
မေလက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်သမ္မတ ဟူကျင်တောင်နှင့်အတူ တွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
နှစ်
၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲများ
တစ်နှစ်တိုင်ခဲ့ပါပြီ။ ဒီအချိန်အတွင်း မြန်မာနိုင်ငံမှာ
ထူးခြားတဲ့ဖြစ်စဉ်တွေ ကြုံတွေ့ ခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ
တကယ့်အပြောင်းအလဲရဲ့ အစလို့ ယုံကြည်တဲ့ သူတွေရှိသလို မယုံကြည်တဲ့သူတွေလည်း
ရှိခဲ့ပါတယ်။
ပြည်တွင်းအပြောင်းအလဲတွေအပေါ်
အမြင်အမျိုးမျိုးရှိကြမှာဖြစ်ပေမယ့် အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာနဲ့
အထူးသဖြင့် အနောက် နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှု အရင်ကထက်
ပိုများလာတယ် ဆိုတာကိုတော့ ငြင်းကြမှာ မဟုတ်ပါဘူး။
အစိုးရသစ်တက်ပြီးတဲ့
နောက်ပိုင်းမှာ တစ်သုတ်ပြီးတစ်သုတ် လာရောက်ကြတဲ့
နိုင်ငံတကာသံတမန်တွေ၊ ကိုယ်စားလှယ်အဖွဲ့ တွေဟာ အစိုးရအဖွဲ့နဲ့ရော
တခြားတွေ့သင့်တွေ့ထိုက်သူတွေနဲ့ပါ တွေ့ဆုံခဲ့ကြပါတယ်။
ဒီခရီးစဉ်တွေဟာ
အစိုးရသစ်ကို အသိအမှတ်ပြုခြင်းမပြုခြင်းနဲ့ ဘာမှ မဆိုင်ဘဲ
လေ့လာရုံသက်သက်လာကြတာဖြစ်တယ်လို့ စောင့်ကြည့်သူတွေက အကဲခတ်ကြပါတယ်။
အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ်
နိုင်ငံရေးနဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေထားရှိကြပေမယ့်
နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေ အပေါ်မှာတော့ သတိနဲ့ကြိုဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ-အေအက်ဖ်ပီ
တစ်ချိန်က
ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အမေရိကန်အစိုးရဟာ ဦးသိန်းစိန်
အစိုးရတက်ပြီးနောက်ပိုင်းမှာ လေသံပျော့ပြောင်းလာပြီး ပိုပြီး နီးနီးကပ်ကပ်
ဆက်ဆံမှုတွေပြုလုပ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံကို လပိုင်းအတွင်း လာရောက်ခဲ့သူ တွေထဲမှာ
ရီပတ်ဘလီကန်ဆီးနိတ်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်တို့လည်း ပါဝင်ပါတယ်။
ဥရောပ သမဂ္ဂ (အီးယူ) ဆိုရင်လည်း အလားတူ ကိုယ်စားလှယ် အဖွဲ့တွေ
စေလွှတ်ပြီး အခြေအနေကို လာရောက်လေ့လာကြပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့တွေရဲ့ အစီရင်ခံစာတွေကိုအခြေခံပြီး ဆိုင်ရာ နိုင်ငံတွေ
က သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲကို
ပြုလုပ်မှာဖြစ်ပါတယ်။
အမေရိကန်-မြန်မာ
ဆက်ဆံရေး တိုးတက်မှုအနည်းငယ်ရှိလာ ပေမယ့်လည်း မြန်မာနိုင်ငံအပေါ်ထားရှိတဲ့
ပိတ်ဆို့မှုတွေကိုတော့ အမေရိကန်တို့က ချက်ချင်း ရုပ်သိမ်းဦးမှာ
မဟုတ်ပါဘူး။
အနောက်နိုင်ငံတွေအနေနဲ့
ဒေသတွင်း တရုတ်ဩဇာ လွှမ်းမိုးလာမှုကို တန်ပြန်ဖို့ မြန်မာကို
ဒီထက်ပိုပြီး နွေးထွေးသင့်တယ်ဆိုတဲ့ ငြင်းခုံမှု တွေရှိနေပေမယ့်လည်း
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ကိစ္စ၊ တိုင်းရင်းသား
လက်နက်ကိုင်ပဋိပက္ခကိစ္စနဲ့ အမျိုးသား ပြန်လည်ရင်ကြား
စေ့ရေးကိစ္စတွေမှာ သူတို့ လိုလားတဲ့အဆင့်မျိုး မတွေ့မချင်း ပိတ်ဆို့မှုတွေ
ရုပ်သိမ်းမယ့် အလား အလာတော့ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့လအတွင်း အစိုးရဟာ အကျဉ်းသားပေါင်း ၆,၀၀၀ ကျော်လွှတ် ပေးခဲ့ရာမှာ
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ၂၀၀ လောက် ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကျန်ရှိနေသေးတဲ့သူတွေကို ဆက်လွှတ်ပေးဖို့ ကိုတော့
ဦးသိန်းစိန်အစိုးရအပေါ်မှာ ဖိအားတွေရှိနေတုန်းပါပဲ။
အကျဉ်းသားတွေလွှတ်ပေးခြင်းဟာ အနောက်နဲ့ (အထူးသဖြင့် အမေရိကန် နဲ့) ဆက်ဆံရေးတိုးတက်ဖို့အတွက် အဓိက လိုအပ်ချက်ဖြစ်ပါတယ်။
ဒါကို ဒေါ်အောင်ဆန်းစုကြည်ကလည်း 'ဝေါလ်စထရိဂျာနယ်'နဲ့ တွေ့ဆုံခန်းမှာ အလေး
အနက်ထား ပြောသွားခဲ့ပါတယ်။ ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့
အချိန်မတန်သေးဘူးလို့ ပြောပေမယ့် အမေရိကန်အနေနဲ့ နောက်ထပ်လာမယ့်
ပြုပြင်ပြောင်းလဲမှုတွေ စောင့်ဆိုင်းနေဆဲမှာပဲ မြန်မာနိုင်ငံကို
ဖွံ့ဖြိုးရေးအကူအညီတွေ ပေးထားလို့ ရတယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။
နိုင်ငံတကာနဲ့
ဆက်ဆံရေးမှာ တိုးတက်မှုရှိဖို့ အကျဉ်းသားကိစ္စလိုပဲ နောက်ထပ်
အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင် မပါဝင်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ခုဆိုရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေက တချို့အချက်တွေကိုလည်း
ပြင်ဆင်အတည်ပြုပြီးပြီမို့ အင်န်အယ်ဒီအနေနဲ့ မှတ်ပုံတင်မတင်
ဆုံးဖြတ်ဖို့သာ ကျန်ပါတော့တယ်။
အားလုံးထဲမှာ
တိုးတက်မှုအနည်းဆုံးကတော့ တိုင်းရင်းသားနယ်မြေအချို့မှာ
ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေပါပဲ။ နိုင်ငံတကာရဲ့တောင်းဆိုချက်တွေ
ထဲမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်တာမို့
ဒီအချက်ကို ဦးသိန်းစိန်အစိုးရ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကလည်း
နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ တိုးတက်မှုရှိမရှိ စကားပြောမယ့်အချက်ပါ။
အမေရိကနဲ့ယှဉ်ရင်
နဂိုကတည်းက အနည်းငယ်ပျော့ပြောင်းတဲ့ အီးယူအနေနဲ့ ကတော့
မကြာခင်ကမှ ကန့်သတ်ချက်အချို့ကို လျှော့ပေးခဲ့တာကို ကြည့်ခြင်းဖြင့်
ရှေ့လျှောက်ပိုမိုပြီး အစိုးရနဲ့ဆက်ဆံရေးကို တိုးမြှင့်မယ့်
သဘောမှာရှိပါတယ်။
