ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ နှုတ်ဆက်နေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
ဝန်ကြီးသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးတို့နှင့် နေပြည်တော် တွင်တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များအား တွေ့ဆုံ ခဲ့သည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံမှုအပြီး၌ ၀န်ကြီးက ၎င်း၏ ခရီးစဉ်အတွင်း အစိုးရပိုင်းမှ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း ဆွေးနွေး ပြောဆိုခဲ့သည်ဟုဆိုသည်။
"ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အစရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တိုးတက်အောင် လုပ်နေတာကို ကောင်းကောင်းအကဲဖြတ် တန်ဖိုးထားနေပါတယ်။ မြန်မာ အစိုးရရဲ့ အခုလို လုပ်ဆောင်နေမှုတွေကို ဂျပန် အစိုးရအနေနဲ့ တတ်နိုင်သမျှ ၀ိုင်းဝန်း လုပ်ဆောင်ပေးလိုတဲ့ ဆန္ဒရှိပါတယ်" ဟု ကိုးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သော ဂျပန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် မစ္စတာ ခိုအိချိရိုဂင်းဘက ပြောသည်။
ဘက်စုံအထွေထွေ ဖွံ့ဖြိုးရေးအတွက် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ရန် ဂျပန် နိုင်ငံမှ ကူညီသွားမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က နေပြည်တော်၌ တွေ့ဆုံရာတွင် တောင်းဆိုသည့် သီလ၀ါဆိပ်ကမ်း အရေးကိစ္စတွင်လည်း ပါဝင်သုံးသပ်မှု ပြုလုပ်သွားမည်ဟု ၎င်းကပြောသည်။
"ဒါက သမ္မတဦးသိန်းစိန်က အထူး မျှော်လင့်ချက်ထား တောင်းဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီအကူအညီနဲ့ ပတ်သက်ပြီး အင်မတန် အရေးကြီးတယ်၊ မျှော်လင့် ချက်ထားတယ်လို့လည်း စကားဆိုပါတယ်"ဟု ၀န်ကြီးကပြောသည်။
နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုအတွက်လည်း သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရန် စတင်ညှိနှိုင်းမှုများ ပြုလုပ်ဖို့ သဘောတူထားပြီးဖြစ်ပြီး စီးပွားရေးအရ ရင်းနှီး မြှပ်နှံရာတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ စိုက်ပျိုးရေးစသည့် ကဏ္ဍ များတွင် အလေးထားလုပ်ဆောင်မည်ဟု ၎င်းက ဆိုခဲ့သည်။
ယဉ်ကျေးမှုကဏ္ဍအတွက် ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရန် ပညာရှင်များကို ဖေဖော်ဝါရီလတွင် စေလွှတ်မည် ဟုလည်း ၎င်းကပြောသည်။
လာမည့် ၂၀၁၂ တွင် ဂျပန်နိုင်ငံတွင် ကျင်းပမည့် ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သမ္မတဦးသိန်းစိန်အား ဖိတ်ခေါ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်သို့ လာရောက်ရန်ဖိတ်ခေါ်ထားသည်ဟုလည်း ၎င်းက ပြောသည်။
အဆိုပါဖိတ်ကြားမှုအတွက် ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဆိုပြီး ဂျပန်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု လည်း ဆိုသည်။
"ဂျပန်နိုင်ငံကို ကျွန်မမရောက်တာ ကြာပါပြီ။ နောက်ထပ်ပြီး သွားချင်တဲ့ ဆန္ဒလည်း အများကြီးရှိပါတယ်။ ဂျပန် နိုင်ငံကို ဒီတစ်ခါ သွားဖြစ်ရင် နောင် မကြာမီမှာ ကျွန်မတို့နိုင်ငံလည်း ဒီလိုပဲ တိုးတက်နိုင်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ သွားကြည့်ချင်တာ"ဟု ၎င်းက ပြောသည်။
ဂျပန်မှ အကူအညီများပေးရာတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံးကို တန်းတူညီတူထားပြီး အကူအညီများပေးရန် တိုက်တွန်းခဲ့သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
"တိုင်းရင်းသားတွေကြားမှာ သွေးစည်းညီညွတ်မှုတွေရှိဖို့၊ လူသားချင်း စာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေပေးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာလည်း တန်းတူညီတူပေးဖို့ လိုတယ်ဆိုတာလည်း ရှင်းပြခဲ့ပါတယ်"ဟု ၎င်းကပြောသည်။
Ref : http://www.myanmar.mmtimes.com/
နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ထိုက်တန်သောနေရာကို ပြန်လည် ရရှိ ရန်နှင့်
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် လက်တွဲ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်၊ နေပြည်တော် MICC ၌
ကျင်းပခဲ့သည့် မြန်မာနိုင်ငံက အိမ်ရှင်
နိုင်ငံ အဖြစ် လက်ခံဆောင်ရွက်ခဲ့သော
စတုတ္ထအကြိမ် GMS ထိပ်သီးအစည်း
အဝေး အဖွင့်မိန့်ခွန်းတွင် သမ္မတကြီးက ထည့်သွင်းပြောကြားခဲ့သည်။
"အစိုးရသစ်ဟာ မြန်မာနိုင်ငံအား ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက် သော
ဒီမိုကရေစီနိုင်ငံဖြစ်ရန် ကြိုးပမ်းနေပါတယ်။ ကဏ္ဍအသီးသီးမှာ ဒီမိုကရေစီ
ကျင့်စဉ်ပေါ်ထွန်းရေး၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့
ပြည်သူတို့ရဲ့စားဝတ်နေရေး ပိုမိုကောင်းမွန်လာစေရေးတို့
အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အစိုးရရဲ့
ဆောင်ရွက်ချက်တွေဟာ ခိုင်မာပြီး
ရှင်းလင်းထင်ရှားစွာ မြင်တွေ့နိုင်ပါ
တယ်။
"မိမိတို့အနေနဲ့ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ကြီး၊ နိုင်ငံတကာနဲ့
ဒေသအဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတကာ အသိုက်အ၀န်းနဲ့ လက်တွဲလုပ်ဆောင်ဖို့
အသင့်ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မြန်မာနိုင်ငံက
ထိုက်တန်သောနေရာကို ပြန်လည်ရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက
ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲနိုင်ငံများ ထိပ်သီးအစည်းအ၀းသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo Hun Sen ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် Mr. Dai Bingguo ၊ လာအို
ပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr. Thongsing Tham-mavong ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်
Ms. Yin Luck Shinawatra၊ ဗီယက်နမ်
ဆိုရှယ်လစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ်
Mr. Nguyen Tan Dung နှင့် ကိုယ်စား
လှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ထို့အတူ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
"လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စရပ်များနဲ့
အကြောင်းအရာများဟာ မိမိတို့ဒေသခွဲ ရဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုကို
ထိခိုက်စေနိုင်သော အန္တရာယ်များဖြစ်စေနိုင်သည့် အလားအလာများ
ဖြစ်ပေါ်နိုင်ပါတယ်။ အဆိုပါကိစ္စရပ်များမှာ ရာသီဥတု
ပြောင်းလဲခြင်း၊ စွမ်းအင် ဖူလုံရေးနဲ့ စားနပ်ရိက္ခာလုံခြုံမှု၊ သဘာဝအရင်း
အမြစ်များ ဆက်လက်ရှင်သန်နိုင်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လူသား
ရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပါတယ်။ ပေါ်ပေါက်လာသော စိန်ခေါ်မှု
နှင့် အသစ်အသစ်သော စိန်ခေါ်မှုများအရ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်မှု
လမ်းကြောင်းပေါ်ရောက်ရန်တွက် ဂျီအမ်အက်စ် (GMS) အစီအစဉ်သည် ကောင်းမွန်သော
လမ်းညွှန်မှုပေးရန် လိုအပ် လျက်ရှိပါတယ်"ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
၂၀၁၂ အလွန် မဲခေါင်ဒေသခွဲ ဖွံ့ဖြိုး
တိုးတက်မှု မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆယ်စုနှစ်သစ်ဆီသို့' (Beyond 2012: Towards a new Decade of GMS Strategic Development Partnership) ခေါင်းစဉ်ဖြင့် အိမ်ရှင်
မြန်မာနိုင်ငံက လက်ခံကျင်းပ ခဲ့သော အဆိုပါ 4th GMS
ထိပ်သီးအစည်းဝေးက ဂျီအမ်အက်စ် ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိက၀တ်များအား
နေပြည်တော် ကြေညာချက်ဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်အရ မဟာ မဲခေါင်ဒေသခွဲနိုင်ငံများအကြား အရေးပါသည့်
သဘောတူညီချက်သုံးခုကို လက်မှတ်ရေးထိုးခဲ့ကြရာ ဆက်သွယ်
ရေးကဏ္ဍတွင် ဂျီအမ်အက်စ်နိုင်ငံများ အကြား သတင်းအချက်အလက် အမြန်
ဆက်ကြောင်း တည်ဆောက်နိုင်မှုနှင့် အသုံးချမှုအရှိန် တိုးမြှင့်ရေးအတွက်
ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ
နားလည်မှု စာလွှာ၊ မဲခေါင်ဒေသခွဲ လူ့
စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်
ရေးတွင် လူဦးရေရွှေ့ပြောင်းသွားလာမှုကြောင့် အိပ်ခ်ျအိုင်ဗီကူးစက်နိုင်မှု
လျှော့ချရေးတွင် ပူးတွဲလုပ်ဆောင်ရန် နားလည်မှုစာလွှာ၊ ၂၀၁၂ မှ ၂၀၁၆ အထိ
ဆောင်ရွက်မည့် မဲခေါင်ဒေသခွဲအတွင်း
ပင်မပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်နှင့် ဇီဝမျိုးစုံ
မျိုးကွဲထိန်းသိမ်း
စောင့်ရှောက်ရေးစင်္ကြံ ဆောင်ရွက်မှု
အဆင့်(၂)ကိုလည်းကောင်း၊ လယ်ယာ
စိုက်ပျိုးရေးနှင့် ပတ်သက်၍ ၂၀၁၁ မှ
၂၀၁၅ အထိ ဆောင်ရွက်မည့် ပင်မ
လယ်ယာစိုက်ပျိုးရေးထောက်ပံ့မှုအစီ
အစဉ်တွင် အဆင့်(၂)ကိုလည်းကောင်း၊ ခရီးသွားများလုပ်ငန်းကဏ္ဍတွင် မဟာဗျူဟာကို
ပြန်လည်စူးစိုက်ဆောင်ရွက် ရေးနှင့် လမ်းပြမြေပုံ(၂၀၁၁-၂၀၁၅)
တို့ကိုလည်း ကောင်း အတည်ပြုနိုင်ခဲ့ကြောင်း သမ္မတက မီဒီယာနှင့်တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။
"မဲခေါင်ဒေသခွဲ နိုင်ငံများ အချင်းချင်းအပြန်အလှန်နားလည်မှု၊
ချစ်ကြည်လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မဲခေါင် ဒေသခွဲ၏
ရှေ့ အနာဂတ်မျှော်မှန်းချက်များကို ပိုမို ရှင်သန်ခိုင်မာလာပြီး
မျိုးဆက်သစ်များ အတွက်လည်း ယုံကြည်စိတ်ချရသည့် အခြေခံကောင်းများ
ရရှိနိုင်တဲ့အပြင် ဒေသခွဲရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု
ရရှိခြင်းအားဖြင့် သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်ခုခံနိုင်မှာဖြစ်ပါတယ်။
စားနပ်ရိက္ခာနဲ့ စွမ်းအင်အကျပ် အတည်းများ အပါအ၀င် စိန်ခေါ်မှုများ ကို
ကြံ့ကြံ့ခံနိုင်မယ်လို့ ယုံကြည် ပါတယ်။ သို့မှသာ အနာဂတ်အတွက် ချမှတ်တဲ့
မဟာဗျူဟာပူးပေါင်း ဆောင်ရွက်မှုသည် မဲခေါင်ဒေသခွဲကို
စီးပွားဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့သည့် ဒေသခွဲမှသည် ချမ်းသာကြွယ်ဝသည့်
ဒေသခွဲဖြစ်စေနိုင်မှာဖြစ်ပါတယ်"
ဟုလည်း သမ္မတကြီးက ဖြည့်စွက်ပြော ကြားခဲ့သည်။
မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်
ထိပ်သီးအစည်းအဝေးများကို သုံးနှစ်လျှင် တစ်ကြိမ်
အဖွဲ့ဝင်နိုင်ငံများ အကြား နိုင်ငံအက္ခရာ စဉ်အလိုက် ကျင်းပခဲ့ရာ ပထမအကြိမ်
ထိပ်သီးအစည်းအဝေးကို ၂၀၀၂ ခုနှစ် တွင် ကမ္ဘောဒီးယားနိုင်ငံက လည်းကောင်း၊
ဒုတိယအကြိမ်ကို ၂၀၀၅ ခုနှစ်
တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၀၈ ခုနှစ်
တွင် လာအိုနိုင်ငံကလည်းကောင်း၊ ယခုစတုတ္ထအကြိမ်ကို မြန်မာ
နိုင်ငံကလည်းကောင်း အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်ဒေသခွဲ
အတွင်း လူနှင့် ကုန်စည်များ နယ်စပ် ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူ
ချောမွေ့စေရေး သဘောတူစာချုပ်နှင့် ၎င်းနောက်ဆက်တွဲနှင့် အခြေပြစာချုပ် ငယ် ၂၀
ကို ဂျီအမ်အက်စ် ခြောက်နိုင်ငံများအကြား လက်မှတ်ရေး ထိုးခဲ့ပြီး ယခု
အကောက်ခွန်နှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ စာချုပ်ငယ်ခြောက်ခုကို
မြန်မာနိုင်ငံက လက်ခံကျင့်သုံးကြောင်း တရားဝင်စာလွှာကို
ဂျီအမ်အက်စ်နိုင်ငံများသို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့နှင့်
ပေးပို့နိုင်ခဲ့ကြောင်း သမ္မတ၏ မီဒီယာသို့ ပြောကြား ချက်အရ သိရှိရသည်။
Ref : http://www.myanmar.mmtimes.com/
(နိုဝင်ဘာ
၁၆ ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာမှာ အင်မတန် ထူးခြားတဲ့ ဆောင်းပါး
တစ်ပုဒ်ကို မမျှော်လင့်ဘဲ ဖတ်လိုက် ရပါတယ်။ ထူးခြားတယ် ဆိုတာက
ဒီဆောင်းပါးကို ရေးတဲ့သူက သမ္မတရုံးက ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့
ဦးဇော်ဌေးလို့ ဖော်ပြ ထားတာကြောင့်ပါ။ အရင်တုံးက တံခါးပိတ်၊ မျက်စိပိတ်၊
နားပိတ်၊ ပါးစပ်ပိတ်နဲ့ နေခဲ့တဲ့ နအဖလို မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန်
လက်ထက်မှာ နိုင်ငံတကာ မီဒီယာတွေနဲ့ အတော် ထိတွေ့ လာရာကနေ အခုလို
ဝါရှင်တန်ပို့စ်လို သတင်းစာမှာ ဆောင်းပါး ရေးတဲ့အထိ ဖြစ်လာလို့
ထူးခြားတယ်လို့ ပြောတာပါ။ ဒီထက် ထူးခြားတာက သမ္မတဟာ ပြုပြင် ပြောင်းလဲရေး
တွေကို အရှိန်အဟုန်နဲ့ လုပ်နိုင်ဖို့နဲ့ တရုတ်နိုင်ငံကို ချိန်ခွင်လျှာ
ထိန်းနိုင်ဖို့ အတွက် နိုင်ငံတကာရဲ့ အားပေး ထောက်ခံမှု လိုတယ် ဆိုတာကို
အတိအလင်း တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတရဲ့ အစီအစဉ်တွေ အပေါ် ခုခံ
တားဆီးမှုတွေ ရှိနေဆဲ ဖြစ်တယ် ဆိုတာကို ညွှန်းဆိုနေတာ ဖြစ်နိုင်လို့
ထူးခြားတယ်လို့ ထပ်ပြောလိုပါတယ်။ ထူးခြားတဲ့ ဆောင်းပါးကို တတ်နိုင်သမျှ
မူရင်းအတိုင်း ဖြစ်အောင် ဘာသာ ပြန်ပေးလိုက်ပါတယ်။ )
အခုအပတ်
ဘာလီမှာ သမ္မတ အိုဘားမားဟာ အာဆီယံ အဖွဲ့ဝင် သူ့ရဲ့ လုပ်ဖော်
ကိုင်ဘက်တွေနဲ့ တွေ့တဲ့အခါ အစီအစဉ် အသစ်၊ လုပ်ငန်း အသစ်တွေ
ချပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဝါရှင်တန်က အာရှ-ပစိဖိတ် ဒေသဟာ ၂၁
ရာစုမှာ အရေးပါတယ် ဆိုတာ အသိအမှတ် ပြုထားပြီး ဒီဒေသမှာ အမေရိကန် ဆက်ပြီး
ရှိနေဖို့ ဆုံးဖြတ်ထားတယ် ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း ပြောခဲ့ပြီး
ဖြစ်ပါတယ်။
မြန်မာဘက်ကတော့
အစိုးရ အပြောင်းအလဲ မဖြစ်ပေမယ့် တော်လှန်ရေး အတော်များများနဲ့
ကြုံခဲ့ရတယ်။ ဘာလင်တံတိုင်း ပြိုလဲမှု နောက်ဆက်တွဲ ဖြစ်ရပ်တွေ၊ ၂၀၀၇
ရွှေဝါရောင် တော်လှန်ရေးတွေလည်း ပါတယ်။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို ကျင်းပ
နိုင်ခဲ့တယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေကို အရှေ့ အလယ်ပိုင်းက
အုံကြွမှုတွေနဲ့ နှိုင်းယှဉ် ပြောနေလို့ မရပါဘူး။ မြန်မာနိုင်ငံက အာရပ်ကမ္ဘာက
အဖြစ်တွေကို ကျော်လွှား ခဲ့ပြီးပါပြီ။
မြန်မာ့နိုင်ငံရေး
လမ်းကြောင်းက ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက် အတိုင်း ချိတ်ဆက်ဖြစ်ပေါ်
နေတာပါ။ အမေရိကန်နဲ့ အနောက် နိုင်ငံတွေက နားလည် သင့်တာက ကျွန်တော်တို့
သမ္မတဟာ ခိုင်မာတဲ့ ပြုပြင် ပြောင်းလဲရေးသမား ဖြစ်ပြီး မြန်မာနိုင်ငံက
အာဆီယံ ဥက္ကဌ ရထားကို ရယူမယ့် ကိစ္စဟာ အဲဒီ အပြောင်းအလဲ တွေကို ပိုပြီး
မြန်ဆန်စေမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတက နိုင်ငံတကာ အသိုင်းအဝန်းက ချပြလိုက်တဲ့
သူ့ရဲ့ လမ်းပြမြေပုံလည်း ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ မြန်မာ့
နိုင်ငံရေးဟာ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲသွားမယ် ဆိုတာကို လက်ခံဖို့
လိုပါတယ်။ ပြောင်းလဲမှုတိုင်းဟာ ပကတိ အရှိတရား၊ တည်ငြိမ်ဖို့
လိုအပ်ချက်နှင့် စနစ်တကျ ရှိမှုတွေ အခြေခံပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာက မျှော်လင့်နေတဲ့ လူမှု အသိုင်းအဝန်းသစ်ကို
တည်ဆောက် နေသလို တစ်ဖက်ကလည်း စနစ်ဟောင်းကြီးကို ပြင်ဆင်ဖို့ လုပ်နေရတယ်။
ဒါဟာ အရှေ့တောင် အာရှရဲ့ နိုင်ငံရေး ပြဇာတ် တစ်ပုဒ်လည်း ဖြစ်တယ်။
သမ္မတ
ဦးသိန်းစိန်ဟာ အောက်ခြေ လူတန်းစားတွေ၊ လူလတ်တန်းစားတွေ၊ တိုင်းရင်းသား
လူနည်းစုတွေ အပါအ၀င် နိုင်ငံရဲ့ မျှော်လင့်ချက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း မီဒီယာတွေကို သမ္မတဟာ ဒီမိုကရေစီ
ဖော်ဆောင်ရေး အတွက် အမှန်တကယ် လိုလားတယ်လို့ သူယုံကြည်တဲ့ အကြောင်း
ပြောပြခဲ့တယ်။ ဒါပေမယ့် သူဟာ ခေတ်သစ်ကို သွားဖို့အတွက် နိုင်ငံတကာရဲ့ အခိုင်အမာ အားပေး ထောက်ခံမှု ရရှိဖို့ လိုပါတယ်။ ၀ါရှင်တန်နဲ့
ကျန်တဲ့ သူတွေဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် မြင်ချင်တယ်
ဆိုရင် သူတို့ရဲ့ နှစ်လမ်းသွား မူဝါဒ (ထိတွေ့မှုနှင့် ပိတ်ဆို့ရေး
နည်းလမ်းနှစ်သွယ် တစ်ပြိုင်တည်း ကျင့်သုံးမှုကို ရည်ညွှန်းပါသည်။ ဘာသာပြန်သူ)
ကို ပြောင်းလဲဖို့ လိုနေပါပြီ။
တိုတိုပြောရရင်
မြန်မာနိုင်ငံဟာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး
အခွင့်ရေးတွေ ရဖို့လိုတယ်၊ ဖွံ့ဖြိုးရေး အကူအညီတွေ ရဖို့လိုတယ်။ ငွေကြေး
ပိတ်ဆို့မှု တွေကို ဖယ်ရှားပြီး အများပြည်သူနဲ့ ဆိုင်တဲ့ ပညာရေး၊
ကျန်းမာရေးကို အဆင့်မြှင့်တင် နိုင်အောင် ကူညီဖို့ လိုတယ်။ စီးပွားရေး
တစ်ခုလုံး ဖွံ့ဖြိုးအောင် လုပ်နိုင်ရမယ်။ အဲဒီ တိုက်ပွဲတွေကို နိုင်အောင်
မတိုက်နိုင်ဘူး ဆိုရင် ပြည်သူတွေနဲ့ ပြင်ပကမ္ဘာက မျှော်လင့်နေတဲ့
အောင်မြင်မှု တွေလည်း ရမှာ မဟုတ်ဘူး။
အနောက်နိုင်ငံတွေအနေနဲ့
ပြောင်းလဲနေတဲ့ပထ၀ီနိုင်ငံရေးအခြေအနေ၊ အထူးသဖြင့် တရုတ်နိုင်ငံ အင်အား
ကြီးမားလာမှု ကြောင့် သူတို့အနေနဲ့ မြန်မာကို လိုအပ်လာပြီ ဆိုတဲ့ အချက်ပဲ။
အခုလို အခြေအနေမျိုးမှာ ဝါရှင်တန်နဲ့ ကျန်တဲ့သူတွေက မြန်မာနိုင်ငံကို
ပြင်ပကမ္ဘာနဲ့ ပိုပြီး ချိတ်ဆက်နိုင်အောင် ကူညီဖို့ လိုပါတယ်။ ကျွန်တော်တို့
သမ္မတကြီးရဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ဟာ
သူဘယ်လို ရပ်တည်မယ် ဆိုတာကို ကမ္ဘာကို အချက်ပြ လိုက်တာပဲ ဖြစ်ပါတယ်။
ဝါရှင်တန် အနေနဲ့ ဒီအခွင့်အရေးကို လက်လွတ် ခံလိုက်မယ် ဆိုရင်
အင်ဒိုချိုင်းနား ကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပုံစံသစ်နဲ့
လိုက်မမှီတော့ဘူး ဖြစ်သွား ပါလိမ့်မယ်။
သမ္မတ
ဦးသိန်းစိန် မတ်လမှာ စပြီး တာဝန် ထမ်းဆောင်တော့ အရင်နဲ့မတူ တမူ
ထူးခြားတဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်ကို ကြေညာခဲ့တယ်။ အဲဒီထဲမှာ
သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ ဆင်းရဲမှု
လျှော့ချရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဖွံ့ဖြိုး တိုးတက်မှုနဲ့ စက်မှု
ထွန်းကားရေးတွေ ပါတယ်။ သမ္မတရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ စိတ်ပိုင်း
ဖြတ်မှုနဲ့ တွန်းအားပေး လုပ်ဆောင်မှုတို့ အပေါ် ပြည်တွင်း၊ ပြည်ပက လူတွေက
အသိအမှတ် ပြုခဲ့ကြတယ်။ ပြီးခဲ့တဲ့ ဇွန်လ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း
ခရီးစဉ်မှာ မြန်မာနိုင်ငံ အနေနဲ့ အနုမြူ စွမ်းအင်ကို ငြိမ်းချမ်းစွာ
အသုံးချနိုင်တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး နယ်ပယ်တွေ ရှိနေပေမယ့်လည်း
အနုမြူစွမ်းအင် ထုတ်လုပ်ရေးကို စွန့်လွှတ်လိုက်ပြီ ဖြစ်တယ်လို့
ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်။ ဒါဟာ ဂျပန်နိုင်ငံ ဖူကူရှီးမား စက်ရုံ
ဖြစ်ရပ်ကို ကြည့်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ
ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ရှစ်လအတွင်းမှာ အင်မတန် ထူးခြားတဲ့
တိုးတက်မှုတွေကို လုပ်ဆောင်ခဲ့တယ်။ သူဟာ စိန်ခေါ်မှုတွေ အများကြီး
ရှိနေတဲ့ကြားက ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်
ဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အမေရိကန် အနေနဲ့ သမ္မတကြီးဟာ ရှေ့တစ်လှမ်း
တိုးလိုက်တိုင်း နောက်ပြန်ဆုတ် သွားအောင် ကြိုးစားမှုတွေနဲ့ ရင်ဆိုင်နေရတယ်
ဆိုတဲ့ နိုင်ငံရေး အခြေအနေကို နားလည်ဖို့ လိုတယ်။ အနောက်နိုင်ငံတွေ အနေနဲ့
ဘာတစ်ခုမှ မလိုက်လျောဘဲ ထပ်ပြီး ဖိအားပေးနေတာ မျိုးတွေ၊ သမ္မတကြီးကို
ချောင်ပိတ်မိအောင် လုပ်တာမျိုးတွေ မလုပ်ဘဲ သူကို အားပေး ကြဖို့ လိုပါတယ်။
လေ့လာသူအများစုက
မြန်မာနိုင်ငံဟာ ခေတ်သစ်တစ်ခုကို အစပျိုးနေပြီလို့ ယုံကြည်ကြတယ်။ လူတွေက
သူတို့ လိုချင် တာတွေကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပြီ၊ အစိုးရကို
မေးခွန်းတွေထုတ်နိုင်ပြီ၊ အမတ်တွေကို တောင်းဆိုမှုတွေ လုပ်နိုင်လာပြီ လို့
တဖြေးဖြေးချင်း ခံစား လာနေရပြီ။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲကြောင့် ဖြစ်လာရတဲ့
ထင်သာမြင်သာ ရှိတဲ့ တိုးတက်မှု တစ်ခုပဲ။
အခုလို
အချိန်မျိုးမှာ အမေရိကန်က မြန်မာနိုင်ငံကို အထီးကျန်ထားဖို့
လုပ်မယ်ဆိုရင် အင်မတန် အန္တရာယ် ကြီးပါတယ်။ မြန်မာဟာ ပြင်ပကမ္ဘာ အတွက်
တံခါးတွေ ဖွင့်ပေးခဲ့ပါပြီ။ ဝါရှင်တန်ဘက်က ဝင်လာဖို့ လိုပါပြီ။ သမ္မတ
အိုဘားမားနဲ့ ကွန်ဂရက်က သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ အတွင်းက
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို အခိုင်အမာ ထောက်ခံ အားပေးဖို့
လိုပါတယ်။ ဘာလီမှ မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဌ ရာထူးနေရာကို
ထောက်ခံခြင်းဖြင့် သံခင်း တမန်ခင်း ဆက်ဆံမှု ပြန်တံတားခင်း နိုင်ဖို့
လိုပါတယ်။ အိုဘားမားဆီက အဲဒီလို အချက်ပြမှုဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု၊
ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ အတွက် အထောက်အကူ ဖြစ်သလို
မျှော်လင့်ချက် တွေကိုလည်း အားကောင်း စေမှာ ဖြစ်ပါတယ်။
တစ်ချို့ကတော့
မြန်မာနိုင်ငံရဲ့ စွမ်းဆောင်နိုင်မှု၊ ပြည်သူတွေက အစိုးရအပေါ် ယုံကြည်မှုနဲ့
မြန်မာဥက္ကဌ ရာထူးယူတဲ့ အတွက် နိုင်ငံရေးအရ အကျိုးသက်ရောက် နိုင်မှုတွေ
အပေါ် သံသယရှိကြောင်း ပြောကြတယ်။ ဒီရာထူး လက်ခံလိုက်တဲ့ အတွက်
ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ လုပ်ပေးရာ ရောက်သွား မလားလို့ စိုးရိမ်ကြတယ်။
ပထမဆုံးအချက်က
ဒီဥက္ကဌ ရာထူးဟာ မြန်မာနိုင်ငံကို နိုင်ငံတကာ မျက်နှာစာမှာ သူရှိသင့်တဲ့
နေရာကို ရောက်အောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမယ့် ဂုဏ်သိက္ခာ တက်တာက
သမ္မတ မဟုတ်ဘူး၊ မြန်မာပြည်သူတွေ ဖြစ်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဒုတိယအချက်က
မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ အဆက် ပြတ်နေခဲ့တယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာက နိုင်ငံ အတော် များများဟာ မြန်မာကို သံသယနဲ့
ဒါမှမဟုတ် ဖိအားပေးပြီး ဆက်ဆံခဲ့ကြတယ်။ မြန်မာဟာ တစ်ချိန်တုန်းက ဒေသတွင်း
အရေးပါခဲ့တဲ့ နိုင်ငံဖြစ်ပြီး အခု အဲဒီနေရာမှန်ကို ပြန်ရဖို့ လိုပါပြီ။
မြန်မာနိုင်ငံရဲ့
နိုင်ငံရေး ဖြစ်ပေါ်မှုတွေဟာ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ခဲ့တဲ့ ကိစ္စ
ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက နိုင်ငံရေး ဖွံ့ဖြိုးမှု တစ်ချို့ဟာ
ဒေသတွင်း တစ်ချို့ နိုင်ငံများမှာ မရသေးတဲ့ ဖွံ့ဖြိုးမှုမျိုး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က အတည် ပြုခဲ့တဲ့ အခြေခံ ဥပဒေရဲ့ အကျိုး သက်ရောက်မှုတွေကို
စပြီး ခံစားနေရပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ
ဘေဂျင်း အိုလံပစ် ပွဲတော်နဲ့ ကမ္ဘာ့ စင်မြင့်ပေါ်ကို လှမ်းတက်ခဲ့တယ်။
မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌ ရာထူးကို ရယူခြင်းဟာလည်း ရှေ့ကို
တစ်လှမ်းတိုးဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ ဘာလီထိပ်သီး အစည်းအဝေးမှာ
ဒီအခွင့် အလမ်းကို အားပေးရမယ်၊ ပိတ်ဆို့ မထားရ ဘူး။ ရွှေ့ဆိုင်း
မထားသင့်ဘူး။
သမ္မတ
ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေ
ဖွံ့ဖြိုးတိုးတက်အောင် ပြင်ပ ဖိအားပေးမှုတွေ မပါဘဲ ဆက်လက် လုပ်ဆောင်သွားဖို့
စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်။ အာဆီယံ အဖွဲ့ကိုလည်း ဒီလိုပဲ
ဖြစ်စေချင်တယ်။ မြန်မာနိုင်ငံက ကိုယ့်ဘာသာကိုယ် အပြောင်းအလဲတွေ ဖြစ်အောင်
လုပ်ဆောင်နိုင်စွမ်း ရှိတယ် ဆိုတာကို သက်သေ ပြခဲ့ပါပြီ၊ နိုင်ငံတကာ
အသိုင်းအဝန်းနဲ့ မြန်မာပြည်သူ တွေဟာ ကဏ္ဍသစ် တစ်ခု ဖွင့်လှစ်ဖို့ အချိန်ကို
ရောက်လာပါပြီ။
( (ဦး)ဇော်ဌေးဟာ သမ္မတရဲ့ ရုံးက ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ ) မူရင်းလင့်
အမြင်မှန်ရလို့
ရွေးကောက်ပွဲပြန်ဝင်ဖို့ ပြင်ဆင်နေတဲ့ ဒေါ်စုရဲ့ NLD ပါတီဟာ ပါတီဝင်အင်အား
(၁၀) သိန်းဖြစ်အောင် ပညာအရည်အချင်းမလို ကြိုက်ရာလူ NLD ပါတီ
ဝင်နိုင်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ NLD
ပါတီဝင်ဖို့ လူတွေအနေနဲ့ စိတ်ပါဝင်စားမှု မရှိတာကြောင့် ယခု
မြန်မာနိုင်ငံတင်မက ပြည်ပကပါ ပါတီဝင် ၁၀ သိန်းမရရအောင် ခေါ်ဖို့ အင်တာနက်ကနေ
လျှောက်လွှာပုံစံတွေ ဖြန့်ဖို့ စီစဉ်နေပါပြီ။
ပါတီဝင်များများ ရဖို့ ပြည်ပက မြန်မာတွေကိုပါ ဒီလိုခေါ်
NLD ရဲ့ ဦးတည်ချက်မရှိ
ဈေးရောင်းလိုက်၊ ထမင်းချက်စားလိုက်၊ အနုပညာရှင်တွေနဲ့ တွေ့လိုက်၊
စတိတ်ရှိုးတွေလုပ်လိုက်နဲ့ ဖြစ်ချင်ရာဖြစ်နေတဲ့အပေါ် ပြည်တွင်းက လူအချို့က
စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။ ရန်ကုန်က ကုန်သည်တစ်ဦးက "NLD
ပါတီဝင်မလို့ စဉ်းစားသေးတယ်။ နောက်တော့ ဈေးရောင်းလိုက်
ဟိုပွဲဒီပွဲတွေလုပ်လိုက်နဲ့ ကျွန်တော်လည်း စိတ်ပျက်တာနဲ့
မ၀င်ချင်တော့ဘူးဗျ။ တော်ကြာ ကိုယ်ပါ လမ်းဘေးဈေးရောင်း နေရမှာစိုးလို့" ဆိုပြီး NLD ပါတီ မ၀င်ဖြစ်တော့တဲ့ အကြောင်းပြောပါတယ်။ နောက် အဝေးသင်တက်နေတဲ့ ကျောင်းသားတစ်ဦးက "
ဗိုလ်ချုပ် သမီးပါတီ ဆိုတော့ အစကတော့ အထင်ကြီးတာပေါ့။ နောက်တော့ဗျာ
ဗိုလ်ချုပ်ပုံတွေနဲ့ သူ့ပုံတွေထုတ် ဟိုပစ္စည်းရောင်း ဒီပစ္စည်းရောင်းနဲ့
ပါတီပုံစံနဲ့ မတူတော့ဘူး။ ဈေးဆိုင်နဲ့ တူနေတယ်။ တလောကတော့ ပါတီဝင်တွေ
လက်ခံမယ်လို့ ကြားတယ်။ ဒါပေမဲ့ မ၀င်တော့ပါဘူးဗျာ။ " လို့ပြောခဲ့ပါတယ်။ မြောက်ဒဂုံက ဆိုက်ကားသမားတစ်ဦးကတော့ "NLD
ပါတီဝင်တွေ ခေါ်မယ်လို့ မိတ်ဆွေတွေပြောတာကြားတယ်။ ကျွန်တော်တော့ ၀င်မယ်ဗျ။
ထမင်းလဲ စားရတယ်ဗျာ။ ခုလို ပင်ပင်ပန်းပန်း ဆိုက်ကားနင်းစရာ မလို
တော့ဘူး။ပါတီဝင်ဖြစ်ရင် NLD ကဈေးရောင်းပွဲတွေမှာ အေးအေးဆေးဆေး
ဈေးလိုက်ရောင်းယုံပဲ " လို့ NLD ပါတီကို ၀င်ချင်တဲ့ သူ့ရည်ရွယ်ချက်ကိုပြောခဲ့ပါတယ်။
NLD အနေနဲ့ ယခုလို
ပြည်သူ့အကျိုးလုပ်ဆောင်နေတာတွေလည်း ရေရေရာရာမရှိ။ ဈေးရောင်းယုံ လောက်နဲ့
သာ အချိန်ကုန်နေတာ ဖြစ်လို့ ပါတီအပေါ် လူစိတ်ဝင်စားမှု လုံးဝမရှိဘဲ ၀င်မယ့်သူ
ရှားပါးနေပါတယ်။ ဒါကြောင့်မို့ ပြည်ပကအကြောင်းမသိတဲ့ မြန်မာများကိုပါ
ပါတီဝင်အဖြစ် ပါဝင်လာနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါလိမ့်မယ်။ NLD အနေနဲ့
တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ယနေ့ လွှတ်တော်ထဲက ဒီမိုကရေစီ
အင်အားစုတွေလို စွမ်းစွမ်းတမံ ထိထိရောက်ရောက် နိုင်ငံ့အကျိုးကို
ထမ်းနိုင်မှ ပါတီဝင်ရဖို့ နိုင်ငံခြားက ခေါ်စရာမလိုဘဲ အလိုလို
ဝင်ချင်တဲ့သူတွေ ရှိလာပါလိမ့်မယ်။ ဒီလိုမှ မဟုတ် ထမင်းချက်စားလိုက် ဈေးရောင်းလိုက် လုပ်နေရင်တော့ NLD ပါတီဝင်မယ့်လူတွေဟာ လက်ကြောမတင်း အလကားစားရမနည်း ဆိုတဲ့ အချောင်သမားတွေသာ များနေပါလိမ့်မယ်ဟု ရွှေမြန်မာမှ တင်ပြ လိုက်ရပါတယ်။
Ref : ရွှေမြန်မာ
|
ဗီဂျေးနမ်ဘီယာကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနှင့်အတူတွေ့ရစဉ်
အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစားသင့်ပြီဖြစ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဗီဂျေးနမ်ဗီယာက
အာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပရာ ဘာလီသို့ ရောက်ရှိနေစဉ် နိုဝင်ဘာလ ၁၉
ရက်နေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက စစ်အုပ်ချုပ်ရေး
စနစ်ထွန်းကားခဲ့သော မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ယခု
အစိုးရလက်ထက်တွင် ရုတ်သိမ်းပေးရန် သင့်မသင့် မေးမြန်းခဲ့ရာ
''ကျွန်တော်ထင်တာ ကတော့ ဒီ ကိစ္စတွေကို ပြန်စဉ်းစားသင့်တယ်လို့ ထင်တာပဲ''ဟု
ဖြေကြားသွားခဲ့ပြီး ဆုံးဖြတ်ချက်ကိုမူ သက်ဆိုင်သည့်
နိုင်ငံကသာချမှတ်ရမည်ဖြစ်ကြောင်း မှတ်ချက်ပြုသွားခဲ့သည်။
''ကျွန်တော်ထင်တာကတော့ ပြည်သူတွေ၊ ပြည်သူတွေရဲ့စားဝတ်နေရေး
ဖွံ့ဖြိုးဖို့က အရေးကြီးပါတယ်။လုပ်ဆောင်သမျှ ကိစ္စတိုင်းဟာ
ဒီရည်မှန်းချက်ကိုရောက်အောင် ရည်ရွယ်ပြီး လုပ်ဖို့လိုပါတယ်'' ဟု နမ်ဗီယာက
ပြောကြားခဲ့သည်။
|
မေလက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်သမ္မတ ဟူကျင်တောင်နှင့်အတူ တွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
နှစ်
၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲများ
တစ်နှစ်တိုင်ခဲ့ပါပြီ။ ဒီအချိန်အတွင်း မြန်မာနိုင်ငံမှာ
ထူးခြားတဲ့ဖြစ်စဉ်တွေ ကြုံတွေ့ ခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ
တကယ့်အပြောင်းအလဲရဲ့ အစလို့ ယုံကြည်တဲ့ သူတွေရှိသလို မယုံကြည်တဲ့သူတွေလည်း
ရှိခဲ့ပါတယ်။
ပြည်တွင်းအပြောင်းအလဲတွေအပေါ်
အမြင်အမျိုးမျိုးရှိကြမှာဖြစ်ပေမယ့် အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာနဲ့
အထူးသဖြင့် အနောက် နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှု အရင်ကထက်
ပိုများလာတယ် ဆိုတာကိုတော့ ငြင်းကြမှာ မဟုတ်ပါဘူး။
အစိုးရသစ်တက်ပြီးတဲ့
နောက်ပိုင်းမှာ တစ်သုတ်ပြီးတစ်သုတ် လာရောက်ကြတဲ့
နိုင်ငံတကာသံတမန်တွေ၊ ကိုယ်စားလှယ်အဖွဲ့ တွေဟာ အစိုးရအဖွဲ့နဲ့ရော
တခြားတွေ့သင့်တွေ့ထိုက်သူတွေနဲ့ပါ တွေ့ဆုံခဲ့ကြပါတယ်။
ဒီခရီးစဉ်တွေဟာ
အစိုးရသစ်ကို အသိအမှတ်ပြုခြင်းမပြုခြင်းနဲ့ ဘာမှ မဆိုင်ဘဲ
လေ့လာရုံသက်သက်လာကြတာဖြစ်တယ်လို့ စောင့်ကြည့်သူတွေက အကဲခတ်ကြပါတယ်။
အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ်
နိုင်ငံရေးနဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေထားရှိကြပေမယ့်
နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေ အပေါ်မှာတော့ သတိနဲ့ကြိုဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
တစ်ချိန်က
ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အမေရိကန်အစိုးရဟာ ဦးသိန်းစိန်
အစိုးရတက်ပြီးနောက်ပိုင်းမှာ လေသံပျော့ပြောင်းလာပြီး ပိုပြီး နီးနီးကပ်ကပ်
ဆက်ဆံမှုတွေပြုလုပ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံကို လပိုင်းအတွင်း လာရောက်ခဲ့သူ တွေထဲမှာ
ရီပတ်ဘလီကန်ဆီးနိတ်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်တို့လည်း ပါဝင်ပါတယ်။
ဥရောပ သမဂ္ဂ (အီးယူ) ဆိုရင်လည်း အလားတူ ကိုယ်စားလှယ် အဖွဲ့တွေ
စေလွှတ်ပြီး အခြေအနေကို လာရောက်လေ့လာကြပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့တွေရဲ့ အစီရင်ခံစာတွေကိုအခြေခံပြီး ဆိုင်ရာ နိုင်ငံတွေ
က သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲကို
ပြုလုပ်မှာဖြစ်ပါတယ်။
အမေရိကန်-မြန်မာ
ဆက်ဆံရေး တိုးတက်မှုအနည်းငယ်ရှိလာ ပေမယ့်လည်း မြန်မာနိုင်ငံအပေါ်ထားရှိတဲ့
ပိတ်ဆို့မှုတွေကိုတော့ အမေရိကန်တို့က ချက်ချင်း ရုပ်သိမ်းဦးမှာ
မဟုတ်ပါဘူး။
အနောက်နိုင်ငံတွေအနေနဲ့
ဒေသတွင်း တရုတ်ဩဇာ လွှမ်းမိုးလာမှုကို တန်ပြန်ဖို့ မြန်မာကို
ဒီထက်ပိုပြီး နွေးထွေးသင့်တယ်ဆိုတဲ့ ငြင်းခုံမှု တွေရှိနေပေမယ့်လည်း
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ကိစ္စ၊ တိုင်းရင်းသား
လက်နက်ကိုင်ပဋိပက္ခကိစ္စနဲ့ အမျိုးသား ပြန်လည်ရင်ကြား
စေ့ရေးကိစ္စတွေမှာ သူတို့ လိုလားတဲ့အဆင့်မျိုး မတွေ့မချင်း ပိတ်ဆို့မှုတွေ
ရုပ်သိမ်းမယ့် အလား အလာတော့ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့လအတွင်း အစိုးရဟာ အကျဉ်းသားပေါင်း ၆,၀၀၀ ကျော်လွှတ် ပေးခဲ့ရာမှာ
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ၂၀၀ လောက် ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကျန်ရှိနေသေးတဲ့သူတွေကို ဆက်လွှတ်ပေးဖို့ ကိုတော့
ဦးသိန်းစိန်အစိုးရအပေါ်မှာ ဖိအားတွေရှိနေတုန်းပါပဲ။
အကျဉ်းသားတွေလွှတ်ပေးခြင်းဟာ အနောက်နဲ့ (အထူးသဖြင့် အမေရိကန် နဲ့) ဆက်ဆံရေးတိုးတက်ဖို့အတွက် အဓိက လိုအပ်ချက်ဖြစ်ပါတယ်။
ဒါကို ဒေါ်အောင်ဆန်းစုကြည်ကလည်း 'ဝေါလ်စထရိဂျာနယ်'နဲ့ တွေ့ဆုံခန်းမှာ အလေး
အနက်ထား ပြောသွားခဲ့ပါတယ်။ ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့
အချိန်မတန်သေးဘူးလို့ ပြောပေမယ့် အမေရိကန်အနေနဲ့ နောက်ထပ်လာမယ့်
ပြုပြင်ပြောင်းလဲမှုတွေ စောင့်ဆိုင်းနေဆဲမှာပဲ မြန်မာနိုင်ငံကို
ဖွံ့ဖြိုးရေးအကူအညီတွေ ပေးထားလို့ ရတယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။
နိုင်ငံတကာနဲ့
ဆက်ဆံရေးမှာ တိုးတက်မှုရှိဖို့ အကျဉ်းသားကိစ္စလိုပဲ နောက်ထပ်
အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင် မပါဝင်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ခုဆိုရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေက တချို့အချက်တွေကိုလည်း
ပြင်ဆင်အတည်ပြုပြီးပြီမို့ အင်န်အယ်ဒီအနေနဲ့ မှတ်ပုံတင်မတင်
ဆုံးဖြတ်ဖို့သာ ကျန်ပါတော့တယ်။
အားလုံးထဲမှာ
တိုးတက်မှုအနည်းဆုံးကတော့ တိုင်းရင်းသားနယ်မြေအချို့မှာ
ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေပါပဲ။ နိုင်ငံတကာရဲ့တောင်းဆိုချက်တွေ
ထဲမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်တာမို့
ဒီအချက်ကို ဦးသိန်းစိန်အစိုးရ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကလည်း
နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ တိုးတက်မှုရှိမရှိ စကားပြောမယ့်အချက်ပါ။
အမေရိကနဲ့ယှဉ်ရင်
နဂိုကတည်းက အနည်းငယ်ပျော့ပြောင်းတဲ့ အီးယူအနေနဲ့ ကတော့
မကြာခင်ကမှ ကန့်သတ်ချက်အချို့ကို လျှော့ပေးခဲ့တာကို ကြည့်ခြင်းဖြင့်
ရှေ့လျှောက်ပိုမိုပြီး အစိုးရနဲ့ဆက်ဆံရေးကို တိုးမြှင့်မယ့်
သဘောမှာရှိပါတယ်။
အီးယူဟာ
နဂိုကတည်းက မြန်မာနိုင်ငံမှာ သူ့ရဲ့စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု
အချို့ရှိထားတာမို့ ရှေ့လျှောက် စီးပွားရေးကို ဇောင်းပေးတဲ့ ဆက်ဆံရေးမျိုး
ဖြစ်ထွန်းမယ်လို့ မျှော်လင့်ရပါတယ်။ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးကို
ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက် နေစဉ်မှာပဲ
တစိုက်မတ်မတ်ကောင်းမွန်လာခဲ့တဲ့ အိမ်နီးချင်းတရုတ်နဲ့ ဆက်ဆံရေး
ဟာ မကြာခင်က မြစ်ဆုံကိစ္စကြောင့် ပျက်ပြားမလားဆိုတဲ့ မေးခွန်းတွေလည်း
ထွက်ပေါ်လာခဲ့ပါတယ်။
မြစ်ဆုံကိစ္စမှာ သမ္မတရဲ့ဆုံးဖြတ်ချက်အပေါ် အရင်က အစိုးရကို
ဝေဖန်လေ့ရှိတဲ့သူအချို့ကတောင် ဝေဖန်ချီးကျူးခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပေကျင်းနဲ့ နေပြည်တော်ကြားမှာ အဖုအထစ်တွေရှိလာ
မလားဆိုတဲ့ စိုးရိမ်မှုတွေပေါ်ခဲ့ပေမယ့် လေ့လာ သူတွေအဆိုအရတော့ မြန်မာဟာ
တရုတ်နိုင်ငံအတွက် စွမ်းအင်ရင်းမြစ်အဓိက ပံ့ပိုးပေးတဲ့နိုင်ငံအနေနဲ့ရော
တရုတ်ကို အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ပေးနိုင်တဲ့ မဟာဗျူဟာမြောက်နိုင်ငံဖြစ်
နေတာရယ်ကြောင့်ရော ဆက်ဆံရေးထိမှာမဟုတ်ပါဘူး။
"ဆည်ဆောက်တာ
ရပ်ထားတာကြောင့် တရုတ်ဟာ မြန်မာနဲ့နီးကပ်တဲ့ ဆက်ဆံရေးကို
အထိခိုက်ခံမှာမဟုတ်ပါဘူး။ အထူး သဖြင့်တော့ မဟာဗျူဟာ ကျတဲ့
စီမံကိန်းတွေဖြစ်တဲ့ ယူနန်ပြည်နယ်နဲ့ ဆက်သွယ်မယ့် မီးရထားလမ်းနဲ့
ရေနံပိုက်လိုင်းစီမံကိန်းတွေ စတင်နေတဲ့ အခါမျိုးမှာပါ"လို့ တရုတ်ရေးရာနဲ့
အရှေ့ တောင်အာရှ လေ့လာသုံးသပ်မှုဌာန (ချင်နိုင်း)က သုတေသီ အငြိမ်းစား
ဗိုလ်မှူး ကြီး ဟာရီဟာရန်က 'ယူရေးရှား ရီဗျူး' စာစောင်မှာ
မကြာခင်က ရေးသားခဲ့ပါ တယ်။
ဆက်ပြီး
သူက တရုတ်အစိုးရအနေနဲ့ ဒီအခြေအနေကို သိက္ခာဆည်မယ့် အစီအမံနဲ့
နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် နားလည်မှုတွေရဖို့ ကြိုးပမ်းလိမ့်မယ်လို့
သုံးသပ်ပါတယ်။
"တရုတ်ဟာ
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရရော စီးပွားရေးအရပါ ရင်းနှီးမြှုပ်နှံ
ထားတယ်။ မြန်မာကလည်း တရုတ်ကို စီးပွားရေး အတွက်သာမက သူ့ရဲ့ နုနယ်
သေးတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ရာမှာ မိတ်ဖက်အနေနဲ့ပါ လိုအပ်ပါတယ်။
ဒီလိုဆိုရင် တရုတ်-မြန်မာ ဆက်ဆံရေးဟာ မှန်းရခက်တဲ့အဆင့် မဟုတ်ရင်
တောင် အဆင့်သစ်တစ်ခုကို ရောက်မယ့်ပုံရှိပါတယ်"လို့ သူက
သုံးသပ်ပါတယ်။
မြန်မာနဲ့
တရုတ်၊ မြန်မာနဲ့အနောက် ဆက်ဆံရေးကို အများက အာရုံစိုက်
နေကြစဉ်မှာ မြန်မာဟာ နောက်ထပ် အင်အားကြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
အိန္ဒိယနဲ့လည်း ဆက်ဆံရေးကို ကောင်းသထက်ကောင်းအောင် တည်ဆောက်
နေပါတယ်။
ပြီးခဲ့တဲ့
အကျဉ်းသားလွတ်ငြိမ်းခွင့်ပေးပြီးနောက်မှာပဲ သမ္မတ ဦးသိန်းစိန်
အိန္ဒိယကို ချစ်ကြည်ရေးခရီးသွားရောက်ရာမှာ အိန္ဒိယအစိုးရက တခမ်းတနား
ကြိုဆိုခဲ့ပါတယ်။
အိန္ဒိယဟာ
အနောက်နိုင်ငံတွေက မြန်မာကို ၀ိုင်းကြဉ်ထားကြတဲ့ ၁၉၉၀
ပြည့်လွန်နှစ်တွေမှာ သူ့ရဲ့ 'အရှေ့မျှော်' မူဝါဒအရ မြန်မာနဲ့
စွမ်းအင်ဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေမှာ စတင်ပူးပေါင်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့အကျိုးစီးပွားကလည်း မနည်း ပါဘူး။
စစ်တွေဆိပ်ကမ်းစီမံကိန်း၊ ကုလားတန်ဘက်စုံစီမံကိန်းတွေကို အိန္ဒိယက
တည်ဆောက်နေပါတယ်။
သမ္မတဦးသိန်းစိန်
အိန္ဒိယကို ရောက်ရှိနေချိန်မှာ အိန္ဒိယပြည်တွင်း မီဒီယာတွေက
ဒီခရီးစဉ်ကနေ အိန္ဒိယအတွက် အကျိုးရှိမယ့် သဘောတူညီမှုတွေ
ရအောင်ယူဖို့ တိုက်တွန်းရေးသားကြပါတယ်။ မြန်မာဟာ အိန္ဒိယလို
နိုင်ငံကြီးဆီကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ တခြားအကူ အညီတွေရနိုင်သလို
စွမ်းအင်လိုအပ်ချက် မြင့်မားတဲ့ အိန္ဒိယဟာလည်း မြန်မာ ကနေ
ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ အရှေ့မြောက်ပိုင်းက လက်နက်ကိုင် သူပုန်တွေ
နှိမ်နင်းရာမှာ မြန်မာနိုင်ငံရဲ့ အကူအညီကိုရဖို့ လိုအပ်နေတာကြောင့်
နှစ်နိုင်ငံ စလုံးက ကောင်းမွန်တဲ့ဆက်ဆံရေးကိုသာ
အရှိန်မြှင့်တည်ဆောက်ကြမယ်လို့ သုံးသပ်လို့ ရပါတယ်။
တစ်ချိန်တည်းမှာပဲ
တရုတ်နဲ့ အိန္ဒိယတို့ မြန်မာနိုင်ငံမှာ အပြိုင်အဆိုင် ရင်းနှီး
မြှုပ်နှံလာကြတဲ့အပေါ် စိုးရိမ်မှုတွေရှိလာပေမယ့် မကြာသေးမီကပဲ
ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆင့်တိုင်းမှာ ပွင့်လင်းမြင်သာမှုရှိပြီး နှစ်ဦး
နှစ်ဖက်စလုံးရဲ့အကျိုးကို မျှမျှ တတကြည့်သရွေ့
အများစိုးရိမ်သလောက် ဆိုးကျိုးတွေ ရှိမလာနိုင်ပါဘူးလို့ ပြောပါတယ်။
"တရုတ်ပဲဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ်
အဓိကကြည့်ရမှာက ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးလဲ ဆိုတာပါပဲ။ ဘယ်နိုင်ငံနဲ့
အကျိုးတူပူးပေါင်းမှာလဲ ဆိုတာထက်
ဘယ်လိုအကျိုးတူပူးပေါင်းမှုမျိုးလဲ၊ သဘောတူညီမှုစည်းမျဉ်းတွေ က
ဘာတွေလဲဆိုတာကိုပဲ ကြည့်ရမှာပါ။ ဒီမှာ လာပြီးရင်းနှီးမြှုပ်နှံသူတွေဟာ
သူတို့ အကျိုးစီးပွားမရှိရင် လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် မျှမျှတတတော့
ဖြစ်ရ ပါမယ်။ ကျွန်မတို့လည်း အကျိုးရှိရပါမယ်။ ဒါ့အပြင် ကျွန်မတို့က
အိမ်ရှင်ဖြစ်တဲ့ အတွက် နည်းနည်းတော့ ပိုပြီးရသင့်ပါတယ်"လို့
မကြာသေးမီက ဝေါလ်စထရိ ဂျာနယ်နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ သူက
ဖြေကြားသွားပါတယ်။
အနောက်နိုင်ငံတွေက
မြန်မာပြည်အား ပိတ်ဆို.အရေးယူမှုတွေကို မကြာခင် နှစ်တွေအတွင်း
ယုတ်သိမ်းလာနိုင်မည်ဖြစ်ပါသည်။ မြန်မာပြည်က အရင်းအမြစ်တွေ၊
ဈေးကွက်နှင့် အခွင့်အလမ်းတွေဟာ အဲဒီလို ပိတ်ဆို.မှုတွေကို
ယုတ်သိမ်းပေးစေမည့် စွဲဆောင်မှု Incentives တွေ ဖြစ်ပါသည်။ ဒေသတွင်း
အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုးရီယားနှင့်
ထိုင်းနိုင်ငံတွေကလဲ မြန်မာပြည်က စီးပွားရေးရေး အခွင့်အလမ်းနဲ.
အရင်းအမြစ်တွေကို သူ.ထက် ပါ လက်ဦးမှု ရရှိဖို. ခြေလှမ်း သွက်သွက်နဲ.
ဝင်ထွက်သွားလာ လှုပ်ရှားနေတာ ပိုပြီး မြင်သာလာပါသည်။ ထိုင်းဝန်ကြီးချုပ်
မြန်မာပြည်လာပြီးမကြာခင် အိန္ဒိယကို သမ္မတနှင့် စီးပွားရေး
လုပ်ငန်းရှင်တွေ သွားခဲ့ကြသလို။ ဂျပန်နှင့်ဆက်ဆံရေးတွေ
ပုံမှန်ဖြစ်ဖို. နိုင်ငံခြားဝန်ကြီးက ဂျပန်ကို ရောက်နေတဲ့အချိန်မှာ
ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်တွေက တရုတ်ပြည် ရောက်နေပါသည်။ အခုလို
အနောက်နိုင်ငံတွေ၏ မဟာဗျူဟာမြောက်တဲ့ ပြိုင်ဖက်နိုင်ငံတွေဟာ
မြန်မာပြည်နှင့် ခြေလှမ်းသွက်သွက်နဲ. ဆက်ဆံရေးတွေ တိုးချဲ.မြင့်တင်ပြီး
မြန်မာပြည်က ပွင်.လမ်းလာတဲ့ အခွင့်အလန်းတွေ စီးပွားရေး ဆွဲဆောင်မှုတွေ
Business & Economic Potentials and Oppotunities တွေကို ထိမ်းချုပ်
ဆုပ်ကိုင်ဖို. လုပ်နေတာ ကျိုးစား အားထုတ်ပြင်ဆင်နေတာတွေကို
အနောက်နိုင်ငံတွေက သတိမထားပဲ အနီးကပ်စောင့်မကြည့်ပဲ မသိပဲ နေပါ့မလား။
Sideline မှာ လက်ပိုက်ပြီး ရပ်ကြည့်နေနိုင်ပါ့မလား။ အခွင့်အလန်းတွေနဲ.
အကျိုးအမြတ်တွေ အပြည့်အ၀ ရှိနေတဲ့ Untouch Vargin Lady လိုဖြစ်နေတဲ့
မြန်မာပြည်ကို ဥက္ခာပြု လျစ်လျူရှုပြီး တခြားနိုင်ငံတွေ လက်ဦးမှုယူ
အပိုင်စီးသွားတာကို လက်လွတ်ခံမည် မဟုတ်ပါ။ ဒါကြောင့်ပဲ
အနောက်နိုင်ငံတွေအနေဖြင့် အရင်ကလိုပဲ ပိတ်ဆို.အရေးယူမှုတွေနှင့် အဝေးကပဲ
စောင့်ကြည့်နေမလား လမ်းပွင့်လာတဲ့အခြေအနေတွေကို အမိအရပ် ဖမ်းဆုပ်ကာ
ပိတ်ဆို.အရေးယူမှုတွေကို လျော့ပေးပြီး သူနိုင်ငံက စီးပွားရေး
လုပ်ငန်းရှင်တွေကိုလဲ မြန်မာပြည်မှာ ၀င်ရောက်စေပြီး ပြိုင်ဖက်တွေနဲ.
ယှဉ်ပြိုင်နိုင်အောင် စီစဉ်ရတော့မည့် အခြေအနေ မလွဲမသွေ ရောက်လာတော့မည်
ဖြစ်ပါသည်။ ဒါကြောင့် အနောက်နိုင်ငံတွေက မြန်မာပြည်ကို ပိတ်ဆို.မှုတွေဟာ
နှစ်နည်းအငယ်အတွင်း သူ.ဟာနဲ.သူကို လျော့ပေးရမည့် အခြေအနေတွေ
ဖြစ်လာစေပါမည်။ ဒီမိုကရေစီ လူ.အခွင့်အရေး လွတ်လပ်မှုတို.
နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေး အတိုက်အခံတွေနှင့် တွေ.ဆုံရေး စတဲ့
အနောက်နိုင်ငံတွေ၏ ပြောဆိုချက်တွေဟာ TALK POINTS သက်သက်သာ ဖြစ်စေပြီး
အစိုးရကို ဈေးဆစ်ဖို.အတွက် အသုံးချမှု TOOL တခုသာ ဖြစ်ပါသည်။ တကယ့်
Real Politics အခြေအနေမှန်ကတော့ ပြိုင်ဖက် အုပ်စုတွေ မြန်မာပြည်ကို
အားလုံး လက်ဦးမှု ယူပြီး စီးပွားရေးလုပ်ငန်းတွေ မဟာဗျူဟာကျတဲ့
စီမံကိန်းတွေကို ထိမ်းချုပ်သွားတာမျိုးကို အနောက်အုပ်စုတွေအနေဖြင့်
လုံးဝ အဖြစ်မခံနိုင်ပါ။ အချိန်မှီ ခြေတောက်မချမိလိုက်လို.
စည်းဝိုင်းအပြင်မှာ ကျန်ရစ်မည့်အဖြစ်မျိုး နောင်တမျိုး လုံးဝ
မလိုချင်ပါ။ ဒီအခြေအနေတွေဟာ အနောက်အုပ်စုတွေကို လက်တွေ. ဖိအားပေးနေတဲ့
Real Political Pressures တွေ ဖြစ်ပါသည်။
ဒါကြောင့် ရပ်တည်ချက်တွေကို ပြောင်းပြီး အခြေအနေအညီ
မြန်မာပြည်နှင့် ဆက်ဆံရေးတွေ လုပ်ရင်လဲ အတိုက်အခံ အင်အားစုတွေအနေဖြင့်
အနောက်နိုင်ငံအစိုးရတွေကို နိုင်ငံရေး ချိန်ခွင်လျာ ညှိနိုင်
ထိမ်းနိုင်တဲ့ Weight အင်အား မရှိပါ။ အစ္စရေးကို အရေးပေးရင်
အာရပ်နွယ်ဘားတွေရဲ့ ငြိုငြင်တာခံရနိုင်ပြီး ပါလစ္စတိုင်းကို
ထောက်ခံသလို ဖြစ်ရင် ဂျူးတွေ၏ တုံ.ပြန်မှုကို ခံရနိုင်သလိုမျိုး
အကြပ်အတည်းနဲ. လက်တွေ. စိမ်ခေါ် ဖိအားပေးနိုင်တဲ့
နိုင်ငံရေးအခြေခံအုတ်မြစ် Political Base မျိုး နိုင်ငံရေး
အင်အားမျိုးတွေ မြန်မာ့အတိုက်အခံတွေမှာ မရှိပါ။ ဆိုလိုတာကတော့
အနောက်နိုင်ငံတွေက မူဝါဒတွေ ပြောင်းသွားရင်လဲ မပြောင်းသွားအောင်
ထိမ်းနိုင် ငြိမ်းခြောက်ထားနိုင်တဲ့ တကယ့်အင်အား မရှိပါ။
အလွန်ဆုံးလုပ်နိုင်တာကတော့ ဝေဖန်ထောက်ပြ ရှုံ.ချကြောင်း ကြေညာချက်
ထုတ်ပြန်တဲ့အဆင့်ပဲ ရှိပါသည်။ ပြည်ပရောက် မြန်မာမိသားစုတွေ၏
အနောက်နိုင်ငံက ပြည်တွင်းနိုင်ငံရေး Domestic Politics မှာ သက်ရောက်မှုက
ဒီလောက်အထိ ပြောပလောက်အောင် ချုပ်ကိုင်နိုင်လောက်အောင် လွမ်းမိုးမှု
မရှိပါ။ ဒါကြောင့် အနောက်နိုင်ငံတွေအနေဖြင့် အချိန်မရွေး သူတို.၏
မူဝါဒတွေကို ပြောင်းလဲနိုင်တဲ့ အခြေအနေမှာ ရှိနေပါသည်။ Counter
လုပ်ပြီး ဟန်.တားနိုင်သူက အားမရှိပါ။ ထောက်ခံမှုတွေဟာလဲ Merit of
Convenience ပဲရှိပါသည်။ ဒါကြောင့် တရုတ် အိန္ဒိယ ဂျပန် စတဲ့ ဒေသတွင်းက
စီးပွားရေး လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်ကို
လက်ဝါးကြီး အုပ် ထိမ်းချုပ် မသွားမီ အချိန်မှီ ၀င်ပြီး
ခွဲတမ်းယူဖို.အတွက် ဖိအားပေးမှုတွေ တကယ့် Self-Interests တွေကြောင့်ပဲ
သိပ်မကြာခင် နှစ်အနည်းငယ်အတွင်း အနောက်အုပ်စုတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊
ဥရောပသမ္မဂနှင့် သြစတေးလျနိုင်ငံတွေ၏ ပိတ်ဆို.ဒဏ်ခတ် အရေးယူမှုတွေ
ယုတ်သိမ်းသွားစေမည်ဖြစ်ပါသည်။ နိုင်ငံရေးမှာ ပြောတာက
နားထောင်ကောင်းအောင်-Talking Points တွေ Eye Catching words စကားလုံး
လှလှတွေ ပြောပေမည့် တကယ် ဆုံးဖြတ်ချက်တွေကိုတော့ အကျိုးစီးပွားဖြစ်တဲ့
Interestsကို အခြေခံပြီး စဉ်းစားကြတာဖြစ်ပါသည်။ ဒီအချက်သာ တကယ်
လက်တွေ.နိုင်ငံရေး မဟုတ်ပါလား။ ဒါကြောင့် မကြာခင်မှာ အနောက်အုပ်စုတွေ
ပိတ်ဆို.အရေးယူမှုတွေ ယုတ်လာမည်ဟု ယူဆရခြင်း ဖြစ်ပါသည်။ တကယ်လို.
အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ အမြန် လွတ်ပေးလိုက်ရင်တော့
သူတို.အတွက် သားရွှေအိုးထမ်းလာတာကို မြင်ရတဲ့ မိဘလိုပဲ ပိုပြီး
အဆင်ပြေသွားနိုင်တော့ပါ။ နာမည်ကောင်းလဲရ အခွင့်အလမ်းတွေလဲ လက်မလွတ်လိုက်ရ
အကျိုးအမြတ်တွေလဲ ခံစားခွင့်တွေ ရသွားစေတာမျိုး ဖြစ်သွားနိုင်တာကိုး။
ဒါမျိုးဆိုရင်တော့ OMG, BRAVO လို Jackpot ထီ ပေါက်သလို
ဖြစ်သွားပါမည်။ ။
အမေရိကန်ပြည်ထောင်စုနှင့်
ကမ္ဘာတစ်လွှားတွင်ရှိသော AMERICAN EXPRESS ပလက်တီနမ်ကတ် ပိုင်ရှင်များထံ
လစဉ်အခမဲ့ ပေးပို့သည့် DEPARTURE မဂ္ဂဇင်းတွင် မြန်မာနိုင်ငံ
နိုးထလာပြီဖြစ်ကြောင်း ဆောင်းပါးတစ်ပုဒ် ပါရှိလာရာ ဆယ်စုနှစ်တစ်ခုအတွင်း
ပထမဆုံးအကြိမ်အဖြစ် ထိုသို့ ဖော်ပြခံရသည့်အတွက် မြန်မာနိုင်ငံအပေါ်
အမေရိကန်လူထု သဘောထား စတင်ပြောင်းလဲလာပြီဟု ဆိုနိုင်ကြောင်း မြန်မာ့အရေး
လေ့လာသူများက သုံးသပ်သည်။ အမေရိကန်ပြည်ထောင်စုတွင် အဆိုပါ မဂ္ဂဇင်းရရှိသူ
သုံးသိန်းခန့်ရှိပြီး အမေရိကန် အီလစ်များ၏ မြန်မာအပေါ် သဘောထား
စတင်ပြောင်းလဲလာကြောင်း အချက်ပြသည့် သဘောအဖြစ် ကောက်ယူနိုင်သည်ဟု
အမေရိကရောက် မြန်မာတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင်
သမ္မတကြီးဦးသိန်းစိန် ဦးဆောင်သည့် အရပ်ဘက် အစိုးရလက်ထက် လျင်မြန်စွာ
ထွက်ပေါ်လာသည့် အပြောင်းအလဲများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို
အမေရိကန်အစိုးရက အသိအမှတ်ပြု ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုပြီး နောက်ထပ်
အလားတူ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ကိုင်သွားရန်
တိုက်တွန်းထားသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်
နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူထားခဲ့ရာမှ သမ္မတ ဘားရက်ခ်အိုဘားမား
အုပ်ချုပ်ရေးအဖွဲ့လက်ထက်တွင် နှစ်လမ်းသွား ချဉ်းကပ်မှု မူဝါဒကို
ပြောင်းလဲကျင့်သုံးခဲ့သည်။ ယင်းမူဝါဒအရ တစ်ဖက်တွင် မြန်မာအစိုးရနှင့်
စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပြီး အခြားတစ်ဖက်တွင်
ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ကျင့်သုံးခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေအရ ပေါ်ထွန်းလာသော မြန်မာအရပ်သား အစိုးရသစ်လက်ထက်တွင်လည်း အမေရိကန်
အထူးသံတမန်အဖွဲ့များ လာရောက်ကာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရခေါင်းဆောင်များနှင့်
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အမေရိကန် ပြည်ထောင်စု၏
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေး အထူးကိုယ်စားလှယ်
ဒဲရစ်မစ်ရှဲလ်လည်း ယခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင်
တစ်ကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ မြန်မာအစိုးရက ယုံကြည်ချက်ဖြင့်
အကျဉ်းကျခံရသူ ၂၀၀ ကျော်ခန့်ကို လွှတ်ပေးလိုက်မှုနှင့် ပတ်သက်၍ ‘စစ်ဘက်၏
သြဇာလွှမ်းမိုးမှု အောက်တွင်ရှိသော မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း
အားတက်စရာကောင်းသော ပွင့်လင်းမှု လက္ခဏာများ ပေါ်ထွက်လာပြီဟု ဝါရှင်တန်က
ရှုမြင်ကြောင်း’ မှတ်ချက်ပေး ပြောဆိုခဲ့ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁
ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ref: http://www.khitlunge.net.mm/news/news_detail.aspx?info_id=24891&utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+myanmardaily+%28MyanmarDaily.net%27s+Latest+News%29

