• မူလစာမျက်နှာ
  • စာပေဟောပြောပွဲ ( ၁၂၃ ) ဖိုင်
  • မူလစာမျက်နှာ
  • ဗီဒီယိုမှတ်တမ်းများ
  • ဓာတ်ပုံသတင်းများ
  • KIA အကြောင်း
    • Category
      • Category
      • Category
      • Category
      • Category
    • Category
    • Category
    • Category
  • မြန်မာ့အရေး
  • နိုင်ငံတကာအရေး
  • အတွေးအခေါ်များ
    • Category
    • Category
    • Category
    • Category
လက်ရှိဖတ်ရှုနေသောခေါင်းစဉ်: မူလစာမျက်နှာ »
Showing posts with label ကချင်သတင်း. Show all posts

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၁၂) ရက်နေ့က ကျင်းပပြုလုပ်သော နယ်မြေလုံခြုံရေးအရ ရှောင်တိမ်းလာရသူများအတွက် ပြည်ထောင်စုလွှတော်ကိုယ်စားလှယ်များမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ အလှူငွေပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် သိရှိခဲ့ရသော ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွှတော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို တင်ပြအပ်ပါသည်။

ဦးခတ်ထိန်နန်

ဦးခတ်ထိန်နန်

ပျော်ရွှင်နေရမယ့် ဒီဇင်ဘာခရစ်စမတ်အချိန်အခါမှာ ကျွန်တော်တို့တွေဟာ ၀မ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မတည်ငြိမ်ခြင်းတွေ စတဲ့ခံစားမှုကိုယ်စီနဲ့ ဒီနေ့ဒီလမှာ တွေ့ဆုံနေကြရပေမယ့် လုံခြုံရေးအရခိုလှုံလာရသူများ၊ မိသားစုများကို ဖေးမကူညီစောင့်ရှောက်နိုင်ရန်အတွက် ကျွန်တော်တို့အားလုံးဟာ တက်ညီလက်ညီ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး သုံးရပ်နှင့်အတူ စတုတ္ထမဏ္ဍိုင်ဟာလည်းပဲ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တဲ့အတွက် ဒီနေ့မြစ်ကြီးနားမှာရှိတဲ့ ပြည်တွင်းမီဒီယာများ အထူးသဖြင့် ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားကို ခေတ်သစ် စနစ်သစ် အစိုးရသစ်လက်ထက်မှာ ပထမဆုံးရောက်လာတဲ့ ပြည်တွင်းမီဒီယာများထဲက မြန်မာတိုင်းမ်၊ Voice ၊ Weekly Eleven ၊ Hot News ၊ ကုမုဒြာ စတဲ့သတင်းမီဒီယာများကို လည်း ကချင်ပြည်နယ်က ကြိုဆိုသလို ကျေးဇူးလည်း အများကြီးတင်ပါတယ်။ ဒီကနေ့ ရောက်ရှိလာတဲ့ Hot News journal အယ်ဒီတာချုပ် ဒေါ်ဟေမာကလည်း ငွေကျပ် သိန်း(၆၀) ကို ကိုယ်တိုင် စခန်းတွေကို လိုက်လံလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဦးဂျေရောဝူ

ဦးဂျေရောဝူ

တပ်မတော်ဆိုတာလည်း တိုင်းရင်းသားမျိုးစုံပါဝင်ပါတယ်။ ကျွန်တော်လွှတော်မှာလည်း တင်ပြထားပါတယ်။ လူနည်းစုတိုင်းရင်းသားတွေကို အနိုင်ကျင့်တာမျိုးတော့ မဖြစ်စေချင်သလို တိုင်းရင်းသားတွေအနေနဲ့လည်း မဖြစ်နိုင်တဲ့ ပြည်ထောင်စုကြီး ပြိုကွဲစေမယ့်တောင်းဆိုမှုတွေကို မတောင်းဆိုစေချင်ပါဘူး။ စစ်ပွဲတွေကြောင့် ခေတ်သစ်ပြည်သူတွေလည်း သေကြေပျက်စိးကြပြီး အများကြီးဒုက္ခရောက်ရပါတယ်။ ကလေးတွေလည်း မိဘမဲ့ ဖြစ်ကုန်တာတွေ ရှိပါတယ်။ ဒါကြောင့် အပစ်အခက် အမြန်ဆုံးရပ်ဆဲပြီး အမြင်မတူတာတွေကို ညှိနှိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖော်ဆောင်နိုင်အောင်သာ ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒေါ်ဒွဲဘူ

ဒေါ်ဒွဲဘူ

မည်သည့် တိုင်းရင်းသားလူမျိုးမဆို သေနက်သံ ဗုံးသံကို မကြားလိုကြကြောင်း ငြိမ်းချမ်းမှုနဲ့ ဆန့်ကျင်တဲ့ စစ်နှင့် သွေးထွက်သံယိုမှုများကို လုံးဝမကြားလိုကြောင်း၊ မိမိတို့ကချင်ပြည်နယ်မှာ သေနက်သံ ဗုန်းသံ မိုင်းကွဲသံများကို ပြန်လည်ကြားနေရပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများ စိတ်မချမ်းမြေ့မှုနဲ့ စိုးရိမ်ထိတ်လန့်မှုများ ကြီးမားစွာခံစားနေရကြောင်း
ဦးစောသိန်းအောင်
တိုင်းရင်းသားအဖွဲ့အစည်းများသည် လူမျိုးစုံ၊ ဒေသစုံမှ ကျဉ်းမြောင်းသည့် အယူအဆများကို စွန့်လွှတ်လျှက် တစ်ဦးနှင့်တစ်ဦးနားလည်မှု ရယူကာ ပွင်လင်းစွားဆွေးနွေးတိုင်ပင်၍ ဒေသအကျိုး၊ နိုင်ငံအကျိုးဆောင်ရွက်သွားကြ မှသာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှန်အဟုန်တိုးမြှင့်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း။

Ref : http://www.hotnewsweekly.com/


 
KIA အဖွဲ့အနေဖြင့် အစိုးရနှင့်တိုက်ပွဲများ ဖြစ်ပွားနေချိန်အတွင်း စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်။ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက်တည်ဆောက်ထားသော လမ်း၊ တံတား၊ တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ KIA အဖွဲ့၏ ဆောင်ရွက်ချက်များသည် အစိုးရတပ်များကို များစွာမထိခိုက်သော်လည်း ဒေသခံပြည်သူများ၏ စားဝတ်နေရေးကို အခက်အခဲဖြစ်စေပါသည်။ အတင်းအဓ္ဓမ လူသစ် စုဆောင်းခြင်း၊  ကျေးရွာအုပ်ချုပ်ရေးမှုးများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထပ်ခါထပ်ခါ လုပ်ဆောင်လျှက်ရှိပါသည်။ 
 
 
ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်ခံရသော ကာမိုင်းမြို့နယ်၊ မအူပင်ကျေးရွာမှ ရာအိမ်မှုး ဦးမြင့်စိုး

ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က တပ်မဟာ ၃ ၊ တပ်ရင်း ၂၇ မှ ဗိုလ်ကြီး လဒွဲ ခေါင်းဆောင်သော အဖွဲ့သည် မန်စီမြို့နယ်၊ ဟန်ထက်ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းမောင်နှင့် လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ရွှင်တို့အား ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ KIAမှ ဖမ်းဆီးခေါ်ဆောင်သွားသော ကျေးရွာအုပ်ချုပ်ရေးမှူး အများစုမှာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခံရသဖြင့် ၄င်းမိသားစုများက စိုးရိမ်လျှက်ရှိပါသည်။ ဟန်ထက်ကျေးရွာမှ မျက်မြင်တစ်ဦးမှ “ KIA အဖွဲ့တွေက အရပ်ဝတ်နဲ့ ရွာထဲကို ၀င်လာတာ၊ နောက်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အိမ်ပေါ်ကနေ အတင်းဆွဲချပြီး ကြိုးတုပ်တော့တာပဲ၊ သူတို့က သေနတ်တွေနဲ့ဆိုတော့ ဘယ်သူမှလည်း ၀င်မဆွဲရဲဘူး။ ကြိုးတုပ်နေရင်းနဲ့ ဦးသိန်းမောင်က ရုန်းတော့ ခြေထောက်နဲ့ မျက်နှာကို ၀ိုင်းကန်ကြတယ်။ ခုလိုခေါ်သွားခံရတဲ့လူ အများစုကတော့ ရွာကို ပြန်ရောက်မလာကြပါဘူး။ နောက် ၂/၃ ရက်လောက်နေလို့မှ ပြန်ရောက်မလာတော့ရင်၊ တောထဲမှာ သေနေတာကိုပဲ တွေ့ရတာပါ ” လို့ ပြောကြားခဲ့ပါတယ်။ “ လက်နက်အားကိုးနဲ့ ဒေသခံတိုင်းရင်းသားတွေကို အနိုင်ကျင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတာ လူ့အခွင့်အရေးချိုးဖောက်ပြီး စစ်ရာဇ၀တ်မှုကျူးလွန်နေတယ်ဆိုတာ အားလုံးအသိပါပဲလို့ ” ဒေသခံ ကချင်လူမျိုးတစ်ဦင်္းကပြောကြားခဲ့ပါတယ်။
 
Ref : http://kachindailynews.blogspot.com/

ကျွန်မကို ဟိုပင်မြို့နဲ့ မဝေးတဲ့ ရွာတစ်ရွာမှာ ကချင်တိုင်းရင်းသားမိဘတွေက ၁၉၆၈ ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ်၊ ကျွန်မငယ်စဉ်ကတည်းက မှတ်မိသလောက် ကျွန်မရဲ့ဇာတိကျေးရွာဝန်းကျင်မှာ KIA က ကြီးစိုး ခြယ်လှယ်နေခဲ့တာပါ။





အဖေဆိုရင် သူရှာရသမျှငွေကြေးကို အမေ့ကိုတောင် ပွင့်ပွင့်လင်းလင်းမပြောရဲဘူး၊ ငွေရတာ KIA ကသိရင် ဆက်ကြေးလာတောင်းမှာ စိုးလို့ပါ၊ ကျွန်မ ၆ နှစ် အရွယ်လောက်မှာ အဖေဟာ ကျွန်မတို့ မောင်နှမတွေရဲ့ ဘ၀ တက်လမ်းအတွက် အေးချမ်းစွာပညာသင်နိုင်အောင် စုဆောင်းရသမျှငွေကို အရင်းအနှီးလုပ်ပြီး မိသားစုနဲ့အတူ မြစ်ကြီးနားမြို့ပေါ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။







ကျွန်မ မြစ်ကြီးနားမြို့မှာ အခြေချပြီး ပညာသင်နေပေမဲ့ ကျွန်မဇာတိမြေက သတင်းတွေကိုတော့ အမြဲတမ်းနားစွင့်နေခဲ့တာပါ၊ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မတို့မိသားစုလို မြို့ပေါ်ပြောင်းရွှေ့မလာနိုင် သူတွေကတော့ KIA က ပေးတဲ့ဒုက္ခတွေကို တနင့်တပိုးခံနေရတာ နားနဲ့မဆံ့ကြားနေရပါတယ်၊ သွားလာ ဆက်သွယ်ရေးအနေနဲ့လည်း ဟိုပင်-မြစ်ကြီးနား မီးရထားလမ်းကြီးရှိပေမဲ့ KIA က မိုင်းတွေခွဲနေတာကြောင့် ရထားစီးမယ်ဆိုရင်  အန္တရာယ်ကင်းစေဖို့ ဘုရားသခင်ထံမှာ အထပ်ထပ်ဆုတောင်းပြီးမှ စီးရတယ်၊ သူငယ်ချင်း တစ်ယောက်ရဲ့အဖေဟာ ဖားကန့်ဘက်မှာ အနှစ်နှစ်အလလပင်ပန်းစွာနဲ့ ကျောက်တူးဖော်ရင်း ကျောက်အောင်ခဲ့တယ်၊ ဒီကျောက်ဟာ သူ့ရဲ့သွေး ချွေးတွေနဲ့ ရင်းပြီး ရှာဖွေခဲ့ရတာပါ၊ ဒါပေမဲ့ အောင်တဲ့ကျောက်ဟာ သူနဲ့သူ့မိသားစုအတွက် မဖြစ်ခဲ့ဘဲ KIA အတွက် လက်နက်ဝယ်ဖို့ဖြစ်ခဲ့တယ်၊ အကြောင်းကတော့ KIA က ကျောက်အောင်တဲ့သတင်းရသွားတဲ့အတွက် သူငယ်ချင်းရဲ့အဖေကို ရက်စက်စွာ သတ်ဖြတ်ပြီး ကျောက်ကိုလုယူသွားခဲ့ခြင်းပါပဲ။
          ၁၉၉၄ ခုနှစ်ဝန်းကျင် ကျွန်မအသက် ၂၆ နှစ်လောက်မှာ KIA နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးရရှိပြီဆိုတဲ့ သတင်းဟာ ကျွန်မတို့ မြစ်ကြီးနားမြို့ပေါ်ကို မင်္ဂလာရှိစွာ ရောက်လာခဲ့ပါတယ်၊ ကျွန်မအပါအ၀င် မြစ်ကြီးနား တစ်မြို့လုံးသာမက ကျွန်မဇာတိကျေးရွာမှာရှိတဲ့ သူတွေအားလုံး ဖော်မပြတတ်အောင် ၀မ်းသာခဲ့ရတယ်၊ ငြိမ်းချမ်းမှုရဲ့ အရသာကြောင့် အေးချမ်းစွာလုပ်ကိုင်စားသောက်နိုင်ခဲ့တဲ့အတွက် ကားပိုင်၊ အိမ်ပိုင်တွေနဲ့ အေးချမ်းပြည့်စုံတဲ့ ဘ၀တွေကို ပိုင်ဆိုင်လာခဲ့ကြပါတယ်၊  သွားလာဆက်သွယ်ရေးကောင်းမွန်လာတဲ့အတွက်လည်း ဟိုပင်နဲ့ မြစ်ကြီးနား ချောင်းပေါက်မတတ်သွားလာနိုင်ခဲ့ကြတယ်၊ နှစ်ပေါင်း ၂၀ နီးနီး ဝေးကွာခဲ့ရတဲ့ ကျွန်မရဲ့ ဇာတိမြေကို အပူအပင်ကင်းကင်းနေ့ညသွားရောက်လည်ပတ်နိုင်ခဲ့ပါတယ်။
          ဒီလိုအေးချမ်းတဲ့ အခြေအနေတစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး လုံးဝပြောင်းလဲသွားခဲ့ပါတယ်၊ ၁၇ နှစ်လောက် အေးချမ်းနေတဲ့ ကချင်ပြည်နယ်ဟာ ဗုံးသံအမြောက်သံတွေနဲ့ စစ်မြေပြင်ပြန်ဖြစ်လာခဲ့တယ်၊ KIA ဟာ အရင်လုပ်ခဲ့ဖူးတဲ့ အလုပ်တွေကို ပြန်လုပ်လာတာပါပဲ၊ ကျွန်မရဲ့ ဇာတိဟိုပင်မြေနဲ့ မြစ်ကြီးနားကြားမှာရှိတဲ့ ရထားလမ်းကို အကြိမ်ကြိမ်မိုင်းခွဲဖျက်ဆီးနေကြတယ်၊ အစိုးရက ပြင်လိုက် သူတို့က ခွဲလိုက်နဲ့၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဟိုပင်က မြစ်ကြီးနားကိုလာရင် ဆားမှော်မရောက်ခင်နားမှာ ရထားလမ်းမိုင်းကွဲတာတွေဖြစ်ခဲ့တယ်၊ ဖြစ်တဲ့နေရာမှာအလောင်း ၂ လောင်းတွေ့ရပြီး တစ်ယောက်က ကျွန်မတို့ဇာတိရွာက မဒီလှအောင် လို့ပြောတယ်၊ သူက ကျွန်မမြစ်ကြီးနားကို ပြောင်းလာပြီးနောက်ပိုင်း KIA က လူသစ်စုလို့ KIA ထဲကို ရောက်သွားခဲ့တာ တပ်ကြပ်အဆင့်ရနေပြီလို့ သိရတယ်၊ တစ်ယောက်ကတော့ ကပ်ကျော်တောင်ရွာဘက်ကလို့ ပြောတယ်၊ မိုင်းထောင်ရင်း ကိုယ်ထောင်တဲ့မိုင်း ကိုယ့်လက်ထဲမှာတင်ကွဲပြီး သေသွားကြတာဖြစ်ပါတယ်၊ KIA ဟာ ဒီဒေသကလူတွေကိုပဲ နယ်မြေကျွမ်းကျင်တယ်ဆိုပြီး မိုင်းပြန်ထောင်ခိုင်းတာပါ၊ အခိုင်းခံရတဲ့သူတွေ မိုင်းထောင်နည်း မကျွမ်းကျင်တာရယ် ဖြစ်သလိုလုပ်ထားတဲ့မိုင်းတွေရယ်ကြောင့် အခုလိုဖြစ်ခဲ့တာပါ၊ ခြေပြတ်၊ လက်ပြတ်နဲ့ တစ်ပိုင်းစီဖြစ်ပြီး သေသွားသူတွေရဲ့ မိသားစုတွေအတွက်ကတော့ ယူကြုံးမရဖြစ်စရာပါပဲ၊ အဆိုးဆုံးကတော့ တစ်ချို့နေရာတွေမှာ သူတို့ကိုယ်တိုင် မိုင်းသွားမထောင်ဘဲ မသိနားမလည်တဲ့ ရွာသားတွေကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး မိုင်းတွေထောင်ခိုင်းနေပါတယ်။



ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျွန်မတို့ မြစ်ကြီးနားမြို့ပေါ် သီတာရပ်ကွက်က ဦးဒယောင်တန်ဂွမ်းအိမ်မှာ ဗုံးပေါက်ကွဲသွားလို့ အပြစ်မဲ့ ကလေး၊ လူကြီးတွေ အများအပြားသေကြေခဲ့ရပါတယ်၊ ကျွန်မ သွားကြည့်ချင်ပေမဲ့ မိသားစုကတားလို့ သွားမကြည့်ဖြစ်ခဲ့ဘူး၊ ရပ်ကွက်ထဲကပြောတာကတော့ KIA ရဲ့ မိုင်းတွေစုထားတဲ့အိမ်မှာ မိုင်းထောင်ပုံလေ့ကျင့်ရင်းနဲ့ မတော်တဆပေါက်ကွဲသွားတာလို့သိရတယ်၊ သေသွားသူတွေအတွက် ဘုရားသခင် ထံမှာ ဆုတောင်းပေးနိုင်ရုံကလွဲလို့ ကျွန်မဘာမှမတတ်နိုင်ခဲ့ဘူ့း။
ကျွန်မစဉ်စားမိတယ် ကျွန်မငယ်စဉ်ကတည်းက လေးစားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ခုထဲမှာ တိုင်းပြည်တိုးတက်ဖို့ ပြောခဲ့တာရှိတယ်၊ ဗိုလ်ချုပ်ပြောခဲ့တာက ]]ကြိုးစားလုပ်ကိုင်မှ အနှစ် ၂၀ လောက်ကြာမှာ ဗမာပြည်တော်ရုံရောက်မယ်၊ မလုပ်လို့ရှိရင် ယိုးဒယားကိုတောင်မီမှာ မဟုတ်ဘူး၊ အခြားသော လွတ်လပ်သော တိုင်းပြည်များ ခြေတစ်လှမ်း လှမ်းလျှင် ကိုယ်က ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံကြမယ်}} ဒီမိန့်ခွန်းကို ကျွန်မအရမ်းသဘောကျတယ်၊ အခု KIA လုပ်နေတာတွေက ခြေ ၄-၅ လှမ်းတော့ လှမ်းနေပါတယ်၊ ဒါပေမယ့် ရှေ့ကိုလှမ်းတာမဟုတ်ဘဲ နောက်ကိုပြန်လှမ်းနေတဲ့အတွက် လွန်ခဲတဲ့နှစ်ပေါင်း ၄၀ ကျော် ကျွန်မငယ်ငယ်တုန်းက အေးချမ်းမှုမရှိတဲ့အခြေအနေမျိုးကို ပြန်ပြီးရောက်ရှိနေခဲ့ပါပြီ၊ ရင်နာစရာပါပဲရှင်။
ကံဆိုးစွာနဲ့ ကျွန်မရဲ့ ၀မ်းကွဲမောင်တစ်ဦးဟာ KIA တပ်မတော်က တပ်သားသစ်စုတဲ့အချိန်တုန်းက အဓမ္မ ဆွဲခေါ်သွားခြင်းခံရပြီး အခု KIA မှာ အရာရှိတစ်ဦးဖြစ်နေပါတယ်၊ သူ KIA ထဲကိုရောက်တုန်းက သူ့ဆန္ဒနဲ့ မဟုတ်ဘဲ ရောက်ခဲ့တာဖြစ်ပေမဲ့ အခုအချိန်မှာ ဇာတိရွာကို ပြန်လာဖို့ပြောတာ ဘယ်လိုမှပြောလို့ မရတော့ဘူး၊ ငွေကြေးလည်း တော်တော်လေးပြည့်စုံနေပြီလို့ သိရတယ်၊ ဒီလိုပြည့်စုံတဲ့ဘ၀တစ်ခုကို ရသွားတဲ့အတွက် အဓမ္မ စုဆောင်းခံရစဉ်က အခြေအနေတွေကိုတောင် မေ့သွားတော့တာပါပဲ၊ ကျွန်မမြစ်ကြီးနားမြို့ပေါ် ရောက်ရှိနေတဲ့အချိန်နောက်ပိုင်း သူနဲ့ ရံဖန်ရံခါအဆက်အသွယ်ရှိခဲ့ပါတယ်၊ နောက်ဆုံး သူ လိုင်ဇာကို ရောက်နေတယ်ဆိုတာကိုလည်း သိရတယ်၊ သူ့ဆီကရတဲ့ နောက်ဆုံးသတင်းတစ်ခုကတော့ အလွန်ဝမ်းနည်းစရာပါပဲ။



လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်မိသားစုတွေအတွက် သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ UNHCR၊ UNICEF လို အဖွဲ့အစည်းတွေက ပေးပို့ထောက်ပံ့တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဗန်းမော်ကတဆင့် လိုင်ဇာကို ရောက်လာခဲ့တယ်၊ ဆေးဝါး၊ စားစရာ၊ အနွေးထည်တွေအစုံပဲ၊ အခုချိန်က လိုင်ဇာမှာ အရမ်းအေးတဲ့ အချိန်ဆိုတော့ အနွေးပစ္စည်းတွေ အလွန်ပဲလိုအပ်နေပါတယ်၊ ကလေးတွေဆိုရင် အ၀တ်ပါးလေးတွေနဲ့ ဘယ်လိုမှ မနေနိုင်ဘူး၊ ပစ္စည်းတွေ စားသောက်စရာတွေ ရတော့မယ်ဆိုပြီး ၀မ်းသာနေတဲ့အချိန်မှာပဲ ဥက္ကဌ ဦးဇောင်ဟရားရဲ့ အမိန့်တစ်ခုရောက်လာတယ်၊ အစိုးရဆီက ထောက်ပံ့တာတွေအားလုံး လက်မခံဘဲ ပြန်ပို့ရန်ဆိုတဲ့အမိန့်ပဲ ဖြစ်ပါတယ်၊ တစ်ကယ်တော့ သူတို့ကိုယ်တိုင် ဘာမှပြည့်စုံအောင် လုပ်မပေးနိုင်ဘဲ ဒီလိုအမိန့်ပေးတာဟာ   ဒုက္ခသည်တွေကို မဆိုထားနဲ့ ကျွန်မရဲ့မောင်လို KIA အရာရှိတစ်ဦးအတွက်တောင် အတော်ပဲခံပြင်းစရာ ဖြစ်စေခဲ့တယ်၊ KIA လူကြီးတွေဟာ လိုင်ဇာကို လာရောက်နေထိုင်တဲ့သူတွေကိုဗန်းပြပြီး သူတို့ဆောင်ရွက်လိုတဲ့ အခြားရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုတာ သေချာတယ်လို့ သူကပြောတယ်၊ ကျွန်မလည်း ဒီသတင်းကြားကြားခြင်း လုံးဝမနေနိုင်လို့ မိသားစုဝင်တွေကိုပြောမိတော့ ကြားရတဲ့သူတွေအားလုံး အတော်လေးကို မခံချိမခံသာ ဖြစ်ကြတယ်၊ ဒုက္ခသည်စခန်းမှာ ရိက္ခာအလုံအလောက်မရရှိလို့ အငတ်ငတ်အပြတ်ပြတ်နေကြရမဲ့ ဘ၀ကို ကိုယ်ချင်းစာနာမိပါတယ်။
          အခုလိုဆောင်းတွင်းမှာ အ၀တ်အထည်နဲ့ စောင်တွေ လုံလုံလောက်လောက်မရှိကြတော့ အအေးဒဏ်ကို အလူးအလဲခံစားကြရပြီး ကလေးငယ်နဲ့ အသက်ကြီးတဲ့သူတွေဆိုရင် ဖျားနာတာတွေများနေပြီလို့ သိရပါတယ်၊ အားလုံးရဲ့ကိုယ်စားပြောရရင် ဒုက္ခရောက်နေသူတွေအတွက် လိုနေတာက အ၀တ်နဲ့စားစရာ ရလာတာက ထောင်စရာမိုင်း လို့ပဲ ဆိုချင်ပါတော့တယ်။
ပြီးခဲ့တဲ့ ၁၅ ရက်နေ့ သတင်းစာဖတ်ရပါတယ်၊ ၀မ်းသာစရာသတင်းထူးတစ်ခုကတော့ အစိုးရက စစ်တပ်ကို ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ မလုပ်တော့ဖို့ ညွှန်ကြားခဲ့ပါတယ်၊ စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်မလုပ်တော့ဘူးဆိုရင် KIA က ဘာဖြစ်လို့ ဆက်တိုက်နေရတာလဲ၊ သေချာတာကတော့ ဒေသခံတိုင်းရင်းသား တွေနဲ့ KIA လက်အောက်ခံစစ်သည်တွေက ငြိမ်းချမ်းရေးကို လိုလားတောင့်တနေပေမဲ့  စစ်ကိုသာလိုလားတဲ့ KIA စစ်သွေးကြွခေါင်းဆောင်တွေက ဆက်တိုက်ဖို့ အမိန့်ပေးနေလို့ပဲ ဖြစ်မှာပါ။
အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုလုပ်တဲ့သတင်းတွေ သတင်းစာနဲ့ ရုပ်မြင်သံကြားမှာ တွေ့နေရပါတယ်၊ ဒါဟာ အဲဒီဒေသကတိုင်းရင်းသားတွေအတွက် အင်မတန်ဝမ်းမြောက်စရာ ဖြစ်မှာပါ၊ ကျွန်မလည်း ကျွန်မမွေးရပ်ဇာတိအပါအ၀င် ကချင်ပြည်နယ်ကို အေးချမ်းစေလိုပါတယ်၊ ကျွန်မတို့ လိုလားတဲ့ ငြိမ်းချမ်းမှုကိုပဲ ပေးပါ၊ လူသတ်၊ တံတားဖျက်၊ ရထားလမ်းဖျက်မဲ့ဗုံးတွေ မိုင်းတွေကိုမပေးပါနဲ့တော့လို့ ဦးဇောင်းဟရားနဲ့ KIA လူကြီးများကို ကျွန်မတောင်းဆိုလိုက်ပါတယ်။

Ref : http://kachindailynews.blogspot.com/


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်ဦးဆောင်တဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၂ ရက် နံနက် ၈ နာရီက ၀ိုင်းမော်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်း၊ခတ်ချိုကျေးရွာဘုန်းကြီးကျောင်း၊မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ဆွတ် ငိုင်ကောင်(စီတပူနှစ်ခြင်းဘုရားကျောင်း)၊မန်ခိန်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်၊မြို့သစ်ကြီးရပ်ကွက်၊ ဒူကထောင် ရပ်ကွက်နှင့်လယ်ကုန်းရပ်ကွက်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့မှာ လတ်တလောပဋ္ဋိပက္ခကြောင့် ၀ိုင်းမော်နဲ့ မြစ်ကြီးနားမြို့များကိုပြောင်းရွှေရောက်ရှိလာတဲ့ကချင်မိသားစုတွေကိုထောက်ပံ့ငွေနဲ့ မိသားစုသုံးပစ္စည်းတွေ ထောက်ပံ့ပေးအပ်ပြီး၊ UN အဖွဲ့အစည်များဖြစ်တဲ့ UNHCR, UNICEF,UNOHCA, WFP နှင့် NGO များနဲ့တွေ့ဆုံပေး ခဲ့တယ်လို့အစိုးရသတင်းစာမှာဖော်ပြထားပါတယ်။
  စုစုပေါင်းထောက်ပံ့ကြေးငွေ သိန်း(၁၃၀)ရှစ်သောင်း၊မိသာစုပစ္စည်းများအပြင် အိမ်ထောင်စု ၆၀၀ အတွက်ငွေကျပ်၄၉၂ဒဿမ၂၇သိန်း တန်ဖိုးရှိမိသားစုသုံးပစ္စည်းတွေထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရှိရပါတယ်။
 
  အထက်ပါသတင်းနဲ့ပက်သက်ပြီးစီတာပူကကိုဘရန်နောင်က“အခုဒီထောက်ပံ့ငွေနဲ့မိသားစုသုံး ပစ္စည်းတွေပေးအပ်တဲ့ပွဲမှာထူးခြားတာကတော့ ယောင်္ကျားတွေမတွေ့ရဘူးဗျ၊ ကချင်အမျိုးသမီးတွေနဲ့ကလေး ငယ်လေး တွေကိုဘဲတွေရတယ်၊ကချင်ယောင်္ကျားတွေက KIA စစ်သားလုပ်နေရတယ်ထင်တယ်”လို့ပြော ကြားခဲ့ပါတယ်။

ရွှေလီရေအားလျှပ်စစ်စက်ရုံ
















အစိုးရစစ်တပ်နဲ့KIA ဟာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်နေပါပြီ၊တိုက်ပွဲတွေကြားမှာ ရှိတဲ့ရွာတွေက ရွာသားတွေကတော့သေနတ်သံဗုံးတွေရဲ့ လွတ်ကင်းရာကို ပြောင်းရွှေ့နေထိုင်ကြရပါတယ်။တိုက်ပွဲတွေမဖြစ်မီ အချိန်တွေတုန်းကလည်း အင်အားဖြည့်ဖို့အတွက် အတင်းလူစုဆောင်းတာတွေလုပ်ခဲ့ကြတယ် war fund ဆိုပြီးပိုက်ဆံတောင်းရမ်းတာတွေလုပ်ခဲ့ကြတဲ့အတွက် ရွာမှာချို့ချို့တဲ့တဲ့နဲ့နေခဲ့ကြရတဲ့ ရွာသားတွေဟာ သူတို့ခင်တွယ်တဲ့ အိမ်တွေကိုပစ်ပြီး KIAနဲ့ဝေးရာကိုထွက်ပြေးခဲ့ကြရပါတယ်။ပြည်နယ်မှာရှိတဲ့ လမ်းတွေတံတားတွေကို သုံးလို့မရအောင်ဖျက်စီးခဲ့ကြ အစိုးရစစ်တပ်ကိုမိုင်းထောင်တယ်ဆိုပြီး လက်လွတ်စပယ်မိုင်းထောင်ခဲ့လို့
ဘာမှမသိခဲ့ရှာတဲ့ ကချင်လူမျိုးရွာသားတွေအများအပြား ရက်ရက်စက်စက် ထိခိုက်သေဆုံးခဲ့ကြလို့ ကချင်ပြည်နယ်မှာ ပြည်နယ်သူ ပြည်နယ်သားတွေကတော့ အဖျက်လုပ်ရပ်တွေလုပ်နေတဲ့ အဖျက်သမား KIA ဆိုပြီး ရင်ထဲမှာနာကျင်နေခဲ့ ကြရခဲ့ပါပြီ။
ကချင်မှာတင်မက ရှမ်းပြည်မြောက်ပိုင်းက လမ်းတွေတံတားတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်။ဒီလိုမျိုး အဖျက်အလုပ်တွေလုပ်နေချိန်မှာ အစိုးရမှဆွေးနွေးမှုလုပ်သော်လည်း လက်မခံနိုင်ဘဲ ကန့်ကွက်သည့်အနေဖြင့်သာ ဖျက်ဆီးရေးလုပ်ငန်းတွေသာ ဆက်လက်လုပ်နေခဲ့ပါတော့တယ်။  
အခုချိန်မှာ အစိုးရကတော့ ခွင့်မလွှတ်တော့ဘဲ KIA ကို အပြင်းအထန်တိုက်ခိုက်နေပြီး အစိုးရစစ်တပ်ကိုKIA မှပြန်လှန် မတိုက်ခိုက်နိုင်တော့ဘဲ  လမ်းတွေတံတားတွေ အဆောက်ဦတွေကို နောက်ထပ် ဖျက်ဆီးသွားမှာကိုစိုးရိမ်ကြကြောင်း အထူးသဖြင့်တော့  အစိုးရမှဖိအားပေးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်    အဖျက်အလုပ်တွေနဲ့ ယဉ်ပါးနေတဲ့KIAက လက်လှမ်းမှီရာ    ရှမ်းပြည်နယ်မြောက်ပိုင်းက လျှပ်စစ်မီးတွေထုတ်ပေးနေတဲ့ ရွှေလီရေအားလျှပ်စစ်စက်ရုံကို ဖျက်ဆီးပစ်မယ်လို့ကြားသိနေကြရတဲ့အတွက် တော်တော်လေး  စိုးရိမ်နေကြရပါတယ်။ပြည်သူလူထုအနေနဲ့ စစ်ဖြစ်ပွားမှုကို ကြေက်ရွံကြပြီး အေးဆေးစွာနဲ့ ကုန်ရောင့်းကုန်ဝယ်အလုပ်သာ လုပ်လိုကြပါတယ်။အစိုးရနှင့် ဆွေးနွေးတုန်းက အဆင်ပြေစေချင်သော်လည်း KIA ဘက်မှ အဖျက်လုပ်ငန်း တွေသာဆက်လုပ်နေပြီး ယခုအခါ အစိုးရမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့အတွက် ၀မ်းသာအားရကြိုဆိုနေကြပါပြီ။ 

Ref : http://open-resources88.blogspot.com/ 
တပ်မဟာ(၄)နယ်မြေထဲမှာရှိတဲ့ ကွတ်ခိုင်မြို့နယ်အတွင်းကရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေကတော့ စိုးရိမ်ကြောက်လန့် နေကြပါတယ်။ဒီနယ်မြေဒီဒေသမှာတိုက်ပွဲသံတွေကြားနေရတာတော်တော်ကြာ ပြီဖြစ်လို့ ပြည်သူတွေကတော့တိုက်ပွဲတွေ ဖြစ်မှာကိုမလိုလားကြပါဘူး။ဒီနယ်မြေထဲမှာ ရှမ်း၊တရုတ်နဲ့ ကချင်၊လီဆူး၊ပလောင်လူမျိုးအနည်းငယ်တို့နေထိုင်လျှက်ရှိပြီး လူနည်းစုကချင်လူမျိုးတွေကြောင့် တိုက်ပွဲတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့အတွက် KIA တပ်မဟာ(၄)တပ်တွေ အနေနဲ့ အဖက်ဖက်က အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အထူးသဖြင့်တော့ တပ်မဟာ(၄)နယ်မြေ၀န်းကျင်မှာ ပတ်ပတ်လည် ၀ိုင်းနေတဲ့ ပြည်သူ့စစ်တွေနဲ့ တပ်မဟာ(၄)နဲ့ဆက်စပ်နေတဲ့(UWSA)တပ်တွေဟာလည်း အစိုးရတပ်တွေနဲ့ အပစ်ရပ်ထားပါတယ်။ ဒါကြောင့်အစိုးရတပ်တွေရဲ့ အာရုံစူးစိုက်မှုဟာလည်း တပ်မဟာ(၄)တပ်ဖွဲ့တွေကို ပိုမိုအင်အား စုစည်းကာ တိုက်ခိုက်နိုင်ပါတယ်။
ဒီနေ့ဖြစ်နေတဲ့တိုက်ပွဲတွေမှာ ကချင်စစ်တပ်တွေကို ရှမ်းပြည်တပ်တွေက အကူအညီ ပေးနေပေမယ့်လည်း ဒီစစ်ပွဲနယ်မြေထဲမှာရှိတဲ့ ရှမ်းလူမျိုးတွေကတော့ လက်မခံချင်ကြပါဘူး။ အထူးသဖြင့် တရုတ်နွယ်ဖွား လက်နက်ကိုင် ပြည်သူ့စစ်တပ်ဖွဲ့တွေက ဒီနယ်မြေ ထဲမှာရှိတဲ့ဒေသတွေမှာ ကချင်ပြည်နယ်က ကချင် လက်နက်ကိုင်တွေ လာရောက် နေထိုင်ကြီးစိုးနေတာကို သမိုင်းအစဉ်အဆက်လက်မခံ လာတာဘဲဖြစ် ပါတယ်။
အခုရက်ပိုင်းအတွင်းဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ပွဲနယ်မြေထဲက ရွာသူရွာသားတွေဟာ KIAက တောထဲမောင်းထုတ်၊ အစိုးရတပ်က ရွာထဲမှာနေခိုင်းနဲ့ အမိန့်(၂)ခုကြားမှာ သနားစဖွယ်ဖြစ်နေကြပါတယ်။ KIA ကရွာသားအသွင်ဟန်ဆောင်ပြီး တောတောင်တွေကြားထဲမှာ လှုပ်ရှားနိုင်ဖို့နဲ့ သူတို့ရဲ့ အခြေစိုက် စခန်းတွေကို အစိုးရတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ် လာရင် ရွာသားတွေသေကြေပျက်ဆီးတယ်
ဆိုတဲ့ အကြောင်းပြချက်ရရှိဖို့အတွက် ရွာတွေကိုအတင်းမောင်းထုတ်နေပါ တယ်။ ဒီအခြေအနေကို
သိတဲ့ အစိုးရစစ်တပ်နဲ့ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ရွာသားတွေထိခိုက်မှု မရှိအောင် အထူးသတိထားနေပြီးတော့ အမြောက်လက်နက်ကြီးများပစ်ခတ်ရာမှာလည်း တောင်ကုန်းတွေပေါ်မှာ
ရှိတဲ့ KIA တပ်စခန်းတွေကိုသာရွေးချယ်ပစ်ခတ်နေတယ်လို့ မုန်းဝီးပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးရဲ့   ပြောကြားချက်အရသိရှိရပါတယ်။
Ref : http://kachindailynews.blogspot.com/

မြစ်ကြီးနားမြို့ သီတာရပ်ကွက် ၀န်ထမ်းအိမ်ယာ မလိခလမ်းကြား  ပြည်နယ်အစိုးရရုံးအနီးတွင် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။ဗုံးကွဲရာမှာ ဗုံးထောင်ရန်လာသူ လေးဦးမှ တစ်ဦးမှာ ဗုံးထောင်မည့်နေရာမရောက်ခင်မှာ လမ်းတွင် ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။
KIA မှ တပ်မဟာ ၄ နယ်မြေတွေကို အစိုးရတပ်တွေကသိမ်းပိုက်ခဲ့လို့ စခန်းတွေကျဆုံးတာတွေကို အာရုံလွှဲတဲ့အနေနဲ့ အပြစ်မဲ့တဲ့ပြည်သူတွေနဲ့ အစိုးရရုံးတွေကို ဖျက်ဆီးပြစ်ဖို့ ဦးအင်ဘန်လ၏ အစီအစဉ်အရ မြစ်ကြီးနားမြို့ကို  ထိတ်လန့်အောင် မိုင်းခွဲဖျက်ဆီးဖို့နဲ့  အစိုးရရုံးတွေကိုပျက်စီးအောင် မိုင်းထောင်ဖောင်ခွဲဖျက်ဆီးတဲ့ လုပ်ငန်းတွေကို လုပ်ဖို့  KIA တပ်ဖွဲ့ဝင် ၂ ဦးနဲ့  KIAပြည်သူ့စစ် ၂ ဦး ကို လုပ်ခိုင်းခဲ့တယ်လို့ လိုင်ဇာမှ ဦးဘရန်မှိုင်းကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။ ဗုံးထောင်ရန်လာသူ KIA နှစ်ဦးမှ တစ်ဦးမှာ ဖောက်ခွဲဖျက်ဆီးရန် သွားနေစဉ် လမ်းတွင်ပေါက်ကွဲခဲ့ပြီး  ဆီးစပ်တွင်ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသေဆုံးခဲ့ပါတယ်။ ကျန် KIA တစ်ဦးနဲ့ KIA ပြည်သူ့စစ် ၂ ဦးမှာဒဏ်ရာရရှိခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့တယ်လို့ သီတာရပ်ကွက်မှ မျက်မြင်တွေ့ရှိသူတစ်ဦးမှပြောပြခဲ့ပါတယ်။ ဒီဗုံးကွဲတဲ့ ကိစ္စမှာ သေဆုံးခဲ့သူဟာ KIA တပ်ဖွဲ့ဝင်မဟုတ်ကြောင်း ဒီလိုဖောက်ခွဲဖျက်ဆီးရေးအလုပ်တွေကို လုပ်ဖို့ခိုင်းထားတာတွေလည်းမရှိကြောင်း KIA မှ ငြင်းဆိုခဲ့ပါတယ်။

Ref : http://kachindailynews.blogspot.com/

မနေ့က ည ၈ နာရီလောက်က မြစ်ကြီးနားမြို့ပေါ်မှာ ဗုံးလာထောင်ရင်းသေဆုံးခဲ့တဲ့ KIA စစ်သားတစ်ဦးဖြစ်ပါတယ်။KIA ကတော့  သူတို့စစ်သား မဟုတ်ဘူးလို့ အခုထိငြင်းနေတုန်းပါဘဲ။



Ref : http://kachindailynews.blogspot.com/

 

အောက်တိုဘာ(၅)ရက်နေ့ ဒီနေ့မနက် (၂)နာရီလောက်က မိုးကောင်းမြို့ ၊ နမ္မတီးရွာနှင့် မရမ်းရွာကြား ရထားလမ်းပေါ်မှာ ဗုံး (၂) လုံး စတင်ပေါက်ကွဲခဲ့ပြီး မနက်(၄) နာရီလောက်မှာလည်းနောက်ထပ် မိုင်းတစ်လုံးထပ်မံ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
 မိုးကောင်း- ထိုမူးဘူတာကြားမှာလည်း မနက်(၄)နာရီခွဲလောက်က ဗုံး(၆)လုံးတွေ့ရှိခဲ့ပြီး ဗုံး(၅)လုံးမှမပေါက်ကွဲသေးဘဲ (၁)လုံးမှာ ပြင်းပြင်းထန်ထန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
 ဗုံးပေါက်ကွဲမှုကြောင့် ရထားလမ်းမှာတော်တော်လေး ပျက်စီးသွားခဲ့ပြီး ခရီးသည်များစီးနင်းလာသည့် ( မန္တလေး-မြစ်ကြီးနား )ရထားသည် ဆက်လက်မမောင်းနိုင်တော့ဘဲ နမ္မတီးဘူတာမှာဘဲ ရပ်ထားပြီး ခရီးသည်တွေလည်း စောင့်ဆိုင်းနေရတယ်လို့ မိုးကောင်းမြို့က ဦးဂန်နော်မိုက်ဆက်သွယ် အကြောင်းကြား လာပါတယ်။
“ ပြီးခဲ့တဲ့ ဇွန်လလောက်တုန်းကလည်း ယခုပေါက်ကွဲသည့် မိုးကောင်းနှင့် နမ္မတီးကြား မိုင်တိုင် ၆၉၁ မှာ ကေအိုင်အေက ဗုံးဖေါက်ခွဲ ဖျက်စီးခဲ့လို့ ရထားလမ်းတွေပျက်စီးခဲ့တာကြောင့် ပြင်ထားတာ မကြာသေးပါဘူး  အခုလည်းထပ်လုပ်တာပါ ဒီလိုမျိုးလုပ်နေတော့ ကျွန်တော်တို့လည်းခဏခဏ ပြင်ရတယ် ခရီးသွားတွေလည်း ကြောက်လန့်နေကြရတယ်” လို့ မီးရထားဝန်ထမ်းတစ်ဦးမှ KDN ကိုပြောပြခဲ့ပါတယ်။

http://kachindailynews.blogspot.com/ 

 
Older Posts Home
  • နောက်ဆုံးသတင်းများ
  • ပြန်လည်ဆွေးနွေးချက်များ

Trending Topic




    • Feature
    • KIA အကြောင်း
    • The Lady ဝေဖန်ချက်
    • ကချင်သတင်း
    • စစ်တပ် ဆိုတာ
    • စာအုပ်များ
    • စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်
    • တွစ်တ်တာ(twitter) မှပြန်အလာ
    • ဒီမိုကရေစီစနစ်၏ အနှစ်သာရများ
    • ဓာတ်ပုံသတင်းများ
    • ဗဟုသုတ
    • ဗိုလ်ချုပ်အောင်ဆန်း
    • ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ
    • ဗီဒီယိုမှတ်တမ်းများ
    • ဘာလဲဟဲ့စတုတ္ထမဏ္ဍိုင်
    • ဘာသာပြောင်းမည်ဆိုသော လူပျက် ဇာဂနာ
    • ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး
    • ပြည်သူအသံ
    • မြန်မာ့အရေး
    • မြန်မာ့နိုင်ငံခြားရေး
    • ကြီးဒေါ်စုသို့ ပေးစာ
    • သတင်းများ
    • သမ္မတကြီး ဦးသိန်းစိန်၏ ရိုးဂုဏ်
    • သမ္မတကြီး၏ မိန့်ခွန်းများ
    • သာသနာတော်ကို ခုတုံးလုပ်ကြသူများ
    • အတိုက်အခံများ
    • အလှည့်ကျပေးတဲ့ နိုဘယ်ဆု
    • အာဇာနည် ခေါင်းဆောင်ကြီးများ
    • အတွေးအခေါ်
    • အပြောကြီး တဲ့ဇာဂနာ
    • ဧရာဝတီနှင့်ပါတ်သတ်သမျှ
    • ပေးစာ ( ၁ )
    • ပေးစာ ( ၂ )
    • ပေးစာ ( ၃ )
    • ပေးစာ ( ၄ )
    • ပေးစာ ( ၅ )
    • ပေးစာ ( ၆ )
    • နိုင်ငံတကာအရေး
Designed by Open-Resources88