အီးယူဟာ
နဂိုကတည်းက မြန်မာနိုင်ငံမှာ သူ့ရဲ့စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု
အချို့ရှိထားတာမို့ ရှေ့လျှောက် စီးပွားရေးကို ဇောင်းပေးတဲ့ ဆက်ဆံရေးမျိုး
ဖြစ်ထွန်းမယ်လို့ မျှော်လင့်ရပါတယ်။ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးကို
ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက် နေစဉ်မှာပဲ
တစိုက်မတ်မတ်ကောင်းမွန်လာခဲ့တဲ့ အိမ်နီးချင်းတရုတ်နဲ့ ဆက်ဆံရေး
ဟာ မကြာခင်က မြစ်ဆုံကိစ္စကြောင့် ပျက်ပြားမလားဆိုတဲ့ မေးခွန်းတွေလည်း
ထွက်ပေါ်လာခဲ့ပါတယ်။
မြစ်ဆုံကိစ္စမှာ သမ္မတရဲ့ဆုံးဖြတ်ချက်အပေါ် အရင်က အစိုးရကို
ဝေဖန်လေ့ရှိတဲ့သူအချို့ကတောင် ဝေဖန်ချီးကျူးခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပေကျင်းနဲ့ နေပြည်တော်ကြားမှာ အဖုအထစ်တွေရှိလာ
မလားဆိုတဲ့ စိုးရိမ်မှုတွေပေါ်ခဲ့ပေမယ့် လေ့လာ သူတွေအဆိုအရတော့ မြန်မာဟာ
တရုတ်နိုင်ငံအတွက် စွမ်းအင်ရင်းမြစ်အဓိက ပံ့ပိုးပေးတဲ့နိုင်ငံအနေနဲ့ရော
တရုတ်ကို အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ပေးနိုင်တဲ့ မဟာဗျူဟာမြောက်နိုင်ငံဖြစ်
နေတာရယ်ကြောင့်ရော ဆက်ဆံရေးထိမှာမဟုတ်ပါဘူး။
"ဆည်ဆောက်တာ
ရပ်ထားတာကြောင့် တရုတ်ဟာ မြန်မာနဲ့နီးကပ်တဲ့ ဆက်ဆံရေးကို
အထိခိုက်ခံမှာမဟုတ်ပါဘူး။ အထူး သဖြင့်တော့ မဟာဗျူဟာ ကျတဲ့
စီမံကိန်းတွေဖြစ်တဲ့ ယူနန်ပြည်နယ်နဲ့ ဆက်သွယ်မယ့် မီးရထားလမ်းနဲ့
ရေနံပိုက်လိုင်းစီမံကိန်းတွေ စတင်နေတဲ့ အခါမျိုးမှာပါ"လို့ တရုတ်ရေးရာနဲ့
အရှေ့ တောင်အာရှ လေ့လာသုံးသပ်မှုဌာန (ချင်နိုင်း)က သုတေသီ အငြိမ်းစား
ဗိုလ်မှူး ကြီး ဟာရီဟာရန်က 'ယူရေးရှား ရီဗျူး' စာစောင်မှာ
မကြာခင်က ရေးသားခဲ့ပါ တယ်။
ဆက်ပြီး
သူက တရုတ်အစိုးရအနေနဲ့ ဒီအခြေအနေကို သိက္ခာဆည်မယ့် အစီအမံနဲ့
နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် နားလည်မှုတွေရဖို့ ကြိုးပမ်းလိမ့်မယ်လို့
သုံးသပ်ပါတယ်။
"တရုတ်ဟာ
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရရော စီးပွားရေးအရပါ ရင်းနှီးမြှုပ်နှံ
ထားတယ်။ မြန်မာကလည်း တရုတ်ကို စီးပွားရေး အတွက်သာမက သူ့ရဲ့ နုနယ်
သေးတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ရာမှာ မိတ်ဖက်အနေနဲ့ပါ လိုအပ်ပါတယ်။
ဒီလိုဆိုရင် တရုတ်-မြန်မာ ဆက်ဆံရေးဟာ မှန်းရခက်တဲ့အဆင့် မဟုတ်ရင်
တောင် အဆင့်သစ်တစ်ခုကို ရောက်မယ့်ပုံရှိပါတယ်"လို့ သူက
သုံးသပ်ပါတယ်။
မြန်မာနဲ့
တရုတ်၊ မြန်မာနဲ့အနောက် ဆက်ဆံရေးကို အများက အာရုံစိုက်
နေကြစဉ်မှာ မြန်မာဟာ နောက်ထပ် အင်အားကြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
အိန္ဒိယနဲ့လည်း ဆက်ဆံရေးကို ကောင်းသထက်ကောင်းအောင် တည်ဆောက်
နေပါတယ်။
ပြီးခဲ့တဲ့
အကျဉ်းသားလွတ်ငြိမ်းခွင့်ပေးပြီးနောက်မှာပဲ သမ္မတ ဦးသိန်းစိန်
အိန္ဒိယကို ချစ်ကြည်ရေးခရီးသွားရောက်ရာမှာ အိန္ဒိယအစိုးရက တခမ်းတနား
ကြိုဆိုခဲ့ပါတယ်။
အိန္ဒိယဟာ
အနောက်နိုင်ငံတွေက မြန်မာကို ၀ိုင်းကြဉ်ထားကြတဲ့ ၁၉၉၀
ပြည့်လွန်နှစ်တွေမှာ သူ့ရဲ့ 'အရှေ့မျှော်' မူဝါဒအရ မြန်မာနဲ့
စွမ်းအင်ဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေမှာ စတင်ပူးပေါင်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့အကျိုးစီးပွားကလည်း မနည်း ပါဘူး။
စစ်တွေဆိပ်ကမ်းစီမံကိန်း၊ ကုလားတန်ဘက်စုံစီမံကိန်းတွေကို အိန္ဒိယက
တည်ဆောက်နေပါတယ်။
သမ္မတဦးသိန်းစိန်
အိန္ဒိယကို ရောက်ရှိနေချိန်မှာ အိန္ဒိယပြည်တွင်း မီဒီယာတွေက
ဒီခရီးစဉ်ကနေ အိန္ဒိယအတွက် အကျိုးရှိမယ့် သဘောတူညီမှုတွေ
ရအောင်ယူဖို့ တိုက်တွန်းရေးသားကြပါတယ်။ မြန်မာဟာ အိန္ဒိယလို
နိုင်ငံကြီးဆီကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ တခြားအကူ အညီတွေရနိုင်သလို
စွမ်းအင်လိုအပ်ချက် မြင့်မားတဲ့ အိန္ဒိယဟာလည်း မြန်မာ ကနေ
ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ အရှေ့မြောက်ပိုင်းက လက်နက်ကိုင် သူပုန်တွေ
နှိမ်နင်းရာမှာ မြန်မာနိုင်ငံရဲ့ အကူအညီကိုရဖို့ လိုအပ်နေတာကြောင့်
နှစ်နိုင်ငံ စလုံးက ကောင်းမွန်တဲ့ဆက်ဆံရေးကိုသာ
အရှိန်မြှင့်တည်ဆောက်ကြမယ်လို့ သုံးသပ်လို့ ရပါတယ်။
တစ်ချိန်တည်းမှာပဲ
တရုတ်နဲ့ အိန္ဒိယတို့ မြန်မာနိုင်ငံမှာ အပြိုင်အဆိုင် ရင်းနှီး
မြှုပ်နှံလာကြတဲ့အပေါ် စိုးရိမ်မှုတွေရှိလာပေမယ့် မကြာသေးမီကပဲ
ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆင့်တိုင်းမှာ ပွင့်လင်းမြင်သာမှုရှိပြီး နှစ်ဦး
နှစ်ဖက်စလုံးရဲ့အကျိုးကို မျှမျှ တတကြည့်သရွေ့
အများစိုးရိမ်သလောက် ဆိုးကျိုးတွေ ရှိမလာနိုင်ပါဘူးလို့ ပြောပါတယ်။
"တရုတ်ပဲဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ်
အဓိကကြည့်ရမှာက ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးလဲ ဆိုတာပါပဲ။ ဘယ်နိုင်ငံနဲ့
အကျိုးတူပူးပေါင်းမှာလဲ ဆိုတာထက်
ဘယ်လိုအကျိုးတူပူးပေါင်းမှုမျိုးလဲ၊ သဘောတူညီမှုစည်းမျဉ်းတွေ က
ဘာတွေလဲဆိုတာကိုပဲ ကြည့်ရမှာပါ။ ဒီမှာ လာပြီးရင်းနှီးမြှုပ်နှံသူတွေဟာ
သူတို့ အကျိုးစီးပွားမရှိရင် လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် မျှမျှတတတော့
ဖြစ်ရ ပါမယ်။ ကျွန်မတို့လည်း အကျိုးရှိရပါမယ်။ ဒါ့အပြင် ကျွန်မတို့က
အိမ်ရှင်ဖြစ်တဲ့ အတွက် နည်းနည်းတော့ ပိုပြီးရသင့်ပါတယ်"လို့
မကြာသေးမီက ဝေါလ်စထရိ ဂျာနယ်နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ သူက
ဖြေကြားသွားပါတယ်။