KIA
တပ်ဖွဲ့တွေအနေနဲ့ အစိုးရတပ်တွေရဲ့ တပ်စခန်းငယ်တွေအပေါ်
လျပ်တပျက်ဝင်ရောက်တိုက် ခိုက်ရာမှာ အောင်မြင်မှုတွေရနေပေမဲ့
အစိုးရစစ်ကြောင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရာတော့ ကျဆုံးမှုတွေ များနေပါတယ်။
လိုင်ဇာက ထုတ်ပြန်တဲ့အစီရင်ခံစာတစ်စောင်မှာဖော်ပြထားတာကတော့ အောက်တိုဘာ ၅
ရက်နေ့ကနေ ၂၇ ရက်နေ့အထိတိုက်ပွဲတွေမှာကျဆုံးခဲ့တဲ့အခြေအနေဖော်ပြထားပါတယ်။
ခယာတိုက်ပွဲမှာ အရာရှိ ၂ဦးနဲ့အခြားအဆင့် ၁၆ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရ
ပါတယ်။ အဲဒီဒဏ်ရာရတဲ့ သူတွေထဲက ဗိုလ်မှူး အင်ဒွဲနော်ဂျာဟာ အောက်တိုဘာ ၂၄
ရက်နေ့မှာ သေဆုံးသွားပါတယ်။ သူနဲ့သူ့လက်အောက်က တပ်ဖွဲ့ဝင်
ကျဆုံးခဲ့သူတွေရဲ့ ဆုတောင်းပွဲ ပြုလုပ်ပေးခဲ့ပေမဲ့ ကျဆုံး၊ဒဏ်ရာရသူတွေကို
KIO ကထောက်ပံ့ကြေး မပေးနိုင်ကြောင်း လက်နက်ကြီးထိမှန်လို့ လက်ဝဲဘက်လက်
ဖြတ်ပစ်ခဲ့ရပါတဲ့ ဗိုလ်ကြီးရှောင်လာက ရင်ဖွင့်ပြောကြားလာခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့ကတော့
ခယာတောင်ခြေနားမှာသူတို့ထောင်ထားတဲ့မိုင်းသူတို့နင်းမိလို့
ဗိုလ်လမာတူးရိန်သေဆုံးခဲ့ပါတယ်။အောက်တိုဘာ၂၆ ရက်နေ့အရိန္ဒမာတိုက်ပွဲမှာ
KIAတပ်ဖွဲ့ဝင် ၁၀ဦင်္း ကျော်သေဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့ပါတယ်။
လမ်းခရီးမှာဒဏ်ရာရတဲ့သူတွေပို့ဆောင်နေစဉ်မှာပဲ တပ်ဖွဲ့ဝင် (၂) ဦး
လမ်းမှာသေဆုံးသွားခဲ့ပါတယ်။ ဒီလိုအများအပြား ကျဆုံးခဲ့ရတာ
ရန်သူ့တပ်ရဲ့လက်နက်ကြီး ပစ်ခတ် မှုကြောင့်ဖြစ်ပြီး၊ အမြောက်ကျည်များ
တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ ဗိုလ်ကြီးရှောင်လာက ပြောကြား လာခဲ့ပါတယ်။
ယခုတလော တပ်ဖွဲ့ဝင်များ ကျဆုံးမှုတွေများနေတဲ့အတွက် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ကတော့ KIA
တပ်တွေ ကျဆုံးများနေတာကို လက်တုန့်ပြန်တဲ့အနေနဲ့ လမ်းတွေ၊ တံတားတွေ၊
အစိုးရအဆောက်အဦးတွေရနိုင်သမျှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးဖို့၊ ပြီးတော့
သတင်းမီဒီယာတွေမှာ KIA ဘက်ကနေလက်ဦးမှုရယူပြီးအစိုးရက
လုပ်တဲ့ပုံစံမျိုးဖြစ်အောင်လုပ်ဖို့..လို့ ညွှန်ကြားထားတဲ့ အကြောင်း
လိုင်ဇာမှရရှိတဲ့သတင်းတွေအရ သိရှိရပါတယ်။