီတော်မူလာတာ
မဟုတ်ပါလား ။
ဒီအချိန်မှာ ဇာဂနာလွတ်တုန်းက ထောင်ဝကနေ
စက္ကန့်နဲ့အမျှ သတင်းတွေတင်နေကြ အင်းစိန်ထောင်ဝကနေ
ဟိုနိုင်ငံရေးအကျဉ်းသားနဲ့တွေ့ဆုံခန်း ဒီနိုင်ငံရေးသမားနဲ့ ဗျူးခန်းတွေ
ပလူပျံခဲ့ကြတဲ့ ပြည်တွင်းဖြစ် ခပ်ညံ့ညံ့ မီဒီယာတွေကတော့ စွယ်တော်ကြွလာတာ
သူတို့အရေးဟုတ်ဟန်မတူပါဘူး စွယ်တော်ကြွလာလို့ တစ်နေကုန်တဲ့အထိ ဘယ်မီဒီယာမှ
ဘာသတင်းမှ သတင်းတက်မလာပါဘူး ။
ဒီလိုပြောရင် စွယ်တော်ပင့်ဆောင်ရေးကော်မတီက သူတို့မီဒီယာသမားတွေကိ တလေးတစားမဖိတ်လို့ ဆိုတဲ့ဆင်ခြေမျိုးပေးတတ်ကြတယ် ၊ ဖိတ်မှသွားမယ်ဆိုရင် သတင်းသမားမလုပ်နဲ့တော့ အကျဉ်းသားတွေ လွှတ်တုန်းက ခင်ဗျားတို့ကို အင်းစိန်ထောင်ရှေ့ ဘယ်သူဖိတ်လို့သွားတာလဲ လေယာဉ်ကွင်းတွေကို ဘယ်သူဖိတ်လို့ သွားကြတာလဲလို့ ပြန်မေးမိလိမ့်မယ် ။
မြန်မာအစိုးရဟာ တရုတ်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရင် မြစ်ဆုံကိစ္စမှမဟုတ်ဘူး စွယ်တော်ပင့်တာလည်း ခင်ဗျားတို့ သဘောမတွေ့ကြဘူးမဟုတ်လား.... ၊ စိတ်ဓါတ်တွေသိပ်ပေါ်တယ်ဗျာ ။

အစိုးရကိုခေတ်အဆက်ဆက်ဆန့်ကျင်ခဲ့သူတွေ ၊
ခုချိန်ထိအမြင်သဘောထားမတူနိုင်သေးသူတွေရဲ့ လှုပ်ရှားမှုကိုမှ သတင်းထင်နေတဲ့
ခပ်ညံ့ညံ့ စတုတ္ထမဏ္ဍိုင် တွေကိုတော့ စိတ်ပျက်မိတယ်ဗျာ...။
သူမျာကိုဟိုဟာလိုတယ်ဒီဟာလိုတယ် ပြောနေမယ့်အစား ကိုယ်လိုနေတာတွေကို
အရင်ပြင်လိုက်ကြပါဦး အရပ်ကတို့ရေ....။
ဒေါက်တာဆိတ်ဖွား