ကေအိုင်အေ
တပ်တွေအနေနဲ့ ထိခိုက် ကျဆုံးဒဏ်ရာရနေတာတွေများနေလို့ လက်စားချေတဲ့အနေနဲ့
မြစ်ကြီးနားမြို့ပေါ်နဲ့ ပတ်ဝန်းကျင်တွေမှာ
ဖောက်ခွဲမှုတွေပိုမိုပြုလုပ်လျက်ရှိနေပါတယ်။နိုဝင်ဘာ ၁၅ ရက်နေ့က
မြစ်ကြီးနားဗလမင်းထင်တံတားမြစ်ကြီးနား-၀ိုင်းမော်သွားကားလမ်းရဲ့ညာဘက်၁၀
ပေခန့်အကွာမှာမိုင်း(၁)လုံး ပေါက်ကွဲခဲ့ပါတယ်။ပေါက်ကွဲမှုကြောင့်
ဘီးခွန်ဂိတ်ညာဘက်လူနေအိပ်ဆောင်တစ်လုံးပျက်စီးခဲ့ပြီးလူတွေထိခိုက်မှုမရှိ
ဖူးလို့သိရပါတယ်။
``မိုင်းကွဲတာက
ကျွန်မတို့ ဘီးခွန်ကောက်ခံသူတွေနဲ့ တံတားဖြတ်သန်းခကောက်ခံတဲ့သူနေတဲ့
အိပ်ဆောင် မှာဖြစ်ခဲ့တာပါ။ ဖြစ်တာကည(၉)နာရီအချိန်လောက်မှာပါ။
လူတွေနဲ့တိရိစ္ဆာန်တွေထိခိုက်မှုမရှိပါဘူး။ လူတွေမထိလို့
တော်သေးတယ်လို့ပြောရမှာပါ။ ကျွန်မတို့နေတဲ့အဆောက်အဦးကတော့ ၁၀ ပေ
ပတ်လည်ခန့်ပျက်သွားပါတယ်။ အနက်၆ ပေလောက်နက်တဲ့ကျင်းတစ်ကျင်းလဲ
ဖြစ်သွားပါတယ်`` လို့ တံတားဖြတ်သန်းခတွေကောက်ခံနေတဲ့ မသင်ဇာကျော်က ပြောပြပါတယ်။
နိုဝင်ဘာ
၁၄ ရက်နေ့ကလဲ ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ ဆီနီခူးကျေးရွာနဲ့
မလိယန်ကျေးရွာအကြားမှာရှိတဲ့ နမ့်မလိချောင်းကူး တံတားကို KIA တပ်ရင်း(၄)
အဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့လို့ မော်တော်ယာဉ်တွေလုံးဝ သွားလို့
မရဘူးဖြစ်နေပါတယ်။ ရွှေဘို-မြစ်ကြီးနားသွားတဲ့လမ်းမှာရှိတဲ့
ဆည်မြောင်းကူးပျဉ်ခင်းတံတားတစ်ခုကိုလဲနိုဝင်ဘာ (၁၅)ရက်နေ့မှာ ဖောက်ခွဲ
ဖျက်ဆီးခဲပါတယ်။တံတားတွေဖျက်ဆီးနေသလို ရထားသံလမ်းဖျက်ဆီးဖောက်ခွဲမှုတွေလဲ
များပြားနေပါတယ်။နမ္မားနဲ့မြို့သစ်ကလေးရွာအကြားမှာရှိတဲ့ရထားသံလမ်းကို
နိုဝင်ဘာ(၁၅)ရက်နေ့ မနက်(၃)နာရီမှာ မိုင်းခွဲလိုက်ပါတယ်။ မိုးညှင်းမြို့
မြန်မာ့မီးရတားအဖွဲ့ကနေသွားရောက်ပြင်ဆင်လိုက်လို့ခရီးသွားလာမှုအခက်အခဲမရှိ
ဖူလို့သိရပါတယ်။
ခုလိုမျိုးမိုင်းတွေပေါက်ကွဲနေတာနဲ့ပတ်သက်လို့ဗိုလ်ချုပ်ဂမ်ရှောင်အနေနဲ့သူတို့တပ်ဖွဲ့ဝင်လုပ်တာမဟုတ်ဖူးလို့ငြင်းဆိုထားပါတယ်။သူတို့ဗဟိုအနေနဲ့
မိုင်းထောင်ခိုင်းတုန်းက စစ်တပ်တွေလာမဲ့လမ်းကြောင်းလောက်ပဲထောင်
ခိုင်းခဲ့တာဖြစ်ပေမဲ့ ပြည်သူ့တပ်ဖွဲ့ဝင်အမှုထမ်းတွေကြောင့်
ခုလိုမျိုးမိုင်းကွဲမှုတွေများလာတာလို့ပြောပါတယ်။မိုင်းကွဲမှု တွေများလာလေလေ
ကချင်လူထုအနေနဲ့KIA အဖွဲ့အစည်းအပေါ်မှာ အကြမ်းဖက်အဖွဲ့အဖြစ်မြင်လာလေလေဖြစ်နေ
ပါတယ်။
Ref : http://kachindailynews.blogspot.com/