" သမ္မတက ထိုးစစ်ရပ်ရန် အမိန့်ထုတ်သော်လည်း တိုက်ပွဲများမရပ်သေး
" ဆိုတဲ့သတင်းတွေနဲ့ အလားတူ သဘောမျိုးပါတဲ့သတင်းတွေကို
သတင်းဌာနတော်တော်များများမှာတွေ့နေရတယ် ၊ တိုက်ပွဲရပ်တယ်ဆိုတာ
ခလုပ်ပိတ်လိုက်သလိုတော့ "ထပ်" ခနဲ ဘယ်ရပ်သွားပါ့မလဲဗျာ...မဟုတ်ဘူးလား ၊
ခန္ဓာကိုယ်မှာ ၀မ်းသွားနေလို့ ၀မ်းပိတ်ဆေးသောက်ရင်တောင်
ချက်ချင်းမှမရပ်တာ.... ဒါကစစ်မြေပြင်မှာ စစ်ဖြစ်နေတာလေ..
ထိုက်သင့်သလောက်တော့ကြာ မှာပေါ့...ဒါဘာများဆန်းနေလို့လဲဗျာ.....
ခက်တော့ခက်နေပြီ...နောက်ပြီးတော့ စစ်ဆိုတာမျိုးကလည်း
တစ်ဘက်ကရပ်တိုင်းရပ်တဲ့အမျိုးမဟုတ်ဘူးဗျ ဒီလိုတစ်ဘက်ကရပ်တိုင်းသာ
ရပ်ကြေးဆိုရင် ကမ္ဘာမှာ စစ်ဆိုတာ ဘယ်ရှိပါတော့မလဲဗျာ...။
ဒါတကယ်မရပ်ချင်လို့ဖြစ်မှာပါ ၊ သမ္မတက
ပရိယာယ်သုံးတာနေမှာပါ .. တကယ်ရပ်ချင်စိတ်ရှိရင် ရပ်ရမှာပေါ့ ၊ လွယ်ပါတယ်ကွာ
ဆိုပြီး စေဒကတက်ချင်တဲ့သူတွေ ရှိရင် ခင်ဗျားတို့ စစ်တွေဘာတွေရပ်ဘို့
အသာထားလို့ အပေါ့သွားလို့အရှိန်ရနေတုန်းလေးပဲ
ဦးနှောက်ကနေချက်ချင်းရပ်လို့ခိုင်းကြည့်စမ်းပါ ရပ်မလားလို့ .....။
ကိုယ့်ခန္ဓာ တစ်ခုတည်းမှာတောင် ကိုယ်လုပ်တိုင်းမဖြစ်တာ လူတွေအများကြီးပါဝင်တဲ့ လူ့အဖွဲ့အစည်းမှာ ချက်ချင်းမဖြစ်ရကောင်းလားဆိုပြီး အပြစ်တင်နေမယ်ဆိုရင်တော့ .....
ကိုယ့်ခန္ဓာ တစ်ခုတည်းမှာတောင် ကိုယ်လုပ်တိုင်းမဖြစ်တာ လူတွေအများကြီးပါဝင်တဲ့ လူ့အဖွဲ့အစည်းမှာ ချက်ချင်းမဖြစ်ရကောင်းလားဆိုပြီး အပြစ်တင်နေမယ်ဆိုရင်တော့ .....
ဒေါက်တာဆိတ်ဖွား