KIAတပ်ဖွဲ့တွေစိုးမိုးထားတဲ့
ကျေးရွာများရှိဒေသခံများဟာ အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲများဖြစ်ပွား
လာမှာစိုးရိမ်တဲ့အတွက် နေအိမ်တွေကိုစွန့်ခွာပြီး
တရုတ်-မြန်မာနယ်စပ်ကိုထွက်ပြေးနေကြပါတယ်။ တစ်ချို့အိမ် ထောင်စုတွေကတော့
ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ဆွေမျိုးတွေထံသွားရောက်နေထိုင်ကြသလို
တစ်ချို့ကတော့ခရစ် ယာန်ကျောင်းတွေမှာသွားရောက်နေထိုင်ကြပါတယ်။
တရုတ်-မြန်မာနယ်စပ် ကိုသွားတဲ့သူတွေကိုတော့ တရုတ်နိုင်ငံ ဘက်က
သူတို့နိုင်ငံထဲကိုအ၀င်မခံဖို့ နယ်စပ်ဒေသအာဏာပိုင်တွေကို
ညွှန်ကြားထားတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဘက်မှာ
ရောက်ရှိနေတဲ့ ဒုက္ခသည်(၂၀၀၀)ကျော်ကိုလဲ နေရပ်းဒေသတွေပြန်ဖို့ တရုတ်အာဏာ
ပိုင်တွေကဒီဇင်ဘာလ(၉)ရက်နေ့ကလာရောက်ပြောခဲ့တယ်လို့ ဒုက္ခသည်ကူညီရေးကော်မတီ
တာဝန်ခံ ဦးဒွဲပီဆားက ပြောပါတယ်။“
မြန်မာတပ်တွေနဲ့
ကချင်တပ်တွေတိုက်ပွဲဖြစ်နေတာ ခုဆိုရင်(၆)လကျော်သွားပါပြီ။မြန်မာဘက်က ကချင်
တပ်(KIA)ကို အပြီးအပိုင်တိုက်ခိုက်တာမတွေ့ရသေးပါဘူး။ကချင်ဘက်ကလဲ
ကချင်ပြည်နယ်မှာ မြန်မာတပ်တွေဝင် မလာအောင်
ကာကွယ်ထားနိုင်ခြင်းမရှိသေးပါဘူး။ လောလောဆယ်ဒုက္ခရောက်နေတာ
ရွာတွေမှာနေထိုင်တဲ့လူထု တွေဖြစ်ပါတယ်။ ရွာတွေမှာ KIA
တပ်တွေအတွက်ရိက္ခာတွေပေးနေရတဲ့အပြင် ကချင်တပ်အတွက် အမှုထမ်းဖို့ခေါ်
နေတာတွေရှိနေပါတယ်။ အရင်တုန်းက ယောက်ျားတွေလောက်ပဲခေါ်နေပေမဲ့ အခုအခါမှာတော့
မိန်းမတွေပါခေါ်နေ တဲ့အတွက်သူတို့ဟာရွာတွေကိုစွန့်လွှတ်ပြီးထွက်ပြေးနေကြရတာ
ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလဲ ဒုက္ခသည်တွေကို လက်မခံတော့ပါဘူး ။
မန်စီမြို့နယ်မှာရှိတဲ့ မုန်းတိမ်းပါရွာသားတစ်ဦးဖြစ်တဲ့ လဆွတ်နော်က``
ကျွန်တော်တို့က ရွာတွေကို စွန့်ပြီး
မသွားချင်ပါဘူး။အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေချင်ပါတယ်။
စစ်တပ်ကလာရင်လဲကြောက်ရ တယ်။ကချင်တပ်တွေလာရင်လဲကြောက်ရတယ်။ရွာနားမှာ
တိုက်ပွဲဖြစ်ရင် သေမှာကြောက်ရတယ်။ဒီအ တိုင်းနေရင်လဲ သူတို့ (KIA)
ကိုဆန်တွေပေးရတယ်။ ငွေလဲပေးရတယ်။ လူလဲပေး ရတယ်။ဘယ်လိုမှမခံနိုင်တော့ ဘူး။
ဒါကြောင့် ဗန်းမော်မှာရှိတဲ့ ဆွေမျိုးတွေဆီပဲ သွားနေတော့မယ်`` လို့ပြောပါတယ်။ အစိုးရတပ်တွေနဲ့ ကချင်တပ်တွေ ငြိမ်းချမ်းရေးမယူသရွေ့တော့ လူထုတွေဒုက္ခရောက်နေဦးမှာဖြစ်ပါတယ်။