နိုဝင်ဘာလ(၂)ရက်နေ့ကအစိုးရတပ်ကတပ်ဖွဲ့တစ်ဖွဲ့ဟာဝိုင်းမော်နဲ့လိုင်ဇာသွားတဲ့ကားလမ်းတစ်လျှောက်သွားလာ
နေစဉ်မှာရွာသားတစ်ဦးရဲ့ပြောပြချက်အရဆမားလမ်းခွဲနားမရောက်ခင်မှာကားလမ်းရဲ့ဘေးဘယ်ညာမှာထောင်ထား
တဲ့မိုင်း(၅)လုံးတွေ့ရှိပြီးရီမုနဲ့ဖောက်ခွဲရတဲ့မိုင်းတွေဖြစ်နေလို့အလွန်အန္တရာယ်များတဲ့အတွက်စစ်တပ်ကပစ်ခတ်ဖောက်
ခွဲဖျက်ဆီးလိုက်ပါတယ်။ဆမားရွာကရွာသားတွေပြောတာကတော့“အဲဒီမိုင်းတွေဟာကချင်လက်နက်ကိုင်တပ်တွေ
ကအစိုးရတပ်တွေလာမှာကိုသိလို့ကချင်ပြည်သူ့တပ်ဖွဲ့ဝင်တွေကိုထောင်ခိုင်းထားခဲ့တာပါ။KIAတပ်တွေကသူ
တို့စခန်းနားမှာတင်မကဘဲရွာအနီးနားနဲ့ကားလမ်းဘေး၊ဘယ်ညာမှာမိုင်းတွေအများကြီးထောင်ထားလို့ရွာ
သားတွေခဏခဏမိုင်းထိနေရတယ်လို့”လို့ပြောပါတယ်။
အဲဒီနေ့ကဆမားလမ်းခွဲရောက်ခါနီးလေးမှာစစ်တပ်နဲ့KIAတပ်တွေတိုက်ပွဲဖြစ်ကြပါတယ်။အဲဒီတိုက်ပွဲမှာKIA
ကတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားပါတယ်။အဲဒီမှာKIAအဖွဲ့ကကျန်ခဲ့တဲ့အစိတ်(၆၀)တိုက်မိုင်း(၁၆)လုံးနဲ့သေနတ်တစ်
လက်ကျန်ခဲ့လို့စစ်တပ်ကသိမ်းယူသွားတယ်လို့မျက်မြင်တွေ့လိုက်တဲ့ဆမားရွာသားတစ်ဦးကပြောပြပါတယ်။KIA
တပ်ဖွဲ့တွေအနေနဲ့စစ်တပ်လာနိုင်တဲ့နေရာတွေမှာမိုင်းထောင်ပါတယ်။မိုင်းကွဲသံကြားတာနဲ့ပစ်ခတ်ပြီးထွက်ပြေးကြ
ပါတယ်။ပြောရယင်တော့ပျောက်ကြားစနစ်ကျင့်သုံးနေတာပါ။ဒါပေမဲ့တစ်အိမ်တစ်ယောက်ဆင့်ခေါ်ထားတဲ့သူတွေ
ကိုမိုင်းလိုက်ထောင်ခိုင်းတဲ့ပျောက်ကြားစနစ်ဖြစ်လို့ကိုယ်မိုင်းကိုယ်ပြန်ထိပြီးထိခိုက်မှုတွေများနေကြောင်းအဲဒီရွာသား
ကပြောပါတယ်။