• မူလစာမျက်နှာ
  • စာပေဟောပြောပွဲ ( ၁၂၃ ) ဖိုင်
  • မူလစာမျက်နှာ
  • ဗီဒီယိုမှတ်တမ်းများ
  • ဓာတ်ပုံသတင်းများ
  • KIA အကြောင်း
    • Category
      • Category
      • Category
      • Category
      • Category
    • Category
    • Category
    • Category
  • မြန်မာ့အရေး
  • နိုင်ငံတကာအရေး
  • အတွေးအခေါ်များ
    • Category
    • Category
    • Category
    • Category
လက်ရှိဖတ်ရှုနေသောခေါင်းစဉ်: မူလစာမျက်နှာ »
Showing posts with label ဗဟုသုတ. Show all posts

ကျွန်တော် သိတဲ့ ကျောင်းသားခေါင်းဆောင် အာဇာနည်ဟာ ဘုန်းမော် မဟုတ်ဘူး
*ဗိုလ်အောင်ကျော်* ပဲ ဖြစ်ပါတယ်
ပြည်ပြေးအတိုက်အခံတွေ ပြည်တွင်းအတိုက်အခံတွေ နောက်ဆုံး NLD ကတောင် အရေးတယူ လုပ်နေခဲ့ကြတာ ဘုန်းမော် ဆိုတဲ့ လူငယ်လမ်းစဉ်လိုလို ကျောင်းသား သတင်းထောက်လိုလို ကောင်ကို တမ်းတနေကြတယ်...
ကျွန်တော်တို့ ရဲ့ တကယ့် ကျောင်းသား အာဇာနည်ကို မေ့ပစ်နေကြတယ်(ပြည်ပြေးအတိုက်အခံနဲ့ပြည်တွင်းအတိုက်ခံတွေကို ပြောခြင်းဖြစ်တယ်)
ဒါမှမဟုတ် သူတို့  မသိတော့ဘူး..သိအောင်လည်း မကြိုးစားဘူး...အစိုးရက သမိုင်းပြင်ထားတယ် မပြောပါနဲ့ 
အလယ်တန်းပြ သမိုင်း စာအုပ်တွေမှာ ရှိတယ်..။

ကဲ..ဗိုလ်အောင်ကျော် ဆိုတာ ဘယ်သူလဲဆိုတာ ပြည်ပြေးတွေ အတိုက်အခံ ငတုံးတွေ သိအောင် ပြောပြကြ ရအောင်လား။။
နာမည် အရင်းက ကိုအောင်ကျော် ပါ ။
အင်္ဂပူ မြို့နယ် ရုံးဇင်ရွာ မှာ တိုင်းရင်း မြန်မာ အလယ်တန်း ကျောင်းအုပ် ဦးကျော်ထင်နှင့် ဒေါ်ရွှေကျော့ တို့က 
၁၉၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ မှာ မွေးဖွားသန့်စင်ပေးခဲ့တယ်..။

အဲဒါမှ ငါတို့ ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်
 ဟင်္သာတမြို့ ဒေါက်တာ ကမ်းမင်း ကျောင်းကနေ အထက်တန်း အောင်ပြီးတဲ့နောက် ရန်ကုန် ဂျပ်ဆင် ကောလိပ် ကို ဆက်တတ်ခဲ့တယ်..။ ကိုအာင်ကျော် ဟာ မြန်မာ စာတွင် ထူးချွန်တဲံလူ ၊
  ကျောင်းတတ်နေရင်း အမျိုးသားရေးကို လှုံ့ဆော်ပေးသည့် ဆောင်းပါးတွေ ဆက်တိုက် ရေးသားခဲ့တယ်။ ကောလိပ်တတ်နေစဉ် မှာပဲ အမျိုးသားရေးကို လှုံ့ဆော်သည့် တရားပွဲတွေ၊ ဟောပြောပွဲတွေ၊ စကားရည်လုပွဲတွေမှာ ရှေ့တန်းမှ ပါဝင်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နဲ့  ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ တို့ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်ပါတယ်။၁၃၀၀ပြည့် အရေးတော်ပုံ ကာလမှာကျောင်းသား လှုပ်ရှားမှုတိုင်းမှာ ခေါင်းဆောင် တဦး အဖြစ် ပါဝင်ခဲ့တယ်။
ကိုအောင်ကျော် ဟာ ကော်လိပ်တတ်နေသော်ငြားလည်း ပင်နီတိုက်ပုံဝတ်တယ် ခုံဖိနပ်စီးတယ်
ဆံပင်ကို ကတုံး ဆံတောက်ထားတယ်.။
ကိုအောင်ကျော် ဒုတိယ နှစ် ဥပစာတန်း ကာလ- 
၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့၊ အတွင်းဝန်ရုံးကို ကောလိပ် ကျောင်းသားများ အပါအဝင် ရန်ကုန် မြို့ရှိ ကျောင်း ပေါင်းစုံမှ ကျောင်းသား များဝိုင်းပြီး ဆန္ဒ ပြခဲ့ ကြတယ်။
ဆန္ဒပြ ကျောင်းသားတွေ ကို အင်္ဂလိပ် နယ်ချဲ့ ဗြိတိသျှ (အခု-UK ပေါ့နော်)အစိုးရ ရဲ့ မြင်းစီး
ပုလိပ် တွေက  မြင်းနဲ့ တိုက်၊ တုတ်နဲ့  ရိုက်တဲ့အတွက်ကြာင့် ကျောင်းသား ခေါင်းဆောင် ကိုအာင်ကျော် အပါအဝင် ကျောင်းသား လူငယ် ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်။ အဲဒီ အရေးအခင်းမှာ ရတဲ့ ဒဏ်ရာနဲ့ပဲ ကိုအာင်ကျော်ဟာ ၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သေဆုံး ခဲ့ရတယ်.။

ကိုအောင်ကျော် ဈာပနအခမ်းအနားမှာ ကိုအောင်ကျော်ကို ကျောင်းသားဖြစ်ပေမဲ့
သူရဲ့ သတ္တိ ၀ိရိယ နဲ့ ဦးဆောင်မှုတွေကြောင့် ကိုအောင်ကျော်ကို  "နေမျိုး သီဟ သူရ ဗိုလ်အောင်ကျော်"
ဆိုပြီး တနိုင်ငံလုံးက ဂုဏ်ပြုခဲ့ကြတယ်..။
(ဘုန်းမော် လိုမဟုတ်ဘူး.ဘုန်းမော် နဲ့ အမွန်းတင်နေတဲံ ၈၈ ကျောင်သားတွေက ဗိုလ်အောင်ကျော်ရဲ့ ခုံဖိနပ် မှာပေနေတဲံ ခွေးချေး နဲ့ သုတ်ဖို့တောင် မတန်ဘူး)
 ဗိုလ်အောင်ကျော် ကျဆုံးပြီးတဲံနောက် ကျောင်းသားထုရဲါ လှုပ်ရှာမှုတွေ အားကောင်းလာခဲ့တယ်
ဗိုလ်အောင်ကျော် ကို ဂုဏ်ပြုတဲံအနေနဲ့ ရန်ကုန်မြို့ အတွင်းဝန်ရုံးဘေးက လမ်းကို ဗိုလ်အောင်ကျော်လမ်းဟု ခေါ်စေခဲ့တယ်..။
(ဘုန်းမော် လမ်းဆိုတာ မရှိဘူး နော် .ဟက်ဟက်)
ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းရှိ ဆိပ်ကမ်းကို ဗိုလ်အောင်ကျော် ဆိပ်ခံတံတား အဖြစ်သတ်မှတ်လိုက်တယ်..။
(ကဲ ရှာကြည့်စမ်း.ဘယ်မလဲ ဘုန်းမော်ဆိုတဲ့ အမိုက်ကလေးအတွက် အမှတ်တရ)

မြန်မာ့ နိုင်ငံ သမိုင်း အတွက် တကယ့်နေရာကနေ ကျောင်းသားထုကြီးပါဝင်လှုပ်ရှားခဲ့တဲ့
ဗိုလ်အောင်ကျော် တို့ လို သူရဲကောင်းတွေကို မေ့နေတဲ့ အခု ပြည်ပကို ခွေးပြေးနွားပြေး ပြေးရောက်နေတဲ့
၈၈ သူတောင်းစားများကို ဖတ်စေချင်လို့ ရေးပေးလိုက်တယ်..။
အဲဒါကမှ မြန်မာ့ကျောင်းသားခေါင်းဆောင်လို့ခေါ်တာဖြစ်ကြောင်း ၈၈ မျိုးဆက် ဒီမိုဗန်းပြ သူတောင်းစား
ငမိုက်သား သက်ကျားအိုတွေ သိစေလိုတယ်..။

******************************************************************
                                                                                                                      
                                                                                                                                   မောင်မောင်ဒိန်

Ref : http://mgkyautkhae.blogspot.com/

 
" သမ္မတက ထိုးစစ်ရပ်ရန် အမိန့်ထုတ်သော်လည်း တိုက်ပွဲများမရပ်သေး " ဆိုတဲ့သတင်းတွေနဲ့ အလားတူ သဘောမျိုးပါတဲ့သတင်းတွေကို သတင်းဌာနတော်တော်များများမှာတွေ့နေရတယ် ၊ တိုက်ပွဲရပ်တယ်ဆိုတာ ခလုပ်ပိတ်လိုက်သလိုတော့ "ထပ်" ခနဲ ဘယ်ရပ်သွားပါ့မလဲဗျာ...မဟုတ်ဘူးလား ၊ ခန္ဓာကိုယ်မှာ ၀မ်းသွားနေလို့ ၀မ်းပိတ်ဆေးသောက်ရင်တောင် ချက်ချင်းမှမရပ်တာ.... ဒါကစစ်မြေပြင်မှာ စစ်ဖြစ်နေတာလေ..  ထိုက်သင့်သလောက်တော့ကြာ မှာပေါ့...ဒါဘာများဆန်းနေလို့လဲဗျာ..... ခက်တော့ခက်နေပြီ...နောက်ပြီးတော့ စစ်ဆိုတာမျိုးကလည်း တစ်ဘက်ကရပ်တိုင်းရပ်တဲ့အမျိုးမဟုတ်ဘူးဗျ ဒီလိုတစ်ဘက်ကရပ်တိုင်းသာ ရပ်ကြေးဆိုရင် ကမ္ဘာမှာ စစ်ဆိုတာ ဘယ်ရှိပါတော့မလဲဗျာ...။

ဒါတကယ်မရပ်ချင်လို့ဖြစ်မှာပါ ၊ သမ္မတက ပရိယာယ်သုံးတာနေမှာပါ .. တကယ်ရပ်ချင်စိတ်ရှိရင် ရပ်ရမှာပေါ့ ၊ လွယ်ပါတယ်ကွာ ဆိုပြီး စေဒကတက်ချင်တဲ့သူတွေ ရှိရင် ခင်ဗျားတို့ စစ်တွေဘာတွေရပ်ဘို့ အသာထားလို့ အပေါ့သွားလို့အရှိန်ရနေတုန်းလေးပဲ ဦးနှောက်ကနေချက်ချင်းရပ်လို့ခိုင်းကြည့်စမ်းပါ ရပ်မလားလို့ .....။

ကိုယ့်ခန္ဓာ တစ်ခုတည်းမှာတောင် ကိုယ်လုပ်တိုင်းမဖြစ်တာ လူတွေအများကြီးပါဝင်တဲ့ လူ့အဖွဲ့အစည်းမှာ ချက်ချင်းမဖြစ်ရကောင်းလားဆိုပြီး အပြစ်တင်နေမယ်ဆိုရင်တော့ .....

ဒေါက်တာဆိတ်ဖွား
သူငယ်ချင်းရေ လောကရှိလူသားအချို့ဟာ မည်သည့်အလုပ်ကိုမဆို အများအားဖြင့် အပေါ်ယံကိုပဲကြည့် ပြီး သူတစ်ပါးလုပ်သည့် တိုးတက်ကောင်းမွန်းစေသော အလုပ်များကို ကဲ့ရဲ့ပြစ်တင်တတ်ကြတာဟာ ဘေးလွယ် အိတ်လို လူတွေဦးနှောက်မရှိသူ တွေပဲ သူငယ်ချင်းရေ ။


သူငယ်ချင်းကို မြင်သာအောင် ပြောရမယ်ဆိုရင်တောကွာ ငါ့ တို့  နိုင်ငံတော်ကြီး ခေတ်မှီဖွံ့ ဖြိုး တိုးတက်ဖို့ အဖက်ဖက်ကနေ ၀ိုင်းဝန်း ကူညီပြီး တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်နေတဲ့  အချိန်မှာ အတွေးအခေါ် ကျပ်မပြည့်ပြီး စဉ်းစားဥာဏ် မရှိတဲ့ အဝေးကနေ ဟောင်နေကြတဲ့ ပြည်ပအားကိုးပုဆိန်ရိုး တွေလိုပါပဲ သူငယ်ချင်းရေ…။


သူငယ်ချင်းရေ တစ်နေ့ တစ်နေ့ ကို လိမ်ညာ လုပ်ကြံမှုတွေ ဖန်တီးပြီး သူများသနားအောင် ဟောင်ပြ အမြီးနှံပြမှ အစာရတဲ့  ပြည်ပ မီဒီယာ တစ်စုရဲ့  မဟုတ်တမ်းတရားတွေ ၀ါဒဖြန့်မှုကြောင့်  ပြည်သူတွေ လမ်းမှားမရောက်စေ ဖို့  ငါတို့ တစ်တွေမှာ တာဝန်ရှိတယ် သူငယ်ချင်းရေ..။ ပြည်သူတွေကိုလဲ ကြည်တတ်မြင်တတ်စေဖို့  နားလည်သဘောပေါက်စေဖို့  ပြောပြကြရမယ်သူငယ်ချင်းရေ…။


နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ခေတ်မှီ ဖွံ့ ဖြိုးတိုးတက်အောင် အဘက်ဘက်ကနေ အဓိက ကူညီပေးခဲ့တာဟာဆိုရင် မြန်မာ့ တပ်မတော်သားတွေပါပဲ သူငယ်ချင်းရေ...။ ပြည်သူတွေ ဒုက္ခ အန္တရာယ်နဲ့ကြုံလာတိုင်း ပြည်သူရှေ့ ကနေ မားမား မတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးခဲ့ တာဟာလဲ တပ်မတော် ပါပဲ။ ပြည်သူတွေ ကို အသက်အိုးအိမ် စည်းစိမ်တွေကို စောင့် ရှောင့် ပေးခဲ့ တာလဲ မြန်မာ့တပ်မတော်သားတွေပဲဆိုတာ သူငယ်ချင်းအသိပါပဲ…။ မြန်မာ့တပ်မတော်ရဲ့  အဓိက လုပ်ငန်းကြီး (၃)ရှိတယ် သူငယ်ချင်း အဲဒါတွေကတော စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ ကျင့် ၊ ပြည်သူ့ အကျိုးပြု လုပ်ငန်း လုပ်ရန် ဆိုတဲ့  လုပ်ငန်းကြီးတွေပါပဲ သူငယ်ချင်းရေ…။


နိုင်ငံတော်ကြီးကို ဆထက်တပိုး တိုးတက် အောင်မြင်လာ ရန်အတွက် အဖျက်အမှောက်ရန်သူတွေကို တိုက်ခိုက် နှိမ်နှင်းပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်ပေးနေတာကို ပြည်သူတွေ သိစေချင်ပါတယ် သူငယ်ချင်းရေ…။


သူငယ်ချင်းရေ မြန်မာ့ တပ်မတော်ဟာ အသစ်တည်ဆောက်အဟောင်းပြုပြင်ခဲ့ သည့် အပြင် အဖျက်အမှောက်သမား တွေရဲ့  ဖျက်ဆီးမှုတွေကိုပါ ကာကွယ်ပေးခဲ့ ပါတယ် ။တိုးတက်မှုကို မလိုလားမရှု စိမ့်တဲ့ လူမျိုးတစ်စုတွေရဲ့  ဖောက်ခွဲဖျက်စီးမှု တွေဟာ ပြည်သူတွေရဲ့  သွားလာရေး လမ်းပန်း ဆက်သွယ်ရေး ကိုပါထိပါစေခဲ့ ပါတယ်..။ ဒါတွေကို ကာကွယ်စောင့် ရှောက်ခဲ့ ကြပါတာဟာလဲ မျိုးချစ်မြန် မာ့ တပ်မတော်သားတွေပါပဲ သူငယ်ချင်းရေ..။ သူငယ်ချင်း မြန်မာ့ တပ်မတော်သား စစ်သားတွေရဲ့  ဘ၀ကို စာနာကြည့်လိုက်ပါသူငယ်ချင်း စစ်သားတွေရဲ့  ဘ၀ဟာ အရမ်းကိုပဲ သနားစရာကောင်းလွန်းလှပါတယ်…။
“ဆရာဝန် တစ်ယောက်ဟာ လူနာတစ်ယောက်ရဲ့ အသက်ကို ဦးနှောက်သုံးပြီး သူကိုတိုင် အသက် အန္တရာယ်ကင်းစွာဖြင့် လူနာ၏ အသက် ကယ်တင်လိုက်နိုင်တာကို လူနာရှင်တွေက မျက်မြင်ကိုယ်တွေ့  ကြုံတွေရပြီ အသက်သခင် ကယ်တင်ရှင်လို့  ချီးကျူး ခံရတဲ့  ဆရာဝန် တစ်ယောက်ကို ပြည်သူတွေသူက သိရှိကြပေမဲ့  ကားလိပ်ကာ နောက်ကနေပြီး ၊ တော တောင် လျှိုမြောင်တွေကြားမှာဆင်းရဲ ဒုက္ခခံကာ ပြည်သူတွေကို နှောက်ယှက်ဖျက်စီးကြမဲ့  ရန်သူတွေ ကို မိမိတို့ အသက် သွေးချွေးနဲ့ ရင်းပြီး ပြည်သူတွေ၏့  အသက် ပေါင်းများစွာကို ကယ်ဆယ်ခဲ့တဲ့ တပ်မတော်သား စစ်သား တစ်ယောက်ရဲ့  စွမ်းဆောင်မှု တစ်ရပ်ကို ပြည်သူတွေ ကြည့်တတ် မြင်တတ်စေချင်ပါတယ်”
ပြည်သူတွေရဲ့  အမြင်မှာ မဟုတ်မမှန် လိမ်ညာပြီး အစာ ရေစာတစ်ခုရဖို့ အရေးကို အမြီးနှံပြီး ဟောင်ပြ နေတဲ့  ပြင်ပမီဒီယာတွေရဲ့  မဟုတ်မမှန် ဖန်တီးထားတဲ့  တပ်မတော်သား စစ်သားတွေရဲ့  သိက္ခာကို ကျစေရေးလုပ်ရပ်တွေကို ကြည့် ပြီး တပ်မတော်သားများ အပေါ် အမြင်မကြည်တာ တွေဖြစ်မှာ စိုးရိမ်မိတယ်သူငယ်ချင်း ။

တပ်မတော်သားတွေကလဲ ပြည်တွေကမွေးဖွားခဲ့  ပြည့် သူတွေရဲ့ သား ပြည်သူချစ်သော ပြည်ချစ်သားတွေပါ။ သူစိမ်းတွေ ကြားလူတွေဝင်ပြောလို့  သားသမီးကို အပြစ်မမြင်စေချင်ပါဘူး.. ပြည်သူများ ညီကိုမောင်နှမများအနေဖြင့်  နည်းအမျိုးမျိုးနဲ့  တပ်မတော်သားတွေ ကို အပုတ်ချပြောဆိုနေတဲ့ ပြင်ပမီးဒီယာတွေရဲ့  လုပ်ကြံဖန်တီးပြီး ဟန်ဆောင်ပြတဲ့  ၀ါဒဖြန့် မှုတွေ နဲ့  တပ်မတော်သားတွေရဲ့တိုင်းပြည်နှင့် လူမျိုးအပေါ် အသက်ပေး ကာကွယ် စောင့်ရှောက် တတ်သော မွန် မြတ်လှတဲ့  စိတ်ထားနဲ့  လုပ်ဆောင်မှု တွေကို ပြည်သူများ ကွဲကွဲပြားပြားဖြင့်  ကြည့်တတ် မြင်တတ် ကြပါစေ….။

ref: http://examplarygardener.blogspot.com/2011/10/blog-post_22.html
 
ကြီးကျယ်မြင့်မြတ်ခြင်း

လူမိုက်တို့သည် မိမိကိုယ်မိမိ ကြီးကျယ်မြင့်မြတ်သည်ဟု ယူဆကြ၏။
မိမိတို့မှာ အတိုင်းအဆမရှိသည့် သဘာဝတရား၏ ဖုန်မှုန့်မျှသာ ဖြစ်ကြောင်း သဘော မပေါက်ကြသောကြောင့် သူတို့သည် သေးငယ်၍ တဒင်္ဂ သတ္တ၀ါများသာ ဖြစ်ကြ၏။

လူတော်များသည် သဘာဝတရား၏ ကြီးကျယ် မြင့်မြတ်မှုကို သဘောပေါက်ကြသည့်အလျောက် မိမိကိုယ်မိမိလည်း ထိုသဘာဝတရားထံ ပုံအပ် ပူဇော်ရင်း ဖွင့်ဆို ရှင်းပြခြင်းငှာ မစွမ်းသာသော အဖြစ်အပျက်ကိုကား ဘုရားသခင်လက်ဝယ် ချန်ခဲ့ကြလေ၏။

ပညာရှိများမှာမှု လူသားအားလုံးနှင့် သတ္တ၀ါအပေါင်းတို့သည် စစ်မှန်သော သန့်ရှင်းစင်ကြယ်မှုသို့ ဦးတည်နေကြသည်ကို နားလည် သဘောပေါက်ခြင်းကြောင့် သန့်ရှင်း စင်ကြယ်မှုကိုသာ အကြီအကျယ် အမြင့်မြတ်ဆုံးဟု အသိအမှတ်ပြုကြ၏။


ကတိက၀တ်

လူမိုက်တို့သည် ကတိက၀တ် တစ်စုံတစ်ရာကိုမျှ မပြုရဲကြ။
တာဝန်ရှိမှုဟူသမျှကို ရှောင်လွှဲရန်သာ ကြိုးစားကြ၏။
ထို့ကြောင့် သူတို့သည် မိမိကိုယ်ကို အတွက်ပင် ယုံကြည်စိတ်ချရဖွယ် မရှိ။

လူတော်များသည် မြောက်မြားစွာသော ကတိက၀တ်များကို ပြုကြ၏။
အချို့မှာ ပြီးမြောက် အောင်မြင်ဖွယ်ရှိ၍ အချို့မှာ ထိုသို့မဟုတ်ကြ။
သို့ဖြစ်၍ သူတို့သည် အခါခပ်သိမ်း ယုံကြည်စိတ်ချရသူများ မဖြစ်နိုင်ကြချေ။

ပညာရှိများမှာမူ အစုအဖွဲ့အလိုက် ကတိက၀တ် ပြုကြ၏။
ထိုအစုအဖွဲ့၏ ဘုံပန်းတိုင်သို့ ရောက်ရှိအောင် စုပေါင်းအားကို ရယူကြ၏။
ယင်းအတွက် သူတို့သည် ပိုမို ကြီးကျယ် ကောင်းမွန်သော ရလဒ်ကို ရလေ့ရှိကြ၏။


စာရိတ္တပျိုးထောင်မှု

လူမိုက်တို့သည် အရာရာတွင် သူတစ်ပါးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလွန်းအားကြီးသောကြောင့် ၄င်းတို့၌ တိုးတက်ရန် နေရာလပ် မကျန်တော့ပေ။

လူတော်များသည် အရာရာကို မိမိကိုယ်တိုင် လေ့လာ ကျင့်သုံးကြရန် ဆန္ဒရှိ၏။ သို့ဖြစ်၍ သူတို့သည် အလုံးစုံကို အပြည့်အ၀ လေ့လာနိုင်စွမ်း မရှိ။

ပညာရှိများမှာမူ မိမိကိုယ်ကို အကောင်းဆုံးဟု ဘယ်သောအခါမှ မယူဆကြဘဲ မိမိတို့ စွမ်းသလောက် အကောင်းဆုံးဖြစ်ရန်သာ သဘာဝကျကျ ပြုမူ ဆောင်ရွက်ကြ၏။


အချစ်နှင့်ချစ်သူ

လူမိုက်တို့သည် အချစ်ကို တမ်းတ၏။
ထို့ကြောင့် သူတို့တွင် မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်မှု ဟူ၍ မရှိဘဲ ချစ်သူများ ရှာ၍သာ နေရ၏။

လူတော်များသည် အချစ်ကို ငြင်းပယ်ကြ၏။ အထီးတည်းနေခြင်းဖြင့်သာ ကျေနပ်ကြ၏။
သို့ဖြစ်၍ သူတစ်ပါးအား မှီခိုအားကိုးရမည့်အချိန်သို့ ရောက်သောအခါတွင်မူ ဒုက္ခကို ခံစားရလေ၏။

ပညာရှိများမှာမူ အချစ်ကို မတမ်းတ။ ချစ်ရန်သော်လည်းကောင်း၊ အချစ်ခံရရန်သော်လည်းကောင်း ငြင်းဆိုခြင်းမရှိ။ ယင်းအတွက် သူတို့သည် အထီးတည်းလည်း ပျော်၏၊ ချစ်သူနှင့်လည်း ပျော်ရွှင်သည်သာဖြစ်၏။


ချစ်ခြင်း

လူမိုက်တို့သည် ရမက်နှင့် ချစ်ခြင်း၌သာ အညံ့ခံကြ၏။
ထို့ကြောင့် မကြာခဏ ပူဆွေးသောက ရောက်ရ၏။

လူတော်များသည် ချစ်ခြင်းနှင့် ကင်းလွတ်အောင် ကြိုးစားကြ၏။
သို့သော် မိမိကိုယ်ကို ချစ်ခြင်းနှင့်မူ လုံးထွေးရုန်းကန်နေရ၏။

ပညာရှိများမှာမူ မိမိ၏ ချစ်ခြင်းကို ဖွံ့ဖြိုးစေ၏။
ဖြစ်ရိုးဖြစ်စဉ် အချစ်မှ အချစ်စစ်သို့ လည်းကောင်း၊
အချစ်စစ်မှ လွှမ်းခြုံဖြန့်ကြက်သော အချစ်သို့ လည်းကောင်း၊
လွှမ်းခြုံဖြန့်ကြက်သော အချစ်မှ ပကတိ သန့်စင်သော အချစ်သို့ လည်းကောင်း
ဖွံ့ဖြိုးစေ၏။
ဤနည်းဖြင့် ပျော်ရွှင် ချမ်းမြေ့မှုကို ရှာတွေ့ကြ၏။


မိတ်ဆွေဖွဲ့ခြင်း

လူမိုက်တို့သည် ပျော်ပွဲရွှင်ပွဲများ၌ မိတ်ဆွေရှာကြ၏။
ထို့ကြောင့် ၄င်းတို့၏ဘ၀ကို ပျက်စီးစေသော မရိုးသာသူများနှင့်သာ မိတ်ဆွေ ဖွဲ့ကြရ၏။

လူတော်များသည် အလုပ်ခွင်ထဲ၌ မိတ်ဆွေဖွဲ့ကြ၏။
ထို့ကြောင့် မိမိကို အောင်မြင်မှုများ နောက်ထပ် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးပြုမည့် မိတ်ဆွေကို ရ၏။
သူတို့သည် အလုပ် စပ်တူလုပ်နေသမျှ ကာလပတ်လုံး မိတ်ဆွေဖြစ်ကြ၏။
အလုပ် မအောင်မမြင်ဖြစ်သွားသောအခါတွင်မူ မိတ်ဆွေဖြစ်ခြင်းသည်လည်း ကွယ်ပျောက်ရ၏။

ပညာရှိများမှာမူ မိတ်ဆွေဖွဲ့ခြင်းကို ဘာသာရေးအသိအမြင်ပေါ်တွင် အခြေခံ၏။
ထို့ကြောင့် လောကီအခြေအနေများကို ကျော်လွန်သော စစ်မှန်သည့် မဟာမိတ်ဆွေကြီးများကို ရ၏။


လောကအမြင်

လူမိုက်တို့သည် အဆိုးမြင်တတ်ကြ၏။
ယင်းတို့၏ အဆိုးဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
ထို့ကြောင့် ၄င်းတို့သည် ပူဆွေးခြင်းနှင့် ဘေးဒုက္ခများကို ဆုလာဘ်အဖြစ် ရကြ၏။

လူတော်များသည် အကောင်းမြင်တတ်၏။
ယင်းတို့၏ အကောင်းဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
သို့ဖြစ်၍ သူတို့သည် ကောင်းခြင်းများကို ဆုလာဘ် ရကြ၏။
သို့သော် သူတို့သည် ဟန်ဆောင်ရခြင်းဖြင့် နွမ်းနယ်ကြ၏။

ပညာရှိများမှာမူ အမှန်ကို အမှန်အတိုင်း ရှုမြင်ကြ၏။
အကောင်း-အဆိုး နှစ်မျိုးစလုံးနှင့် ပတ်သက်၍ သိမြင်နားလည်ခြင်းကို သူတစ်ပါးအား မျှဝေ၏။
ယင်းအတွက် သူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ဘ၀လည်း ပိုမိုကြံ့ခိုင် သန်စွမ်းလာ၏။


ဆက်ဆံရေးကိုခိုင်မာစေခြင်း

လူမိုက်တို့သည် သူတစ်ပါးအပေါ် အခွင့်ကောင်းယူတတ်သဖြင့် ရေတို ဆက်ဆံရေးကိုသာ ရ၏။

လူတော်များသည် မိမိအပေါ် အခွင့်အရေးယူခြင်းကို နှစ်သက်၏။
သို့ဖြစ်၍ သူတစ်ပါး၏ ချစ်ခင်ခြင်းကို ရသော်လည်း ယင်းတို့၏ ဆက်ဆံရေးကို အမြဲ မကျေမချမ်း ဖြစ်နေရ၏။

ပညာရှိများမှာမူ အခွင့်အရေးယူခြင်းကို အများနှင့် မျှဝေခံစား၏။
ယင်းအတွက် သူတို့သည် မေတ္တာနှင့် အကြည်ညိုကို ရရုံသာမက ရေရှည်တည်တံ့သော ဆက်ဆံရေးကိုလည်း ရ၏။


ကျေးဇူးရှင်

လူမိုက်တို့သည် ကျေးဇူးရှင်ကိုပင်လျှင် သစ္စာဖောက်၏။
မည်သူကမျှ ယင်းတို့ကို ဆက်ဆံရန် မ၀ံ့ကြ။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။

လူတော်များသည် ကျေးဇူးရှင်မပေါ် ကျေးဇူးသိတတ်သဖြင့် လူတိုင်းက သူတို့ကို နှစ်သက်ကြ၏။
သို့ဖြစ်၍ သူတို့သည် ၀တ္တရားများကို တစ်သက်လုံး ထမ်းဆောင်ရမည်ဟု ခံစားနေရလေ၏။

ပညာရှိများမှာမူ ကျေးဇူးရှင်တို့အား စိတ်၏ချမ်းသာမှုကို ရရှိစေ၏။
အကြောင်းမှာ ဤသည်ပင်လျှင် တစ်ခုတည်းသော မှန်ကန်သည့် ကျေးဇူးဆပ်နည်းဖြစ်၏။
ရလာဒ်အဖြစ် ကျေးဇူးရှင်များအား ပို၍ ကြီးစွာသော ပေးကမ်းခြင်းကို လှုံ့ဆော်ပေး၏။
ဤနည်းအားဖြင့် သူတို့သည် လူ့ဘောင်တစ်ခုလုံးကို အကျိုးကျေးဇူး ရရှိစေ၏။


အမှန်တရား

လူမိုက်တို့သည် ကတိစကားကို မတည်နိုင်ကြ၍ မည်သူကမျှ သူတို့ကို မယုံကြည်ကြပေ။
ထို့ကြောင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှုကိုပင် ပျောက်ဆုံးကြရ၏။

လူတော်များသည် အမှန်တရား၏ စီးနင်းလွှမ်းမိုးထားခြင်းကို ခံနေကြရ၍ အမှန်တရား၏ အားသာချက်နှင့် အားနည်းချက်တို့ကို ခွဲခြားနိုင်စွမ်း မရှိကြပေ။
သို့ဖြစ်၍ သူတို့သည် အမှန်တရားထဲတွင် မကြခဏ ချုပ်မိနေတတ်ကြ၏။

ပညာရှိများမှာမူ အမှန်တရားနှင့် ဉာဏ်ပညာတို့ကို တစ်သားတည်း ဖြစ်သွားအောင် သွန်းလောင်းယူကြ၍ အမှန်တရား၏ အကာအကွယ်ကို ရကြ၏။
ယင်းအတွက် သူတို့၏ စကားများသည်လည်း အမှန်တရားချည်းသာ ဖြစ်ကြရ၏။

(The Foolish, The Clever, The Wise by Charles Akara)
ကို တူဒေးအယ်ဒီတာအဖွဲ့ ဘာသာပြန်သည်။
 
Ref : http://oppositeyes.blogspot.com/


၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တိုင်းဆူ ပြည်ဖျက် ဆူပူမှု၊ ပြည်ပ အင်အားကြီး နိုင်ငံတစ်ခုမှ ရေတပ်ကြီးက မြန်မာ့ပင်လယ် ရေပိုင်နက် အတွင်း ကျူးကျော် ဝင်ရောက်ကာ မြန်မာ့ အချုပ်အခြာ အာဏာနှင့် ပြည်ထောင်စု နိုင်ငံတော်ကြီး၏ လုံခြုံရေးကို ခြိမ်းခြောက်လာမှု၊ နိုင်ငံရေး တောကြောင်များက ကိုယ်ကျိုးအတွက် အချုပ်အခြာ အာဏာကို လုယက်ယူရန် ကြံစည်မှု၊ ဖောက်သည် တောကြောင်များက ပြည်သူပိုင်၊ နိုင်ငံပိုင်၊ အများပိုင်၊ ပုဂ္ဂလိကပိုင် ဂိုဒေါင်များဖောက်၊ သိုလှောင်ခန်းများ ဖွင့်ပြီး ပစ္စည်းဥစ္စာ မှန်သမျှ လုယက် သယ်ယူမှု၊ မြန်မာအချင်းချင်း ခေါင်းဖြတ်သတ်မှု၊ သင်္ချိုင်းများမှ အုတ်ဂူများမကျန် ဖြိုဖျက်ပြီး ဂူသင်္ချိုင်းမှ အုတ်များခွာယူရောင်းစားမှု စသည့် အနိဋ္ဌာရုံများ၊ နိုင်ငံတော် တစ်ဝန်း ထိန်းမနိုင် သိမ်းမရ မင်းမဲ့ တိုင်းပြည်ပမာ ဖြစ်လာမှု တို့ကြောင့် ပြည်သူတို့ ကျီးလန့်စာစား ဖြစ်ရသဖြင့် တပ်မတော်က နိုင်ငံတော်ကို မလွှဲမရှောင်သာ ဝင်ထိန်း ပေးခဲ့ရသည်။ ပြည်တွင်း ပြည်ပမှ ရရှိသည့် သပိတ် ရန်ပုံငွေ များဖြင့် သပိတ်ခေါင်းဆောင်များ ပျော်တပြုံးပြုံး မော်မဆုံး၊ စားလိုက်၊ သောက်လိုက်၊ ဆူပူမှု တိုးချဲ့လိုက်၊ အစိုးရ ဝန်ထမ်းများ သပိတ် မမှောက် မှောက်အောင် ဝိုင်းညှပ် ဖိအားပေးလိုက်ဖြင့် အစိုးရ ယန္တရားများလည်း ရပ်တန့် သွားခဲ့သည်။ ပြည်သူတို့ အိမ်ထဲမှ အိမ်ပြင် မထွက်ဝံ့၊ ဆူပူရာ၌ အကြောင်း အမျိုးမျိုးဖြင့် ပါဝင်သူများသာ အိမ်ပြင်ထွက်၊ လမ်းပေါ် တက်နိုင်ကြသည်။ ကျန်ပြည်သူများကား အိမ်ထဲမှာပင် စိတ်ဆင်းရဲစွာ ကုပ်နေ ခဲ့ကြရသည်။ နောက်ဆုံးတွင် မြို့ပေါင်း များစွာ၌ သပိတ်ခေါင်းဆောင် ဆိုသူများ၏ တရားမဲ့ ပြုကျင့်မှုကို မခံနိုင်သည့် ပြည်သူများနှင့် ထိပ်တိုက် တွေ့နေကြသည့် အဆင့် ရောက်ခဲ့ လေသောကြောင့် တပ်မတော်က ဝင်ထိန်း ပေးခဲ့ရသည်ကို မြန်မာ စစ်စစ်တို့က သဘော ပေါက်ကြသည်။

နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် အရေးကြုံတိုင်း ပြည်သူ့ရှေ့မှ ရပ်ပြီး ကာကွယ် ပေးခဲ့သည့် တပ်မတော်၏ အစဉ်အလာ၊ ပြည်ထောင်စု ပြိုကွဲလုလု အခြေစိုက်တိုင်း၊ အချုပ်အခြာ အာဏာ တည်းဟူသော လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးလုနီးနီး အခြေစိုက်တိုင်း ကာကွယ် စောင့်ရှောက် ပေးခဲ့သည့် တပ်မတော်၏ အစဉ်အလာကောင်း များကို ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး သိကြသည်။

ဒုတိယ ကမ္ဘာစစ် ပြီးစ မြန်မာနိုင်ငံ တွင်းသို့ ပြန်လည် ဝင်ရောက် စိုးမိုးသော အင်္ဂလိပ် စစ်ပြေး အစိုးရသည် မြန်မာ့တို့က ဖက်စစ်များကို စည်းလုံး ညီညွတ်စွာ တော်လှန် တိုက်ထုတ်ခဲ့ပုံ၊ လွတ်လပ်ရေး ပြန်ရရန် မမေ့မလျော၊့ တက်ကြွ ထက်ြမက်စွာ ကြိုးပမ်းပုံများကို သိနေသဖြင့် မြန်မာတို့ အားနည်းစေရန်၊ အမျိုးသားရေး ကိုယ်ခံအား ချည့်နဲ့စေရန် အမြဲတစေ ဆင်ကြံ ကြံခဲ့သည်။ ကမ္ဘာစစ်ပွဲကြီး အစပိုင်းမှာပင် အင်္ဂလိပ် နယ်ချဲ့တပ်များကို တိုက်ထုတ်၊ ကမ္ဘာစစ်ကြီး နှောင်းပိုင်း ဖက်ဆစ် ဂျပန်များကို တိုက်ထုတ်ခဲ့သည့် မြန်မာ့ မျိုးချစ် တပ်မတော်ကို အင်အား လျှော့ချစေခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့တွင် အင်္ဂလိပ်တို့က မြန်မာ ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး မြန်မာ့ တပ်မတော်ကို အရာရှိ (၂ဝဝ)၊ တပ်သား (၅ဝဝဝ)သာ ထားရမည်ဟု လက်ျာ-ဖရီးမင်း စာချုပ်ဖြင့် ချည့်နဲ့ ဆုတ်ယုတ် စေခဲ့သည်။

ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသကဲ့သို့ မြန်မာ့ တပ်မတော် အင်အား အလွန်လျောနည်း သွားချိန် တပ်မတော် တပ်ရင်းမှူး (ကွန်မြူနစ် အစွဲကြီးသူ) တို့က မိမိတို့ တပ်များကိုပါ ခေါ်ထုတ် တောခိုသွားကြသည်။ တောခို ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပေါင်းမိကြသည်။ ထိုအချိန် အလံနီကွန်မြူနစ်၊ အလံဖြူ(ဗကပ) ကွန်မြူနစ်၊ ပြည်သူ့ရဲဘော် ကွန်မြူနစ် (ရဲဘော်ဖြူ) အနောက်က ပံ့ပိုး သွေးထိုးပေး သဖြင့် ခွဲထွက်ရေး အတွက် ပုန်ကန်နေသည့် ကေအင်န်ဒီအို (ကရင် သောင်းကျန်းသူ)၊ အမ်အင်န်ဒီအို (မွန်သောင်းကျန်းသူ)၊ ဘူးသီးတောင်၊ မောင်တောဘက်သို့ ခိုးဝင်အခြေချပြီး ပြည်နယ်ရရှိရေး၊ ခွဲထွက်ရေး မူဂျာဟစ် (ကုလား သောင်းကျန်းသူ)၊ တရုတ်ပြည်မှ မော်စီတုန်းတို့၏ ကွန်မြူနစ် တပ်နီ များကို ရှုံးပြီး ထွက်ပြေးလာသော ချန်ကေရှိတ်၏ တရုတ် အမျိုးသား အစိုးရတပ်ပြေး ကေအမ်တီ (တရုတ်ဖြူ ကျူးကျော်သူ) များက အင်နှင့်အားနှင့် လွတ်လပ်ရေး ရခါစ မြန်မာ အစိုးရကို ပုန်ကန်ခဲ့ကြ၊ ကျူးကျော်ခဲ့ကြသည်။

တပ်မတော်က အင်အားနည်း၊ သောင်းကျန်းသူများက အင်အားများ သဖြင့် မြို့ရွာနယ်ပယ် များစွာကို သောင်းကျန်းသူ များက ခွဲတမ်းချ သိမ်းပိုက်ခဲ့သည်။ အင်းစိန်ကိုပင် ကေအင်န်ဒီအို (စောဘဦးကြီး ဦးဆောင်သော ကရင် သောင်းကျန်းသူ များက) သိမ်းပိုက်ကာ ရန်ကုန်ကို သိမ်းရန် တိုက်နေပေပြီ။ ဗကပ ကွန်မြူနစ် များကလည်း ရန်ကုန်ကို ဦးစွာသိမ်းရန် ချီတက် လာနေကြသည်။ ဖဆပလ အစိုးရ ပြေးပေါက်ရှာ နေပေပြီ။ ထိုအချိန် တပ်မတော် ဦးစီးချုပ်က အင်အားနည်း သော်လည်း စစ်ရည် စစ်သွေးကောင်းကို အားပြုပြီး ရန်ကုန်အစိုးရ (ဖဆပလ)ကို အာဏာသက် ပြန်ဆက် ပေးသည်အထိ တိုက်ခိုက်ခဲ့သည်။ မြို့များ အားလုံးကို တပ်မတော်က ပြန်သိမ်းပေးခဲ့သည်။ ယင်းသို့ သောင်းကျန်းမှု နှိမ်နင်းရာ၌ ပြည်သူ လူထုက တပ်မတော် နှင့်အတူ လက်တွဲ ပါဝင်ခဲ့ကြ ပေသည်။ ၁၉၄၉ ခုနှစ် ရန်ကုန် အစိုးရဘဝမှ ဖဆပလကို ပြည်ထောင်စု အစိုးရ ပြန်ဖြစ်အောင် တပ်မတော်က ရန်ပုံခွင်း တိုက်ခိုက်ခဲ့ရသည်။ ပြည်ထောင်စုကြီး ပြိုကွဲလုလု၊ လွတ်လပ်ရေး ဆုံးရှုံးလုလု အခြေအနေ၊ ဖဆပလ ဝန်ကြီးချုပ် ဦးနု၏ စကား အသုံးအနှုန်းအရ တိုင်းပြည် ချောက်ထဲကျရန် လက်တစ်လုံး အလို အခြေအနေကို တပ်မတော်က ဝင်ထိန်း ပေးခဲ့ရပေသည်။ ထိုသို့သာ တပ်မတော်က ဝင်မပါဘဲ တပ်ထဲမှာပင် အေးအေးဆေးဆေး နေကြည့်လိုက်လျှင် မြန်မာ့ လွတ်လပ်ရေးသည် ဖန်ခွက်တစ်လုံး သမံတလင်းပေါ် ပေါက်ခွဲသည် ထက်ပင် အကွဲ မြန်ပေမည်။ သူ့ကျွန်ဘဝသို့ လွယ်လွယ် ပြန်ရောက် သွားနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့ လွတ်လပ်ရေး တစ်နှစ်အတွင်း ရစေမည်စု ကတိပြုကာ အရယူ ပေးခဲ့သည်။

ဖဆပလ ဝန်ကြီးချုပ် ဦးနု လက်ထက်တွင်မူ တစ်နှစ်အတွင်း လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးနိုင်ခြေ ရှိခဲ့သည်ဟု ဆိုရပေမည်။ လွတ်လပ်ရေး ကြိုးပမ်းရာ၌ တိုင်းရင်းသား ပြည်သူများ ပါဝင်ခဲ့ကြသလို လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ရာ တွင်လည်း ပြည်သူတို့က တပ်မတော်နှင့် လက်တွဲပါဝင် ခဲ့ကြပေသည်။

လွတ်လပ်ရေး ကြိုးပမ်းစဉ်က အမျိုးသား နိုင်ငံရေး အသိ ကိုယ်စီဖြင့် လွတ်လပ်ရေး စိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်ဖြင့် ညီညီညာညာ ကြိုးပမ်းခဲ့သည်။ လွတ်လပ်ရေး ရလုနီး အချိန်မှစ၍ ကွန်မြူနစ် အဖြူ၊ အနီ၊ အပြာ၊ ပန်းရောင်၊ စပ်ကြားမျိုးစုံ၊ လက်ဝဲ ဆိုရှယ်လစ် မျိုးစုံ၊ လက်ယာ ဆိုရှယ်လစ် မျိုးစုံ၊ ဒီမိုကရက်တစ်စုံ၊ လစ်ဘရယ် အထွေထွေ၊ ကွန်ဆာဗေးတစ် အဖုံဖုံတို့ ကွဲပြားကာ အချင်းချင်း တိုက်ခိုက်၊ အာဏာလုရင်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြီးဖြစ်ခဲ့သည်။ ထိုပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဒဏ်ကြောင့် ပြည်သူ သိန်းသန်းချီ သေခဲ့ရသည်။ တိုင်းပြည် မပျက်မချင်း အာဏာလုကြ၊ အချင်းချင်း သတ်ကြ၊ ပြည်သူကို ဒုက္ခပေးကြ၊ တကယ်တမ်း မရှူနိုင် မကယ်နိုင် ဖြစ်ပြီ၊ တိုင်းပြည် ပျက်လုပြီ ဆိုသည်နှင့် နိုင်ငံရေး သမားများက ဖုတ်ဖက်ခါထပြီး ဘေးထွက်ထိုင်သွား ကြသည်။ အခြေအနေ ပေးလျှင် ပြန်ထ လာကြသည်။ တပ်မတော်ကသာ လှေကွဲကြီး ဝင်လှော်ပြီး ကမ်းရောက်အောင် ပို့ပေးရသည်။ တပ်မတော်သာ ဝင်မပါခဲ့လျှင် မြန်မာနိုင်ငံကို ပြန်လည်ဆုပ်ကိုင် ခြယ်လှယ် စိုးမိုးလိုသော နယ်ချဲ့များအတွက် အခွင့်ကောင်း ရသွားပေမည်။ ၄င်းတို့ ပါးစပ်ပေါက်နား ရောက်လာသော ထမင်းလုတ်ကို တပ်မတော်က ပုတ်ချလိုက် သလို ဖြစ်သွား၍ တပ်မတော် အပေါ် နယ်ချဲ့တို့က မျက်ထောင့်နီကြီးနှင့် ကြည့်လို့ကြည့် လာကြသည်။ နိုင်ငံတော် အာဏာကို ဖြတ်လမ်းမှ အချောင် ဆွဲယူလိုသည့် နိုင်ငံရေး လုပ်စားသူ (Professional Politicians) များအဖို့လည်း တပ်မတော်သည် နိုင်ငံတော် အာဏာ တည်းဟူသော မဉ္ဇူသက နတ်ပန်းစောင့် ကုမ္ဘဏ်ယက္ခများ ဖြစ်သွား ရပေသည်။ ပြည်သူတို့ကမူ တပ်မတော်ကို သာဓုသုံးကြိမ် ခေါ်ကြပေသည်။

တပ်မတော်က အာဏာ ဆက်ပေး၍သာ အာဏာ တည်မြဲခဲ့ရသော ဖဆပလသည် လွတ်လပ်ရေး ရပြီး ၁ဝ နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် နှစ်ခြမ်း ကွဲပြန်သည်။ စောစောကလည်း ဖဆပလမှ ကွဲအက်၊ ခွဲထွက်သွားသည့် လူထု လူတန်းစား အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်စုများ ရှိခဲ့သည်။ ဖဆပလကြီး တည်မြဲ၊ သန့်ရှင်းကွဲပြီး ရန်စောင်၊ အားပြိုင်၊ အာဏာ လုကြရာ၌ ဟိုဘက်သည်ဘက် လူသူလက်နက် စုဆောင်း စစ်ဖြစ်လာကြ သဖြင့် ၁၉၅၈ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် တပ်မတော်က ဝင်ထိန်း ပေးရပြန်၏။ တပ်မတော် အိမ်စောင့် အစိုးရက နိုင်ငံ တည်ငြိမ်အောင် အားထုတ် ဆောင်ရွက်ပြီး ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပပေးသည်။ အနိုင်ရရှိသော ဦးနု၏ သန့်ရှင်း ဖဆပလ လက်သို့ ၁၉၆ဝ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် နိုင်ငံတော် အာဏာ လွှဲအပ်ပေးခဲ့သည်။ ဤသို့သာ တပ်မတော်က ဝင်ထိန်း မပေးလျှင် အထောက်တော် အုန်းမြင့်၏ သတင်းဆောင်းပါး ခေါင်းစဉ်ပါ 'ခက်ဖွယ်ရယ် ကြုံပါတယ်၊ လက်နက်ကယ် စုံအညီနဲ့' ဆိုသည့် အတိုင်း ဖဆပလ အကွဲချင်း မြေပေါ်မှာ သွေးချောင်းစီးပွဲ၊ စစ်ခင်းပွဲကြီး ကြုံရနိုင်သည်။ ဤသို့ဖြင့် နိုင်ငံ ပျက်သွားနိုင်သည်။ လွတ်လပ်ရေး ဆုံးရှုံးနိုင်သည်။ နယ်ချဲ့ ပါးစပ်ပေါက်ထဲ ပြည်ထောင်စုကြီး ထိုးခွံ့သလို ဖြစ်သွားမည်။ တပ်က ဝင်ရောက်ပြန်ပြီဟု နယ်ချဲ့တို့ အံကြိတ်ရသည့် ဖြစ်ရပ်ဟု ဆိုရပေမည်။ ပြည်သူ တို့ကတော့ ကျေးဇူး တင်ကြပါသည်။

သန့်ရှင်း ဖဆပလ အစိုးရသည် ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ) အစိုးရဟု နာမည်ပြောင်း အုပ်ချုပ်သည်။ ပထစအတွင်း ဦးအုပ်စု၊ ဗိုလ်အုပ်စု၊ သခင်အုပ်စု ကွဲသည်။ ဘာသာရေး ခုတုံးလုပ် မဲဆွယ်မိသော ဦးနု၏ ပထစ အစိုးရသည် ဘာသာရေး ပြဿနာ၊ အဓိကရုဏ်း၊ ဆန္ဒပြ ဆူပူမှုများဖြင့် လုံးလည်ချာလည် လိုက်ခဲ့သည်။ ဤမျှ ချည့်နဲ့ အားပျော့နေသည့် ဦးနု၏ ပထစ အစိုးရသည် ရှစ်ပြည်နယ်မူ၊ ဖက်ဒရယ်မူ သမားများ၏ ပြည်ထောင်စုကြီး ရှစ်စိတ်ကွဲရေး၊ ခွဲထွက်မည့် အစိတ်ပေါင်း များစွာက နယ်ချဲ့ စစ်အုပ်စု(ဆီးတိုး) ထဲ ဝင်ကြမည့် အရေးတို့ ပေါ်ပေါက်လာသည်။ ထို့ကြောင့် ပြည်ထောင်စု ပြိုကွဲ မခံနိုင်သော တပ်မတော်က နိုင်ငံကို ထိန်းသိမ်း ယူရပြန်သည်။ ဤပွဲကား ဆီးတိုး စစ်အုပ်စုကြီးဖြင့် အာရှကို စစ်ရေး လွှမ်းမိုးလိုသော အနောက်အုပ်စု အဖို့ အထိနာဆုံး ပွဲဖြစ်သည်။ ထို့ကြောင့် မြန်မာ့ တပ်မတော်ကို ဒေါသဖြစ်ရ ပြန်သည်။ ပြည်ထောင်စု ရှစ်စုကွဲ၊ နယ်ချဲ့ စစ်အုပ်စု ဗိုလ်ကျ စိုးမိုးခံရမည့် ဘေးမှ လွတ်ရသဖြင့် ပြည်သူတို့က တပ်မတော်ကို ကျေးဇူး တင်ကြရ ပြန်ပါသည်။

၁၉၆၂ မှ ၁၉၈၈ ခုနှစ် အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုရှယ်လစ် တည်ဆောက်ရေးကို ကြိုးပမ်းခဲ့ကြသည်။ အပေါင်း လက္ခဏာများ ရရှိသလို၊ အနုတ် လက္ခဏာ များလည်း ရခဲ့ပါသည်။ မည်သို့ဆိုစေ ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုရှယ်လစ်ဝါဒ အာသာပြေ တန်သရွေ့ ပြေခဲ့ပါသည်။ သို့သော် ၁၉၈၈ခုနှစ် ရှစ်လေးလုံး ဆိုသည်ကား ရှစ်ဂဏန်း လေးလုံး ၈-၈-၈၈ ကို ဂငယ်လေးခု အဖြစ် အနောက်နယ်ချဲ့ အသံလွှင့် ဘီဘီစီက မြင်ကြည့်ကာ - ဂငယ်လေးခု - ပြည်ထောင်စုထု၊ ဥသျှစ်သီး လေးလုံးဆိုင် ထုရာတွင် လေးလုံးစလုံး ကွဲသည့်ကိန်းကို ဆောင်ပြီး ရှစ်လေးလုံး အရေးတော်ပုံဟု နာမည်ပေး သွေးထိုး လှုံ့ဆော်ခဲ့သည်။ နောက်ဆုံး နယ်ချဲ့ စစ်သင်္ဘော အုပ်စုက မြန်မာ့ ပင်လယ်ပြင် အတွင်း ကျူးကျော် ဝင်ရောက်ကာ ကျားချောင်းသလို ချောင်းနေခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စု မပြိုကွဲအောင်၊ အချုပ်အခြာ အာဏာ လက်လွတ် မဆုံးရှုံးအောင် တပ်မတော်က ရှစ်လေးလုံး ဆူပွဲ ပူပွဲကြီးကို အချိန်မီ ရပ်တန့် စေခဲ့သည်။ ဤသည်ကိုလည်း နိုင်ငံရေး တောကြောင်နှင့် နယ်ချဲ့မြို့ကြောင်တို့က တပ်မတော်အပေါ် အမုန်းပွား ခဲ့ကြသည်။ ပြည်သူတို့ကမူ တပ်မတော်ကို ကျေးဇူးတင်ကြ ရပြန်ပါသည်။

တပ်မတော် အစိုးရက ယခင် အစိုးရများ ကြိုးပမ်းသော်လည်း မရနိုင်ခဲ့သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရယူပေးခဲ့သည်။ ပိတ်ဆို့မှု အဖုံဖုံဖြင့် မြန်မာတို့ ဆင်းရဲငတ်ပြတ် စေရန် ပြည်တွင်း ပြည်ပ အဖျက်သမားတို့ ဝိုင်းနှောင့်ကြသည့် ကြားမှပင် မြန်မာနိုင်ငံ၌ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေး တည်ဆောက်မှုများ ဝေဝေစည်စည် ဖြစ်စေခဲ့သည်။ ယနေ့ ပြည်ထောင်စု တစ်ဝန်း အံ့မခန်း တိုးတက် ဖွံ့ဖြိုးလာနေသည့် ဘက်စုံ တည်ဆောက်မှု များမှာ ပြည်ထောင်စုဖွား မြန်မာအားလုံး ကိုယ်ပိုင် မံသ စက္ခုဖြင့် မြင်နေကြရပြီ ဖြစ်သည်။ ကိုယ်ပိုင် စက္ခုဝိညာဉ်က ပိုင်းခြားသိမြင် အသိအမှတ် ပြုနိုင်ကြပြီ ဖြစ်သည်။ ကိုယ်ပိုင်ဦးနှောက် အသိဉာဏ်ဖြင့် ပိုင်းခြားဝေဖန် အတည်ပြု နိုင်ကြပြီ ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးမှုကို ဝေးဝေးသွားကြည့်ရန် မလို၊ မိမိတို့ နေထိုင်ရာ ရပ်ရွာ ပတ်ဝန်းကျင်မှာပင် မျက်ဝါးထင်ထင် မြင်နိုင်ကြပေပြီ၊ ပြည်သူက ထိုဖွံ့ဖြိုး တိုးတက်မှုများ အတွက် တပ်မတော်ကို ကျေးဇူး တင်ပါသည်။

တပ်မတော် အစိုးရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တိုင်းရင်းသား ပြည်သူများနှင့် လက်တွဲပြီး ပြည်ထောင်စုကြီး မပြိုကွဲရန်၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရန် ကာကွယ် စောင့်ရှောက်ရင်း ပြည်တွင်း ငြိမ်းချမ်းရေးကို ရယူပေးပြီး ဘက်ပေါင်းစုံ တည်ဆောက် ဖွံ့ဖြိုးစေကာ ဒီမိုကရေစီ လမ်းပြမြေပုံပါ အဆင့် (၇)ဆင့် (ဝါ) နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ (၇)ရပ် (ဝါ) ဒီမိုကရေစီ လုပ်ငန်းစဉ် (၇)ရပ်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် ပေးခဲ့ရာ ယခုအခါ အဆင့် (၆)သို့ပင် ရောက်ရှိခဲ့ပေပြီ။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ် လွှတ်တော်များမှ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ တည်းဟူသော အချုပ်အခြာ အာဏာကို အခြေခံ ဥပဒေ နှင့်အညီ ကျင့်သုံး ဖော်ဆောင်မည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်တို့မှ အစပြု၍ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များကိုပါ ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ယခု ဖွဲ့စည်းလိုက်သော ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် စသည့် အချုပ်အခြာ အာဏာ မဏ္ဍိုင်ကြီး သုံးရပ်က ဦးဆောင်ပြီး သတ္တမမြောက် လမ်းစဉ် (ဝါ) နိုင်ငံတော် ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် 'အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး' စုပေါင်းညီညာ တည်ဆောက် သွားကြတော့မည် ဖြစ်သည်။ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများတွင် ပြည်သူက ရွေးချယ် တင်မြှောက် လိုက်သော ပြည်သူ့ ကိုယ်စားလှယ် များသည် နိုင်ငံတော်၌ စီးပွားရေး တိုးတက် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြမည့် အဆိုများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆိုများ၊ မှန်ကန်သော အမျိုးသား ပြန်လည်သင့်မြတ် စည်းလုံးရေး အဆိုများ၊ ပညာရေး မြှင့်တင်ရေး အဆိုများ၊ ကျန်းမာရေး မြှင့်တင်ရေး အဆိုများ၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး လာစေရေး အတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေး အဆိုများ တင်သွင်းကြ၊ ဆွေးနွေးကြ၊ အတည်ပြုကြဖြင့် သက်ဝင်ပီပြင် နေပြီ ဖြစ်ပေသည်။ ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူ့ အကျိုးစီးပွားကို ရှေးရှု နိုင်ကြလေ၊ နိုင်ငံတော်ကြီး အချိန်တိုတို အတွင်း အရှိန်အဟုန်ဖြင့် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက် လာလေ ဖြစ်ပေတော့မည် ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော် လွတ်လပ်ရေး တာဝန်၊ လွတ်လပ်ရေး ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ဦးလည်မသုန် ဆောင်ရွက်ခဲ့ကြသည့် အပြင် နိုင်ငံတော်တွင် ငြိမ်းချမ်း သာယာရေး၊ ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းများ ကိုပါ မနားမနေ ဆက်တိုက် ဆောင်ရွက် ပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ရေမြေ သဘာဝ သယံဇာတ အဖိုးတန် ရတနာများကို မျက်စိကျပြီး မြန်မာနိုင်ငံကို ဗိုလ်ကျ စိုးမိုးလိုသော ကိုလိုနီ လက်သစ်၊လက်ဟောင်း နယ်ချဲ့ ဝါဒီများက တပ်မတော် အပေါ် မလိုတမာ စိတ်မွေးကာ စွပ်စွဲပုတ်ခတ် နေကြသော်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသား မြန်မာပြည်သူ တစ်ရပ်လုံးကမူ ငြိမ်းချမ်း၊ လွတ်လပ်၊ ဖွံ့ဖြိုးတိုးတက်မှု အရသာ (ဝါ) လွတ်လပ်ရေး အရသာကို အပြည့်အဝ ခံစားစံစား လာနိုင်ကြသဖြင့် တပ်မတော်ကို ကျေးဇူးတင်ရှိ နေကြပါသည်။

ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် အရပ်ရပ်တွင် တပ်မတော်သား ကိုယ်စားလှယ်များ အချိုးကျ ပါဝင်ပြီး ပြည်ထောင်စု ရေးရာ၊ ပြည်သူ့ရေးရာ များကို တိုင်းရင်းသားစုံ ပြည်သူ့ ကိုယ်စားလှယ်များ နှင့်အတူ လက်တွဲ ဆောင်ရွက် သွားဦးမည် ဖြစ်၍လည်း တပ်မတော်ကို ပြည်သူတို့က ကျေးဇူး တင်နေကြပါသည်။ ။

(၂၀၁၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃)မှ ဆောင်းပါးရှင် မောင်ဝံသာနု၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

 

 ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး

ဒကာကြီးရယ် .... သဘောထားကွဲလွဲမှုဆိုတာ ဓမ္မတာအတိုင်း လောကမှာရှိတာမျိုးပေါ့ သူ့ဘက် ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောရမှာပေါ့ ...
ဒါပေမယ့်ငယ်သူကကြီးသူနဲ့ ပြောကြတဲ့အခါ သဘောထားကွဲလွဲမှုပင် ဖြစ်စေကာမူ ဂါရဝေါစနဲ့ ပြောရတယ် 
ကြီးသူကလည်းငယ်သူနဲ့ပြောကြတဲ့အခါ သဘောထားကွဲလွဲချက်ပင် ဖြစ်စေကာမူ  ငါအကြီးပဲဆိုပြီး အထက်စီးကနေမပြောရဘူး  နိဝါတောစ နဲ့ပြောရတယ် ...
( ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး )
 မျက်မှောက်ကာလနှင့်ကိုက်ညီ

အထက်ပါဆရာတော်ကြီး၏ ဆုံးမသြဝါဒစကားသည် မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ်အချိန်အခါနှင့် အလွန် ကိုက်ညီသော ဆုံးမစကားဖြစ်ပါသည် ။အမြင်သဘောထား မတူကြသူများ တစ်ဘက်နှင့်တစ်ဘက် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြသောအခါ ကိုယ်နှုတ်အမူအယာတို့သည် များစွာအရေးပါပြီး အယူအဆ ကွဲပြားမှုများအပေါ်တစ်ဘက်နှင့်တစ်ဘက် သဲသဲမဲမဲဆိုသလို အားနည်းချက်များကို ဆုပ်ကိုင် ထိုးနှက်တိုက်ခိုက်ကြပါလျှင် အကောင်းဘက်သို့ ပြောင်းလဲလာနိုင်မည်မဟုတ်ပါ ...
အတ္တမာနကို မထိခိုက်ရန်လို 

ပြောဟန်ဆိုဟန် ကိုယ်နှုတ်အမူအယာတို့သည် တစ်ဘက်၏အတ္တမာနကို အခြားတစ်ဘက်က မထိခိုက်စေပဲ ဖျောင်းဖျောင်းဖြဖြ နှင့် ယဉ်ကျေးလိမ္မာစွာ ဆွေးနွေးညှိနှိုင်းရန် အထူးလိုအပ်လှပေသည်  အခြားတစ်ဘက်၏ အတ္တမာနကို ကျန်အခြားတစ်ဘက်က ထိပါးပုတ်ခတ်ပြောဆိုမိပါမူ တစ်ဘက်ကလည်း မှားမှန်းသိနေစေကာမူ အယူအဆဟောင်းကို လက်လွှတ်တော့မည်မဟုတ်ပါ ။
သဘောထားပျော့ပျောင်းသောအစိုးရ
လက်ရှိ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ်သည် စစ်ဗိုလ်ချုပ်ဟောင်းများ အများစုပါဝင်စေကာမူ ယခင်အဆက်ဆက်သောအစိုးရများထက် သဘောထားပျော့ပျောင်းသာ ၊ ပြည်သူ့အသံကို နားထောင်သော အကောင်းဘက်ဦးတည်သောအရွေ့ကို အရှိန်အဟုန်အတန်ငယ်နှေးနေစေကာမူ ရွှေ့နေသော အစိုးရဖြစ်သည် ဆိုသောအချက်မှာ နိုင်ငံတကာအပါအ၀င် ပြည်သူအများစုကပါ လက်ခံထားသော အယူအဆဖြစ်လေသည် ။


 ၆လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်
အစိုးရသက်တမ်း ၆ လအတွင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်ပေးကာမြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်ပေါင်း ၄၂ ခု၊ အလုပ်ကြမ်း ရဲဘက်စခန်းပေါင်း ၁၀၉ ခုမှ အကျဉ်းသားဦးရေ ၆၀,၀၀၀ ကျော်ရှိသည့်အနက် ၂၁၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပြီးဖြစ်လေသည် ။ ယခုနောက်ဆုံးအကြိမ် လွှတ်ပေးသော အကျဉ်းသား ၆၃၅၉ ဦးတွင် ထင်ရှားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အများအပြားပါဝင်ခဲ့ရာ ထိုသူတို့၏ လှုပ်ရှားပြောဆိုမှုများ ၊ ထိုသို့လွှတ်ပေးခြင်းအပေါ်အကျိုးအကြောင်းအဆိုးအကောင်းကို နိုင်ငံတော်အစိုးရအနေဖြင့် စောင့်ကြည့် နေ မည်မှာ မလွဲဧကန်ဖြစ်ပေသည် ။ တစ်နည်းဆိုရသော် ယခုလွှတ်ပေးလိုက်သူတို့၏ ပြောဆို လှုပ်ရှားမှုအဖုံဖုံတို့သည် နိုင်ငံတော်၏ တည်ငြိမ်ရေးကို အာမခံချက်ရှိမှသာ ၊သို့တည်းမဟုတ် ယခုကဲ့သော လွှတ်ပေးလိုက်ခြင်းသည် ထင်ထားသလို စိုးရိမ်စရာမဖြစ်လာ ၊ အေးအေးချမ်းချမ်းရှိကြောင်း အစိုးရအနေဖြင့် ယုံကြည်လာမှသာ ကျန်ရစ်နေသော အကျဉ်းသားများ၏ လွတ်မြောက်ရေးကို ဆက်လက်စဉ်းစား မည်မှာ သေချာလှပါသည် ။
ပြောမှားဆိုမှား သတိထား
" မစို့မပို့ပေါ့ဗျာ ဒါလေးပဲ လွတ်လာတဲ့ အခါကျတော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။ ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာလို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့” ဒါကတော့ အကျဉ်းထောင်ကလွတ်လာလာချင်းဆိုသလို လူရွှင်တော်ဇာဂနာကလေသံမာမာနှင့် အင်တာဗျူးတစ်ခု မှာပြောဆိုလိုက် တာဖြစ်ပါတယ် ။ အဆိုပါစကားစု သည် အထက်ဖေါ်ပြပါ ဆရာတော်ကြီး ၏အဆုံးအမနှင့်မညီပါ ဂါရဝေါစ မဖြစ်ပါ ၊ တစ်ဘက်၏ အတ္တမာနကို ထိခိုက်ပါသည် ၊ ဤသို့ပြောဆိုလိုက်သဖြင့် အစိုးရသည် ကြောက်ပြီး ကျန်ရစ်သူ အကျဉ်းသားများကို လွှတ်ပေးလိမ့်မည်ဟု မထင်ပါ ။
သဘောထားမှန် အယူအဆမှန်ဆီသို့
သို့ဖြစ်ပါ၍ ကျေးဇူးရှင်မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ ဆုံးမသြ၀ါဒတော် အတိုင်း အုပ်ချုပ်သူအစိုးရတာဝန်ရှိသူများနှင့် တိုင်းသူပြည်သားလူအများတို့သည် ဂါရဝေါစ ၊နိဝါတောစ ဖြင့် မင်္ဂလာတရားတော်နှင့်အညီအပြန်အလှန်ပြောဆိုဆက်ဆံသွားကြပါမူ   ပြောဆိုဆွေးနွေး သူ နှစ်ဦးနှစ်ဘက် စလုံး အမုန်းမဖက် ၊ ရင်းနှီးချစ်ခင်မှုမပျက်ဘဲ သဘောထားအမှန် ၊ အယူအဆ အမှန်များဖြင့် နိုင်ငံတော်အားလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်သွားနိုင်မည် မှာမလွဲဧကန်ဖြစ် သည်ဟု  ယုံကြည်မိပါကြောင်း ။
ဒေါက်တာဆိတ်ဖွား
Ref : http://doctorsatephwar.blogspot.com/




ရုရှားသမ္မတ မက်ဗီဒက်ဗ်ဟာ သမ္မတဟောင်း ပူတင်အလွန် ရုရှားကိုပဲ့ကိုင်နေပြီး ရုရှားကို ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည် နိုင်အောင် စွမ်းဆောင်လျက်ရှိနေပါတယ်။ ဒါ့ ကြောင့် ဘလွန်းဘာ့ဂ်ရုပ်သံဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ပြုလုပ်ခဲ့တဲ့ကမ္ဘာ့စီပွားရေး ဖိုရမ်ကိုတက်ရောက်လာခဲ့တဲ့ သမ္မတမက်ဗီဒက်ဗ်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒီမေးမြန်းမှုများမှာ ဘလွန်းဘာ့ဂ်ရုပ်သံဟာ ရုရှားစီးပွားရေးအကြောင်း၊ နိုင်ငံတော် ကို ခေတ်မီတိုးတက်အောင် တည်ဆောက်ရေးအကြောင်း၊ ရုရှား နိုင်ငံရေးအကြောင်း မေးမြန်းထားတာ ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ မေးမြန်းသူကတော့ ယင်းရုပ်သံမှ သတင်းထောက် ရိုင် ယန်ချီလ်ကော့တ်ဖြစ်ပါတယ်။
သမ္မတကြီးခင်ဗျာ။ အင်တာဗျူး ပြုလုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ရုရှားမှာ မက်ဒေါ်နယ်(ဟမ်ဘာဂါ)ဆိုင်တွေရှိပြီ။ရှော့ပင်း မောလ်ကြီးတွေရှိလာပြီ။ ဆူရှီဆိုင်တွေရှိလာပါ ပြီ။ ဘာတွေလွဲနေတာများရှိပါသေးသလဲ။
    ဘာတွေလွဲနေ၊ ပျောက်နေသလဲတဲ့လား။ အများနဲ့ဆိုင်တဲ့ ကိစ္စတွေဖြစ်ကြတဲ့ လမ်းပန်းအ ခြေခံအဆောက်အအုံတွေ၊ စီးပွားရေး အခြေခံ အဆောက်အအုံတွေ၊ စီးပွားရေးလုပ်ဆောင်ချက်တွေကို မှန်ကန်စွာ လည်ပတ်စေနိုင်ဖို့ ဥပဒေပြုအပိုင်းတွေကတော့ပျောက်ဆုံး နေ၊ လွဲနေတုန်းပါပဲ။ တာဝန်ရှိသူတွေရဲ့ အပိုင်း၊ ဗျူရို ကရေစီအုပ်ချုပ်ရေး အပိုင်းက တော့ သင့်လျော်တဲ့ ဥပဒေပိုင်း သိနားလည်မှု အား နည်းနေပါတယ်။ ဒီတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တရားစီရင်ရေးစနစ်က ပျောက်ဆုံးနေတာပေါ့။ ဒါတွေအားလုံး ကျွန်တော်တို့ရသွားရင်တော့ အကျင့်ပျက်ခြစားမှုတွေ မရှိအောင် လုပ်နိုင်မှာပါ။ အဲဒါဆိုရင် ရုရှားဟာ ခေတ်မီဖွံ့ဖြိုးရေးလမ်းကြောင်း မှာချီတက်ဖို့ အဆင့်သင့်ဖြစ်ပြီလို့ ဆိုနိုင်ပြီပေါ့။
နိုင်ငံကိုခေတ်မီဖွံ့ဖြိုးအောင် လုပ်ရေးနဲ့ပတ်သက်လို့ သမ္မတကြီး လုပ်ထားတဲ့ စီမံကိန်းတချို့အကြောင်းမေးမြန်းချင်ပါတယ်။  ဥပမာ ရုရှားရဲ့ ဆီလီကွန်တောင် ကြား (နည်းပညာရပ်ဝန်း) အဖြစ်တည်ဆောက်ချင်နေတဲ့ Skol-kovo နေရာအကြောင်း မေးချင်ပါတယ်။ကျွန်တော်အဲဒီကို ရောက် ဖူးပါတယ်။ အဲဒီနေရာဟာ စတင် နေဆဲပဲရှိပါတယ်။ အဲဒီနေရာမှာ ဘယ်အချိန်လောက်ကျရင် လူ တွေအနေနဲ့ နည်းပညာဆိုင်ရာ တီထွင်မှု ထုတ်ကုန်တွေ ထုတ်လုပ်လာနိုင်မလဲ သိချင်ပါတယ်။
    ခေတ်မီရေးကိစ္စကို ညွှန်းလို့ တစ်ခုလုံး ခြုံပြောရမယ်ဆိုရင် တော့ကျွန်တော်တို့ဟာ သီးသန့် စီမံကိန်းတစ်ခုချင်းစီကိုပဲ အာရုံ မစိုက်သင့်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကလည်း သိပ် အရေးကြီးပါတယ်။ ကျွန်တော်အ မြဲပြောခဲ့တာကတော့ ခေတ်မီတိုးတက် ရေးဆိုတာ စိတ်ကူးဆန်းတဲ့ ဒြပ်မဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဒါဟာ သီးသန့်တာဝန်တစ်ရပ် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲခေတ်မီတိုး တက်ရေးကို ယေဘု ယျအနေနဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း အဖြစ်ကျွန်တော်တို့ ပြောတာမှာ စီးပွားရေး ခေတ်မီတိုးတက်ရေးအပါအ၀င် ယမန်နှစ်က ကျွန် တော်ထုတ်ဖော်ခဲ့တဲ့ အခြားဦးစား ပေးကိစ္စ ငါးခုလည်း ပါဝင်ပါ တယ်။ ဒီဦးစားပေး ကိစ္စတွေ နယ်ပယ်မှာကျွန်တော်တို့ ဆက်လုပ် နေပါတယ်။ ကျွန်တော်ပြောတာ ကဆေးဝါးထုတ်လုပ်မှု အပိုင်း၊ နျူ စွမ်းအင်၊ စွမ်းအင်ကို ထိရောက် စွာသုံးစွဲရေးနဲ့ အခြား အခြားသောအရာတွေပါ။ ဒါတွေအားလုံး ဟာသိပ်အရေးကြီးပါတယ်။ ဒါ ပေမဲ့ အရေးကြီးဆုံးကိစ္စကတော့ စီးပွားရေးကို ခေတ်မီတိုးတက် အောင်လုပ်ရေးနဲ့ နည်းပညာသစ် တွေကို မိတ်ဆက်စေနိုင်ရေးပါ။ ဒါက အရေးကြီးပါတယ်။
သမ္မတကြီးပြောတာဟာ အစဉ် အလာချဉ်းကပ်ပုံလည်း ဖြစ်ချင် ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆို တော့ ရုရှားရဲ့ သဘာဝသံယံဇာတတွေကို ကြည့်ပြီး ရိုးရိုးထုတ်ကုန် တွေထုတ်လုပ်ဖို့ သမ္မတကြီး ပြောဖူးတာလည်း ရှိတာကို။ ဥပမာ ရုရှားမှာဆို သိတဲ့အတိုင်းပဲ ရုရှားကထုတ်တဲ့ လူသုံးကုန်ပစ္စည်းဆို တာကို ပြည်သူတွေရဲ့ အိမ်တွေ မှာ သွားကြည့်လိုက်ရင် ရှိမှာမဟုတ်လို့ပါ။ ဒီတော့ကျွန်တော်တို့စားသောက်ကုန် တွေအကြောင်း ပြောချင်ပါတယ်။ ဒီစားသောက် ကုန်ကဏ္ဍမှာ ထုတ်လုပ်မှုတွေ လုပ်မယ်ဆိုရင် ရုရှားဟာ ယခင် ဆိုဗီယက်ယူနီယံနယ်မြေ အတွင်း က ဈေးကွက်အကြီးကြီးကို ပြန်ရ လာနိုင်မလား။
    ကျွန်တော်လည်း ယုံကြည်ပါ တယ်။ ကျွန်တော်တို့ဟာ လူသုံး ကုန်ပစ္စည်းနဲ့ စက်မှုထုတ်ကုန် ပစ္စည်းတွေကို ခေတ်မီမီထုတ်လုပ် ခြင်းအားဖြင့် လူသုံးကုန်ပစ္စည်း ဈေးကွက်တစ်ခုလုံး တိုးတက် အောင် စဉ်းစားလုပ်ဆောင်သင့် တယ်လို့ ယုံကြည်ပါတယ်။ အရင်ဆိုဗီယက် ခေတ်ကလို စီမံကိန်းအကြီးကြီးတွေကို ကျွန်တော်တို့ မ လုပ်သင့်တော့ပါဘူး။ ဥပမာ လေယာဉ်တွေ ဒုံးပျံတွေထုတ်တာမျိုးပေါ့။အဲဒါကတော့ မှားသွားမှာပါ။
    အဆင့်မြင့်နည်းပညာတွေ မိတ်ဆက်ပေးခြင်းနဲ့ ပတ်သက်လို့ ပြောရရင်တော့ စက်ရုံအလုပ်ရုံ တွေကို အဆင့်မြှင့်တင်ပေးပြီးတာနဲ့ တစ်ပြိုင်နက် စက်မှုဇုန် ထုတ်လုပ်ရေးကဏ္ဍအတွက်ရော၊ လမ်းပေါ်က လူတွေအတွက်ပါ နည်းပညာ အကျိုးကျေးဇူးခံစား နိုင်တာမျိုးဖြစ်စေ သင့်ပါတယ်။ ဒီ နည်းပညာတွေကိုလည်း တဆင့် ချင်းအားဖြင့် လူသုံးကုန်ပစ္စည်း စားသုံးသူတွေရဲ့ အဆင့်ကိုရောက် အောင်လုပ်ရပါမယ်။ ရုရှားပြည် တွင်းဖြစ် စားသုံးကုန်အမှတ်တံ ဆိပ်တွေဟာ ကျွန်တော်တို့ ရုရှား စတိုးဆိုင်တွေရဲ့ စင်တွေပေါ်မှာ ရှိသင့်ပါတယ်။ ဒါမျိုးကသာ ကျွန်တော်တို့ ရှာဖွေနေတဲ့ ခေတ်မီတိုး တက်ရေး မော်ဒန်နိုက်ဇေးရှင်း ဖြစ်မှာပါ။
သမ္မတကြီးဟာ ဒါးဗို့စ်ကို ရောက်လာခဲ့ပြီဆိုတော့ ပွဲအတွက် ကြေညာချက်တွေ၊ အဆိုပြုချက်မူကြမ်းတွေရော ယူလာခဲ့ပါသေးသလား။
    အချိန်လုပြီးတော့ ကျွန်တော် မလုပ်ချင်ပါဘူး။ အခုပါလာတဲ့ အဆိုပြုချက်တွေကို တစ်နာရီခွဲ လောက်အချိန်အတွင်း ကျွန်တော် တင်ပြသွားမှာပါ။ ကျွန်တော်ဘာ ပြောရမလဲ။ လက်ရှိအခြေအနေ မှာ ရုရှားစီးပွားရေးရဲ့ အလားအ လာတွေနဲ့ အားသာချက်တွေ အကြောင်း ပဲပြောရမှာပေါ့။ စီးပွားရေးကဏ္ဍအတွင်း ကျွန်တော်တို့ ကြုံနေရတဲ့စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေအကြောင်းပဲပေါ့။ ပြောရရင်တော့ကျွန်တော် နည်းနည်း တောင်တုန်လှုပ်မိတယ်ဆိုပါရ စေ။ ဘာကြောင့်လဲဆိုတော့ ရုရှားမှာ အရာရာပြီးပြည့်စုံနေပါ တယ်ဆိုပြီး ကမ္ဘာ့ စီးပွားရေး ထိပ် တန်းခေါင်းဆောင်တွေကို ဆွဲ ဆောင်ဖို့ ကျွန်တော်ကြိုးစားမှာ မဟုတ်လို့ပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ရှေ့ခြေလှမ်းတွေ အကြောင်းကိုပဲ ကျွန်တော်ပြောမှာပါ။ ပြည်တွင်းရော၊ ပြည်ပ ကပါ ပုဂလိကရင်းနှီး မြှုပ်နှံမှု တွေကို ဆွဲဆောင်ဖို့ အစီအစဉ် တွေ ဖန်တီးနိုင်ရေးဆွေးနွေး သွားမှာပါ။
သမ္မတကြီးဟာ ရုရှားစီးပွားရေး ခေတ်မီ တိုးတက်ရေးအတွက် နိုင်ငံရေးအရ ယှဉ်ပြိုင်မှုတွေပိုလို အပ်တယ်လို့ ပြောခဲ့တယ်နော်။ အတိုက် အခံစစ်စစ် မရှိတဲ့အနေ အထားမှာ သမ္မတကြီးဟာအစိုးရ အဖွဲ့အတွင်း ခြစားမှုတွေကို ဘယ်လိုတိုက်ဖျက်မှာလဲ။ တကယ်လို့ ရုရှားမှာ နိုင်ငံရေးအတိုက် အခံတွေကို ရပ်တည်ခွင့်မပေးဘူး ဆိုရင်ပေါ့လေ။
    အဲဒါဟာ မမှန်ပါဘူး။ ရုရှား မှာနိုင်ငံရေး အတိုက်အခံတွေတ ကယ်ရှိပါတယ်။ မေးခွန်းကအဲဒီ အတိုက်အခံတွေ ဘယ်လောက် အင်အားကောင်းသလဲ မေးရမှာ ပါ။ ရုရှားပါလီမန်မှာ ကိုယ်စားပြု ထားတဲ့ နိုင်ငံရေးပါတီလေးပါတီ ရှိနေပါတယ်။ ဒီပါတီတွေဟာ တစ်ခါ တလေမှာဆို အာဏာရ နိုင်ငံရေးပါတီက ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ သူတို့ဟာ အစိုးရကို ဝေ ဖန်တယ်။ သဘောမတူတာတွေကို ဆန့်ကျင်ကြပြီး ကမ္ဘာမှာရှိတဲ့ အတိုက်အခံတွေအတိုင်းပဲ လုပ်ဆောင် နေကြတာပါ။
    ခင်ဗျားမေးတဲ့ မေးခွန်နဲ့ဆိုင် တဲ့နောက်တစ်ချက်ကတော့ ကျွန်တော်တို့ လက်ရှိမှာ ပါလီမန်တွေကိုထိန်းချုပ်ထားနိုင်တဲ့ အင်အား ကြီးနိုင်ငံရေး အင်အားစုတစ်ခု ထဲရှိနေလို့ပါ။ ဒါနဲ့ပတ်သက်လို့ အဆိုးမြင်တာတွေ ရှိသလို၊ အ ကောင်းမြင်ရတွေမှာလည်း အထင်အရှား ရှိပါတယ်။ အဲဒါတွေက ဘာတွေဖြစ်မလဲ။ ၁၉၉၀ နှစ်များ တုန်းကဆို သမ္မတဘောရစ်ယဲ့လ် ဆင်ဟာ ပါလီမန်မှာ ဘယ်ဥပဒေမှပြဋ္ဌာန်း နိုင်စွမ်း မရှိပါဘူး။ အ ကြောင်းက အတိုက်အခံကွန်မြူ နစ်တွေ သို့မဟုတ် အခြားပါတီ တွေက သူ့အဆိုပြုချက်ကို ကန့်ကွက်မှာမို့လို့ပါ။ အခုကျွန်တော် တို့ကတော့ ပုံမှန်ဥပဒေပြုရေးကိစ္စ ကိုလုပ်ဆောင်နေနိုင်ပါတယ်။ ဒါ ပေမဲ့အဲဒါက ကျွန်တော်တို့ ယူ နိုက်ရုရှားပါတီ သို့မဟုတ် အခြား ပါတီတစ်ခုခုက တစ်ကြိမ်အာဏာ ရတာနဲ့ အမြဲတမ်းအုပ်ချုပ်ခွင့် ရ သင့်တယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်။
သမ္မတကြီးက ၂၀၁၂ မှာနောက် တစ်ကြိမ် ရွေးကောက်ပွဲဝင်မှာလား။
    ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်စောင့်ကြည့်ပါဦးမယ်။
တကယ်လို့ သမ္မတကြီး ပြန်အရွေး ခံရရင် ၀န်ကြီးချုပ်ပူတင်ကိုလည်း ၀န်ကြီးချုပ်နေရာဆက်ခန့်ထား ဦးမှာပါလား။
    ဒီကိစ္စက အခြေအနေအ ကျိုးအကြောင်းတွေ အများကြီး ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော့်အနေနဲ့က လက်ရှိမှာ မစ္စတာပူတင် အကြောင်း မပြောချင် ပါဘူး။ အိုကေတယ်မလား။ သူက အခြားလူတစ်ဦးပါ။ ကျွန်တော့် မိတ်ဆွေ၊ ကျွန်တော့် လုပ်ဖော် ကိုင်ဖက်လေ။ ဒီတော့ သူ့အပိုင်းကိုကျွန်တော် မပြောချင်ပါဘူး။
    ကျွန်တော့်အပိုင်းကို ပြောရ ရင်တော့။ ကျွန်တော့်ကိုယ်ပိုင်ဆုံး ဖြတ်ချက်ကိုပဲ ကျွန်တော်ချရမှာ ပါ။ ဒီနှစ်ထဲမှာ ဆုံးဖြတ်ဖြစ်ပါ မယ်။ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ပြောတာပါ။ တိုင်းပြည် အတွက်၊ ကျွန်တော်တို့ရဲ့ နိုင်ငံရေး စနစ်အတွက်၊ ပြည်သူတွေအတွက် ရွေးကောက်ပွဲမှာ ကျွန်တော် ပါဝင်ဖို့မှန်ကန်တယ်ထင်ရင် လုပ် ရမှာပါ။ တကယ်လို့ ရွေးကောက် ပွဲမှာ ပါဝင်ဖို့ ကျွန်တော်ဆုံးဖြတ် ဖြစ်ခဲ့ရင် ၀န်ကြီးချုပ်နေရာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကိုလည်း ထုတ်ပြောရမှာပါ။ ဒါဟာ အထင်အရှားပဲလေ။

Ref : http://7daynewsjournal.com/
 
သတင်းအချက်အလက်နှင့် နည်းပညာအရေးပါသောခေတ်
ကျွန်တော်တို့တစ်တွေဟာ ၂၁ ရာစုကြီးကိုဖြတ်သန်းနေကြတဲ့ လူ သားတွေပါ။ ဒီရာစုကိုပဲ သတင်း အချက်အလက်နဲ့ နည်းပညာခေတ် -IT လို့ကင်းပွန်းတပ် ကြပြန်တယ်။ ပညာခေတ်-Kowledge Age လို့လဲ ပြောကြပြန်ပါတယ်။ ဒီခေတ်ကြီးမှာ သတင်းအချက်အလက် နည်းပညာ ရပ်တွေဟာ တစ်ဟုန်ထိုး တိုးတက် လာတဲ့အတွက် သတင်းတွေကလဲ လျင်မြန်လိုက်ပါဘိ။ ဒီသတင်းတွေ ကြောင့်ပဲ လူတစ်ဦးချင်းစီအပေါ်မှာ ရော၊ အဖွဲ့အစည်း တစ်ခုခုအပေါ်မှာ ရောသက်ရောက်လာတဲ့ အကျိုးသက် ရောက်မှုကလဲ မြန်မှမြန်ပါပဲ။ ကုန် ကုန်ပြောရရင်တော့ သတင်းအချက် အလက်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး အပေါ် လွှမ်းခြုံပြီးပြောင်းလဲဖြစ်ပျက် လာတဲ့အတွက် ကမ္ဘာ့ရွာခေတ်၊ ဂလို ဘယ်လိုက်ဇေးရှင်း-Globalization လို့ ထပ်ပြီးကင်းပွန်းတပ်လိုက်တာ အားလုံးလဲ သိပြီးသားဖြစ်ပါတယ်။ 


ခေတ်ရဲ့သားကောင်တွေ

ဒီလိုမြန်ဆန်လွန်းလှတဲ့ သတင်း နဲ့ နည်းပညာခေတ်ကြီးမှာ ပညာ အခြေခံ ရှိကြတဲ့ လူသားတွေကတော့ သတင်းရဲ့ ထောက်ကူအား-Leverage ကိုရယူနိုင်ကြပြီး နေ့ချင်းညချင်း တိုးတက်ကြီးပွားပြီး အောင်လံလွှင့် ထူနိုင်ကြပေမယ့် ပညာအခြေခံနည်း ကြတဲ့ လူသန်းပေါင်း များစွာကတော့ ခေတ်ရဲ့သားကောင်အဖြစ်နဲ့ အသက် ရှင်နေထိုင်ကြရပါတယ်။ ဒါကြောင့် လဲ ပညာခေတ်ဆိုတာ ပိုပေါ်လွင်လာ တာပေါ့။  အဲဒီတော့ ဒီခေတ်ကြီးမှာ သတင်း ကြောင့် ထောက်ကူအား မရနိုင်ရင် တောင် သတင်းရဲ့ သားကောင် ဖြစ် မသွားဖို့တော့ အရေးကြီးပါတယ်။ 
ခေတ်ရဲ့သားကောင်မဖြစ်စေဘို့ ပညာအရေးပါ

သတင်းခေတ်ကြီးမှာ သတင်း ရဲ့သားကောင် ဖြစ်မသွားဖို့အတွက် ပထမဆုံး သိ သင့် တာကတော့ သတင်းဘာကြောင့် ကိုယ့်ဆီကို ရောက်လာတာလဲ ဆိုတဲ့အကြောင်း ရင်းပါ။ သတင်းဆိုတဲ့ Information တစ်ခု ကိုယ့်ဆီကို ရောက်လာတာ ဟာ သတင်းပို့သူ Sender ကတစ် ဆင့် သတင်းဆက်ကြောင်း- Channel တစ်ခုကို အသုံးပြုပြီး ကျွန်တော် တို့ဆီ ရောက်လာတာပါ။ ကျွန်တော် တို့က သတင်းလက်ခံသူ-receiver တွေပေါ့။ သတင်းပို့သူကနေ သတင်း လက်ခံတဲ့ သူဆီကို ရောက်ရှိအောင် လုပ်ဆောင်တဲ့လုပ် ငန်းစဉ်-Process ကိုတော့ ဆက်သွယ်ရေး-Communication လို့ခေါ်ပါတယ်။ ဒီခေတ်ကြီးမှာ သတင်းအချက် အလက်ပေါင်း မြောက်မြားစွာဟာ အင်တာနက်ကပဲဖြစ်ဖြစ် မီဒီယာတွေ ဖြစ်ကြတဲ့ ရုပ်သံဌာနတွေ၊ စာအုပ် စာပေတွေ၊ သတင်းဂျာနယ်တွေ၊ မဂ္ဂ ဇင်းစာစောင် တွေကနေပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာ အမျိုးစုံ၊ အရောင် စုံ ဝင်ရောက်လာနေကြတာဟာ အားလုံးလဲသိပြီးသား၊ ကြုံနေပြီးသားပါ။ ဒီနေရာမှာ သတင်းလက်ခံသူတွေ အနေနဲ့ ခေတ်ရဲ့ အရှင်သခင်-Master ဖြစ်ဖို့ အခွင့်အသာဆုံး နေရာက တော့ အင်တာနက် စာမျက်နှာတွေ ဖြစ်သလို ခေတ်ရဲ့သားကောင်-Victim ဖြစ်သွားဖို့ တွန်းအားပေးတဲ့ နေရာ ဟာလဲ အင် တာနက်စာမျက်နှာတွေ ပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန် လွန်း၊ လွတ်လပ်လွန်းတဲ့ အတွက် ကြောင့်ပါ။ ခလုတ် တစ်ချက်နှိပ်ရုံနဲ့ ကမ္ဘာတစ်ဝန်း အကုန်ရောက်နိုင် တယ်လေ။ ဒါကြောင့် အင်တာနက် ရဲ့ အားသာချက်တွေကို ရယူနိုင်ကြ ဖို့ ပညာဟာ သိပ်ကို အရေးပါလာ ပါတယ်။ 
 သတင်းဖန်တီးပို့လွှတ်သူရဲ့ ရည်ရွယ်ချက်တွေ

သတင်းတစ်ခု ဖြစ်ပေါ်လာတဲ့အ ခါ ဒီသတင်းကို ပို့လွှတ်သူဟာ ရည်ရွယ်ချက် လေးရပ်နဲ့ ပို့လွှတ်တတ် ကြပါတယ်။ ပထမဆုံးရည်ရွယ်ချက် ကတော့ Control ထိန်းချုပ်ချင်တဲ့ အတွက်ပါ။ နောက်ဒုတိယအချက်က တော့ Inspiration လှုံ့ဆော်အားပေး ချင်လို့ပါ။ တတိယ ရည်ရွယ်ချက်က တော့ Emotional Expression စိတ်ခံစားချက်ကို ဖော်ပြချင်လို့ပါ။ နောက်ဆုံးတစ်ချက်ကတော့ Circulation ပျံ့နှံ့ရောက် စေချင်တဲ့အတွက် ပါ။ ဒီရည်ရွယ်ချက်တွေကိုကြည့်ရင် သတင်းပို့ လွှတ် သူဟာ ဘယ် လောက် အရေးကြီးတယ်။ လူ့အဖွဲ့ အစည်းအတွက်ရော လူတစ်ဦး တစ် ယောက်အတွက်ရော ဘယ်လောက် အန္တရာယ် ပြုနိုင်တယ်ဆိုတာ သိမြင် နိုင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် အကြောင်းရင်းကိုသိ အောင် ကြိုးစားကြစေချင်ပါတယ်။ 

အမှန်သိနိုင်ဘို့လိုတဲ့အခြေခံအချက်အလက်တွေ

သတင်းပို့သူ ဒါမှမဟုတ် အဖွဲ့ အစည်းတစ်ခုခုဟာ ဘယ်လို နည်း ပရိယာယ်-Technique နဲ့ သတင်းပို့ တာလဲ။ စိတ်နေသဘောထား-Attitude ကကော ဘယ်လိုလဲ။ ကိုယ် မကြိုက်လို့၊ ကိုယ်နဲ့ ဆန့်ကျင်ဘက် မို့ ကိုယ်ကျိုးစီးပွား ဆုံးရှုံးလို့ဆို တဲ့ဘက်လို က်မှုတွေ-Bias ရှိနေသ လား။ သတင်းနဲ့ပတ်သက်တဲ့ အသိ ပညာဗဟုသုတ-Knowledge က ဘယ်အဆင့်မှာရှိသလဲ။ ဒါတွေဟာ သတင်းလက်ခံသူ စိစစ်ရမယ့် ပညာ ခန်းတွေပါပဲ။ ဒါကြောင့် သတင်း ခေတ် မှာ ပညာသာသူတွေသာ အကြောင်းရင်းကို ကောင်းစွာ သိနိုင် သူတွေဖြစ် ကြပြီး ဒီသတင်းကို ကောင်း၊ မကောင်း၊ မှန်၊ မမှန် ၊ အကျိုးရှိ၊မရှိ ဆန်ခါတင် ဆုံးဖြတ် နိုင်ကြသူတွေဖြစ်ပါတယ်။ တစ်ဘက်မှာလဲ အကြောင်းရင်း ကို ကောင်းစွာမသိနိုင်သူ၊ တစ်နည်းအားဖြင့်  ပညာမဲ့သူတွေကတော့ သတင်းကို အလွယ်တကူ လက်ခံရ ယူကြပြီး အလွယ်တကူပင် ထပ်ဆင့် ပို့လွှတ်လေ့ရှိကြပါတယ်။
ကောလဟလတွေရဲ့အစ ပညာနည်းသူများက
သတင်း ၏ အကြောင်းရင်းကို ကောင်းစွာမသိ ဘဲ အလွယ်တကူလက်ခံတတ်သူ၊ ပို့ လွှတ်တတ်သူတွေကြောင့် လူ့အဖွဲ့ အစည်းအတွင်းမှာ တိကျခိုင်မာမှု မရှိ တဲ့သတင်းတွေ၊ မိမိလိုရာ ဆွဲပြီး ဘက်လိုက်တဲ့ သတင်းတွေ၊ မမှန် မကန် လုပ်ကြံဖန်တီးတဲ့သတင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီသတင်း မျိုးကို ကောလာဟလသတင်းတွေ လို့ ပြောရမှာပါ။ ပညာအခြေခံနည်း တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့ ကောလာဟလ သတင်းတွေ မကြာ ခဏ ပျံ့နှံ့ပေါ်ပေါက်လာတတ်တာ ဟာ သဘာဝပါ။ ဘာကြောင့်လဲဆို တော့ အကြောင်းရင်းကို မသိနိုင်လို့ ပါပဲ။
သတင်းလွတ်လပ်ခွင့်ရဲ့ ကောင်းမွန်တဲ့ အနှစ်သာရဟာ ပညာ မြင့်မားတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ မှ ပိုမိုအကျိုးရှိ ဖြစ်ထွန်းနိုင်
ဒါကြောင့် ကျွန်တော် စဉ်းစား မိပါတယ်။ သတင်းလွတ်လပ်ခွင့်ရဲ့ ကောင်းမွန်တဲ့ အနှစ်သာရဟာ ပညာ မြင့်မားတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ မှ ပိုမိုအကျိုးရှိ ဖြစ်ထွန်းနိုင်မယ်ဆို တာကိုပါ။ ဒီကနေ့ အင်တာနက် စာမျက် နှာတွေပေါ်မှာ လူပုဂ္ဂို လ် တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့ အစည်းတစ်ခုခုရဲ့ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေတဲ့ မကောင်းသတင်းတွေ၊ မလိုတမာ သတင်းတွေ၊ ကိုယ်လိုရာ ကိုဆွဲပြီး ဖန်တီးရေးသား၊ ဖြန့်ဝေတဲ့ သတင်းတွေကို မကြာခဏဆိုသလို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါ တယ်။ ဒီသတင်းတွေဟာ လူပုဂ္ဂိုလ် တစ်ဦးတစ် ယောက်၊ အဖွဲ့အစည်း တစ်ခုခုကို လတ်တလော ထိခိုက် နစ်နာစေနိုင်သလို အကြောင်းရင်းကို ပညာနဲ့ ကောင်းစွာ မဆန်းစစ်နိုင် သူတွေကိုလဲ များစွာ ထိခိုက် နစ်နာ စေပါတယ်။ ဒီလို သတင်းတွေ ကြောင့် သတင်းပို့လွှတ်သူကို အသာ စီးရရှိစေပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို ပေါက်မြောက် သွားစေနိုင်ပါတယ်။ သတင်းလက်ခံရရှိသူတွေရဲ့ ဦးတည် ချက်၊ ရည်ရွယ်ချက်တွေကို ပျက် ပြားအောင် လှုံ့ဆော်နိုင်ပါတယ်။ တစ် နည်းပြောရမယ်ဆိုရင် သတင်းဟာ မိမိကို ထိန်းချုပ်အုပ် မိသွားနိုင်ပါ တယ်။ ဒီလိုသာဖြစ်မယ်ဆိုရင်တော့ သတင်းလက်ခံသူဟာ သတင်းရဲ့ သားကောင်ဖြစ်ရပြီပေါ့။ ဒါကြောင့် သတင်းလက်ခံသူ ဟာ ဒီသတင်းဆိုးတွေရဲ့ သား ကောင်မဖြစ်ဖို့ ပညာနဲ့ ဆင်ခြင်နိုင်ဖို့ အထူးလိုအပ်လာပါတယ်။ ဒါကြောင့် လဲ ပညာရရှိ ရေးအတွက် သင်ယူ ခြင်း-Learning, တစ်သက်တာ သင် ယူခြင်း-Life Long,, စဉ်ဆက်မပြတ် သင် ယူခြင်း-Continous Learning ဆိုတာတွေကို ဒီခေတ်ကြီးထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာ ကြတာဖြစ်ပါတယ်။
သတင်းခေတ်ရဲ့ အရှင်သခင်တွေဖြစ်ပါစေ
နိဂုံးချုပ် အနေနဲ့ ရေးသားချင် တာကတော့ သတင်းခေတ်ကြီးမှာ သတင်းရဲ့ သားကောင် မဖြစ်ဖို့  အထက်ကပြောတဲ့သင်ယူခြင်းဆိုတာ ကို အသက်သွင်းကြစေချင်ပါတယ်။ သင်ယူခြင်းကနေ ပညာကို အရယူ နိုင်ပြီး အကြောင်းရင်းကို သိနိုင်တဲ့ ပြည်သူတွေ များလာစေချင်ပါတယ်။ သတင်းရဲ့သားကောင်အဖြစ်မှ လွတ် မြောက်ပြီး သတင်းခေတ်ရဲ့ အရှင် သခင်တွေ ဖြစ်လာကြစေဖို့ ရည်ရွယ် ရေးသားရခြင်းဖြစ်ပါတယ်။
စံဝင်းထွန်း
( ဈေးကွက် စီးပွားရေးဂျာနယ်မှ ဆောင်းပါးရှင် စံဝင်းထွန်းရဲ့ ဆောင်းပါးဖြစ်ပါတယ် စာဖတ်သူများ စာမလေးစေရန် အပိုဒ်များခွဲ၍ ခေါင်းစဉ်ခွဲများတပ်ထားသည်မှအပ ဆောင်းပါးရှင်ရဲ့ မူရင်းအာဘော်သာ ဖြစ်ပါတယ်  သတင်းခေတ်ရဲ့ သားကောင်တွေမဖြစ်စေလိုတဲ့ စာရေးသူ၏ စေတနာကို လေးလေးစားစား ရှိနေမိပါတယ် )



နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ၏ အနာဂတ်အပေါ် စာရေးဆရာ အောင် သင်း အမြင်

စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦး အောင်သင်းသည် လူငယ်များတိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟော ပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။

အသက်အရွယ်ထောက်လာ သည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့စိုက်ထုတ် ရင်းနှီးခဲ့သည်များ ကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာ ရေးဆရာကြီး ဦးအောင်သင်းအား

 ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ် ဦးစိန် ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူး သဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေး မြန်းရာ
ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။



ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ်အခြေအနေအရ ရပ်ဝေး မြေခြားမှာ သွားပြီးတော့ စီးပွားရှာကြတယ်။

ဘ၀ကိုတည်ဆောက်ကြတယ် ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ်လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက် ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီးတယ် ဆိုပါတော့နော်။


ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား

 သိပ်မ သွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တ ကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။

အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊

သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။

မေး ။ ။ ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ

အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။

ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့

ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။



စွန့်တယ်ဆိုတာ စားရဖို့



ဖြေ ။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင်

 အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။

ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။ သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့

ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့

အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။



လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား



အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။

တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက

 မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။

ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လှိုင်။



အရွယ်အရင်းအနှီး



အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။

ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင်

သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့

အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။

အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး

အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။

အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ

သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။

သိပ်အရေးကြီးပါတယ်။

ဦးနှောက်အရင်းအနှီး

နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊

ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။

သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။

ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။

ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။

ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင်

လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့

စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။

ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို

မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။

အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။

ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး

ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။

အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။

ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်

မေး ။ ။ အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။

ဖြေ ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။

 တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။

အဲဒီတော့ကို ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။

အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင်

လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။

ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။

ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့

 ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။

သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်

ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။

 သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။

ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို

မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတွေဖြစ်ပြီးတော့မှ

သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ

 ယူဆမိလားခင်ဗျ။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင်

 အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။

တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့်

အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မိသားစုပတ်ဝန်းကျင်အရင်းအနှီး

မေး ။ ။ ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။

ဖြေ ။ ။ ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့

ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။

အမျိုးမျိုးဖြစ်သွားနိုင်တယ်။အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။

အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။

 အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး

ဝန်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော်

များများပြောင်းလဲကုန်ပြီ။ အများကြီး။နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။

တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။

ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။

နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။

ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။ အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့

အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး

ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့

ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့

 ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပွားရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ် ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။

ကိုယ်ဘယ်လိုလုပ်မလဲ။ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။



လူမှုရေးဝန်းကျင်အပြောင်းအလဲ

နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။

အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- Karaoke တွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။

ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ

အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။

အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။

နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။

ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး

 စဉ်းစားရတော့မယ်။အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ

 ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘ၀မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။


ဒေါက်တာ နေဇင်လက်(နိုင်ငံတော်သမ္မတအကြံပေး ပုဂ္ဂိုလ်)
“ကျနော်တို့ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ တကယ့် Real Changes ကို သွားနိုင်သလား၊ မသွားနိုင်ဘူးလားဆိုတာ တိုင်းယူလို့ရတဲ့ ပေတံလေးတွေ ရှိတယ်။ သာမန်အားဖြင့် အမေရိကန် သမ္မတ တယောက်က သူ့အကြံပေးကို သူ ခန့်တဲ့အခါမှာ တစုံတရာ သူနဲ့ နီးစပ်တဲ့သူကို ခန့်တယ်ပေါ့။ ကျနော်ဆိုရင် အထူးသဖြင့် သမ္မတကြီးနဲ့ တာဝန်ထမ်းဆောင်တုန်းက တကြိမ်တခါမှ မတွေ့ခဲ့ဖူးဘူး။ စကားလည်း ကျနော် မပြောခဲ့ဖူးဘူး။ ဆိုတော့ မသိတဲ့သူတယောက်ကို သူခန့်တယ် ဆိုကတည်းက တော်တော်လွတ်လပ်တဲ့ သဘောတရား တခုကို ကျနော် တွေ့ရတယ်။
နောက်တခါ ကျနော်တို့ စပြီးတော့ နေပြည်တော် သတင်းပို့တယ်။ ပို့ပြီးတော့ သမ္မတကြီး Briefing ကို ကျနော်တို့ ခံယူတဲ့ အချိန်မှာ ကျနော်တို့ကို ကန့်သတ်ချက် လုံးဝ မထားပေးဘူး။ ဘယ်လိုဖြေပါ၊ ဘယ်လိုမဖြေပါနဲ့၊ ကိုယ်လိုချင်တဲ့ ပုံစံကို Form မလုပ်ဘူးပေါ့။ အဲဒီမှာကတည်းက ကျနော်တို့က နည်းနည်းတော့ သတိထားမိတယ်။ လွတ်လွတ်လပ်လပ်တော့ ရှိပါလား၊ တကယ်ကို အပြောင်းအလဲ တရပ်ကို ရှေးရှုနေပါလားဆိုတာ ကျနော်တို့ သိတယ်ပေါ့။
နောက်ပိုင်း ကျနော်တို့ အကြံဉာဏ်ပေးတဲ့ အခါမှာလည်း ဘယ်အကြံဉာဏ်မျိုးတော့ ကြိုက်တယ်၊ ဘယ်အကြံဉာဏ်မျိုးတော့ မကြိုက်ဘူး ဆိုတာလည်း မရှိဘူး။ နောက်တခါ ကျနော်တို့ပေးတဲ့ အကြံဉာဏ်တွေက အရင် ဟိုတုန်းက တချို့နိုင်ငံတွေလို အရင်စနစ်ဟောင်းတွေလို အကြံပေးထားမယ်၊ ပေးတဲ့အကြံဉာဏ် ယူချင်မှလည်း ယူမယ်ဆိုတဲ့ ပုံစံမျိုးလည်း မရှိဘူး။
အဲဒီတော့ ကျနော်တို့ အလုပ်များလား၊ မများလား တိုင်းတာလို့ ရှိရင်ကို အကြံပေး တယောက်ရဲ့ အကြံပေးမှုကို သမ္မတကြီးက Appreciation တကယ်ရှိမရှိ ပြောလို့ရတယ်။ ကျနော်တို့ အလုပ်နည်းတယ်ဆိုရင် ဒါ ရှင်းတယ်ပေါ့။ သဘောလောက်ထားတဲ့ အကြံပေး ဖြစ်မှာပေါ့။ ကျနော်တို့ ဒီနေ့ အလုပ် တော်တော်များတယ်။
ပေးတဲ့ အကြံဉာဏ်တွေ ဆိုရင်လည်း တော်တော်များများကို တလေးတစား ဖတ်တယ်။ သို့သော်လည်း Perspective View အရကြည့်မယ် ဆိုရင်တော့လည်း ကျနော်တို့က ရှုထောင့်တခုက ကြည့်တာပေါ့။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ တယောက် အနေနဲ့ ကျတော့လည်း ကျနော်တို့ထက် ပိုပြီးတော့ Balance Perspective ပေါ့၊ ဒါကနေ သူပြန်ကြည့်တာပေါ့။
ဆိုတော့ အကြမ်းဖျင်း ကျနော်တို့ ၁၀ ခုလောက် အကြံဉာဏ်ပေးတဲ့ အချိန်မှာ တခုလောက်ပဲ အကောင်အထည်ဖော်တယ်၊ ၉ ခုလောက်က အကောင်အထည် မဖော်ဘူး ဆိုရင်တော့ ကျနော်တို့ ၂ မျိုးတွက်လို့ ရတာပေါ့။ ကျနော်တို့ပေးတဲ့ အကြံဉာဏ်က အဆင့်မမီလို့လား၊ သို့မဟုတ်ရင် ပြုပြင် ပြောင်းလဲမှုကို တကယ် မသွားချင်လို့လား၊ ဒီ ၂ ခု ကျနော်တို့ ပြောလို့ရတာပေါ့။
ဒီနေ့ ကျနော်တို့ ပေးလိုက်တဲ့ အကြံဉာဏ်တွေနဲ့ သမ္မတကြီးရဲ့ ပြုပြင် ပြောင်းလဲလိုတဲ့ စိတ်ပေါ့၊ သူ့ရဲ့ Political Will နဲ့ နည်းနည်းလေး တိုက်ဆိုင်သွားတဲ့ အခါကျတော့ အကောင်အထည်ဖော်တဲ့ ရာခိုင်နှုန်းက အတော်လေး မြင့်ပါတယ်။ ဒီတချက်ကို ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ အနေနဲ့က ပြုပြင်ပြောင်းလဲရေးပေါ့၊ အနှစ်သာရ တကယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်သွားနေပြီဆိုတာ ကျနော်တို့ ခန့်မှန်းလို့ရတယ်။”

Ref : http://oppositeyes.blogspot.com/


လူတိုင်းတွင် ဘ၀ရည်မှန်း ချက် ကိုယ်စီရှိကြသည်။ ဆင်းရဲ သားများမှာလည်း ရည်မှန်းချက်ရှိ သလို သူဌေးများမှာလည်း ရည် မှန်းချက် ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ သမ္မတမှာလည်း ရည်မှန်းချက် ရှိ နေတတ်သေးသလို ကမ္ဘာ့ထိပ်ဆုံး ခေါင်းဆောင် ဆိုသူတွေမှာလည်း ရည်မှန်းချက်တွေ ရှိနေတတ်သေး သည်။ ဘ၀ရည်မှန်းချက်ဆိုသည် မှာ ဖြစ်ချင်သော ဘ၀၊ ရောက်ချင် သော ဘ၀၊ ရချင်သော ဘ၀ဟု အလွယ်တကူ ပြော၍ ရမည်ထင် သည်။ ဘ၀ရည်မှန်းချက်ဆိုသည် မှာ ဘယ်သောအခါမှ ကုန်ဆုံးသွား တတ်သောအရာမျိုး မဟုတ်။
ပထမ ရည်မှန်းထားသော အဆင့်တစ်ခုသို့ ရောက်လျှင် ထို အဆင့်မှ လှမ်း၍မြင်ရသော မြင် ကွင်းကျယ်ကြီးထဲမှ နောက်ထပ် ရည်မှန်းချက်တစ်ခုဆီသို့ မှန်းမျှော် ကြည့်မိလေ့ ရှိသည်။ ထိုသို့ မှန်း မျှော်ကြည့်မိရာသို့ ထပ်မံကြိုးစား အားထုတ်၍ ရောက်ရှိ၊ ရရှိသွားပြီ ဆိုလျှင်လည်း ရောက်ရှိနေသော၊ ရရှိထားသော နေရာမှ လှမ်းကြည့် လျှင် နောက်ထပ်ရည်မှန်းချက်ထား စရာတွေကို တွေ့ရတတ်သည်။ ထိုအခါ ထပ်ကြိုးစားရပြန်သည်။ ဤသို့ဖြင့် ရည်မှန်းချက်တွေက လှမ်း၍၊ မှန်း၍ မဆုံးတော့။ လူ သေတော့မှပဲ ရည်မှန်းချက်တွေ ဆုံး တော့သည်။ ဒါတောင်မှပဲ မသေ ခင် ကာလကလေးတွေထဲတွင် နောက်ဘ၀အတွက် ရည်မှန်းချက် တွေ ထားဖြစ်အောင် ထားလိုက်ကြ သေးသည်။ သေသွားသော သူ သည် စကားပြန်ပြော၍ မရသော ကြောင့်သာ တော်သေးသည်။ နို့မို့ ဆိုလျှင် သေပြီးတွင် ရည်မှန်းချက် ထားစရာတွေ တွေ့နေပြန်ပြီဟုများ ပြောလေမည်လား မသိ။ ဤသည် ကား လူနှင့် အတောမသတ်နိုင် သော ဘ၀ရည်မှန်းချက်၏အဆက် အစပ် ဖြစ်သည်။
လောဘဟု ပြော၍မရ
ထိုသို့ အတောမသတ်သော ရည်မှန်းချက်ဖြင့် လူအဖြစ် ရှင်သန် နေသော ဘ၀တိုင်းကို လောဘ ကြီးသည်ဟု ပြောရန်မသင့်။ အတ္တ ကြီးသည်ဟု ဆိုရန်မသင့်ပါ။ လူ့ဘ၀ဟူသည် တစ်ခုခုကို ဦးတည် ရည်မှန်းပြီး လုပ်ကိုင်(ကြိုးစား) နေ ထိုင်နိုင်ပါမှသာ ရှင်သန်အသက် ၀င်သော ဘ၀တစ်ခု ဖြစ်လာမည်။ ဖြစ်ချင်ရချင်သော ရည်မှန်းချက် အဆင့်တစ်ခုသို့ ရောက်ပြီဟုဆိုကာ ဘာကိုမျှ ထပ်၍ ကြိုးစားချင်စိတ် မရှိတော့သော၊ ဘာကိုမှ ရည်မှန်း ချက်မထားချင်တော့သော လူတစ် ယောက်၏ ဘ၀သည် ဘ၀သေ တစ်ခုသာဖြစ်မှာ သေချာသည်။ လူ့ ဘ၀တွင် ဤသို့သော လူစားမျိုး တွေ ရှိသည်။ သိချင်စိတ်၊ တတ်ချင် စိတ်၊ နားလည်ချင်စိတ်၊ ရလိုချင် စိတ်၊ ဖြစ်လိုချင်စိတ်တွေ ကုန်ခန်း သွားပြီး ရောက်နေသော အဆင့် တွင် ရပ်နေလိုက်သော လူစားမျိုး တွေလည်း ဖြစ်သည်။
သူက သူ့နေရာ အဆင့် တွင် ရပ်နေသည်ဟုဆိုသော်လည်း လောကသဘာဝသည် ရှေ့သို့ တိုး သွားနေသော သဘာဝရှိသည့် အတွက် လောကလူသားတွေ ကလည်း ရှေ့ကို တိုးသွားကြ၊ ပြေး လွှားသွားကြ ရှိနေသည့်ကြားထဲ တွင် ထိုသို့ရပ်နေသော သူသည် အလိုလိုပင် နောက်၌ ကျန်ရစ်ခဲ့ရ တော့သည်။ ဥပမာ - အနေဖြင့် မြန်မာ နိုင်ငံပညာရေး၌ အမြင့်ဆုံး ဘွဲ့ဟု သတ်မှတ်ထားသော ဒေါက် တာဘွဲ့(Ph.D) ရထားသူ နှစ် ယောက်ကို နှိုင်းယှဉ်ပြလိုပါသည်။ ဘာသာရပ်တစ်ခုတည်းတွင် တစ် နှစ်တည်း၌ ဒေါက်တာဘွဲ့ ရထား ကြသူတွေလည်း ဖြစ်ပါသည်။
မညိုက သူ့ဘ၀တွင် (Ph.D)ရလျှင် ကျေနပ်ပြီဟု စိတ် ဒုံးဒုံးချထားသူ ဖြစ်သည်။ မဖြူက နဂိုကတည်းကပင် ပညာရပ်နှင့် ပတ်သက်၍ လေ့လာအားထုတ် တတ်သူ ဖြစ်သည်။ သူတို့ (Ph.D) ရပြီးချိန်တွင် မညိုက မည်သည့် လေ့လာအားထုတ်မှုကိုမျှ မလုပ် တော့ဘဲ ရထားသော ဘွဲ့၊ တဖြည်း ဖြည်း လုပ်သက်ဖြင့် ရလာမည့် ရာထူးအပေါ်၌ပဲ အာရုံထားပြီး နေ သည်။
မဖြူကတော့ Ph.D မရခင် တုန်းကလိုပဲ ကြိုးစားလေ့လာ သည်။ ပညာရပ်နယ် ပယ်၌ သိသင့် သိထိုက်သည်များ၊ နိုင်ငံတကာမှ အသစ် တွေ့ရှိချက်များကို လက် လှမ်းမီသလောက် ကြိုးစားလေ့လာ သည်။ ဤသို့ဖြင့် နှစ်ယောက် စလုံး Ph.D ရပြီးလျှင် ငါးနှစ်လောက်ကြာ သောအခါ မညိုနှင့်မဖြူတို့၏ သိမှု၊ တတ်မှုအဆင့်က အတော်လေး ကွာခြားသွားတော့သည်။ မဖြူက သူတို့၏ ပညာအဆင့်တူ ကြားတွင် ခေါင်းတစ်လုံး ပိုမြင့်သူ ဖြစ်လာ သည်။ ခေါင်းတစ်လုံး ပို၍မြင့်လာ ခြင်း အပေါ်၌ မဖြူသည် ကျေနပ် ရောင့်ရဲမည် မဟုတ်။ သူ့ရည်မှန်း ချက်က နိုင်ငံတကာ ပညာရှင် အဆင့်အတန်းဆီသို့ မှန်းနေဦးမည် သေချာသည်။
ကိုယ့်ဘာသာရပ်အတွက်၊ ကိုယ့်ဌာနအတွက်လည်း တိုးတက် သထက် တိုးတက်အောင် အား ထုတ်နေမှာ သေချာသည်။ ဤသို့ သော ရည်မှန်းချက်တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ထားရှိခြင်းကို လောဘဟု ပြော၍ ရနိုင်ပါ့ မည်လား။
အရွယ်ချင်းမတူလို့
လူတိုင်းတွင် ဘ၀ရည်မှန်း ချက် ကိုယ်စီရှိကြသည်ဟု အစပိုင်း တွင် ရေးခဲ့သည်။ ကလေးအရွယ် မှာလည်း သူ့အသိဉာဏ်၊ သူကျင် လည်ရသော ပတ်ဝန်းကျင်နှင့် သူ အားကျသော လူပုဂ္ဂိုလ်ပေါ် မူတည်၍ ဖြစ်ချင်သော ဘ၀တို့ ရှိ ကြသည်။ တချို့က မော်ဒလ်ဂဲ (Midel Girl) ဖြစ်ချင်သည်။ တချို့ က မင်းသမီး ဖြစ်ချင်သည်။ တချို့ က ဆရာဝန်၊ တချို့က ကျောင်း ဆရာ၊ တချို့က ဘုရင်၊ တချို့က သူပုန်၊ တချို့က တရားသူကြီး၊ တချို့ မာသာထရီဇာ၊ တချို့က ချေဂွေဗားရား၊ တချို့က...။ ကလေးဘ၀တွင် သူတို့စိတ်ထဲမှာ သဘောကျတာကို ဖြစ်လိုက်ချင် သည်။ ဘယ်ကလေးကို သွားမေး မေး၊ ကြီးလာရင် ဘာလုပ်မှာလဲဟု မေးလျှင် တစ်ခုခုကို ပြန်ပြောလိမ့် မည်။ ကလေးအတွေးမှ ထွက်လာ သော ရည်မှန်းချက်သည် အတည် တကျ မဟုတ်သေး။ တဖြည်းဖြည်း ကြီးလာသောအခါတွင်မှ သူတို့ရည် မှန်းချက်က ခိုင်မာလာသည်။ သူတို့ မှာ ရှိနေ၊ စွဲနေသော ရည်မှန်းချက် ကို ဖြစ်အောင် ကြိုးစားအားထုတ် လာကြသည်။
တချို့ ခက်ခဲပင်ပန်းစွာ ကြိုး စားအားထုတ်မှ ရနိုင်မည့် ဘ၀ရည် မှန်းချက်ကို ဘာမှ မကြိုးစားဘဲနှင့် ရည်မှန်းကြသည်။ တချို့ မြင့်မြင့်ကို ရည်မှန်းပြီး ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်သည်။ ရည်မှန်းချက် အတိုင်း ဖြစ်လာသော ဘ၀တွေရှိ သည်။ မှန်းချက်နှင့် နှမ်းထွက်လွဲ သွားသော ဘ၀တွေ ရှိသည်။ ရည် မှန်းချက်အတိုင်း မဖြစ်လာသော သူတွေထဲတွင် တချို့က ဒုတိယ ရည်မှန်းချက်တစ်ခုထားပြီး ကြိုးစား ၍ အောင်မြင်သွားသည်။ တချို့က ဘာမှ ဆက်မကြိုးစားတော့ဘဲ ယောယိမ်းလိုက်၊ ဘသားယိမ်း လိုက်နှင့် လောကကြီးထဲမှာ အလိုက်သင့်နေသူနေ၍ တချို့က ဘ၀ကို ရေစုန်မျှောလိုက်သွားကြ သည်။ ရည်မှန်းချက်တစ်ခု ထား တိုင်း ထိုအတွက် ကြိုးစားအား ထုတ်ဖို့ လိုအပ်သည်ဟူသော သဘာဝကို လျစ်လျူရှုထားသူတွေ ကတော့ သူတို့ရည်မှန်းရာ ဘ၀သို့ ရမည်ရောက်မည်မဟုတ်ပါ။ မျက်စိ လည် လမ်းမှား၍ မမြင်ရသော ကံ တရားကြောင့်ပဲ ရသွားသည်ဆို လျှင်တောင်မှ ထူးချွန်သူ၊ ထူးခြား ထက်မြက်သူမျိုး ဖြစ်မလာတတ်ဟု ထင်ပါသည်။
ယေဘုယျ လူနှစ်မျိုး
စဉ်းစားဆင်ခြင်တတ်ပြီး ဘ၀ကို ခွဲခြားနားလည်သော အရွယ်ရောက်ချိန်တွင် ထားရှိတတ် သော ရည်မှန်းချက်များက ပို၍ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေများ သော ရည်မှန်းချက်များဟု ဆိုနိုင် သည်။ ထိုအသက်အရွယ်တွင် ကိုယ့်အတွက် ရည်မှန်းချက်က ဘာ၊ အများအတွက် ရည်မှန်းချက် က ဘာဆိုတာကိုလည်း ခွဲခွဲခြား ခြား နားလည်လာလေ့ ရှိသည်။ ကိုယ့်ကောင်းစားဖို့အတွက် မည်သို့ လုပ်မည်ကို သိသလို အများ ကောင်းစားရေးအတွက်ဆိုလျှင် မည်သို့လုပ်မှ ဖြစ်မည်ကိုလည်းရှင်း ရှင်းလင်းလင်း သိလာကြသည်။
လူဆိုသည်ကို နှစ်မျိုးပဲ ခွဲပါ ဟုဆိုလျှင် အတ္တလူနှင့် ပရလူဟု ခွဲ၍ရသည်။ အတ္တလူက ကိုယ် ကောင်းစားရေး၊ ကိုယ်အဆင်ပြေ ရေး သက်သက်ကိုပဲ ကြည့်တတ် ပြီး တစ်မြို့လုံး ထမင်းငတ်နေလျှင် တောင်မှ ကိုယ့်တစ်အိမ်တည်း ထမင်းမငတ်ဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားမည့်သူမျိုး ဖြစ် သည်။ ပရလူကတော့ကိုယ့်ကောင်း စားရေးထက် အများကောင်းစား ရေး၊ ကိုယ်အဆင်ပြေရေးထက် အများအဆင်ပြေရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစား အားထုတ်ပြီး အနစ်နာခံသူ ဖြစ် သည်။ တစ်မြို့လုံး ထမင်းငတ်နေ ချိန်တွင် ကိုယ်တစ်ယောက်တည်း လူမသိအောင် ခိုးဝှက်စားမည့် အစား ကိုယ့်မှာရှိသည့် စားစရာ တွေကို ဝေငှစားမည့်သူဖြစ်သည့် အပြင် တစ်မြို့လုံး၏ အငတ် ပြဿနာ ပြေလည်ရေးအတွက် အများနှင့် ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးစားမည့်သူမျိုး ဖြစ်သည်။
လူ့လောကကြီးတွင် လူ တော်တော်များများက အတ္တလူစား မျိုးတွေ ဖြစ်နေကြပြီး ပရလူ အမျိုး အစားက နည်းနေတတ်သည်။ အတ္တများများ၊ ပရနည်းနည်းလူစား မျိုးတွေ ရှိသလို အတ္တနည်းနည်း၊ ပရများများ လူစားမျိုးတွေ ရှိသည်။ တချို့ အတ္တလုပ်ရင်း ပရကို ပါတတ် နိုင်သလောက် လုပ်သည်။ တချို့ ကတော့ လူထူးလူဆန်း အမျိုး အစားဟု ပြောရမည်လား၊ လူ့ အယောင်ဆောင်တွေဟု ပြောရ မည်လား၊ လူလည်တွေဟု ပြောရ မည်လား၊ လူယုတ်မာတွေဟု ပြော ရမည်လား၊ ခွဲခြားပြောရခက်သည့် (ပရအကျိုး) လုပ်ချင်ယောင် ဆောင်၍ အတ္တအကျိုး(ကိုယ်ကျိုး) ချည်းပဲ လုပ်ကြသူများ ဖြစ်သည်။ မြန်မာစကားမှာတော့ `ကြောင်သူ တော်ြွကက်သူခိုး´ ဟူသော စကား က ရှိပြီးသားဖြစ်ပါ၏။
ကိုယ့်ဘ၀ ကိုယ်ရွေး
လူတိုင်းတွင် ရည်မှန်းချက် ကိုယ်စီရှိကြပြီး ဆင်းရဲသားရော သူဌေးသား၌ပါ ရှိတတ်ကြကြောင်း နှင့် ကလေးရော လူကြီးတွေ၌ပါ ရှိတတ်ကြသည့်အကြောင်းကို ပြောခဲ့ပြီးပါပြီ။ ထို့အပြင် ကိုယ့်ရည် မှန်းချက်က အတ္တလူ ဖြစ်ရေးလား၊ ပရလူဖြစ်ရေးလားဟူ၍ ခွဲခြားသိ မြင်နိုင်အောင်လည်း လောက သဘာဝနှင့်လူ့သဘာဝကိုအတော် အတန်ကို ရှင်းပြခဲ့ပြီးပါပြီ။
ဤဆောင်းပါး ဖတ်နေသော ပုဂ္ဂိုလ်သည် ကိုယ့်ဘ၀ရည်မှန်း ချက်ကို ပီပြင်ပြတ်သားစွာ မချမှတ် ရသေးသူ ဖြစ်နေပါက စဉ်းစားစရာ အနေဖြင့် အထောက်အပံ့ တစ်စုံ တစ်ရာ ရနိုင်လိမ့်မည်ဟု မျှော်လင့် ပါသည်။ ရည်မှန်းချက် တစ်ဆင့်သို့ ရောက်တိုင်း၊ နောက်ထပ်ရည်မှန်း ချက်တစ်ခုက ထပ်ဖြစ်လာတတ် သည့် လူ့သဘာဝကိုလည်း တင်ပြ ခဲ့ပါသည်။ စာဖတ်သူသည် ရည် မှန်းချက်ဖြင့် ဘ၀ကို ရှင်သန်နေ ထိုင်သူလား။ ရည်မှန်းချက် မထား တော့ဘဲ ရောက်ရာနေရာမှာရပ်တန့် နေသူလား။
ကမ္ဘာကြီးက လည်ပတ်နေ ပြီး လူတွေက ကိုယ့်မှန်းချက်နှင့် ကိုယ့်ရှေ့သို့ တက်နေသွားနေကြ သည့်အတွက် ရပ်နေသူသည် ကျန်ရစ်သူဖြစ်သည်ဆိုတာကိုပဲ သတိပြုမိစေချင်သည်။

Ref : http://www.knowledgebridge.net/

Older Posts Home
  • နောက်ဆုံးသတင်းများ
  • ပြန်လည်ဆွေးနွေးချက်များ

Trending Topic




    • Feature
    • KIA အကြောင်း
    • The Lady ဝေဖန်ချက်
    • ကချင်သတင်း
    • စစ်တပ် ဆိုတာ
    • စာအုပ်များ
    • စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်
    • တွစ်တ်တာ(twitter) မှပြန်အလာ
    • ဒီမိုကရေစီစနစ်၏ အနှစ်သာရများ
    • ဓာတ်ပုံသတင်းများ
    • ဗဟုသုတ
    • ဗိုလ်ချုပ်အောင်ဆန်း
    • ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ
    • ဗီဒီယိုမှတ်တမ်းများ
    • ဘာလဲဟဲ့စတုတ္ထမဏ္ဍိုင်
    • ဘာသာပြောင်းမည်ဆိုသော လူပျက် ဇာဂနာ
    • ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး
    • ပြည်သူအသံ
    • မြန်မာ့အရေး
    • မြန်မာ့နိုင်ငံခြားရေး
    • ကြီးဒေါ်စုသို့ ပေးစာ
    • သတင်းများ
    • သမ္မတကြီး ဦးသိန်းစိန်၏ ရိုးဂုဏ်
    • သမ္မတကြီး၏ မိန့်ခွန်းများ
    • သာသနာတော်ကို ခုတုံးလုပ်ကြသူများ
    • အတိုက်အခံများ
    • အလှည့်ကျပေးတဲ့ နိုဘယ်ဆု
    • အာဇာနည် ခေါင်းဆောင်ကြီးများ
    • အတွေးအခေါ်
    • အပြောကြီး တဲ့ဇာဂနာ
    • ဧရာဝတီနှင့်ပါတ်သတ်သမျှ
    • ပေးစာ ( ၁ )
    • ပေးစာ ( ၂ )
    • ပေးစာ ( ၃ )
    • ပေးစာ ( ၄ )
    • ပေးစာ ( ၅ )
    • ပေးစာ ( ၆ )
    • နိုင်ငံတကာအရေး
Designed by Open-Resources88