မိုးမောက်မြို့နယ် မဒပ်ရွာနားမှာ (၂၆)ရက်နေ့အထိတိုက်ပွဲဖြစ်နေ



နိုဝင်ဘာလ(၂၆) ရက်နေ့က မိုးမောက်မြို့နယ် မံဒပ်ရွာ အနီးမှာနည်းဗျူဟာ(၈၈၂)လက်အောက်ခံ အစိုးရတပ်ရင်း (၁)ရင်းနဲ့ ကေအိုင်အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။





 လက်နက်ငယ်နဲ့လက်နက်ကြီးကျည်ဆံထိလို့ ကေအိုင်အေဘက်က (၃)ယောက်ကျပြီး (၄)ယောက်အပြင်း အထန်ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရရာတဲ့လူနာတွေကို မထန်းရွာ၊ဂျခိုင်ရွာ၊လွယ်လုံးရွာ၊လောခန်ရွာ တွေကိုဖြတ် ပြီး တောလမ်းအတိုင်း မိုင်ဂျာယန်ဆေးရုံကိုသယ်ယူ သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတစ်ဦးကပြောပါ တယ်။
နိုဝင်ဘာလ (၁) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ အစိုးရတပ်တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာ ကေအိုင်အေဘက်ကသေဆုံးသူ(၂၃)ယောက်နဲ့ ဒဏ်ရာရလို့မိုင်ဂျာယန်မှာ ဆေးကုသနေတာ (၄၁)ဖြစ်ပြီး သေဆုံး/ဒဏ်ရာရသူစုစုပေါင်း (၆၇)ရှိပြီလို့ သိရပါတယ်။
Tags: