ဝိုင်းမော်-ကံပိုက်တီးသွားတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့
ကေအိုင်အေတပ်ရင်း (၃) လက်အောက်ခံ တပ်ဖွဲ့ တစ်ဖွဲ့ကတာ ၀န်ယူထားတဲ့
ဘွမ်တောင်စခန်းကို နိုဝင်ဘာ ၇ ရက်နေ့က အစိုးရတပ်တွေကသိမ်းပိုက်
သွားပြီးလို့သိရ ပါတယ်။
ဘွမ်တောင်စခန်းဟာ
ဝိုင်းမော်-ကန်ပိုင်တီးလမ်းကြောင်းပေါ်ကအဓိက စခန်းတစ်ခုဖြစ်ပြီး
အစိုးရတပ်ရဲ့ ပြင်းထန်တဲ့
လက်နက်ကြီးပစ်ခတ်မှုတွေကိုခံခဲ့ရလို့ဆုတ်ခွါပေးလိုက်တာပါလို့
အဲဒီစခန်းကဆုတ်ခွါထွက်ပြေး လာတဲ့ရင်း(၃)မှ KIA စစ်သား ကပြောပါတယ်။ “ဒီရက်ဖြစ်တဲ့
တိုက်ပွဲတွေမှာ အခုရောက်လာတဲ့ တပ်မ (၈၈)က လက် နက်ကြီး တွေဆက်တိုက်ပစ်ပြီး
အတင်းထိုးဖောက်ဝင်လာတယ်၊ တပ်မ(၈၈)ရောက်လာမှ တိုက်ပွဲတွေက ပိုပြင်း ထန်လာတယ်”လို့လည်းပြောပါတယ်။ အခုတစ်လောဖြစ်တဲ့တိုက်ပွဲတွေမှာ
KIAတပ်တွေထိခိုက်ကျဆုံးမှုများနေပြီး မိုင်ဂျာယန်ဆေးရုံမှာလဲ
ဒဏ်ရာရလူနာတွေများနေ လို့တချို့ ကိုတရုတ်ဘက်ကိုပို့ဆောင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။