• မူလစာမျက်နှာ
  • စာပေဟောပြောပွဲ ( ၁၂၃ ) ဖိုင်
  • မူလစာမျက်နှာ
  • ဗီဒီယိုမှတ်တမ်းများ
  • ဓာတ်ပုံသတင်းများ
  • KIA အကြောင်း
    • Category
      • Category
      • Category
      • Category
      • Category
    • Category
    • Category
    • Category
  • မြန်မာ့အရေး
  • နိုင်ငံတကာအရေး
  • အတွေးအခေါ်များ
    • Category
    • Category
    • Category
    • Category
လက်ရှိဖတ်ရှုနေသောခေါင်းစဉ်: မူလစာမျက်နှာ »
Showing posts with label ဧရာဝတီနှင့်ပါတ်သတ်သမျှ. Show all posts
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ကို တည်ဆောက်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၂ နှစ်ကျော် ၃ နှစ် ရှိနေပါပြီ။ ဒါပေမယ့် ဒီနှစ်ထဲမှာမှ ဖုတ်ပူမီးတိုက် ကန့်ကွက်မှုတွေ ပေါ်လာပါတယ်။ နေ့ချင်းညချင်း ဆိုသလိုပဲ မြန်မာနိုင်ငံကြီး ပျောက်ကွယ်မှာလား၊ မြန်မာမျိုးဆက် ပျက်သုန်းသွားမှလား ဆိုပြီး အသံကျယ်ကျယ် အော်သံတွေထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီအတွက် ပန်ကြားချက် ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။

နေ့စဉ်နှင့်အမျှ ဆိုသလိုပဲ ဧရာဝတီကိုကယ်တင်ပါ၊ မငိုပါနဲ့ ဧရာဝတီ၊ ဧရာဝတီကို မသတ်ပါနဲ့၊ ဧရာဝတီအတွက် ပထွေးမလို ... စသည်ဖြင့် ပိုစ့်တွေ၊ အီးမေးတွေ ပလူပျံလာခဲ့ပါတယ်။ တစ်ခါမှ နားမထောင်ဖူးတဲ့ မှိုတက်နေတဲ့ ဧရာဝတီ သီချင်းတွေ ခေတ်ပြန်ထလာပြီး အချို့ဆိုရင် ဧရာဝတီအတွက် အကျိုးမရှိတဲ့ နိုင်ငံခြားမှာ သီချင်းဆိုရင်း ဧရာဝတီကို ကယ်တင်တာ၊ သီချင်းထဲမှာ သရုပ်ဆောင်ရင်း ဧရာဝတီကို ကယ်တင်တာတွေ လုပ်ခဲ့ကြပါတယ်။ ဧရာဝတီကို ကီးဘုတ်နဲ့ ကယ်တင်ဖို့ ကြိုးစားသူတွေ၊ ဘလော့ရေးပြီး ကယ်တင်ကြသူတွေ၊ facebook သုံးပြီး ကယ်တင်ကြသူတွေ ထောင် သောင်း မက ပေါ်လာပါတယ်။ ဒါပေမယ့် အင်တာနက်သုံးစွဲသူ မြန်မာအားလုံးထံမှ လက်မှတ်များ ကောက်ယူပြီး တရုတ်အစိုးရ၊ တရုတ်ပြည်သူများနှင့် CPI ကုမ္ပဏီ ကို ပို့ဖို့ ကြိုးစားချိန်မှာတော့ သေရေးရှင်ရေး ကယ်တင်လိုသူတွေ အားလုံး အတိတ်မေ့သလိုလို၊ ရွှေပျောက်သလိုလို ဖြစ်ကုန်ကြပါတော့တယ်။

မြန်မာပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဧရာဝတီချစ်သူများက ဧရာဝတီကို အမှန်တကယ်ချစ်သူများရဲ့ လက်မှတ် တစ်သန်းကျော် ကောက်ခံပြီး တရုတ်ကို ပို့ဖို့ ကြိုးစားနေပါတယ်။ အင်တာနက် သုံးစွဲသူများကို လက်မှတ်ရေးထိုးဖို့အတွက် မီးပြတိုက် ဦးစီးပြီး ကြိုးစားနေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း သုံးရက် ကြာချိန်ထိ လက်မှတ် ၂၀၀ တောင် မထိုးကြကြောင်း ကို http://www.mee-pya-tite.com/2011/10/blog-post.html မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဧရာဝတီကို ချစ်လှပါပြီဆိုတဲ့လူတွေ ဘယ်တွေများရောက်ကုန်ပါလိမ့်ဆိုတာ စဉ်းစားစရာပါပဲ။ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ရေးတွေ၊ ပိုစ့်တင်တာတွေ၊ အီးမေးနဲ့ ဝါဒဖြန့်တာတွေကိုတော့ လုပ်နေကြပြီး တရုတ်အစိုးရနဲ့ CPI ကို တိုက်ရိုက်ပို့မယ့် အချိန်ကျတော့ လက်မှတ် တစ်ခုတောင် မထိုးနိုင်ကြတာ အင်မတန်မှကို အံ့သြောစရာကောင်းပါတယ်။ (ဒေါ်စုလေသံဖြင့်)

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် အင်တာနက်သုံးပြီး ဧရာဝတီကိုချစ်သူ၊ အမျိုးသားရေးအတွက် ကြိုးစားသူ၊ နိုင်ငံနဲ့လူမျိုးအတွက် facebook သုံး၊ ဘလော့ရေးပြီး ဝါဒဖြန့်သူတွေရဲ့ သရုပ်မှန်ကို ပေါ်လွင်ထင်ရှားစေတယ်လို့ ထင်ပါတယ်။ သူတို့တွေပြောတဲ့ နိုင်ငံတော်ကို ချစ်တယ်၊ ဧရာဝတီကိုချစ်တယ် ဆိုတဲ့ စကားတွေနဲ့ လူထုအတွက် အလုပ်လုပ်တယ် ဆိုတဲ့ စကားတွေက သံသဖြစ်စရာပါပဲ။

ဧရာဝတီမြစ်ပေါ်က မြစ်ဆုံစီမံကိန်းကို ယာယီရပ်နားလိုက်တဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရအဖွဲ့ကို ပြည်သူတစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ကြိုဆိုမှုတွေရှိခဲ့ပါတယ်။ အချို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးအစ၊ ဧရာဝတီက လို့တောင် ကင်မွန်းတပ်ခဲ့ကြပါတယ်။ နောက်ထပ် ကင်မွန်းတပ်လို့ ရတာ ရှိပါသေးတယ်။ မြစ်ဆုံစီမံကိန်းမရပ်လျှင် ချက်ချင်းသေတော့မလို၊ မြန်မာနိုင်ငံကြီး ပျက်တော့မလို စိုးရိမ်ကြောင်း အကျိုးမရှိ ထိုင်ပြောနေကြပြီး၊ လက်တွေ့အကျိုးရှိဖို့ လက်မှတ် ကောက်ခံချိန်မှာတော့ လက်မှတ်ထိုးသူ ၂၀၀ တောင်မပြည့် ခြင်းကြောင့် "အင်တာနက်ပေါ်မှ နိုင်ငံ ချစ်သူများရဲ့ သရုပ်မှန်ဘဝ ဧရာဝတီက" လို့ ပြောလို့ရပါတယ်။ ဧရာဝတီကို အမှန်တကယ် ကယ်တင်လိုစိတ်မရှိပဲ ဧရာဝတီနာမည်နဲ့ ခေါင်းစဉ်တပ် လုပ်စားနေကြသူတွေကို ဧရာဝတီက ခွင့်လွှတ်မှာ မဟုတ်သလို၊ ဧရာဝတီကလည်း စိတ်ကောင်းမှာမဟုတ်ပါဘူး။

အရင်တုန်းက ချွေးသိပ်ပြီး မငိုပါနဲ့ ဧရာဝတီ လို့ သူတို့တွေ ပြောခဲ့ချိန်မှာ မငိုရပဲ ၊ ချွေးသိပ်သလိုလိုနဲ့ လုပ်စားသွားတာသိရင် ဧရာဝတီလည်း ခြုံးပွဲချ ငိုကြွေးနေမှာ သေချာပါတယ်။ ဧရာဝတီကို သက်သေထားပြီး အင်တာနက်ပေါ်ကနေ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ စကားသံတွေကို နားမယောင်စေဖို့ မြန်မာလူထု ကို အလေးအနက် သတိပေး လိုပါတယ်။ မီးပြတိုက် ရဲ့ လက်မှတ်ကောက်ခံမှု က တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
 








နိုင်ငံတော် သမ္မကြီး၏ မြစ်ဆုံစီမံကိန်းဆိုင်ရာ သဝဏ်လွှာ


မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းမှု နှင့် သူတို့ သဘောထား


မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့်အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း CPI ဥက္ကဋ္ဌ ခြိမ်းခြောက်

ဟောင်ကောင် သတင်းဌာန၇ဲ့ မြစ်ဆုံဆည်အကြောင်းရုပ်/သံ ဘာသာပြန်


CPI: Mutually Beneficial and Double Winning China-Myanmar Myitsone Hydropower Project


မြစ်ဆုံဆည်စီမံကိန်းကိစ္စ CPI ဥက္ကဌ မစ္စတာလူကျိကျိုးနှင့် China Daily သတင်းစာတို့၏ အင်တာဗျူး ဘာသာပြန်

Ref : http://oppositeyes.blogspot.com/

ဒေါက်တာ ထွန်းလွင် (မိုးလေ၀သပညာရှင်)။ ။ကောင်းတယ်။ ဝမ်းလည်း သာတယ်။ ကြိုလည်းကြိုဆိုတယ်။ သမ္မတကြီးကိုလည်း ကျေးဇူးတင် တယ်။ မြန်မာပြည်သူတစ်ရပ်လုံး ကိုယ်စားကျေးဇူးတင်ပါတယ်။ ဒါ ဟာDemocrative Practice ကို ပြလိုက်တာဖြစ်တဲ့အတွက် အနာ ဂတ်တိုင်းပြည်အတွက်လည်း အတော်အားရှိပါတယ်။ ပြည်သူ တွေ အတွက်လည်း ကောင်းတယ်။ ဒီမိုကရေစီ ကျင့်စဉ် အတွက် လည်းကောင်း တယ်။ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက်ရော ရာသီဥတု အတွက်ပါ ကောင်းတယ်။ နောက်ပြီး ပြည်သူလူ ထုနဲ့ အစိုးရ ရင်ကြားစေ့ ရေးဆုံးဖြတ်ချက်လည်း ဖြစ်ခဲ့တဲ့ အတွက် အရမ်း ကောင်းပါတယ်။

ဦးသိန်းညွှန့် (ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)။ ။မနေ့က လွှတ်တော်မှာ သမ္မတကြီးကသူ့လက်ထက် မှာ မြစ်ဆုံဆည် ကိစ္စကို မလုပ်တော့ဘူးလို့ သ၀ဏ်လွှာ ပေးပို့ ခဲ့တယ်။ ညနေပိုင်း မှာ လွှတ်တော် ကိုယ်စားလှယ် တွေဖြစ်တဲ့ ဦးသိန်းဆွေနဲ့ ဒေါ်ဒွဲဘူက ထောက်ခံတယ်။ ကျွန်တော်က လည်း လွှတ်တော် ဥက္ကဋ္ဌကြီးကို ခွင့်တောင်းပြီး ထပ်ဆင့် ထောက်ခံ ခဲ့တယ်။ နံပါတ် ၁ အချက် က မြစ်ဆုံ ကိစ္စမှာ ပြည်သူ့ဆန္ဒ ကို အလေးထား တယ်။ နောက်တစ်ခု က အကျဉ်း သားများကို အခြေခံ ဥပဒေဘောင် အတွင်းက ပြန်လွှတ် ပေးမယ်ဆိုပြီး သ၀ဏ်လွှာ မှာပါတဲ့အတွက်ကြောင့်မို့လို့ ထောက်ခံ တာပါ။ သမ္မတကြီးရဲ့ သ၀ဏ်လွှာကို ဖတ်ကြားပြီး တဲ့အချိန် မှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး နီးပါးက တစ်ခဲနက်သြဘာပေးကြတယ်။ ဒါပေမယ့် အရင် စကားကျွံ ထားတာရှိတဲ့ လွှတ်တော် အမတ်တွေလည်းရှိတယ်။ အခု ဆုံးဖြတ်ချက်က အမျိုးသား အကျိုးစီးပွားကို အလေး ထားပြီး ပြည်သူ့ အစိုးရဖြစ်ကြောင်း လှစ်ဟ ပြလိုက်သလို့ မြစ်မင်း ဧရာ ပျောက်သွားရင် မြန်မာ့ဘ၀ပါ ပျောက်သွားမှာ။ ဧရာဝတီမြစ်ဆုံ ကိစ္စက တစ်ပါတီ၊ တစ်ဦးတည်းနဲ့ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။

ဦးခင်မောင်ဆွေ(အမျိုးသား ဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်)။ ။ပြည်သူက တင်မြောက် ထားတဲ့ အစိုးရဖြစ်တယ်ဆို တာကို ဒီသမ္မတ ကြီးရဲ့သ၀ဏ်လွှာက သက်သေပြ တယ်လို့ ပြောလို့တယ်။ ဒါကကောင်း တဲ့ကိစ္စပါ။ ဒီမိုကရေစီ လမ်း ကြောင်းကို သွားနေတဲ့အချိန်မှာ သမ္မတကြီး က အမြော် အမြင်ကြီး စွာနဲ့ပြုလုပ်လိုက်တာပဲ။ မြစ်ဆုံကိစ္စ ကလည်း အခုအစိုးရရဲ့လက်ထက်မှာ ဆက်မလုပ် တော့ဘူးဆိုတာကိုပဲ ဖော်ပြ ထားတယ်။ အခုရရှိခဲ့တဲ့အရှိန်ကို အသုံးချပြီး နောက် တက်မယ့်အစိုးရ တွေကိုလည်း ဒီကိစ္စ ဆက်မလုပ်ဖို့ ဆက် မလုပ်နိုင်တဲ့ အခြေအနေဖြစ်ပေါ် လာအောင် ပြုလုပ်ရမယ်။

Global Green ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်။ ။သမ္မတကြီးက ပြည်သူ့အသံ ကို အလေးထားပေးတဲ့အတွက် ကြို ဆိုပါတယ်။ ဒါပေမဲ့ အကန့်အသတ် တစ်ခုနဲ့ သူ့ရဲ့သက် တမ်း တစ်ခုအ တွက်ပဲ တာဝန်ယူထားတော့ နောက်ပိုင်းအပြောင်းအလဲတစ်စုံ တစ်ခုကြောင့်ဖြစ်ရင် နောက်လူက ရော ဒီလိုပဲ တာဝန်ယူပေးမလား ပေါ့။ သမ္မတကြီး လုပ်သွားတဲ့ လမ်း စဉ်အတိုင်း လိုက်ရင်တော့ ဘာမှ ပြောစရာမလိုဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မသဘောကတော့ မြစ်ဆုံ နဲ့ ဧရာဝတီကို လုံးဝကို မထိစေချင် တာ

FREDA အသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းနှင့် စာရေး ဆရာ ဒေါက်တာခင်မောင်ညို။ ။သမ္မတ ကြီး ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီစနစ်၏ အစဖြစ်ကြောင်း ပြောကြားကြသည်။

ပြန်ပြည့်ဖြိုးမြဲစွမ်းအင် အသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်။ ။မြစ်ဆုံတစ်ခုတည်းနဲ့ ကျွန် တော်တို့ ရပ်နေလို့မရပါဘူး။ ဧရာဝ တီဖြစ်ကြီးတစ်ခုလုံးဟာ မြန်မာနိုင်ငံ ရဲ့ ရေပိုရေလွှဲ ၇ဝ ရာခိုင်နှုန်း လောက်ကို ပံ့ပိုးပေးနေတဲ့အတွက် ဒီမြစ်ကြီးတည်မြဲဖို့ စီမံကိန်းချပြီး ရှေ့ ဆက်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံ တကာမှာလည်း မဲခေါင်မြစ်ကြီးကို သက်ဆိုင်ရာ နိုင်ငံတွေက ထိန်း သိမ်းဖို့ လုပ်နေတယ်။ မြစ်တစ်စင်း ဟာ အရေးမပါဘူးဆိုရင် ဘယ်သူ ကမှ အချိန်ကုန်ခံပြီး လုပ်နေမှာ မ ဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်။ ။ကျွန်မ နားလည်သလောက်က ဒီမနက် လောက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီကနေ ပြီးတော့ သ၀ဏ်လွှာ ပို့တယ်လို့ပြောပါတယ်။ အဲဒီသ၀ဏ်လွှာမှာ ဆိုရင် သမ္မတကြီး ကနေပြီးတော့ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ကိုထောက်ထား ပြီးတော့ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်း ထားမယ်လို့ မှာကြားလိုက် တယ်လို့ ကျွန်မ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာ ပြည်သူလူထု ရဲ့အသံကို နားထောင် တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။
ဒီဟာက အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူတွေရဲ့ အသံကိုနားထောင်ရမယ်။ ပြည်သူတွေ ရဲ့စိုးရိမ်ကြောင့်ကြမှု တွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ဖြေရှင်း ပေးရမယ်။ အဲဒါကြောင့် ကျွန်မကဒါကိုကြိုဆိုပါတယ်။

အော်ပီကျယ် (ကာတွန်း)။ ။မြစ်ဆုံဆည် တည်ဆောက်မှု စီမံကိန်း ခဏရပ် သွားတာ ကတော့ အင်မတန် ၀မ်းသာ ပါတယ်။ ဒီကိစ္စ ပေါ်လာမှ ဧရာဝတီမြစ်မှာ ရွှေတူး နေတဲ့ကိစ္စတွေ၊ မြစ်ကြောင်း တိမ် ကော လာတာတွေ ပေါ်လာတယ်။ အရင်တုန်း ကဖြစ်သလိုနေ ခဲ့တဲ့အကျိုး ရလဒ် တွေက ပေါ်လာတယ်။ ကျွန်တော်တို့ အနေနဲ့ ဧရာဝတီ မြစ်နဲ့ ပတ်သက်ပြီး မြစ်ဆုံ ကိစ္စ တစ်ခုက နေအခြား ရောဂါ တွေဖြစ်တဲ့ သောင်ထွန်းတာတွေ၊ ကမ်းပြို တာတွေ ကိုပြုပြင်ထိမ်းသိမ်း ရမှာဖြစ်သလို ရွှေတူး နေတဲ့ကိစ္စ ကိုလည်း ရပ်တန့် နိုင်အောင် ဆက်လက် လုပ်ဆောင် သွားရမယ်။ လူမမာ တစ်ဦး လိုပဲ ရောဂါ တစ်ခုဖြစ်လာ ရင် အခြား အလုပ် တွေဖြစ်တဲ့ ဆေးလိပ်၊ ကွမ်း စတာ တွေကို သွယ်ဝိုက်ပြီး လျှော့ချနိုင် အောင် လုပ်သလို ပဲရမယ်။

Ref : http://oppositeyes.blogspot.com/


Ref : http://oppositeyes.blogspot.com/


အမြင်မတော် လို့ ဝင်ဝင်ပြောနေရတယ်.ခု တလော မြွေမြွေ ဆိုပြီး လာလာပြောနေလို့ဘယ်မှာလဲ ဆိုတော့ ဆိုဒ်တခုမှာ ရေးထားတာကိုပြပါလေရော..ငါ ဒီမြွေပုံကို တနေရာမှာမြင်ဘူးပါတယ်လို့ ပြန်လဲရှာကြည့်လိုက်တာ တရုတ်နိုင်ငံကတောထဲ တခုမှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၃ရက်နေ့က သတင်းကြီးဖြစ်နေတယ်.သူတို့ နိုင်ငံပိုင် သတင်းစာမှာတောင် ပါခဲ့ပါတယ်.ခုတော့ သူတို့လုပ်မှပဲမြစ်ဆုံ ကြီးမှာ ပေါ်လာတော့တယ်.ကိုယ့်ဘာကို ထင်ပေးလိုက်ပါတယ် တရုတ်အလုပ်သမားတွေ ဆီပါလာတဲ့ ဓါတ်ပုံ ဖြစ်မှာပါ လို့လေ ..အောက်က သတင်းမှန်လားမှားလား ကိုယ့်ဘာကိုသာဖတ်ကြည့်တော့ဗျာ..


ပုံ(၂)


အောက်မှာ တိုက်ရိုက်ကြည့်လို့ရမယ့်လင့်လေးတွေကိုရှယ်ပေးလိုက်ပါတယ်.

၁၊၊http://zuzutop.com/2009/11/photo-of-huge-55ft-snake-shocks-world/
၂၊၊http://neveryetmelted.com/2009/11/14/giant-snake-story/

Ref :  http://www.mirror3.com/







Link
CPI ဥက္ကဋ္ဌ လူကျိရှို (ဓာတ်ပုံ - ဘလွန်းဘာ့ဂ်)



မေး ။ တချို့လူတွေက ဒီဆည်ဆောက်ရင် ကြီးမားတဲ့ သဘာဝကပ်ကြီးတွေဖြစ်တဲ့ ရေကြီးတာတို့၊ မြေငလျင်လှုပ်တာတို့ ဖြစ်လိမ့်မယ်။ တကယ်ရော ဆည်ရဲ့လုံခြုံမှုက အလုံအလောက်ရှိရဲ့လား။

ဖြေ ။ ကျနော် သိထားသလောက်တော့ ရေအားလျှပ်စစ် ထုတ်လုပ်မှုသမိုင်းရဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ တာတမံဆည်တွေ ဆောက်တဲ့အတွက်ကြောင့် ရေကြီးတာတို့ အားပြင်းတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာ ရှိကိုမရှိဘူး။ ကျနော်တို့ CPI ဆိုတာလည်း ဒီတရုတ်ပြည်မှာတင် ၁၈ ဂစ်ဂါဝပ် ပမာဏရှိတဲ့ ရေအားလျှပ်စစ်ကို ထုတ်လုပ်နိုင်တဲ့ ကျင့်ဝတ်သိက္ခာရှိတဲ့ အကြီးစား စွမ်းအင်လုပ်ငန်းဌာနကြီးပါ။ ဒီမြစ်ဆုံဆည်ကြီးရဲ့ လုံခြုံစိတ်ချရမှုကို ကျနော်တို့ တကယ်အာမခံ လုပ်ပေးနိုင်ပါတယ်။ ဒီဆည်ဒီဇိုင်းပုံစံဆွဲတာရော ဆောက်လုပ်တာအတွက်ရော တရုတ်ပြည်မှာရှိတဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်း ရေအားလျှပ်စစ် စက်ရုံဒီဇိုင်း ပညာရှင်တွေကို ခေါ်ယူခဲ့ပါတယ်။ ဒီပညာရှင်တွေဟာဆိုရင် ရေအားလျှပ်စစ်စက်ရုံ ၂၀၀ ကျော်ကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့လုပ်ပေးခဲ့တဲ့ ဆည်တွေထဲမှာဆိုရင် မလေးရှားက Bakun Hydropower စက်ရုံလည်းပါတယ်။ နောက်ပြီး ကျောက်သားတမံဖြည့် အပေါ်ယံမျက်နှာပြင် ကွန်ကရစ်အုပ် ဆည်တွေထဲမှာဆိုရင် ကမ္ဘာအကြီးဆုံးဖြစ်တဲ့ ကျနော်တို့ တရုတ်ပြည်က Shuibuya ရေအားလျှပ်စစ်စက်ရုံလည်း ပါတယ်။ (မြစ်ဆုံဆည်သည်လည်း အလားတူ concrete-face rock-fill dam အမျိုးအစားဖြစ်သည်။)

နောက် ဒီမြစ်ဆုံဆည်ဟာ ငလျင်အန္တရာယ် ကျရောက်နိုင်သလားဆိုတာ အကြိမ်အကြိမ်အလီလီ စမ်းသပ်ကြည့်တော့ ဆည်ဆောက်ဖို့အတွက် လုံးဝ ဥဿုံစိတ်ချရတယ်၊ ယုံကြည်စရာရှိတယ်ဆိုတာ တွေ့ရပါတယ်။ မြန်မာအစိုးကလည်း နာမည်ကြီးအကြံပေးအဖွဲ့တွေ ပညာရှင်တွေကို ဆွစ်ဇလန်တို့၊ ဂျပန်တို့ကတောင်ခေါ်ပြီး ဒီကိစ္စကို အကြိမ်ကြိမ် စမ်းသပ်ကြည့်ကြပါတယ်။ နောက်ဆုံး နှစ်ဦးနှစ်ဖက်က ဒီဆည်ဟာ ဘာငလျင်အန္တရယ်မှ မရှိဘူးဆိုတာကို သဘောတူ လက်ခံခဲ့ကြတာပါ။

ဒီမြစ်ဆုံဆည်ရဲ့ဒီဇိုင်းဟာ တောင့်တင်းခံနိုင်ခြင်းအဆင့် ၉ ရှိတဲ့ ဆည်အမျိုးအစားပါ၊ တရုတ်ပြည် စီချွမ်ပြည်နယ်မှာ Wenchuan မြေငလျင်ဘေးကြီးကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တောင့်တင်းခံနိုင်ခြင်းအဆင့် ၇ ရှိတဲ့ Zipingbu ဆည်ကြီးထက် ပိုပြီး ဒီဇိုင်းအရ အဆင့်မြင့်ပါတယ်။ ဒါ့ထက်ပိုပြီး ဒီမြစ်ဆုံဆည်ရဲ့ အထွေထွေ မြေငလျင်ဒဏ်ခံနိုင်အား ကောင်းသထက်ကောင်းစေဖို့ ဆည်ရဲ့ရေစုန်ဘက်ကိုစီးမယ့် လျှောစောက်အပိုင်းမှာ ကွန်ကရစ်ချတဲ့အခါ သတ်မှတ်စံချိန်ထက်ကျော်ပြီး ပိုကောင်းအောင်လုပ် ထားတာပါ။ နောက်ပြီး တခြား မြေငလျင်ဒဏ်ကာကွယ်တဲ့ အစီအမံတွေလည်း လုပ်ထားတာတွေ ရှိပါသေးတယ်။

ပိုလျှံလာတဲ့ရေတွေကို ထုတ်ပစ်တဲ့ဆည်ရဲ့ ရေထွက်ပေါက် အဓိကလမ်းကြီးမှာရှိတဲ့ မျက်နှာပြင်ရေထွက်ပေါက်တွေ၊ အလယ်ဘက်က အပေါက်ကြီးတွေကို အသုံးပြုပြီး အရေးပေါ်အခြေအနေမှာ ဆည်ရေလှောင်ကန်ထဲက ရေအမြင့်ပေမြင့်လာရင် ရေကိုထုတ်ပြစ်လို့ရပါတယ်။ ဆည်ရေလှောင်ကန်ထဲကရေ အမြင့်ပေ ချက်ချင်းကျသွားအောင် လုပ်လို့ရတယ်၊ ဒီတော့ ဆည်ရဲ့လုံခြုံစိတ်ချရမှု၊ ဆည်အောက်ပိုင်းမှာနေသူတွေရဲ့ လုံခြုံမှုကိုလည်း သေချာအောင် လုပ်ပေးထားဖြစ်ပါတယ်။ နောက်ပြီး ဆည်လည်ပတ်နေတဲ့အချိန်မှာ အခြေအနေတွေအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ ကမ္ဘာ့အမြင့်ဆုံး ကျောက်သား တမံဖြည့် ဆည်ကြီးတွေရဲ့ စံနှုန်းအတိုင်း ရေလှောင်ကန်ဧရိယာထဲမှာပဲ ဒစ်ဂျစ်တယ် အဝေးထိန်းမြေငလျင်စောင့်ကြည့်ရေး စခန်း ၂၅ ခုတောင် ဆောက်ပြီး နောက်ထပ် ဆည်တခုလုံး နေရာအနှံ့ ဘေးအန္တရာယ် စောင့်ကြည့်ရေး ကိရိယာတွေ ၇၀၀ ကျော်ကို တပ်ဆင်ဖို့ စီစဉ်ထားပါတယ်။ မြစ်ဆုံဆည်ရဲ့ ရေကြီးဒဏ်ခံနိုင်တဲ့ စွမ်းအားဟာ နှစ် ၁၀၀၀ လောက်ကြာအောင် တည်တံ့အောင် ဒီဇိုင်းဆွဲထားတာပါ။

မေး ။ ရေအားလျှပ်စစ်ထုတ်တဲ့လုပ်ငန်းမှာ ပတ်ဝန်းကျင် ကာကွယ်ရေးဆိုတဲ့အကြောင်းလည်း ထိပ်တန်းက အမြဲပါဝင်တာ မဟုတ်လား။ တချို့အနောက်နိုင်ငံဘက်က အန်ဂျီအိုအဖွဲ့တွေက ဒီဆည်စီမံကိန်းဟာ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါးကြီးကို ထိခိုက်စေမယ်လို့ ဝေဖန်တာတွေ တွေ့ရပါတယ်။ ဒါကိုဘယ်လို တုန့်ပြန်ချင်ပါသလဲ။

ဖြေ ။ ဒီနေရာမှာ ကျနော် ပြန်မေးခွန်းထုတ်ချင်တာက ဒီလိုပြောတဲ့အဖွဲ့အစည်းတွေက မြန်မာတွေ သိပ်ကို အကျပ်အတည်းရောက်နေတဲ့ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘာများကူညီခဲ့ဖူးတာရှိလဲ။ ခုခါကျမှ “မြန်မာတို့ရဲ့အကျိုးကို ကာကွယ်မယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီအဖွဲ့တွေဟာ မြန်မာအစိုးရက သူ့လူမျိုးရဲ့ဘဝတွေကို တိုးတက်ရာတိုးတက်ကြောင်း လုပ်နေချိန်မှာ သွားပြီး နှောက်ယှက်နေကြတာပါ။ သူတို့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်နေလဲဆိုတာတော့ ကျနော်မပြောတတ်ဘူး။ လျှပ်စစ်ထုတ်တာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် လူသားတွေ တခုခုလုပ်ပြီဆိုရင်တော့ သဘာဝကို ထိခိုက်မှုတော့ ရှိမှာပေါ့။ ရေအားလျှပ်စစ်ပဲဖြစ်ဖြစ်၊ အပူစွမ်းအင်ပဲဖြစ်ဖြစ်၊ နျူကလီးယားစွမ်းအင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး လေစွမ်းအင် နေရောင်ခြည်စွမ်းအင် ဘာပဲလုပ်လုပ် သဘာဝကို တနည်းမဟုတ်တနည်း ထိခိုက်တာပဲ။

ရေရှည်ကောင်းမွန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လုပ်တဲ့အခါ လူသားရဲ့ပြုလုပ်မှုကြောင့်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို တတ်နိုင်သမျှ နည်းသနည်းထက် နည်းအောင် လုပ်ကြရမှာပါ။ လူသားတွေ ရေအားလျှပ်စစ်က စတင်ထုတ်လာခဲ့တဲ့ နှစ် ၁၀၀ သက်တမ်းမှာ သဘာဝကို ဘယ်လိုကာကွယ်စောင့်ရှောက်ရတယ်ဆိုတဲ့ အသိကလည်း မြင့်မားလာခဲ့ပါပြီ။ ဒီအပိုင်းမှာ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်ကလည်း နည်းပညာတိုးတက်လာမှုနဲ့အတူ အဆက်မပြတ် တိုးတက်လာခဲ့ပါပြီ။ ပြောချင်တာက ကြီးမားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အသင့်တော်ဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဟာ ရေအားလျှပ်စစ်စွမ်းအင်ဆိုတာ အားလုံးက တညီတညွတ်တည်း လက်ခံထားကြတယ်ဆိုတဲ့ အချက်ပါ။

အမေရိကမှာရှိတဲ့ ဟူးဗား ရေအားလျှပ်စစ် စီမံကိန်းဆိုရင်လည်း လည်ပတ်နေတာ နှစ် ၈၀ ရှိပြီလေ။ ဒီစီမံကိန်းဆိုရင် အမေရိကန်အနောက်ဘက်ပိုင်းက ဟက်တာ ၇ သိန်း လောက်ရှိတဲ့ ဧရာမ သဲကန္တာရကြီးတခုလုံးကို မြေဆီသြဇာကောင်းမွန်တဲ့ လယ်ယာမြေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တယ်။ ဒေသရဲ့ တကယ့်ခိုင်မာတဲ့ ရေအရင်းအမြစ်လည်း ဖြစ်လာတယ်။ နောက်ပြီး Las Vegas မြို့အသစ်ကြီး တောင်ဖန်တီးပေးနိုင်ခဲ့တယ်မှတ်လား။ ဘရာဇီးနဲ့ ပါရာဂွေးတို့ ပူးတွဲလုပ်တဲ့ Itaipu ရေအားလျှပ်စစ် စက်ရုံဆိုရင်လည်း နှစ်နိုင်ငံလုံးရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အင်မတန် သိသိသာသာကြီး ဖြစ်အောင်လုပ်ပေးခဲ့တာပဲလေ။

ကျနော်တို့ CPI က (အခုမြစ်ဆုံဆည် အပါအဝင် ၇ ခုလို) အတွဲလိုက် ဆင့်ထပ် ရေအားလျှပ်စစ်စက်ရုံကို မြစ်ဝါမြစ်ကြီးပေါ်မှာဆောက်ခဲ့လို့ စီးပွားရေးအတွက် အင်မတန်အားကိုးရတဲ့ စွမ်းအင်တွေအမြောက်အမြားကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဒီမြစ်ဝါမြစ်ကြီးရဲ့ အောက်ပိုင်းမှာရော၊ အလယ်ပိုင်းမှာရော အဆက်မပြတ် ရေတွေဆက်လက်စီးဆင်းနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းတွေအားလုံးက ဒီဂရီအမျိုးမျိုးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်တာတော့ရှိပါရဲ့။ ဒါပေမယ့် ဒီစီမံကိန်းတွေကြောင့်ပဲ ဒေသခံတွေရဲ့ လူမှုစီးပွားရေးကို ကောင်းကျိုးရှိစေခဲ့တာကိုတော့ ဘယ်သူမှငြင်းလို့မရဘူး၊ အခိုင်အမာထင်ရှားပါတယ်။

CPI ဟာ စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ ပတ်ဝန်းကျင်ကိစ္စကို အင်မတန် အလေးအနက်ထားပါတယ်။ စီမံကိန်းစဆွဲပြီဆိုကတည်းကိုက ပတ်ဝန်းကျင်ထိခိုက်နိုင်မှုနဲ့ ပတ်သက်တဲ့ လေ့လာတွေမှု အမြဲလုပ်ပါတယ်။ မြစ်ဆုံဆည်မဆောက်ခင်ကဆိုလည်း ဒီဧရာဝတီ မြစ်ဝှမ်းတဝိုက်မှာရှိတဲ့ အပင်တွေ၊ အပင်မျိုးစိတ်တွေဟာ ဆည်ကြောင့် ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာ သိရဖို့ တရုတ်-မြန်မာ နှစ်နိုင်ငံက ပညာရှင် ၁၀၀ ကျော်ခေါ်ပြီး သဘာပတ်ဝန်းကျင် ထိခိုက်မှုကိုသုံးသပ်တဲ့ သုံးသပ်ချက်တွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီပညာရှင်တချို့ဆို မြန်မာ အန်ဂျီအိုအဖွဲ့တွေကတောင် ပါပါတယ်။

ဒီလေ့လာချက်တွေအရဆို ဆည်ရဲ့ရေလွှမ်းဧရိယာမှာရှိတဲ့ ဒေသရဲ့ မူလအပင်မျိုးစိတ်တွေက နည်းနည်းပါးပါးဘဲရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ပြီး ရေလွှမ်းမယ့် ကုန်းမြေပမာဏကလည်း မြစ်ဝှမ်းဧရိယာတခုလုံးရဲ့ ၁၄ % ပဲ ရှိတယ်ဆိုတာ သိရပါတယ်။ ဒါ့အပြင် ရေလွှမ်းဧရိယာထဲမှာရှိတဲ့ ထိန်းသိမ်းရမယ့် အပင်မျိုးစိတ်တွေကိုလည်း ဆည်ရေလှောင်ဧရိယာ အပြင်ဖက်မှာ အများကြီး ကျနော်တို့ ပြန်ဖြန့်စိုက်ထားလိုက်တာ ဇီဝမျိုးကွဲတွေကို ထိခိုက်နိုင်စရာအကြောင်းမရှိပါဘူး။ နောက်ပြီး ပင်လင်ရေစိမ့်ဝင်မယ်ဆိုတဲ့ ကိစ္စဆိုရင်လည်း ဆည်ရေလှောင်ကန်ကြီးပြီးတာနဲ့ တပြိုင်နက် ပျမ်းမျှရေစီးပမာဏက ရေလျှံတက်တဲ့ရာသီဆို ၃.၅ % လောက်ပဲ လျော့ကျသွားမယ်၊ ခြောက်သွေ့ရာသီဆို ၁၆ % လောက်လျော့ကျသွားမယ်။ ဒီတော့ ရေလျှံတက်တဲ့ကာလတွေမှာ ပင်လေရေစိမ့်ဝင်နိုင်စွမ်းဟာ မဖြစ်နိုင်သလောက်ပဲ။ ခြောက်သွေ့ရာသီမှာလည်း ပင်လေရေစိမ့်ဝင်ခြင်းမရှိအောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် မြစ်ကြောင်းတလျှောက် ပုံမှန်အတိုင်း သင်္ဘောတွေလှေတွေ သွားလာဖို့ အဆင်ပြေသလို ရေလျှံတာကို ထိန်းတာတို့၊ စိုက်ပျိုးရေးအတွက်ရေပေးတာတို့လည်း အများကြီးအကောင်ထည်ဖော်ဖို့ အဆင်ပြေသွားစေမှာပါ။

မေး ။ ဆည်ဆောက်တဲ့အတွက် ဒေသခံတွေ ရွှေ့ပြောင်းပေးရတယ်ဆိုတာလည်း အားလုံးကအာရုံစိုက်တဲ့ ကိစ္စတခုပါ။ ဒီလိုရွှေ့ပြောင်းပေးတဲ့ကိစ္စမှာ ဒေသခံတွေရဲ့ ဘဝသစ်လူနေမှုအဆင့်အတန်း ဘယ်လိုရှိလဲဆိုတာ အခရာကျပါတယ်။ ဒီကိစ္စနဲ့ရော ဥက္ကဌကြီးတို့က ဘာတွေများလုပ်ဆောင်ခဲ့တာရှိလဲ။

ဖြေ ။ မြန်မာအစိုးရကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အများကြီး အလေးအနက်ထားပါတယ်။ အဲဒီအလျောက် သူတို့လည်း ရွှေ့ပြောင်းပေးတဲ့ကိစ္စကို စီစဉ်တာရော၊ အကောင်အထည်ဖော်တာရော၊ ပုံစချတာရော အစစအရာရာ ထိထိရောက်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

အစိုးရက ရွှေ့ပြောင်းပေးတဲ့ကိစ္စကိုမလုပ်ခင် ဒေသခံတွေနဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးတိုင်ပင်ပြီး သူတို့ဘယ်လိုအိမ်မျိုးကို လိုချင်လဲ၊ ပြောင်းပေးရတဲ့အတွက် ထောက်ပံ့ကြေး ဘယ်လောက်လိုအပ်သလဲဆိုတာ သေချာ လုပ်ခဲ့တာပါ။ နောက်တော့ မြစ်ဆုံဒေသခံတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ နေရာသစ် ၂ နေရာ ရွေးလိုက်ပြီး သူတို့အဆင်ပြေအောင် မြေနေရာသစ်ကို စီစဉ်ပေးတယ်၊ လမ်းတွေဖောက်ပေးတယ်၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင် ရရှိအောင်လည်း လုပ်ပေးခဲ့ပါတယ်။ သဘောတူညီချက်အတိုင်း သူတို့ပြန်လည်နေရာချထားရေးမှာ ကျနော်တို့ဝင်ကူညီခဲ့တယ်။ ပြီးတော့ လူမှုရေးအရ ကျနော်တို့ လုပ်ပေးစရာရှိတဲ့ တာဝန်ဝတ္တရားတွေအားလုံးကို ကျေပြွန်အောင်ဖြည့်ဆည်းပေးခဲ့တယ်။ ဒီလိုလုပ်တဲ့နေရာမှာလည်း သူတို့ရဲ့ဆန္ဒတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ကိုးကွယ်ယုံကြည်မှုတွေအားလုံးကို ကျနော်တို့ အင်မတန် တရိုတသေထားပြီး လုပ်ခဲ့တာပါ။

ဧရာဝတီမြစ်ညာအထက်ပိုင်း စီမံကိန်းရှိတဲ့ ဒီမြစ်ဝှမ်းနေရာဟာ မြင့်မတ်တဲ့တောင်တွေ၊ မြစ်ချိုင့်ဝှမ်းတွေ တည်ရှိတဲ့နေရာပါ။ စီမံကိန်းကြီး အကောင်ထည်ပေါ်တာနဲ့ ရေလွှမ်းဧရိယာဟာ ဒီမြစ်ဝှမ်းနေရာတခုလုံးရဲ့ ၁၄ % ပဲ ရှိမှာဖြစ်ပါတယ်။ ဒီဆည် ၇ ဆင့်ပါတဲ့ စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ လူဦးရေဟာလည်း ၂၀၀၀၀ မကျော်ပါဘူး။ မြစ်ဆုံရေအားလျှပ်စစ် စက်ရုံဆောက်တဲ့ နေရာမှာ ကျေးရွာပေါင်း ၅ ရွာရှိတယ်။ ဒီထဲက အိမ်ခြေ ပေါင်း ၄၁၀ ရှိတာ၊ လူဦးရေက စုစုပေါင်း ၂၁၄၆ ယောက်ပဲရှိတယ်။

သူတို့အတွက် ၂ ထပ် အုပ်ပတ်ကားအိမ်တွေ ဆောက်ပေးတယ်၊ အိမ်ထောင်စုတိုင်းကိုလည်း ထောက်ပံ့ကြေး ကျပ် ၁ သိန်း၊ ၂၁ လက်မ ရောင်စုံတီဗီတလုံး၊ တခြားလိုအပ်တဲ့ ပစ္စည်းပစ္စယတွေလည်း ပေးပါတယ်။ နောက်ပြီး သူတို့ဥယျာဉ်ခြံမြေလုပ်ဖို့အတွက် ကျနော်တို့က ထောက်ပံ့ကြေးတွေ အတော်ကိုပေးခဲ့ပါတယ်။ ဒီမြစ်ဆုံဆည်တခုလုံး ဧရိယာအ တွက် နစ်နာကြေးထောက် ပံတာဟာ မြန်မာငွေ ကျပ်သန်းထောင်နဲ့ချီရှိပါတယ်။ ဒီငွေတွေအားလုံး ဒေသခံတွေရဲ့ လက်ထဲတိုက်ရိုက်ကို ထည့်ပေးခဲ့တာပါ။ သူတို့တွေနေရာသစ်မှာ အခြေချဖို့ ကျနော်တို့ မြေဧက ၄၄၀ လောက် ရှာပေးခဲ့ပါတယ်။ အိမ်ထောင်စုတိုင်းအတွက် ၁ နှစ်စာ ဆန်ထုတ်ပေးတယ်၊ မြေနေရာသစ်ကို ပြုပြင်ဖို့နဲ့ တခြားအသုံးစရိတ်တွေအတွက်လည်း ပိုက်ဆံတွေထောက်ပံ့ပေးခဲ့ပြန်ပါတယ်။

စိုက်ပျိုးရေးအတွက် စပါးမျိုးစေ့ ကီလို ၃၀၊ ဓာတ်မြေသြဇာ ကီလို ၅၀ လည်း ပေးပါတယ်။ နောက်တခြားအခြေခံ အဆောက်အအုံတွေဖြစ်တဲ့ ကျောင်းတို့၊ ဆေးရုံတို့ကိုလည်း ကွန်ကရစ်နဲ့ ဆောက်ပေးထားပါတယ်။ ပြီးတော့ ကျောင်းသူကျောင်းသားတွေ အတွက် ကျောင်းစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ၊ စာရေးကိရိယာတွေလည်း ဖြည့်ဆည်းပေးပါတယ်။ နောက်ပြီး အဆင့်မီ ဘာသာရေးဝတ်ပြုဖို့ အဆောက်အဦးတွေ၊ ရဲစခန်းတွေ၊ စာတိုက်တွေ၊ ဈေးတွေ၊ မီးသတ်စခန်းတွေ၊ အုပ်ချုပ်ရေးပိုင်းသုံးဖို့ အဆောက်အအုံတွေ အားလုံးကို ဆောက်ပေးပါတယ်။ ကီလိုမီတာ ၂၀ ရှည်တဲ့ ကွန်ကရစ်လမ်းမကြီးတလမ်းရယ်၊ ရေမီးပုံမှန်ရဖို့အတွက်ရယ်လည်း စီစဉ်ပေးပါတယ်။

ဒီရွှေ့ပြောင်း နေရာချထားပေးတဲ့အလုပ်လည်း ပြီးစီးခဲ့ပါပြီ။ ဒေသခံတွေရဲ့ လူနေမှုအဆင့်အတန်းလည်း ယခင်နဲ့ယှဉ်ရင် အရမ်းကို တိုးတက်သွားလို့ သူတို့ဘဝသစ်ကို သူတို့ကျေနပ်နေကြပါပြီ။ မြစ်ဆုံဆည် ရေလှောင်ဧရိယာအတွက် ပြောင်းရွှေ့ချထားမှုတွေ လုပ်တဲ့အခါ အများလက်ခံနိုင်အောင် ဆင်ခြင်တုံတရားရှိရှိနဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကို အစွမ်းကုန်အသုံးပြုပြီး လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့ဟာ ဒေသခံတွေရဲ့ ရေရှည်အကျိုးအတွက် ကူညီဖို့လည်း အလေးထားပါတယ်။ ဆိုတော့ ဒီမြစ်ဝှမ်းတခွင်မှာ တိရိစ္ဆာန်မွေးမြူရေး၊ အသီးအနှံ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အစီအမံတွေချပြီး လုပ်ကိုင်နေပါပြီ။ နောက်ပြီး ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက်ချိန်မှာ လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် ဒေသခံတွေကိုလည်း အလုပ်ပေး ငှားရမ်းခဲ့ပါတယ်။ ရည်မှန်းချက်ကတော့ သူတို့ ပိုကောင်းတဲ့ အလုပ်အကိုင်တွေရရှိပြီး သူတို့ရဲ့ဘဝကို အရှည်သဖြင့် တိုးတက်လုပ်သွားစေအောင်ပါပဲ။

ကျနော်တို့ တရုတ်ပြည်မှာ ဆိုရိုးစကားနှစ်ခုရှိပါတယ်။ တခုကတော့ “ကိုယ်တိုင်မြင်မှပဲ ယုံကြည်ပါ” ၊ နောက်တခုကတော့ “ပညာရှိမည်သည် အကြံဥာဏ်မှန်သမျှအား လက်ခံစဉ်စားတတ်သူဖြစ်ပြီး လူမိုက်ဆိုသည်မှာ သူအလိုရှိသည်ကိုသာလျှင် တွေးတောယုံကြည်သောသူဖြစ်၏” တဲ့။ လူတွေအားလုံး ပကတိအခြေအနေမှန်ကို သဘောပေါက်နားလည်ပြီး ယထာဘူတကျကျ မျှမျှတတ ကောက်ချက်ဆွဲနိုင်ကြမယ်လို့ ကျနော် အများကြီးယုံကြည်မျှော်လင့်ပါတယ်။


ဧရာဝတီဘလော့မှပြန်လည်မျှဝေသည်







မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မြစ်ဆုံဆည် စီမံကိန်းကို သူ့အစိုးရသက်တမ်း ၅ နှစ်တာ ကာလအတွင်း ဆိုင်းငံ့မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်တော်မှာ မကြေညာမီ မိမိတို့ ကုမ္ပဏီအား တစုံတရာအကြောင်းကြားခြင်း လုံးဝမပြုလုပ်ခဲ့လို့ အင်မတန် အံ့အားသင့်ခဲ့ရကြောင်း China Power Investment Corporation (CPI) ဥက္ကဋ္ဌ မစ္စတာ လူကျိရို (Lu Qizhou) က တရုတ်နိုင်ငံပိုင် China Daily သတင်းစာကြီးကို မနေ့က ပြောကြားလိုက်ပါတယ်။ CPI ဟာ မြစ်ဆုံစီမံကိန်းမှာ ဒေါ်လာ သန်းထောင်ချီ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က CPI နဲ့ မြန်မာအစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာန အမှတ် (၁)၊ အေးရှားဝေါလ်ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး အမေရိကန်ဒေါ်လာ သန်း ၃၆၀၀ ကုန်ကျမယ့် မြစ်ဆုံစီမံကိန်းအပါအဝင် မေခမလိခမြစ်ပေါ်ရှိ ရေအားလျှပ်စစ်ဆည် ၇ ခု အတွက် ရင်းနှီးမြုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာဘီလီယံ ၂၀ လောက်ရှိပါတယ်။

ဒီစီမံကိန်းတွေအတွက် ငွေအလုံးအရင်း မြှုပ်နှံထားတာကြောင့် စီမံကိန်းကို ဆက်လက်ပြီး သတ်မှတ်ကာလအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း၊ စီမံကိန်းကို ရပ်တန့်လိုက်ပါက “တရုတ်ပြည်နဲ့ မြန်မာပြည်” နှစ်နိုင်ငံလုံး မဖော်ပြနိုင်လောက်အောင် ဆုံးရူံးမှုများ ကြုံတွေ့ရမှာဖြစ်ကြောင်း၊ မြန်မာအစိုးရဖက်က စီမံကိန်းအတွက် ချေးငွေ သဘောတူညီချက်များအရ ပိုက်ဆံများလည်း ရယူထားပြီးဖြစ်ကြောင်း၊ ဒါ့ကြောင့် ယခုလို ရပ်တန့်လိုက်ခြင်းအတွက် မြန်မာဘက်မှ ဥပဒေကြောင်းအရ ပြဿနာများရင်ဆိုင်ရနိုင်ကြောင်း မစ္စတာလူကျိရိုက ပြောထားပါတယ်။

အင်တာဗျူးက နည်းနည်းရှည်တဲ့အတွက် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။ အခု တပိုင်းကို ကိုဘကောင်းက ဘာသာပြန်ပေးထားပါတယ်။

CPI ဥက္ကဋ္ဌ လူကျိရှို (ဓာတ်ပုံ - ဘလွန်းဘာ့ဂ်)

မေး။ မြန်မာအစိုးရက ဆောက်နေဆဲ မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တယ်လို့ သိရပါတယ်။ ဘယ်လိုကနေဘယ်လို ဖြစ်သွားတာပါလဲဆိုတာ ရှင်းပြပေးပါလား။

ဖြေ။ ကျနော်လည်း မီဒီယာတွေကတဆင့် ကြားတာပါပဲ။ ကြားလိုက်တော့ လုံးဝအံ့သြသွားတယ်။ ဒီလို "ဆိုင်းငံ့" တယ်လို့ မကြေညာခင် မြန်မာဘက်က ကျုပ်တို့ကို ဘာဆိုဘာမှ အကြောင်းကြားတာ မဟုတ်ဘူး။ ကျနော်တို့ CPI ရယ် မြန်မာအစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာန အမှတ် (၁) ရယ်၊ မြန်မာကုမ္ပဏီ အေးရှားဝေါလ်ရယ် ၂၀၀၆ ဒီဇင်ဘာထဲက သဘောတူညီမှု သဝဏ်လွှာထိုးထားတာပါ။ ဒီလိုထိုးထားတဲ့ အချိန်ကစပြီး CPI ဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားတဲ့မူ၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားယှဉ်ပြီး လုပ်ကိုင်တဲ့မူ၊ သူ့ရောကိုယ်ပါ အကျိုးရလဒ် ထွက်စေမယ့် မူဝါဒသဘောထားတွေကို အစဉ်တစိုက်ကျင့်သုံးခဲ့တာပါ။

မြန်မာနဲ့ ပူးတွဲလုပ်ကိုင်တာမို့ တရုတ်-မြန်မာနိုင်ငံ နှစ်နိုင်ငံလုံးရဲ့ ဥပဒေတွေ စည်းမျည်းစည်းကမ်းတွေကို တသွေမတိမ်းလိုက်နာခဲ့တာပါ။ ကျနော်တို့ တာဝန်ရှိတဲ့ကိစ္စမှန်သမျှ ဖြည့်ဆည်းခဲ့တာပဲ။ နိုင်ငံတကာစံချိန်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းပိုင်ဆိုင်ရာ Build-operate-transfer (BOT) အတိုင်းလုပ်ခဲ့တာပဲ။ မြန်မာနဲ့ တရုတ်အစိုးရနှစ်ဖက် မြန်မာပြည်မှာရှိတဲ့ ရေစွမ်းအင်အရင်းအမြစ်တွေကို ပူးတွဲဖော်ဆောင်လုပ်ကိုင်ရန်ဆိုပြီး ၂၀၀၉ မတ်လက မူဘောင်ချမှတ်လက်မှတ်ထိုးပြီးတော့ ဒီဧရာဝတီမြစ် အထက်ဖက် ရေအားလျှပ်စစ်စီမံကိန်းကို CPI က လုပ်ဆောင်ဖို့ အတိအလင်း ဖော်ပြထားတာပဲ။

နောက်ပြီးကျနော်တို့က ဒိတ်ဒိတ်ကြဲ ရေအားလျှပ်စစ်စွမ်းအင်ဆိုင်ရာ ဒီဇိုင်းဆွဲတဲ့တက္ကသိုလ်တွေ၊ သုတေသနဌာနတွေ၊ အကြံပေးအဖွဲ.အစည်းတွေ၊ တရုတ်ပြည်က ဂုဏ်သိက္ခာရှိ ပညာရှင်တွေကို (ဒီမြစ်ဆုံအပါအဝင်) ဧရာဝတီမြစ် အထက်ဖက် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ဆွဲတာရော၊ ဒီဇိုင်းရော၊ အသေးစိတ်လေ့လာမှုအတွက်ရော၊ စီမံကွပ်ကဲဖို့အတွက်ရော ခေါ်ယူခဲ့တာပဲ။ Changjiang Institute of Survey, Planning, Design and Research ဆိုရင် ဒီစီမံကိန်း အစီအစဉ်ချဖို့အတွက်ရော ဒီမြစ်ဆုံဆည်စီမံကိန်း ဒီဇိုင်းဆွဲဖို့အတွက်ရော တာဝန်ယူလုပ်ဆောင်ခဲ့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဌာနဟာ တရုတ်ပြည်က Three Gorges ဆည်ကြီးကို ဒီဇိုင်းချပေးခဲ့တာမို့ပါ။

နောက် ကျနော်တို့ မြစ်ဆုံစီမံကိန်းကို လုပ်ပြီဆိုတော့လည်း မြန်မာအစိုးရ လျှပ်စစ်ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရင်ပညာရှင်တွေ၊ ကျွမ်းကျင်တဲ့အဖွဲ့အစည်းတွေက ဝိုင်းဝန်းပြီး နည်းပညာဆိုင်ရာမှတ်တမ်းတွေ၊ လေ့လာမှုတွေ အတူတကွ ဆွေးနွေးသုံးသပ်ခဲ့တယ်။ ဒါကြောင့် ဆည်ဆောက်လုပ်ဖို့ ထောက်ခံတဲ့ မှတ်တမ်းမှတ်ရာတွေအပြင် ဒါနဲ့ဆက်စပ်တဲ့ ဥပဒေဆိုင်ရာ အထောက်အထားစာရွက်တွေ နှစ်ဦးနှစ်ဖက် ဖက်စပ်လုပ်ဆောင်မယ့် လက်မှတ်ထိုးထားတဲ့ သက်သေစာတမ်းတွေ၊ စီးပွားရေးလိုင်စင်တွေ၊ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်တွေ၊ လုပ်ကိုင်ခွင့်တွေ၊ ဥပဒေပိုင်းဆိုင်ရာ တရားသူကြီးရဲ့အမြင်တွေ ဒါတွေအားလုံး မြန်မာနိုင်ငံရဲ့ နည်းဥပဒေသတွေနဲ့ တသွေမတိမ်း ကိုက်ညီအောင်လုပ်ခဲ့တာပါ။ ဒီနှစ် ဖေဖော်ဝါရီလကတင် အခုသမ္မတဖြစ်နေတဲ့ ဦးသိန်းစိန်ဟာ ယခင်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ်နဲ့ ဆည်ဆောက်တဲ့နေရာကိုလာပြီး ဒီစီမံကိန်းကြီးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ကျနော်တို့ကို လာပြောသွားသေးတာ။ အခု ဒီစီမံကိန်းကြီးကို ဗြုန်းဆို ဆိုင်းငံ့လိုက်ပြီ ဆိုတာကတော့ တကယ် နားမလည်နိုင်စရာဘဲ။ ဆိုင်းငံ့တယ်ဆိုတဲ့သဘောက ဆောက်နေတာတွေ ရပ်လိုက်ပြီလို့ဆိုတဲ့ အဓိပ္ပါယ်ထွက်ရင်တော့ ဒါဟာ ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတော့မှာပဲ။

မေး ။ CPI က ဘယ်လိုကနေဘယ်လို ဒီမြစ်ဆုံဆည်စီမံကိန်းမှာ သွားလုပ်ကိုင်ဖြစ်တာလဲ။ အခု ဆည်ဆောက်လုပ်နေတဲ့ အခြေအနေကရော၊ နောက်ပြီး တကယ်လို့ ရပ်ဆိုင်းလိုက်ပြီဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမလဲ။

ဖြေ ။ ရေအားလျှပ်စစ်ဆိုတာဗျာ မျက်မှောက်ခေတ်မှာဆိုရင် နည်းပညာအရရော သိပ်ကိုအဆင်ပြေပြီး စီးပွားရေး တွက်ချေကိုက်မှုအရပါ သိပ်ကိုအသုံးဝင်တဲ့ စွမ်းအင်ပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် ရေအားလျှပ်စစ်ကို ဖော်ထုတ်အသုံးချမှုက ၆၀ % အထက်၊ အမေရိကနိုင်ငံဆိုရင် ၇၂ %၊ ဂျပန်မှာဆိုရင် ၆၇%၊ ပြင်သစ်မှာဆိုရင် ၉၀ %၊ အီတလီမှာ ၉၅ %၊ နော်ဝေ မှာဆိုရင် ၆၀ % အထက်မှာရှိနေတာပါ။ အခုကျနော်တို့ တရုတ်ပြည်မှာဆိုရင် ရေအားလျှပ်စစ်ထုတ်လုပ်မှုနှုန်းက ၅၀ % ရှိပြီ။ ၂၀၂၀ မှာဆိုရင် ၇၅ % အထက်ရောက်ဖို့ရှိတယ်။

မြန်မာပြည်ရဲ့ စုစုပေါင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်ပမာဏက ၁၀၀ ဂစ်ဂါဝပ်လောက်ရှိတော့ ဒီနိုင်ငံဟာ ကမ္ဘာမှာဆိုရင် ရေအားအရင်းအမြစ် အင်မတန်ပေါကြွယ်ဝတဲ့ ရှားရှားပါးပါးနိုင်ငံတနိုင်ငံပါပဲ၊ ဒါပေမယ့် အခုဒီနိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်လုပ်အသုံးချမှုက ၂. ၄၅ % လောက်ပဲရှိတော့ သူရှိတဲ့ရေအားအရင်းအမြစ်နဲ့ နှိုင်းယှဉ်မယ်ဆို အဆမတန် နည်းနေတာပဲ။ ထုတ်သုံးလို့ရမယ့် အရင်းအမြစ်က အများကြီးကို ပိုလျှံနေတယ်။ အထူးသဖြင့် အခုကျုပ်တို့လုပ်တဲ့ ဧရာဝတီမြစ်အထက်ဘက် ရေအားလျှပ်စစ်စီမံကိန်းဆိုရင် တရုတ်-မြန်မာနယ်စပ်နဲ့လည်းနီးတယ်။ နောက်ပြီး ရလာတဲ့ လျှပ်စစ်က မြန်မာပြည် စက်မှုဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရုံတင်မကဘူး၊ တရုတ်ပြည်အတွက်လည်း သဘာဝကိုမထိခိုက်တဲ့ စွမ်းအင်ကိုလည်း ရရှိနိုင်တယ်။ ဒါတွေအပေါ် တွက်ဆပြီး သူရောကိုယ်ရော နှစ်ဦးနှစ်ဖက်အကျိုးဖြစ်စေမယ့် ဒီစီမံကိန်းကြီးမှာ ရင်းနှီးလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်တယ်။



