အဖက်ဖက်ကဆုံးရှုံးမှုနှင့်ရင်ဆိုင်နေရသော KIA တပ်ဖွဲ့များ၏ အခြေအနေမှန်များ

  
ကချင်လွတ်လပ်ရေးတပ်မတော်လို့အမည်ခံထားတဲ့KIAတပ်တွေရဲ့နယ်ပယ်ဟာတနေ့တခြား ကျဉ်း မြောင်းသထက်ကျဉ်းမြောင်းလာနေတာ အခုဆိုရင်လိုင်ဇာတစ်ဝိုက် ကွက်ကွက်ကလေး ပဲရှိပါတော့ တယ် ။ အစိုးရတပ်များနဲ့တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်လာပြီးတဲ့နောက်မှာ  KIAတပ်မဟာ(၄)အခြေပြု ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကစခန်းတွေတစ်ခုပြီးတစ်ခုစွှန့်လွတ်နေရပါတယ်။ အစိုးရရဲ့တပ်တွေ ကတပ်မကြီး သုံးလေး ငါးခုနဲ့ဝင်တိုက်လို့သူတို့စခန်းတွေ စွန့်လွှတ်ရတယ်လို့သတင်းလွှင့်နေပေ မဲ့ ဒေသ ခံတပ်ရင်း တွေနဲ့ သာ တိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။   
ကချင်တပ်မတော်KIAအနေနဲ့ မြန်မာအစိုးရတပ်တွေနဲ့ရင်ဆိုင်တိုက်ပွဲတွေမှာရှုံးနိမ့်မှုတွေများ လာ နေလို့အခုအခါမှာပျောက်ကြားစနစ်ကျင့်သုံးပြီးအစိုးရရဲ့အင်အားနည်းတဲ့စခန်းငယ်တွေကိုပဲတိုက်ကွက်ဖော်နေ ရပါတယ်။ KIA မှာရှိကြတဲ့တပ်ဖွဲ့ဝင်အများစုဟာအတင်းအဓမ္မစုဆောင်းလို့စစ်သားဖြစ်လာတာမို့လို့ စစ်ပွဲ အတွေ့အကြုံမရှိကြပါဘူး။ဒါကြောင့်လဲတိုက်ပွဲတွေရှည်ကြာလာတာနဲ့အမျှKIAတပ်ဖွဲ့တွေဘက်ကအထိနာ လာတယ်လို့ လိုင်ဇာမှလာတဲ့သတင်းတွေအရ သိရပါတယ်။ အကျအဆုံးထိခိုက်မှုတွေသိပ်များနေ လို့KIA ခေါင်းဆောင် ပိုင်းအနေနဲ့သူတို့နဲ့လက်လှမ်းမီရာနယ်တွေမှာဝတ်ပြုဆုတောင်းပွဲတွေကျင်းပပြီး KIAတပ်ဖွဲ့ဝင်တွေစိတ်ဓာတ် မကျအောင်လုပ်ဆောင်ပေးနေရပါတယ်။
လိုင်ဇာမြို့ကရရှိတဲ့သတင်းတွေအရ KIA အဖွဲ့တွေအနေနဲ့ အစိုးရနဲ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ခုနှစ်၊ဇွန်လ(၉)ရက်နေ့ကနေ စက်တင်ဘာလကုန်အထိကိုယ့်မိုင်းနဲ့ကိုသေဆုံးတဲ့ KIAအရာရှိ ၂ ဦး အခြားအဆင့်(၁၁)ဦးနဲ့ ဒဏ်ရာရတဲ့သူ(၁၇)ဦးရှိပါတယ်။ တိုက်ပွဲဖြစ်လို့သေဆုံးတဲ့သူ ၄၆ဦး၊ဒဏ်ရာရသူ ၃၇ ဦးရှိခဲ့ပြီးတိုက်ပွဲမှာဒဏ်ရာရလို့မိုင်ဂျာယန်ဆေးရုံမှာကုသပေးနေရတဲ့လူနာတွေများတွေများနေတာကြောင့် နဲနဲလေးအခြေအနေကောင်းတာနဲ့ဆေးရုံကနေအတင်းဆင်းခိုင်းနေရပါတယ်။KIAစစ်သားအများစုကတော့ စစ်တိုက်ရမှာကြောက်လန့်နေပြီး ဆေးရုံမှာပဲတောက်လျှောက်တက်နေချင်တဲ့သူများနေပါတယ်။ ကချင် သတင်းဌာနတွေကိုဆက်သွယ်ပြီး KIA တပ်တွေအနေနဲ့တိုက်ပွဲတိုင်း အောင်မြင်ပြီး အစိုးရတပ်တွေ အများကြီးကျဆုံးနေတယ်လို့သတင်းလွှင့်ထားပေမဲ့KIAစစ်သားတွေအားလုံးကမြေပြင်က အခြေအနေမှန် တွေကိုသိနေပါတယ်။ ဘယ်လိုမှဖုံးကွယ်ထားလို့မရတဲ့နေရာကတော့ မိုင်ဂျာယန်ဆေး ရုံပါပဲ။
KIA တပ်တွေရဲ့အတွင်းပိုင်းမှာလဲလက်ရှိ အမှုထမ်းဗိုလ်တွေနဲ့ KIAတပ်ထွက်စစ်သားတွေအကြား မှာအပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှုမရှိဘဲအမိန့်ပေးခိုင်းလို့လဲ မရဖူးဖြစ်နေပါတယ်။ KIAတပ်ထွက်တွေ ကလဲသူတို့ချည်းသီးသန့် တာဝန်ပေးရင်လုပ်မယ်လို့ပြောဆိုနေပါတယ်။ လက်ရှိအခြေအနေမှာအဆိုးဆုံး ကတော့ရိက္ခာမလုံလောက်မှုပါပဲ။ပြည်ပမှာရောက်နေတဲ့ ကချင်တွေကလိုင်ဇာမှာ စုထားတဲ့ကချင်ဒုက္ခ သည် တွေအတွက်ပေးတဲ့ ရိက္ခာတွေလဲဒုက္ခသည်တွေကိုမပေးပါဘူး။ KIAတပ်ဖွဲ့တွေပဲ ယူနေကြလို့ ဒုက္ခ သည် အများစုက ဆန္ဒပြပြီးနေ ရပ်ပြန်ပို့ဖို့တောင်းဆိုနေပါတယ်။ KIAတပ်တွေအနေနဲ့ရွာတွေမှာ ခွဲတမ်းချပြီး ဆန်တွေတောင်းခြင်း၊ခရီးသည်တင်ကားတွေ၊သင်္ဘောတွေမှာဆန်တွေပါလာရင် သိမ်းယူခြင်းတွေလုပ်နေ ရပါတယ်။နယ်မြေအေးချမ်းမှုမရှိလို့ ကုန်သည်တွေသွားလာမှုနဲပါးနေတဲ့အတွက် တရုတ်ပြည်ဘက်က ကုန် ပစ္စည်းတွေလဲအ၀င်နည်းနေပါတယ်။ဝိုင်းမော်-ဆဒုံး-ကံပိုက်တီးလမ်းတလျှောက်သွားနေတဲ့ယာဉ်တွေ ကိုလဲ မနှစ်ကထက်နှစ်ဆတိုးပြီးငွေတောင်းခံနေတာမို့ ယာဉ်သွားလာမှုကျဲနေပါတယ်။
                                                                                                                  ခေါင်လွန်း (မြစ်ကြီးနား)
                                                                                                                 ဆက်လက်ဖော်ပြပါမည်
Tags: