KIA မှ အယ်ဂျားဇီးယားသတင်းဌာနတွင် သတင်းအတုများထုတ်လွှင့်ဖို့စီစဉ်နေ

 
အယ်ဂျားဇီးယားသတင်းဌာနမှ သတင်းထောက် Gabriel Elizondo နှင့် Abderrahim Foukara တို့ဟာ ရွှေလီမြို့ မှ KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ရောက်ရှိနေပြီး KIA က အယ်ဂျားဇီးယားသတင်းဌာနတွင် စစ်ရေးအောင်မြင်မှုဇာတ်လမ်းများ ကို ရိုက်ကူးထုတ်လွှင့်ရန်  စီစဉ်နေကြောင်းသိရသည်။
အစိုးရနဲ့ KIA  ဖြစ်နေသော တိုက်ပွဲများကြောင့် ကချင်လူထုမှာ တော်တော်လေးဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လက်ရှိတိုက်ပွဲများကြောင့် တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ ပုံစုံမျိုးဖန်တီးရိုက်ကူးပြီး အယ်ဂျားဇီးယားသတင်းဌာနမှာ ထုတ်လွှင့်သွားမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ တစ်ဦးမှပြောသည်။
အဓိကကတော့ KIA က ဒုက္ခသည်တွေအကြောင်းပြပြီး နိုင်ငံတကာမှ ကူညီငွေတွေရရှိလာအောင် လုပ်ချင်တာပါ။ လိုင်ဇာမှာရှိတဲ့ ဆင်းရဲတဲ့ရပ်ကွက်က လူတော်တော်များများနဲ့ အနီးနားရွာက လူတွေကိုပါခေါ်ပြီး တိုက်ပွဲသတင်းဗွီဒီယိုတွေနဲ့ ဒုက္ခသည်တွေရဲ့ဆင်းရဲကျပ်တည်းမှုတွေကို ဇာတ်လမ်းဖန်တီးရိုက်ကူးကာ ထုတ်လွှင့် သွားမည်ဟု သိရသည်။
ဒီလိုမျိုး ရိုက်ကူးထုတ်လွှင့်ဖို့စီစဉ်နေတာတွေကို တရုတ်ထောက်လှမ်းရေးကသိသွားခဲ့ပါတယ်။ တရုတ်ဖက်ကတော့ နယ်စပ်မှာ မတည်မငြိမ်ဖြစ်နေတဲ့ အတုအယောင်သတင်းတွေကို မထုတ်လွှင့်ဖို့ တားမြစ်ထားတယ်လို့ လည်းသိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့၏ သတင်း ၀က်ဆိုက်ဘ်တစ်ခုဖြစ်သော ကချင်သတင်းဌာန ၀က်ဘ်ဆိုက်မှာလည်း  တရုတ်နိုင်ငံတွင်တွေ့ရှိသော ဧရာမမြွေကြီးသတ်ဖြတ်မှုကြောင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့သည် ဟူသော လုပ်ကြံသတင်း ၊ အစိုးရတပ်နှင့်KIA ဖြစ်ပွားနေသော တိုက်ပွဲသတင်း အခြေအနေများကို မှားယွင်းစွာလိမ်လည်ဖော်ပြခဲ့ရာ မထိရောက်ခဲ့သဖြင့် အခုလိုနိုင်ငံခြားသတင်းဌာန တစ်ခုနဲ့ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
 
 ကချင်နေ့စဉ်သတင်း 

Tags: