မြန်မာနိုင်ငံတွင် လူဦးရေတိုးပွားမှု ပေါ် မူတည်ပြီး နှစ်စဉ်
လူဦးရေတစ်သန်း ကျော်ခန့်အထိ အလုပ်လက်မဲ့နှုန်း မြင့် တက်လျက်ရှိရာ
အလုပ်အကိုင် အခွင့် အလမ်းကောင်းများ ရရှိရန်အတွက် အလုပ်သမားဝန်ကြီးဌာနနှင့်
အလုပ် အကိုင်အေဂျင်စီများက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလုပ်
သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောသည်။
၂၀၀၉-၂၀၁၀ လူဦးရေဆိုင်ရာ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင်
လူဦးရေ သန်း ၆၀ နီးပါးရှိရာ ၃၆ ဒသမ
၈၄ သန်းမှာ အလုပ်လုပ်နိုင်သော
လူဦးရေဖြစ်သော်လည်း အမှန်တကယ်
အလုပ်လုပ်သောဦးရေမှာ ၃၀ ဒသမ ၄၉
သန်းခန့်သာရှိကြောင်း ဒုတိယ၀န်ကြီး
က ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပ သော အလုပ်အကိုင်အခွင့်အလမ်းဆိုင် ရာ ဆွေးနွေးပွဲ၌ ပြောသည်။
"အလုပ်လက်မဲ့ဦးရေက ၁ ဒသမ ၂၂ သန်းလောက် ရှိနေတယ်။ နှစ်စဉ်
လူဦးရေက အမြဲတိုးနေတော့ အလုပ်
လက်မဲ့က နှစ်စဉ် တစ်သန်းကျော် လောက် တိုးနေပါတယ်။
"ဒီကိစ္စကို အလုပ်သမားဌာန အလုပ်
အကိုင်ရှာဖွေရေးက တာဝန်ရှိသူတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့
အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေ က ပူးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲ။
ပြည်တွင်းရော ပြည်ပမှာပါရှိတဲ့ အလုပ် သမားတွေ အလုပ်အကိုင်အခွင့်
အလမ်းကောင်းတွေရဖို့ ဖြေရှင်းပေး
နိုင်မှ အားလုံးရဲ့ ရည်မှန်းချက်တွေ အကောင်အထည် ပေါ်နိုင်မှာပါ" ဟု
ဒုဝန်ကြီးက ပြောသည်။
အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော
လုပ်သားသုံး သန်းကျော်တွင် နှစ်သန်းကျော်မှာ ထိုင်းနိုင်ငံတွင်
တရားမ၀င်သွားရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး ခြောက်သိန်းခွဲ ခန့်ကသာ
တရားဝင် ဖြစ်သည်။
"လက်ရှိအခြေအနေအရ ပြည်တွင်း မှာ အားနည်းချက်ရှိလို့၊သာတဲ့နေရာမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ အလုပ်
သမားတွေကို တရားဝင်ဖွဲ့စည်းထားတဲ့ အလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် အခကြေး
ငွေ သက်သက်သာသာနဲ့ လုပ်ကိုင်ပေး
နိုင်ရင် ပြည်သူတွေက ပိုပြီးအလုပ်အကိုင်
အခွင့်လမ်းကောင်းတွေ ရရှိနိုင်မှာပါ" ဟု ဒုဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် အလုပ်သမားရုံး ၇၇ ရုံးခန့်ကို အလုပ်
သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော် လည်း နယ်ဘက်မှ ပြည်သူများမှာ အလုပ်
အကိုင်လိုချင်ပါက ရန်ကုန်သို့သာ
လာရောက်ရှာဖွေကြရသည်။
ထိုအခါ တရားဝင်အလုပ်အကိုင်အေဂျင်စီနှင့် မတွေ့ဘဲ
ကြားပွဲစားနှင့်တွေ့ပြီး မလို လားအပ်သော ပြဿနာများစွာ ကြုံ တွေ့နေ ရကြောင်း
ဒုဝန်ကြီးက ပြော ကြားသည်။
"နယ်၊ ရွာတွေမှာ တချို့က မရှိမဲ့၊ ရှိမဲ့
ဘ၀ကို အခြေဖျက်ပြီး ဒီကိစ္စတွေကို လုပ်
ရတာပါ။ အေဂျင်စီတွေက ကိုယ်ချင်းစာ
တဲ့စိတ်နဲ့သာ အလုပ်လုပ်ပေးရင် ကုသိုလ်လည်းရ ၀မ်းလည်းဝ ဖြစ်မှာပါ။ အခု
အပြောင်းအလဲကာလမှာ ကောင်းတဲ့ဦးတည်ချက်ပေါ်မှာ ၀ိုင်းဝန်း လုပ် ဆောင်ရမယ်။
ကိုယ့်အသက်မွေးဝမ်း
ကျောင်းပေါ်မှာ ဘာသာရေးနဲ့ယှဉ်ပြီး
ကောင်းကျိုးပြုသင့်ပါတယ်" ဟု ၎င်းက ပြောသည်။
အချို့သော အေဂျင်စီများက အလုပ် သမားများကို နယ်ဒေသများအထိ တစ်ဆင့်
ရှာဖွေမှုများပြုလုပ်ရာတွင် လူမှောင်ခြိုပုလုပ် သည်ဟု စွပ်စွဲခံရခြင်း
မျိုးလည်းရှိကြောင်း၊ အလုပ်သမား ရုံးများကို ချိတ်ဆက်ပြီး ဆောင်ရွက်ပါက
ထိုသို့ မလိုလားအပ်သော ပြဿနာများ
ကို ဖြေရှင်းနိုင်မည်ဟု ပြောသည်။
"နိုင်ငံတကာရဲ့စံနှုန်းမှာ အလုပ်ရှာတဲ့ သူဆီက အခကြေးငွေ မယူရပါဘူး။
ဝန်ကြီးဌာနတစ်ခုတည်းကလည်း ပြည်သူတွေရဲ့ အလုပ်အကိုင်အတွက်
လုပ်မပေးနိုင်ကြောင်း ၀န်ခံပါတယ်။ ဒါကြောင့် အားလုံးဝိုင်းပြီးလုပ်ပေးဖို့
အကူအညီတောင်းပါတယ်"ဟု ဒုဝန်ကြီး က ပြောသည်။
Ref :
http://www.myanmar.mmtimes.com/