![]()
ဗီဂျေးနမ်ဘီယာကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနှင့်အတူတွေ့ရစဉ်
အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစားသင့်ပြီဖြစ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဗီဂျေးနမ်ဗီယာက
အာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပရာ ဘာလီသို့ ရောက်ရှိနေစဉ် နိုဝင်ဘာလ ၁၉
ရက်နေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက စစ်အုပ်ချုပ်ရေး
စနစ်ထွန်းကားခဲ့သော မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ယခု
အစိုးရလက်ထက်တွင် ရုတ်သိမ်းပေးရန် သင့်မသင့် မေးမြန်းခဲ့ရာ
''ကျွန်တော်ထင်တာ ကတော့ ဒီ ကိစ္စတွေကို ပြန်စဉ်းစားသင့်တယ်လို့ ထင်တာပဲ''ဟု
ဖြေကြားသွားခဲ့ပြီး ဆုံးဖြတ်ချက်ကိုမူ သက်ဆိုင်သည့်
နိုင်ငံကသာချမှတ်ရမည်ဖြစ်ကြောင်း မှတ်ချက်ပြုသွားခဲ့သည်။
''ကျွန်တော်ထင်တာကတော့ ပြည်သူတွေ၊ ပြည်သူတွေရဲ့စားဝတ်နေရေး
ဖွံ့ဖြိုးဖို့က အရေးကြီးပါတယ်။လုပ်ဆောင်သမျှ ကိစ္စတိုင်းဟာ
ဒီရည်မှန်းချက်ကိုရောက်အောင် ရည်ရွယ်ပြီး လုပ်ဖို့လိုပါတယ်'' ဟု နမ်ဗီယာက
ပြောကြားခဲ့သည်။
|