KIA ကတစ်ဖြည်းဖြည်းနဲ့ ဘီလူးခေါင်းကို ထုတ်ပြနေပြီလား


အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၁၂၃၀ ခန့်တွင် ဆင်ဘိုပြည်သူ့ဆေးရုံသို့ ဒဏ်ရာရလူနာတစ်ဦး လက်ဝဲဘက်ဝမ်းဗိုက်နှင့် လက်ဝဲဘက်လက်မောင်းတို့၌ သေနတ်ဒဏ်ရာတို့ဖြင့် ရောက်ရှိလာပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိတယ်လို့ ဆင်ဘိုပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားလာခဲ့ပါတယ်။
ထိုဒဏ်ရာရလူနာမှာ မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်တွင်နေထိုင်သော ဦးကျော်ဌေး ဆိုသူ ဖြစ်ပြီး ဆွဲရေယာဉ်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါတယ်။
မြစ်ကြောင်းအတွင်း ရေယာဉ်နှစ်စီးဖြင့်မောင်းနှင်လာစဉ်အရိန္ဒမာရွာအနီးသို့ အရောက်တွင်KIA  အဖွဲ့တပ်ရင်းအမှတ်  ( ၂၅၂ ) မှ လူ ၁၀ ဦးခန့်၏တားဆီးခြင်းကြောင့် ရပ်တန့်ကာ ၄င်းတို့မှဆွဲရေယာဉ်လုပ်ငန်းလုပ်ကိုင်နေခြင်း ဖြစ်ကြောင်းပြောကြားသော်လည်း လက်မခံဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေမှာ အများအားဖြင့် လမ်းပန်းဆက်သွယ်ရေးမှာ ရေလမ်းကိုသာ အဓိကအားထားသွားလာနေရပြီး ယခုလိုမြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာနေကြသော ရေယာဉ်များအား KIA အဖွဲ့မှ ပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ကောင်းစွာမသွားရဲမလာရဲ ဖြစ်နေကြတယ်လို့ ဒေသခံ ရွာသားတစ်များမှ ပြောဆိုလာခဲ့ပါတယ်။ 

Ref : http://kachindailynews.blogspot.com/ 

 
Tags: