• မူလစာမျက်နှာ
  • စာပေဟောပြောပွဲ ( ၁၂၃ ) ဖိုင်
  • မူလစာမျက်နှာ
  • ဗီဒီယိုမှတ်တမ်းများ
  • ဓာတ်ပုံသတင်းများ
  • KIA အကြောင်း
    • Category
      • Category
      • Category
      • Category
      • Category
    • Category
    • Category
    • Category
  • မြန်မာ့အရေး
  • နိုင်ငံတကာအရေး
  • အတွေးအခေါ်များ
    • Category
    • Category
    • Category
    • Category
လက်ရှိဖတ်ရှုနေသောခေါင်းစဉ်: မူလစာမျက်နှာ »
Showing posts with label ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး. Show all posts
 
 
ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကလို့ထူးဘောတပ်ဖွဲ့ (ယခင် DKBA )တို့သည် ၂ဝ၁၁ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဘားအံမြို့၌ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ကြပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက် (၅)ချက်ကို လက်မှတ် ရေးထိုးကြသည်။ 
 
ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင် ခေါင်းဆောင်သော ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင် လေးဦးနှင့် ကလို့ထူးဘောတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ဦးစောမူရှေး ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင် လေးဦးတို့ နှစ်ဖက် တွေ့ဆုံဆွေးနွေး ညှိနှိုင်း ကြပြီး
 
(၁) ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကလို့ထူးဘော တပ်ဖွဲ့တို့သည် (၆-၁၁-၂ဝ၁၁)ရက်နေ့မှစ၍ အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် သဘောတူသည်။ 
 
(၂) ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားစဉ်ကာလအတွင်း ကလို့ထူးဘောတပ်ဖွဲ့သည် ဆုံဆည်းမြိုင်နေရာ ပတ်ဝန်းကျင်တွင် ယာယီအခြေပြု နေထိုင်ရန် သဘောတူသည်။ 
 
(၃) နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆိုဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ကလို့ထူးဘော တပ်ဖွဲ့အား မြဝတီမြို့တွင် ယာယီ ဆက်ဆံရေးစခန်း ဖွင့်လှစ်ရန် သဘောတူသည်။ 
 
(၄) ပစ်ခတ် တိုက်ခိုက်မှုများ ရပ်ဆိုင်းထားစဉ် ကာလအတွင်း နှစ်ဦးနှစ်ဖက် သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမည်။ 

 
(၅) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့နှင့် ဗိုလ်ချုပ်စောလားပွယ် ခေါင်းဆောင်သော ကလို့ထူးဘော တပ်ဖွဲ့မှ အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် ပုဂ္ဂိုလ်များသည် နှစ်ဦးနှစ်ဖက် သဘောတူညီသော နေရာ၊ သဘော တူညီသော အချိန်ကာလတို့တွင် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တပ်ဖွဲ့ဝင်များ အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ဆက်လက်ဆွေးနွေး သွားနိုင်ရေး များကို သဘောတူသည်။
ဟူသည့် ပဏာမ သဘောတူညီချက် (၅)ချက်ကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သတင်းရရှိသည်။
(၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာ  မှ  )

Older Posts Home
  • နောက်ဆုံးသတင်းများ
  • ပြန်လည်ဆွေးနွေးချက်များ

Trending Topic




    • Feature
    • KIA အကြောင်း
    • The Lady ဝေဖန်ချက်
    • ကချင်သတင်း
    • စစ်တပ် ဆိုတာ
    • စာအုပ်များ
    • စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်
    • တွစ်တ်တာ(twitter) မှပြန်အလာ
    • ဒီမိုကရေစီစနစ်၏ အနှစ်သာရများ
    • ဓာတ်ပုံသတင်းများ
    • ဗဟုသုတ
    • ဗိုလ်ချုပ်အောင်ဆန်း
    • ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ
    • ဗီဒီယိုမှတ်တမ်းများ
    • ဘာလဲဟဲ့စတုတ္ထမဏ္ဍိုင်
    • ဘာသာပြောင်းမည်ဆိုသော လူပျက် ဇာဂနာ
    • ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး
    • ပြည်သူအသံ
    • မြန်မာ့အရေး
    • မြန်မာ့နိုင်ငံခြားရေး
    • ကြီးဒေါ်စုသို့ ပေးစာ
    • သတင်းများ
    • သမ္မတကြီး ဦးသိန်းစိန်၏ ရိုးဂုဏ်
    • သမ္မတကြီး၏ မိန့်ခွန်းများ
    • သာသနာတော်ကို ခုတုံးလုပ်ကြသူများ
    • အတိုက်အခံများ
    • အလှည့်ကျပေးတဲ့ နိုဘယ်ဆု
    • အာဇာနည် ခေါင်းဆောင်ကြီးများ
    • အတွေးအခေါ်
    • အပြောကြီး တဲ့ဇာဂနာ
    • ဧရာဝတီနှင့်ပါတ်သတ်သမျှ
    • ပေးစာ ( ၁ )
    • ပေးစာ ( ၂ )
    • ပေးစာ ( ၃ )
    • ပေးစာ ( ၄ )
    • ပေးစာ ( ၅ )
    • ပေးစာ ( ၆ )
    • နိုင်ငံတကာအရေး
Designed by Open-Resources88