အခုအားလုံး ပူပန်နေတဲ့ မြစ်ဆုံစီမံကိန်းက ဧရာဝတီမြစ်ဝှမ်းမှာ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းပဲ။ ဒါကို ကျနော်တို့ ၂၀၀၉ ဒီဇင်ဘာမှာ စဆောက်တယ်။ မြစ်ဆုံဒေသမှာရှိတဲ့ ဒေသခံတွေကိုလည်း နေရာရွှေ့ပြောင်းတာ ပြီးသွားပါပြီ။ ဆည်ဆောက်ဖို့အတွက် ပြင်ဆင်တဲ့လုပ်ငန်းတွေ (ဆည်အတွက် လမ်းတွေ၊ ရေ၊ မီး၊ ဆက်သွယ်ရေး၊ လုပ်ငန်းခွင်အတွက် မြေတွေညှိတာတွေ) အားလုံး အရှိန်အဟုန်အပြည့်နဲ့ စခဲ့ပြီးနေပြီ။ လုပ်ငန်းခွင်အတွက်လိုအပ်တဲ့ ရေသန့်စင်တဲ့ စက်ရုံတွေ၊ လောင်စာဆီ သိုလှောင်ရေးရုံတွေ တော်တော်တောင် ပြီးစီးနေပါပြီ။ ဆောက်လုပ်မယ့် ဆည်အောက်ပိုင်းက ဧရာဝတီမြစ်ကူးတံတား တခုဆိုရင် ဆောက်နေဆဲ တန်းလန်းပါ၊ နောက်ပြီး ဆည်အတွက် ရေထွက်ပေါက် အဓိကလမ်းတွေ၊ ရေလွှဲစနစ်တွေဆိုရင်လည်း စတောင်စပြီးနေပါပြီ။

ဆည်အကောင်အထည်စဖော်တဲ့ ကာလကနေပြီး ငွေတွေလည်း အမြောက်အမြား ရင်းနှီးမြုပ်နှံထားတာပါ။ ဆိုတော့ ဒါကြီးကို ဆိုင်းငံ့လိုက်ပြီဆိုရင် ဆုံးရူံးမှုက တိုက်ရိုက် ရင်းနှီးမြုပ်နှံထားတာတွေ၊ ငွေကြေးအသုံးစရိတ်တွေထက်မက ပိုပါတယ်။ ဒီစီမံကိန်းကို ကန်ထရိုက်ယူထားတဲ့ သူတွေကလည်း စီမံကိန်းပျက်သွားတဲ့အတွက် ငွေကြေးတောင်းခံမှုတွေ၊ သတ်မှတ်ထားတဲ့ လျှပ်စစ် မထုတ်လုပ်နိုင်တော့မှာတွေ၊ ဒီမြစ်ဆုံဆည်နဲ့အတူဆောက်တဲ့ တခြားဆည်တွေအတွက် ရင်းနှီးမြုပ်နှံမှုတွေ အဆမတန် တက်လာမယ် အစရှိသဖြင့် ပြဿနာတွေအများကြီး ရင်ဆိုင်ရမယ်။ ဒါကြောင့် ဆည် ၇ ခုပါဝင်တဲ့ ဒီဧရာဝတီ ရေအားလျှပ်စစ် စီမံကိန်းကြီးဟာ အချိန်မီပြီးစီးတော့မှာ မဟုတ်ဘူး။ အကျိုးဆက်အနေနဲ့ တရုတ်ရော မြန်မာရော နှစ်နိုင်ငံလုံး တိုင်းတာလို့မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတွေ ရင်ဆိုင်ရတော့မယ်။ ဒီနှစ်ဆန်းပိုင်းက နှစ်နိုင်ငံ သဘောတူညီချက်ရပြီး ဟိုဘက်ဒီဘက် သက်ဆိုင်ရာ ဘဏ်တွေက တရုတ်ယွမ်ငွေနဲ့ ငွေချေးစာချုပ် သဘောတူညီချက်လုပ်ခဲ့တယ်။ မြန်မာဘက်က ဒီငွေတွေပြန်ဆပ်ဖို့ အာမခံတဲ့သဘောနဲ့ မြန်မာအစိုးရဘက်က မြစ်ဆုံဆည်မံကိန်းမှာ သူတို့လည်း ရှယ်ယာဝင်ထည့်တယ်။

နောက်ပြီး ဒီချေးငွေစာချုပ်အရ ငွေတွေပြန်ဆပ်ဖို့ အဓိက အရင်းအမြစ်အနေနဲ့ မြန်မာဘက်က ဒီဆည်ကနေရမယ့် ငွေကြေး အကျိုးအမြတ်တွေကို ကြိုယူထားတာလည်းရှိတယ်။ ဆိုတော့ ဒီမြစ်ဆုံဆည်စီမံကိန်းကြီးသာ ဆိုင်းငံ့လိုက်ပြီဆိုရင် ပထမလုပ်ထားတဲ့ ငွေကြးစာချုပ် သဘောတူညီချက်တိုင်း ပိုက်ဆံတွေမြန်မာဘက်က ပြန်ပေးနိုင်ဖို့ အကြီးအကျယ် အခက်တွေ့မှာပါ။

ကျနော့်အမြင်တော့ ဒီဆည်ဆောက်ဖို့အတွက် နှစ်နိုင်ငံလုံးက လုံလောက်တဲ့ သိပ္ပံဆိုင်ရာလေ့လာမှုတွေကို သက်သေပြနိုင်လောက်အောင် ပြည့်ပြည့်ဝဝ လေ့လာခဲ့ပြီးတဲ့အတွက် နှစ်နိုင်ငံလုံးရဲ့ ဥပဒေပိုင်းဆိုင်ရာတွေ သေချာကျကျနန လုပ်ဆောင်ထားတဲ့အတွက် ဒီမြစ်ဆုံဆည်မံကိန်းကြီးဟာ သမိုင်းရဲ့အစမ်းအသပ်ကို သေချာပေါက် ခံနိုင်မယ်လို့ ပြောချင်ပါတယ်။ နှစ်ဦးနှစ်ဘက် မဆုတ်မနစ် အားထုတ်ကြမယ်ဆိုရင်တော့ ဒီစီမံကိန်းကြီး လျာထားတဲ့ ကာလအတိုင်း ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဆက်လက်လုပ်ကိုင်သွားနိုင်မယ်။ နှစ်ဦးနှစ်ဘက် အကျိုးရှိပြီး သူရောကိုရော အကျိုးရှိတဲ့ ရလဒ် (win-win result) တွေ စစ်စစ်မှန်မှန် ပေါ်ထွက်လာမယ်လို့ ကျနော် အခိုင်အမာမျှော်လင့်ပါတယ်။

မေး ။ ဒီမြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံအတွက်ပဲ စီးပွားရေးအကျိုးအမြတ် ရလိမ့်မယ်ဆိုပြီး တချို့ရေးတာတွေလည်း တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ ။ ဒီအမြင်ဟာ တက်တက်စက် လွဲတဲ့အမြင်ပါ။ ဒီလိုမှားတဲ့အမြင်ကို ဆုပ်ကိုင်ထားတဲ့သူတွေက ဖြစ်နေတဲ့အခြေအနေကို နားမလည်သူတွေရှိသလို တချို့တွေကလည်း တမင် စေတနာဆိုးတွေ၊ မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ပြောဆိုနေကြသူတွေလည်း ရှိပါတယ်။ ဆည်အတွက် အခြေခံအဆောက်အအုံတွေ အကောင်အထည်ဖော်ရာမှာ Build-operate-transfer ကို အကောင်အထည်ဖော်တာ နိုင်ငံတကာမှာထုံးစံပါ။ ဒီ အခြေခံအရ ဧရာဝတီမြစ်ညာအထက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးတာနဲ့တပြိုင်နက် CPI ဟာ ဒီစီမံကိန်း နှစ် ၅၀ တိုင် လည်ပတ်အောင်ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ နှစ် ၅၀ ပြည့်တာနဲ့ ဒီစီမံကိန်းကို မြန်မာထံ အခမဲ့လွှဲပေးမှာဖြစ်ပါတယ်။ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးတော့သော်လည်းကောင်း ဧရာဝတီမြစ်ညာအထက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းဟာ မြန်မာပြည်ရဲ့ စီးပွားရေးအရှိန်အဟုန် တိုးတက်ဖို့ သိသိသာသာ အထောက်အကူပြုပြီး မြန်မာ့လူ့အဖွဲ့အစည်းကိုလည်း အင်မတန် အထောက်အပံ့ဖြစ်မှာပါ။

ဒီဆည်စီမံကိန်းကြီး တခုလုံးပြီးလို့ တိုက်ရိုက်စီးပွားရေး အကျိုးအမြတ်အနေကတော့ မြန်မာပြည်ဟာ အခွန်ကတဆင့် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ ရမှာတင်မကဘူး၊ လျှပ်စစ်အလကားရမယ်၊ ထွက်လာတဲ့ လျှပ်စစ်ရောင်းလို့ရတဲ့ ပိုက်ဆံတွေလည်း ခွဲဝေကြရဦးမယ်။ နှစ် ၅၀ အတွင်း CPI က မြုပ်နှံလိုက်လို့ရလာတဲ့ အကျိုးအမြတ်ထက် အဆမတန် မြန်မာဘက်က ရဦးမှာဖြစ်ပါတယ်။ အထူးသဖြင့် ဆည်ရဲ့ ဒီဇိုင်းသက်တမ်းက အနှစ် ၁၀၀ ကျော်ဆိုတော့ အနှစ် ၅၀ ပြည့်လို့ ဒီဆည်ကို လွှဲလိုက်ရင် မြန်မာဖက်က နောက်အနှစ် ၅၀ လောက်ဒီဆည်ကြီးကနေ အမေရိကန်ဘီလီယံ ဆယ်ဂဏန်းလောက်ရှိတဲ့ အကျိုးအမြတ်တွေ ရနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ တိုက်ရိုက်စီးပွားရေး အကျိုးအမြတ်ရော ဒီဆည်ကနေ မြန်မာဘက်က ရရှိဦးမှာပါ။ အမေရိကန်ဒေါ်လာဆိုတော့ နောင်မှာ ဒေါ်လာတန်ဖိုး ကျမသွားရင်ပေါ့ဆိုတာတော့ နားလည်လောက်ပါတယ်။

နောက် တိုက်ရိုက်မဟုတ်တဲ့ အကျိုးအမြတ်တွေပြောရရင် ဒီအဆင့်မြင့်တဲ့၊ စွမ်းအင်အများကြီး ထုတ်နိုင်တဲ့ မြစ်ဆုံရေအားလျှပ်စစ်စက်ရုံက မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အား အဆောက်အအုံကို အလျင်အမြန်တိုးတက်အောင် လုပ်ပေးနိုင်ရုံတင်မကဘူး၊ လျှပ်စစ်ဓာတ်အား ဆောက်လုပ်ရေး၊ တပ်ဆင်ရေး၊ စီမံအုပ်ချုပ်ရေး ပညာရှင်တွေကို အမြောက်အများကို မွေးထုတ်ပေးနိုင်မှာပါ။ ဒါကြောင့် မြန်မာ့လျှပ်စစ်ကဏ္ဍဟာ တရှိန်ထိုး အံ့မခန်း ခုန်ပျံတိုးတက်သွားပါလိမ့်မယ်။ တနိုင်ငံလုံး စီးပွားရေးရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခိုင်မာတဲ့ လျှပ်စစ်စွမ်းအင်ကို ရရှိမှာဖြစ်ပါတယ်။

နောက်တခုက မြစ်ဆုံစီမံကိန်းပြီးရင် ဆည်အောက်ဘက်က ရေကြီးတဲ့အန္တရယ်ကိုလည်း သေသေချာချာ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ မြစ်ကမ်းပါးတလျှောက်မှာ နေထိုင်နေတဲ့ ဒေသခံတွေ ရေကြီးတဲ့အခါ ခံစားရတဲ့ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုကို လျော့ပါးအောင်လည်း လုပ်ပြီးသားဖြစ်သွားမှာပါ။ မြစ်ကြီးနားမြို့မှာ ၅ နှစ်မှာ ၁ ကြိမ်လောက် ကြုံတွေ့နေရတဲ့ ရေကြီးတဲ့ဒဏ် ခံရတဲ့အခြေအနေဟာ ဆည်ကြီးပြီးသွားရင် အနှစ် ၂၀ မှာ ၁ ခါ လောက်ပဲ ရေဘေးကို ခံရတဲ့အခြေအနေကို ရောက်သွားမယ်။
နောက်ပြီး ကျနော်တို့က ဆည်နဲ့အတူ ၇၅၀ ကီလိုမီတာရှည်တဲ့ လမ်းကြီးတလမ်းရယ်၊ ရေ၊ မိုးလေဝသ၊ မြေငလျှင်အခြေအနေတွေ လေ့လာတဲ့ စခန်းတွေ ပေါ်ထွက်လာမယ်။ ဒီအဆောက်အအုံတွေဟာ ဒေသခံတွေအတွက် မုချမသွေ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးပြီး စီးပွားရေးလုပ်ငန်းတွေ၊ အရင်းအနှီးတွေကို ဆွဲဆောင်နိုင်မှာမို့လို့ သူတို့ရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးမှာပါ။

နောက်ထပ်ပြောချင်တာကတော့ ဆည်ဆောက်လုပ်ရေး အရှိန်မြင့်မြင့် အကောင်အထည်ဖော်တဲ့အချိန်မှာ အလုပ်သမား ၄၀၀၀၀ လောက် လိုမှာမို့လို့ ဒေသခံတွေ အလုပ်ရကြဦးမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီ (ဆည် ၇ ခုအပါအဝင်) ဆည်စီမံကိန်း ဆောက်လုပ်ရေးခွင်မှာ မြန်မာအလုပ်သမား ၂၀၀၀ လောက်ရှိပြီး ၁၄၀၀ လောက်က မြစ်ဆုံဆည်ဆောက်လုပ်ရေးမှာ ဝင်လုပ်နေကြတာပါ။ သူတို့ ဒီလိုဝင်လုပ်တာရော ဒီဆည်လုပ်ငန်းမှာ လုပ်နေတဲ့သူတွေအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ပေးတာကနေ ဒေသခံတွေက အတော်ကို သူတို့ရဲ့ စီးပွားရေးအဆင့်အတန်း လူနေမှုအဆင့်အတန်းတွေ တိုးတက်သွားကြပါပြီ။
 
ဧရာဝတီဘလော့မှပြန်လည်မျှဝေသည်

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊  တက်ကြွစွာ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သတင်းရရှိပါသည်။

ယနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ရက်စွဲဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သော မြစ်ဆုံစီမံကိန်းရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မ၏ သ၀ဏ်လွှာ သတင်းကို သိရှိရပြီးနောက် ယခုကဲ့သို့ ၀မ်းမြောက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။

လူထုစိန်ဝင်း

အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် တန်ဖိုးထားလေးစား၊ ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင်တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီးပြောင်းလဲ သွားနိုင်ပါတယ်။ နှစ် ၅၀ အစိုးရနဲ့ ပြည်သူအကြား အတားအဆီးဖြစ်နေတဲ့ နံရံတွေကို ဖြိုလှဲချနိုင်လိမ့်မယ်လို့ယူဆပါတယ်။ ဒီဧရာဝတီကိစ္စကို အခုလို မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာဟာ ပြည်သူတစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံးညီညွတ်မှု ပြသနိုင်လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့ စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ဖော်ထုတ်ခဲ့ကြတာဟာ အားလုံးသော ပြည်သူတစ်ရပ်လုံးအတွက် တူညီသော အမျိုးသား အကျိုးစီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလိုစည်းရုံးမိကြတာ ဖြစ်တယ်။ ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ ပြည်သူတစ်ရပ်လုံးက
ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော်သီချင်းကို တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ်မှန်သမျှရဲ့ အန္တရာယ်က တွန်းလှန်ကြပါလို့ နှိုးဆော်လိုက်ချင်ပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် CPI ကုမ္ပဏီနှင့် Asia World ကုမ္ပဏီ တို့ကို တရားဝင် မေတ္တာရပ်ခံ ကန့်ကွက်ခဲ့သည့် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်

လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ သမ္မကြီး ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်သူလူထုဆန္ဒကို လိုက်လျှောပေးခဲ့ခြင်းဟာ အစိုးရတစ်ရပ်အနေနဲ့ နှစ်ပေါင်း ၅၀ ကာလအတွင်း အရဲရင့်ဆုံးခြေလှမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒဆိုတာ ပြည်သူတွေရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ မိမိတို့ရဲ့ဆန္ဒအမှန်ကို ရဲရင့်တည်ကြည်စွာ ဖော်ထုတ်ခဲ့ကြသူတွေ အားလုံးနဲ့ ဒီဆုံးဖြတ်ချက်ကို ရဲရင့်စွာ ဆုံးဖြတ်ခဲ့ကြသူ အားလုံးကိုလည်း EMG အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၆၀ ကျော် သွေးကွဲနေခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းပဲဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်းမှုနဲ့ ကျွန်တော်တို့အားလုံး မြစ်ဆုံမှာ ပြန်ဆုံတွေ့ကြနိုင်ဖို့ မျှော်လင့်ပါတယ်။

ဦးအုန်း(ဒုဥက္ကဌ ၊ FREDA) 

ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေတဲ့သူတစ်ဦး အနေနဲ့ ၂၀၁၁ခုနှစ်ရဲ့ အကောင်းဆုံး သတင်းတစ်ခုလို့ သုံးသပ်ပါတယ်။ မြစ်ဆုံဆိုတာ ကချင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုတစ်ခုပါ၊အဓိကအားဖြင့် ကချင်ပြည်နယ်က ဒေသခံတွေက သူ တို့ရဲ့ ယဉ်ကျေးမှုတွေကို  ဖျက်ဆီးတာကို မကျေနပ်နိုင်သလို မျိုးချစ်စိတ်ရှိတဲ့ ပြည်သူတွေအားလုံးကလည်း ဒီကိစ္စကို လက်ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒါပြည်သူအားလုံးရဲ့ ဆန္ဒပါ။ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ရာဇ၀င်မှာ အမဲစက် မထင်အောင် ချင့်ချင့်ချိန်ချိန် လုပ်ကြဖို့ တတ်နိုင်သလောက် မေတ္တာရပ်ခံမှုတွေ ပြုလုပ်နေကြရတာ ဖြစ်ပါတယ်။ ဒီဆန္ဒကို သမ္မတကြီးက လိုက်လျော ပေးတဲ့အတွက် လေးစားပါတယ်။ အရမ်းကိုကျေနပ်ပါတယ်။ ဆက်ပြီး အကြံပြုချင်တာ တစ်ခုက ကချင် ပြည်နယ်တစ်ခုလုံးက  biodiversity အလွန်ပေါ်တဲ့နေရာ ဖြစ်ပါတယ်။ သစ်ခွမျိုးစိတ်ပေါင်း ၈၀၀ကျော် ရှိတယ်။ဆင်၊ကျား၊ကျားသစ်၊သက်ဝံ ကအစရှိတဲ့ နေရာတွေရှိတယ်။အင် မတန်တန်ဖိုးရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမျိုးကို ecotourism  အဖြစ် ပြုလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်'' ဟု FREDA မှ ဒုတိယဥက္ကဌ ဦးအုန်းက ပြောကြားခဲ့သည်။

ဦးစိုးညွန့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)

"မြစ်ဆုံစီမံကိန်းရပ်တာ ၀မ်းသာစရာအကောင်းဆုံး သတင်းပါပဲ။ ဒီစီမံကိန်းရပ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ ပူးပေါင်းမှု အားကြောင့်သာ ဒီလိုရလဒ်ရလာတာပါ။ မြစ်ဆုံကို ချစ်တဲ့သူ၊ ဧရာ ၀တီကိုချစ်တဲ့သူ၊ မြန်မာနိုင်ငံကို ချစ်တဲ့သူအားလုံးက မဖြစ်သင့်တဲ့ စီမံကိန်းကို ၀ိုင်းဝန်းကာကွယ်ခဲ့ကြတယ်။ ဒီလိုအောင်မြင်မှု ရလာတာကတော့ အားလုံးအတွက် ၀မ်းသာစရာပေါ့။ ကြိုဆိုပါတယ်"

ဆရာအော်ပီကျယ်

“၀မ်းသာပါတယ် သမ္မတတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တယ်လို့ ယူဆပါတယ်။ ဒီအစိုးရလက်ထက်မှာ ရပ်ဆိုင်းလိုက်တဲ့အတွက် ဒီအစိုးရလက်ထက်တစ်ခုစာတော့ သေချာသွားတာပေါ့။ အဓိကကတော့ Eleven အပါအ၀င် ဧရာဝတီကို အားလုံး ပြည်သူတစ်ရပ်လုံး ၀ိုင်းလုပ်တဲ့အောင်မြင်မှုပဲလို့ ယူဆပါတယ်။”

ဒေါက်တာတူးဂျာ(မြစ်ကြီးနားမြို့)

မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တဲ့ သတင်းက အရမ်းကို ၀မ်းသာကြိုဆိုပါတယ်။ ဒါဟာသမ္မတကြီးရဲ့သဘောထားကြီးမှု၊ အမြော်မြင်ကြီးမှုကို မြင်ရပါတယ်။ နောက်ပြီး ပြည်သူတွေရဲ့အသံကို အလေးထားတယ်ဆိုတာကိုလည်း ပြလိုက်တဲ့သဘောပါ။ ပြည်သူတွေရဲ့အသံကို အလေးထား၊ နားထောင်ပေးတဲ့ အတွက် ဒီမိုကရေစီနိုင်ငံကို ဦးတည်နေပြီလို့လည်း မြင်ပါတယ်။ ဒါကိုကြိုဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး

ဒီမနက်ကြားရတဲ့ သတင်းကတော့ တကယ့် မင်္ဂလာသတင်းပါပဲ။ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ သဘောထားကို နားထောင်ပြီး ဆုံးဖြတ်လိုက်တဲ့ ကိစ္စပဲလေ။ ဒီကိစ္စကလွှတ်တော်မှာ မဲခွဲပြီးဆုံးဖြတ်မယ်ဆိုရင်တောင် လွှတ်တော်အတွင်းမှာ ရှိနေတာက အစိုးရတစ်ရပ်ရဲ့လူတွေပဲလေ။ အဲဒီထဲကလူတွေအနေနဲ့ ကိုယ့်ဆန္ဒကြောင့်ပဲဖြစ်စေ၊ အဂတိမကင်းတဲ့ ကိစ္စတစ်ခုခုကြောင့်ပဲဖြစ်စေ ထောက်ခံတယ်ဆိုတာမျိုး ဖြစ်လာနိုင်သေးတယ်။ အဲဒီလိုဖြစ်လာခဲ့ရင်လည်း ပြည်သူရဲ့ တကယ့် အသံစစ်စစ်ကတော့ မြစ်ဆုံစီမံကိန်းက မဖြစ်သင့်ဘူးဆိုတာ ဖော်ညွှန်းနေမှာပါပဲ။ မြန်မာနိုင်ငံသား အားလုံးအတွက် အရေးပါတဲ့ ဧရာဝတီရယ်၊ ကချင်လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ မြစ်ဆုံလို ဒေသမှာ လုပ်မယ့်ကိစ္စက လုံးဝမဖြစ်သင့်တာလေ။ အဲဒါကို ပြည်သူ့ဆန္ဒတစ်ခု တည်းကြည့်ပြီး ရပ်ဖို့ ဆုံးဖြတ်လိုက်တာဟာ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ သတင်းလို့ ခံစားမိပါတယ်။ ကြားရတာ အင်မတန်မင်္ဂလာရှိတဲ့ သတင်းပါပဲ။

ဒေါက်တာ ဖုန်းဝင်း

“အစိုးရအဖွဲ့က ဒီလိုဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။ ကျွန်တော်ကတော့ အချက်သုံးချက်နဲ့ ပြောချင်တယ်။ ပထမတစ်ချက်ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုချင့်ချိန်ပြီး လုပ်နိုင်မယ်ဆိုရင် နိုင်ငံဟာ ရေရှည်တည်တံ့ပြီး sustainable development ဖြစ်တဲ့ နိုင်ငံဖြစ်လာမှာပဲ။ ဒီလို မူဝါဒမျိုးချ မှတ်ရင် အစိုးရအတွက်၊ ပြည်သူအတွက်၊ တိုင်းရင်းသားတွေအတွက် ကောင်းတယ်။ ဒုတိယတစ်ချက်ကတော့ ဒီလိုရပ်ထားတာဟာ အရင်ကလုပ်ချင်တဲ့သူနဲ့ မလုပ်ချင်တဲ့ သူတွေကြားက ပဋိပက္ခတွေကို ပြီးသွားစေတယ်။ နည်းသွားစေတယ်။ နောက်ဆုံး အချက်ကတော့ မြစ်ဆုံစီမံကိန်းဟာ မလုပ်သင့်တဲ့ကိစ္စမို့လို့ ပြန်စဉ်းစားပါလို့ အားလုံးက ကန့်ကွက်ခဲ့ ကြတယ်။ နိုင်ငံသား တာဝန်ကျေပွန်အောင် ရပ်တည်ခဲ့ကြတယ်။ ရလာ တဲ့ရလဒ်ကလည်း ကောင်းတယ်။ ကျွန်တော့်အမြင်ကတော့ တခြား ကိစ္စတွေမှာလည်း ဒီလိုသာ ဆက်လုပ်သွားနိုင်မယ်ဆိုရင် တစ်နေ့မှာ သွားချင်တဲ့ ရည်ရွယ်ချက်ဆီ ရောက်မယ်ဆိုတာပါပဲ”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတစ်ဦး

မြန်မာနိုင်ငံက ပြည်ထောင်စု တိုင်းရင်းသားတွေ အတွက် မင်္ဂလာသတင်းပါ။ မြစ်ဆုံကို ရပ်ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာတယ်။ ဒေသခံတွေ နောင်လာနောက်သားတွေ အတွက် ရတက်မအေးဘူး ဖြစ်နေရတာတွေ မဖြစ်တော့ဘူးပေါ့။ မြစ်ကြီး မကောတော့ဘူးပေါ့။ ဒါဟာ ဧရာဝတီကို အသက်ဆက်ပေးလိုက်ရုံတင် မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးကိုပါ အသက်ဆက်ပေးလိုက်တာပါ။

ကိုသီဟ၊ စီးပွားရေးလုပ်ငန်းရှင်၊ အသက် ၃၀ နှစ်၊ မြစ်ကြီးနားမြို့
 
မြစ်ဆုံစီမံကိန်း ရပ်တယ်ဆိုတဲ့သတင်းကို ကြားရတော့ ပြောမပြတတ်အောင်ပဲ ၀မ်းသာပါတယ်။ မြစ်ကြီးနားမြို့က ဒေသခံအားလုံးအတွက် သာမကပဲ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက တိုင်းရင်းသား တွေအားလုံးအတွက်ပါ ၀မ်းသာတာပါ။ မြစ်ဆုံစီမံကိန်း လုပ်နေတဲ့ကာလက စိုးရိမ်ပူပန်မှုတွေလည်း အခုတော့ ပျောက်သွားရတာပေါ့။ သတင်းကောင်းပါပဲ။ နောက်ဘယ်တာ့မှ ထပ်မဆောက်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။

ဒေါ်ငွေကြိုင်(အသက် ၆၀ နှစ်၊ ရှမ်း စုတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့)

“ရပ်လိုက်ပြီလား။ တကယ်ရပ် လိုက်ပြီလား။ ၀မ်းသာလိုက်တာကွယ်။ မြစ်ဆုံကို လုပ်နေတုန်းက စိတ်ပူတာ မပြောပါနဲ့တော့။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်မြို့လုံးပဲ။ တစ်ပြည်လုံးပဲ။ ဒါက သဘာဝပျက်စီးမှာလေ။ အားလုံး ဒုက္ခရောက်မှာ။ အခုလိုကြားရတာ ၀မ်းသာလိုက်တာ။”

ကိုမရစ်နော်ဆန်း(မြစ်ကြီးနားမြို့)

“ကျွန်တော့်အမြင် ပြောရရင်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ပါဝင်ဆောင်ရွက်နေတော့ သဘာဝအတွက်လည်း အလွန်အရေးကြီးတာ နားလည်ထားတယ်။ ကိုယ်က သစ်ပင်တစ်ပင်တောင် မနည်း စိုက်နေရတဲ့အချိန်မှာ သူ့ဘာသာသူ သဘာဝအရ ဖြစ်ထားတဲ့ ရှုခင်းလှပတဲ့ နေရာတစ်ခုကို ဘာလို့ဖျက်ဆီးမလဲ။ ဒီဆည်ကြီးဆောက်လိုက်လို့ ရလာမယ့် အကျိုးထက် ဆုံးရှုံးရ မှာက ပိုနေပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ အတွက်လည်း ယဉ်ကျေးမှု အမွေတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို ရပ်လိုက်တာ လုံးဝ ထောက်ခံတယ်။ ကြိုဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တားကြပြုကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။”
 
ဦးပေါဟိန်း(နာယက၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း)

“အင်မတန်ဝမ်းသာပါတယ်။ ဆည်တည်ဆောက်မှုကြောင့် နှစ်ရှည်လများ ခံစားရမယ့် အများပြည်သူနဲ့ ပြည်သူလူထုအားလုံးရဲ့ စိုးရိမ်စိတ်ကို အလေးထားပေးတဲ့အတွက် ၀မ်းသာတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရဖြစ်တဲ့ အများဆန္ဒဆိုတာကို ရှေ့တန်းတင်ထားတဲ့အတွက်လည်း ဒီမြစ်ဆုံကိစ္စဟာ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ပထမဆုံး မှတ်ကျောက်တင်ရမယ့် ကိစ္စလို့တောင် မြင်မိတယ်။ မြစ်ဆုံဆည် ကိစ္စနဲ့ပတ်သက်ပြီးတော့ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ထောက်ပြသွားကြတဲ့ ပညာရှင်တွေကိုလည်း လေးစားပါတယ်။ အထူးသဖြင့် EMG နဲ့ ဒေါက်တာသန်းထွဋ်အောင်ကို လည်း ကျေးဇူးတင်ပါတယ်။ အချုပ်အနေနဲ့တော့ ဒီမိုကရေစီအရသာ ကို စပြီး ခံစားလိုက်ရတာပါပဲ။”

ဦးကျော်သူ(အတွင်းရေးမှူး၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်)

“ကြားရတာ အရမ်းဝမ်းသာဖို့ ကောင်းပါတယ်။ တိုင်းရင်းသားတွေ ဒေသခံတွေလည်း အရမ်းကို ပျော်ရွှင်သွားကြမှာပါ။ ပြည်သူတစ်ရပ်လုံးလည်း သူတို့ရဲ့ဆန္ဒ၊ စိုးရိမ်စိတ်တွေကို အလေးထားပေးတာ တွေ့ရလို့ ၀မ်းသာကြမှာပါ။ ပြည်သူက ရွေးကောက်လို့ ပြည်သူဆန္ဒကို ပြန်အလေးထားတယ်ဆိုတဲ့ အချက်ကတော့ တော်တော်ကို အားတက်စရာပါပဲ။ မြစ်ဆုံဆည်ကိစ္စအတွက် မလုပ်သင့်ဘူး၊ ပြန်လည် စဉ်းစားပေးပါဆိုပြီး ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ပြောခဲ့လုပ်ခဲ့ကြတဲ့ EMG နဲ့အခြားမီဒီယာ အချို့နဲ့ ပညာရှင်တွေ အားလုံးကို လေးစားမိပါတယ်။ အစိုးရသစ်အနေနဲ့လည်း ပြည်သူအတွက် ပြည်သူ့ဆန္ဒ ကို အလေးထားကြောင်း မြစ်ဆုံကိစ္စက မှတ်ကျောက်တစ်ခုအဖြစ် ထင်ကျန်တော့မှာပါ။ အရမ်းဝမ်းသာပါတယ်။”

ဦးရဲမင်းအောင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်း)

“မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဒီလိုဖြစ်လာအောင် တိုက်တွန်းပေးတဲ့  EMG  အပါအ၀င် လေ့လာပြောကြားခဲ့တဲ့ ပညာရှင်တွေအားလုံးကိုလဲ လေးစားပါတယ်။ အထူးသဖြင့် အစိုးရရဲ့ အများပြည်သူ စိတ်ချမ်းသာမှု၊ ကျေနပ်မှုအပေါ် အလေးအနက်ထား လုပ်ဆောင်ပေးတဲ့အချက်ကိုလည်း အားရကျေနပ်မိပါတယ်။ ဆက်ပြီးတော့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုသာ လွှတ် ပေးခဲ့မယ်ဆိုရင် အများပြည်သူအားလုံး ထပ်ပြီးပျော်ရွှင်ရဦးမှာပါ။ ဒီမိုကရေစီ လမ်းစဉ်ဖြစ်တဲ့ အများပြည်သူဆန္ဒကို ဦးထိပ်ထား လုပ်ဆောင်ပေးတယ်။ အိမ်နီးချင်းနိုင်ငံနဲ့လည်း ရေရှည်ဆက်ဆံနိုင်အောင် သိမ်မွေ့စွာ ဖြေရှင်းသွားဦးမယ် ဆိုတာကိုလည်း ထည့်ပြောသွားတဲ့အတွက် အစိုးရနဲ့ ပြည်သူကြားမှာ သားရွှေအိုးထမ်းတဲ့ ကိန်းပါပဲ။ မြစ်ဆုံဆည်ဆောက်မှ သားရွှေအိုးထမ်းတဲ့ကိန်း မဟုတ်ပဲ အခုမှ တကယ့် ရွှေအိုးထမ်းတဲ့ကိန်းပါပဲ။”

ဦးအောင်လှထွန်း (Reuters)

ကျွန်တော့်အတွက် ဒီအစိုးရ လက်ထက်မှာ ဒီထက်ဝမ်းသာစရာ ကောင်းတဲ့သတင်း မကြားဖူးသေးဘူး။ ဒါဟာ ၀မ်းသာစရာ အကောင်းဆုံးပါ။ ဒုတိယက ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး တွေ့တဲ့သတင်းပဲ။

 Ref : http://www.news-eleven.com/

 
နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း


(၅) ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်း စသည့် အချက်များကြောင့် ပြည်သူ့အချို့မှာ စိုးရိမ်ပူပန်မှု ရှိနေသည်ကို ကြားသိနေရပါသည်။ မိမိတို့အစိုးရသည် ပြည်သူများရွေးချယ်တင်မြောက်သည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သိုပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေး အကြောင်းကြားအပ်ပါသည်။
The Voice Weekly
 

ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၃/၂၀၁၁)
ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ ခေါင်းစဉ်ပါ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း၏ နှုတ်ခွန်းဆက် အဖွင့်အမှာစကား၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်များ၏ ဖတ်ကြားသည့် စာတမ်းများအား PDF ဖိုင်ဖြင့် လည်းကောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသော သတင်း မီဒီယာများ၏ မေးမြန်းမှုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေကြားချက်များကို ကျေးစေတမန် ပရိတ်သတ်ကြီး အတွက် ပြည့်ပြည့်စုံစုံ တင်ပြပေးလိုက်ပါသည်။
၁၇.၉.၂၀၁၁ ရက်နေ့တွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရဲရွာခန်းမ၌ ကျင်းပသည့် ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) "ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ"တွင် ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်းက ပြောကြားသည့် နှုတ်ခွန်းဆက် အဖွင့်အမှာစကား
ယနေ့ကျင်းပတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) ကို တက်ရောက် လာကြတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူများ၊ ဤ၀န်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျှက် ရှိကြသော တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာ အရာထမ်း ဟောင်းများနှင့် တာဝန် ထမ်းဆောင်လျှက် ရှိသော အရာထမ်းများ၊ ဤ၀န်ကြီးဌာန၏ In-house Consultants များဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် AF Colenco၊ ဂျပန်နိုင်ငံ အခြေစိုက် NEW JEC တို့မှ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ စာတမ်း တင်သွင်းမည့် မြန်မာနိုင်ငံမှ BANCA ၊ တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် Design Institute တစ်ခုဖြစ်သော CISPDR မှ အတတ် ပညာရှင်များ အားလုံး၊ အခြားသော စာတမ်းရှင်များ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်ဝကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သပါတယ်။
အရည်အချင်း မြင့်မားပြီး အရည်အသွေး တောက်ပြောင်တဲ့ မျိုးဆက်သစ်များ အဖြစ် မွေးမြူ လေ့ကျင့်ခြင်းနှင့် တဆက်တည်းမှာဘဲ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး လုပ်ငန်းခွင်၌ လည်းကောင်း၊ နေ့စဉ် တွေ့ကြုံ ဖြတ်သန်းနေရတဲ့ဘ၀မှာ ကြုံတွေ့နိုင်တဲ့ ကိစ္စရပ်များနှင့် လည်းကောင်း ဆက်စပ်လျှက် ရှိတဲ့ အထွေထွေ ဗဟုသုတပိုင်း ဆိုင်ရာများကိုပါ အသိအမြင် ကြွယ်ဝလာစေမည့် Technical Workshop နှင့် Seminar တွေကို ၀န်ကြီး ဌာနအနေနှင့် စဉ်ဆက်မပြတ် ကျင်းပပေးလျှက် ရှိတယ်၊ ယခုဆိုလျှင် ဤ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း၌ တတိယအကြိမ် အဖြစ် ကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနကို ရေအား လျှပ်စစ် စီမံရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာနနှင့် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဟူ၍ ဦးစီးဌာန (၂)ခု၊ လုပ်ငန်းဌာန (၁)ခုတို့ဖြင့် ဖွဲ့စည်း ထားရှိပြီး၊ ရည်မှန်းချက် တာဝန်ကြီး (၃)ရပ် ချမှတ်ကာ ဆောင်ရွက်လျက် ရှိပါတယ်။ ရည်မှန်းချက် တာဝန်တွေကတော့-
(က) တည်ဆောက်ဆဲ လျှပ်စစ် စီမံကိန်းများ အမြန်ပြီးစီးရေး၊
(ခ) တည်ဆောက်ပြီး ဓာတ်အားပေး စက်ရုံများအား စက်စွမ်းအားပြည့် လည်ပတ်ရန်နှင့် ဓာတ်အား ထုတ်လုပ်ရန်၊
(ဂ) ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသစ်များမှ လျှပ်စစ် ဓာတ်အား တိုးတက် ထုတ်လုပ်ရန်တို့ပဲ ဖြစ်တယ်။
မြန်မာနိုင်ငံဟာ ရေအား သယံဇာတ အရင်းအမြစ် များစွာ ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်သည့် အားလျော်စွာ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော ရေအား လျှပ်စစ် စီမံကိန်းများကို အရှိန် အဟုန်နှင့် အကောင် အထည်ဖော်ပြီး၊ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ပြည့်မီနိုင်စေရေး နည်းလမ်း (၃)သွယ်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီ နည်းလမ်းတွေကတော့-
(က) ၀န်ကြီးဌာန ကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊
(ခ) ပြည်တွင်း လုပ်ငန်းရှင်များအား B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း၊
(ဂ) နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုဖြင့် ပြည်ပကုမ္ပဏီများအား J.V/B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်းတို့ ဖြစ်ပါတယ်၊
ဒီလို အရှိန်အဟုန်နှင့် လျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်ခဲ့တာကြောင့်၊ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနဆိုပြီး မဖွဲ့စည်းခင် ၂၀၀၆ ခုနှစ်က နိုင်ငံတော်မှာ တစ်နိုင်ငံလုံး စုစုပေါင်း လျှပ်စစ်စက် တပ်ဆင်အား (၁,၅၄၆.၉) မဂ္ဂါဝပ်သာရှိပြီး၊ ယခု ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ အထိမှာ စက်တပ်ဆင်အား (၃,၃၆၀.၉) မဂ္ဂါဝပ် ဖြစ်ပေါ် လာတာကြောင့် နှစ်အနည်းငယ် အတွင်းမှာ ရေအား လျှပ်စစ်စီမံကိန်း (၇)ခု ပြီးစီးခဲ့၍၊ စုစုပေါင်း (၁,၈၁၄) မဂ္ဂါဝပ် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ယခုလို လျှပ်စစ် ဓာတ်အားများစွာ တိုးတက် လာအောင် ဆောင်ရွက်ဖို့ အတွက် နိုင်ငံတော်က ဘဏ္ဍာငွေ မြောက်များစွာ သုံးစွဲခဲ့ရပါတယ်။ ယခု နိုင်ငံတော်က (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများထက် ပိုအရေးကြီးတဲ့ လူမှုရေး ကဏ္ဍတွေမှာ ဘဏ္ဍာငွေများ သုံးစွဲရန် စီစဉ်ထားတဲ့ အတွက် (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများ အတွက် ဘတ်ဂျက် ဘဏ္ဍာငွေဟာ နောက်ပိုင်းမှာ ရဖို့ အခက်အခဲ ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် စက်မှု စီမံကိန်းများ အတွက် လိုအပ်မယ့် ဓာတ်အားအတွက် B.O.T စနစ်များ ကျင့်သုံးလာရခြင်း ဖြစ်ပါတယ်။ လျှပ်စစ် စီမံကိန်း အသေးစား၊ အလတ်စား၊ အကြီးစားတွေကို ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်လိုတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များကိုလည်း မည်သူမဆို လာရောက် ဆက်သွယ်၍ ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်ခွင့် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ အထက်မှာ ဖော်ပြခဲ့သည့် ဤ၀န်ကြီးဌာန ကိုယ်တိုင် တည်ဆောက်တဲ့ လျှပ်စစ် စီမံကိန်းများ နည်းတူ J.V/B.O.T လျှပ်စစ် စီမံကိန်းများကိုလည်း သတ်မှတ်တဲ့ အချိန်ကာလ အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တိုးတက် ပြောင်းလဲနေတဲ့ အချိန်မှာ စက်မှု ဖွံ့ဖြိုး တိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ ရည်မှန်းချက် ဖြစ်ပြီး ဒီရည်မှန်းချက် အောင်မြင်ဖို့ အတွက် လျှပ်စစ် ဓာတ်အား တိုးတက် ရရှိရေးသည် အရေးကြီးသော ကဏ္ဍ ဖြစ်ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာလည်း လုပ်ရိုး လုပ်စဉ် နည်းပညာရပ် ဆိုင်ရာ Workshop ဖြစ်သော်လည်း ခေါင်းစဉ်က "ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ ဆွေးနွေးပွဲ" ဖြစ်သည့် အတွက်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပညာရှင်များ၊ ပြင်ပ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အငြိမ်းစား ပညာရှင်များကိုပါ ဖိတ်ကြားထားခြင်း ဖြစ်ပါတယ်။ ဒီအပြင် ကြီးမားတဲ့ ရေအား လျှပ်စစ် စီမံကိန်း အများစုဟာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ရှိတာကြောင့် လည်းကောင်း၊ လွှတ်တော် အစည်း အဝေးများနှင့်လည်း တိုက်ဆိုင် နေတာကြောင့် လည်းကောင်း၊ နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များကိုပါ တက်ရောက် လေ့လာနိုင်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သဖြင့် ပြည်သူ အကျိုးရှိစေမယ့် တန်ဖိုးရှိသော အမြင်များ၊ ဆွေးနွေးချက်များ ကျွန်တော်တို့ ရရှိလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ကိစ္စရပ်များကို ပညာရှင် အဖွဲ့ဝင် (၈၀)ကျော်နဲ့ ကိုယ်တိုင် ကိုယ်ကျ အချိန် (၈)လခန့်ယူပြီး၊ ပါဝင် စူးစမ်းလေ့လာ စာတမ်းပြုစု တင်ပြခဲ့တဲ့ Biodiversity and Nature Conservation Association (BANCA) အဖွဲ့က EIA/SIA ကိစ္စရပ်များနှင့် ဒီသက်ရောက်မှုများ အပေါ်မှာ ဘာတွေ လုပ်ပေးပါ၊ လုပ်သင့်တယ် ဆိုတဲ့ အကြံပြုချက် Recommendation များနှင့် စီမံကိန်းများကြောင့် ရရှိမယ့် အကျိုး ကျေးဇူးများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် လေ့လာမှုနှင့် ပတ်သက်လို့ BANCA အပြင် အခြား အဖွဲ့အစည်း (၅)ခုမှလည်း ပညာရှင် အင်အား (၁၅၀) ကျော်နှင့် အပိုင်းလိုက် လေ့လာခဲ့တာ ဖြစ်၍ သဘာဝ ပတ်ဝန်းကျင် လေ့လာမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကိုလည်း မကြာခင်မှာ ထုတ်ပြန် တင်ပြသွားမှာ ဖြစ်ပါတယ်။
စီမံကိန်းဆိုင်ရာ ဒီဇိုင်းအတွက် တာဝန်ယူ ရေးဆွဲခဲ့တဲ့ တရုတ်နိုင်ငံ အခြေစိုက် CPI ကုမ္ပဏီနှင့် Changjing Institute of Survey, Planning. Design & Research (CISPDR) တို့ကလည်း ယင်းတို့ ဆောင်ရွက်ခဲ့သည့် ကဏ္ဍ အသီးသီးနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
စီမံကိန်းဆိုင်ရာ Financial Analysis ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်း ရေအား လျှပ်စစ် စီမံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အကျဉ်းချုပ် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ စီမံကိန်း လုပ်ဆောင်ခွင့် စာချုပ် JV Agreement ကို အခွန်အခ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေး ဆိုင်ရာ စိစစ်မှု အနေဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန၊ ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှေ့နေချုပ်ရုံး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့၏ စစ်ဆေး အတည်ပြု ချက်များဖြင့် လည်းကောင်း။ အစိုးရအဖွဲ့၏ အစည်းအဝေး ခွင့်ပြုချက်ဖြင့် လည်းကောင်း ဥပဒေ လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကောင်းကျော်စေကုမ္ပဏီ ဥက္ကဋ္ဌ၊ ဦးထွန်းနိုင်အောင်မှ ရေအား လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်သည့် Clean Development Mechanism (CDM)၊ Certified Emissions Reductions (CERs) နည်းပညာရပ် ဆိုင်ရာ စာတမ်း ကိုလည်း ဖတ်ကြား တင်ပြသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဧရာဝတီ မြစ်ကြောင်း ဆိုင်ရာ လက်ရှိအခြေ အနေနှင့် ဆက်လက် ဆောင်ရွက် သင့်သော လုပ်ငန်းများနှင့် ပတ်သက်၍ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ လေ့လာ တင်ပြချက် စာတမ်းကို ပို့ဆောင်ရေး ၀န်ကြီးဌာနမှ လည်းကောင်း၊ ဧရာဝတီမြစ်ဖျား၊ မြစ်လယ်၊ မြစ်အောက်ပိုင်း ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဧရာဝတီ မြစ်ကြောင်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု သက်သာစေရန် သစ်တောများ ထိန်းသိမ်းခြင်းနှင့် စီမံအုပ်ချုပ်ခြင်း စာတမ်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတို့မှ လည်းကောင်း ပညာရှင်များက စာတမ်းများ အသီးသီး ဖတ်ကြားသွားမှာ ဖြစ်သည့်အပြင် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ကြသော ပုဂ္ဂိုလ်များမှ ဤနည်းပညာ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တင်သွင်းတဲ့ စာတမ်းများအပေါ် အကြံပြု ဆွေးနွေး တင်ပြခြင်းများ ပြုလုပ်ပေးရန်လည်း ဖိတ်ခေါ်လိုပါတယ်။
စာတမ်းများ အသီးသီး ဖတ်ကြားပြီးချိန်တွင် ပါဝင် အကြံပြု ဆွေးနွေးခြင်း၊ စာတမ်းများနဲ့ သက်ဆိုင်တဲ့ ထပ်ဖြည့် ဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်နိုင်ရန်လည်း အချိန်(၁)နာရီခန့် ခွင့်ပြုထားမှာ ဖြစ်ပါတယ်။ အဆိုပါ ခွင့်ပြုချိန် အတွင်း သိလိုသည့် မေးခွန်းများအား မေးမြန်းခြင်း၊ အမြင်ချင်း ဖလှယ်ခြင်းများ ပြုလုပ် သွားကြရန်ကိုလည်း ပန်ကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ယနေ့ ကျင်းပတဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို လုပ်ငန်း တာဝန်များ မအားလပ်သည့် ကြားမှ တက်ရောက် ပေးကြတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများနှင့်တကွ တက်ရောက် လာကြသည့် ပုဂ္ဂိုလ်အားလုံးကို အထူး ကျေးဇူးတင် ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲ မေးခွန်းနှင့် အဖြေများ
အလုပ်ရုံဆွေးနွေးပွဲ စာတမ်းများ

အခုတစ်လော အရမ်းပေါ်ပြူလာ ဖြစ်နေတဲ့ ဧရာဝတီကြီး အသက်ငင်နေပီတို့ ဧရာဝတီကို ကယ်တင်မယ်တို့… ဟုတ်ကဲ့ ဘာတွေ ဖြစ်လို့ ဧရာဝတီကြီးက အသက်ငင်နေတာလဲဆိုတာကို မေးတော့…..
မြစ်ဆုံစီမံကိန်းကို တစ်ချို့လူတွေက မြစ်ကြီး ပိတ်ပြီးဆည်ဆောက်မှာတဲ့ တစ်ချို့ကလဲ ပြောသေးတယ်.. နေရာအတိအကျမသိပဲ မြစ်ဆုံမှာ ဆည်ဆောက်မှာတဲ့ တစ်ချို့ကလဲ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်မို့ မရင်းနိုင်ဘူးတဲ့… တစ်ချို့ကလဲ မြစ်တိမ်ကောလာပြီး ဖြစ်ကြောင်းထဲက ငါးတွေ သေမယ်… သဘာဝအရင်းအမြစ်တွေ ရှုံးမယ်တဲ့၊ တစ်ချို့ကလဲ ဘာပဲပြောပြော ဘယ်လိုပဲ ရှင်းပြ ရှင်းပြ သူတို့က ဧရာဝတီမြစ်ကြီး သေမယ်ဆိုတာချည်းပဲ… အောင်မယ် Save The Irrawaddy ဆိုပြီး တီရှပ် ထုတ်ရောင်းစားလိုက်သေးတယ်… ပြီးတော့လဲ ပြောကြသေးတယ်… သူရဲကောင်းတွေပေါ့... များလိုက်တဲ့ သူရဲကောင်းတွေ မြန်မာမှာ သူရဲကောင်းတွေ ပေါတာ တကယ် မယုံမရှိနဲ့... ဧရာဝတီမြစ်ကြီးကို ကယ်ကြမယ့် သူရဲကောင်းတွေ အလျှိုအလျှိုပဲ... သူတို့ကပြောကြသေးတယ် ဧရာဝတီမြစ်ကြီးသေရင် မြန်မာပြည် ဒုက္ခရောက်ပီတဲ့ ကယ်တင်ရမယ်တဲ့… သူတို့ပဲ သိတယ်ပေါ့လေ… မသိရင်… သူတို့က သူရဲကောင်းတွေပေါ့… ကိုယ်ကျိုးစွန့် အနစ်နာ ခံသူကြီးတွေပေါ့… တကယ်တော့ ဧရာဝတီမြစ်ရဲ့ မြစ်ဆုံနဲ့ လေးမိုင်အကွာ ဆည်ရဲ့ စီမံကိန်းမှာဆိုရင် ဧရာဝတီမြစ်ကြီးကို ပိတ်ပြီးဆည်ကြီး တည်တာမဟုတ်ဘူး… အဲဒီအတွက် ကာတွန်းတွေ ရေးဆွဲထားသလို လုံးဝကြီး ပိတ်ဆောက်မှာ မဟုတ်ပါဘူး… ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကိုပဲ ဖမ်းပြီး အသုံးပြုမှာပါ… ကျန်တဲ့ ၉၃% ဆက်လက်စီးဆင်း နေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက မပြောင်းလဲ ပါဘူး… ရေနည်းနည်းပဲ အလျော့လေးပဲ ရှိတာပါ… ဒါက ဆည်အတွင်း ရေ ၇% ကိုတဖြည်းဖြည်း သိုလ်လောင်နေစဉ် အတွင်းပါ.. တကယ်လို့ ဆည်ထဲမှာ သတ်မှတ်ထားတဲ့ ရေတိုင်းကိရိယာအရ ဆည်ရေ ပြည့်သွားပီ ဆိုရင် လျှပ်စစ်ထုတ်ဖို့ ဂက်စ်တာဘိုင်လို့ ပြောတဲ့အတွက် ဂက်စ်ထည့်ပြီး အဲဒီရေနဲ့ ထည့်မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲကို ပုံမှန်အတိုင်း ပြန်စီးသွားပါမယ်။ အဲဒီနောက် မြစ်ကြောင်းကို ပြောင်းစေမယ့် ဟာတွေက ဘာတွေ ရှိလဲ ဟုတ်ပီ… ရေစီးကြောင်းတွေ ပြောင်းသွားပြီး မြစ်ကမ်းကမ်းကို သွားတိုက်စားရင် မြစ်ကမ်းပါးပြိုမယ် မြစ်ပြင်ကျယ်လာမယ်.. မြစ်တိမ်ပြီး သောင်ထွန်းလာမယ်.. ဒါကြောင့် မြစ်ရေကို ဆည်ထဲကို သိုလ်လောင်ဖို့ ရေသွင်းမြောင်း ချတဲ့အခါပဲ ဖြစ်ဖြစ် မြစ်ထဲကိုတိုင်တွေ ချမယ့် နေရာမှာ.. ရေစီးကြောင်း မပြောင်းလဲမဲ့နေရာ တွေကို တိုင်းတာပြီး ဆောက်လုပ်မှာပါ.. နောက်ပြီး အောက်ခံ မြစ်ပြင် တိုက်စားပြီး တခြားနေရာတွင် အနည်ပို့ချကာ မြစ်ကြောင်း ပိတ်ဆို့ခြင်းမဖြစ်အောင် ကျွန်တော်တို့ ဆည်ကနေ ၀ုန်းကတဲ့ ရေထွက်တဲ့အခါ အောက်က အောက်ခံမြေသားတွေကို တိုက်စားမသွားအောင်လဲ တည်ဆောက်သွားမှာပါ… နောက်တစ်ခုက.. ဧရာဝတီဖြစ်ထဲကို ဒီ မေခနဲ့ မလိခမြစ်လေး နှစ်သွယ်ကနေပြီး စီးဆင်းလာတဲ့ ရေတစ်ခုတည်းနဲ့ အမှီပြုပြီး ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးဟာ ရှင်သန်နေတာ မဟုတ်ပါဘူး… မြစ်ကြီးငါးသွယ်နဲ့ မြစ်ငယ်ချောင်းငယ် အသွယ်သွယ်တို့နဲ့ စီးဆင်းရှင်သန်နေတာဖြစ်ပါတယ်… နောက်ပြီး တခြား မြစ်ကြောင်း ကျယ်ပြီး မြစ်ရေတိမ်ကာ သောင်မထွန်းစေဖို့ ကမ်းပါးတွ မပြိုစေဖို့ စသည်တို့ကိုလဲ ဆောင်ရွက်သွားဖို့ နိုင်ငံတော်က အစီအစဉ်ရေးဆွဲ ဆောင်ရွက် လျှက်ရှိပါတယ်… ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားထားတာပါ… (ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မိခင်ဌာနဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီးဌာန တစ်ခုတည်းသာ ဆောင်ရွက်ရန်မဟုတ်ဘဲ မြစ်ကြောင်းများ ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ဆက်နွယ်နေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန တို့အပြင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးထားပြီး ဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီတို့ ပူးတွဲ၍ဆောင်ရွက်သွားရန်) ဆိုတဲ့ မြစ်ကြောင်းကြီးတွေကို မပြောက်ပျက်အောင် ထိန်းသိမ်းအကောင် အထည်ဖော်ပေးမယ့် အစီအစဉ် ရှိပြီး အဖွဲ့တွေဖွဲ့ကာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်…. ကဲအဲဒါဆို ဧရာဝတီကို နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချပြီး ဘယ်သူတွေ ကာကွယ်မှုတွေလုပ် ကယ်တင်ပြီး ဘယ်သူတွေ ကိုယ့်ကိုယ်ကို ကယ်တင်နေသလဲ ဘယ်သူတွေ စီးပွားရေးတွေလုပ်နေသလဲ ဘယ်သူတွေ ပေါ်ပြူလာဖြစ်အောင် လုပ်နေကြသလဲ… ဘယ်သူတွေ ပြည်သူတွေကို လမ်းပေါ်ထွက် အသေခံကြအောင် လုပ်နေကြတာလဲ ဘယ်သူတွေ လုပ်စားနေကြတာလဲ??? ဆိုတာ သိလောက်ပါပီ…
((သွေးသစ္စာ))



                                                        အိုင်ရာဝတီကို ကယ်တင်ပါ

Ref : http://myanmarexpress.blogspot.com/ 



Older Posts Home
  • နောက်ဆုံးသတင်းများ
  • ပြန်လည်ဆွေးနွေးချက်များ

Trending Topic




    • Feature
    • KIA အကြောင်း
    • The Lady ဝေဖန်ချက်
    • ကချင်သတင်း
    • စစ်တပ် ဆိုတာ
    • စာအုပ်များ
    • စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်
    • တွစ်တ်တာ(twitter) မှပြန်အလာ
    • ဒီမိုကရေစီစနစ်၏ အနှစ်သာရများ
    • ဓာတ်ပုံသတင်းများ
    • ဗဟုသုတ
    • ဗိုလ်ချုပ်အောင်ဆန်း
    • ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ
    • ဗီဒီယိုမှတ်တမ်းများ
    • ဘာလဲဟဲ့စတုတ္ထမဏ္ဍိုင်
    • ဘာသာပြောင်းမည်ဆိုသော လူပျက် ဇာဂနာ
    • ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး
    • ပြည်သူအသံ
    • မြန်မာ့အရေး
    • မြန်မာ့နိုင်ငံခြားရေး
    • ကြီးဒေါ်စုသို့ ပေးစာ
    • သတင်းများ
    • သမ္မတကြီး ဦးသိန်းစိန်၏ ရိုးဂုဏ်
    • သမ္မတကြီး၏ မိန့်ခွန်းများ
    • သာသနာတော်ကို ခုတုံးလုပ်ကြသူများ
    • အတိုက်အခံများ
    • အလှည့်ကျပေးတဲ့ နိုဘယ်ဆု
    • အာဇာနည် ခေါင်းဆောင်ကြီးများ
    • အတွေးအခေါ်
    • အပြောကြီး တဲ့ဇာဂနာ
    • ဧရာဝတီနှင့်ပါတ်သတ်သမျှ
    • ပေးစာ ( ၁ )
    • ပေးစာ ( ၂ )
    • ပေးစာ ( ၃ )
    • ပေးစာ ( ၄ )
    • ပေးစာ ( ၅ )
    • ပေးစာ ( ၆ )
    • နိုင်ငံတကာအရေး
Designed by Open-Resources88