မန္တလေးတိုင်းဒေသကြီး
ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့၏ သြဝါဒကို ခံယူလျက်
ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (သ.ထ.ဖ)
ဆရာတော်များက စက်တင်ဘာ ၅ ရက်ည ၁၀ နာရီခွဲအချိန်တွင် ၈၅ လမ်း၊ ၂၉ လမ်းနှင့်
၃၀ ကြားတွင် တုတ်ကိုင်ရမ်းကားနေသော ရဟန်းနှစ်ပါးအား လူဝတ်လဲစေပြီး
အရေးယူပေးရန် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။ ယခုကဲ့သို့ အရေးယူဆောင်ရွက်ရသည့် အကြောင်းမှာ သာသနာတော်ကို
ညှိုးနွမ်းအောင် ပြုလုပ်ခြင်းကြောင့် ဖြစ်ပြီး ဆက်လက်၍လည်း မိမိတို့
သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သ.ထ.ဖ အဖွဲ့မှ
ဆရာတော်များက မိန့်ကြားသည်။ ထို့အပြင် စက်တင်ဘာ ၂ရက်က
မန္တလေးဈေးချိုအနီးတွင် အသက်ကြီးမှ ရဟန်းဝတ်ကာ ခြေကျိုးချင်ယောင်ဆောင်ပြီး
အလှူခံနေသော ကိုယ်တော်တစ်ပါးကို လူဝတ်လဲစေခဲ့ကြောင်း၊ ယင်းနေ့က
ဈေးချိုတော်တွင် အလှူခံနေသော ရဟန်းခုနစ်ပါး၊ သာမဏေ ၁၅ ပါး၊ သီလရှင်လေးပါး
အားလည် ဝိနည်းတော်နှင့် အညီ အရေးယူခဲ့ကြောင်း အထက်ပါ ဆရာတော်များက
မိန့်သည်။ ဆက်လက်၍ လည်း မန္တလေးဘူတာကြီးအတွင်း ကျိန်းစက်နေခြင်းနှင့်
ရထားပေါ်တွင် အလှူခံစာအိတ်ပေးကာ အလှူခံခြင်းများ ပြုလုပ်သော ရဟန်းများ၊
သာမဏေများကိုလည်း လူဝတ်လဲစေခြင်း၊ ဝိနည်းတော်နှင့် အညီ အရေးယူခြင်းများ
ပြုလုပ်ခဲ့ကြောင်း သ.ထ.ဖ အဖွဲ့မှ ဆရာတော်များက မိန့်ကြားသည်။ အဆိုပါ
ထိန်းသိမ်းအရေးယူခဲ့သော ရဟန်းများမှာ ငယ်ဖြူများမဟုတ်ကြဘဲ သာသနာတော်ကို
ခုတုံးလုပ်ကာ အများပြည်သူနှင့် သာသနာတော်ကို ငြိုငြင်အောင်
ပြုမူရမ်းကားသူများဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယက အဖွဲ့ထံမှ
သတင်းရရှိကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ထုတ် 7 Day News
ဂျာနယ်တွင် ဖော်ပြထားပါသည်။
Credit : http://www.khitlunge.com.mm/news/news_detail.aspx?info_id=24458
အခုတော်တော်များများ ဒေါ်လာစားဘလော့တွေမှာ စက်တင်ဘာတော်လှန်ရေး ဆိုပြီး ဘုရားသားတော် ရဟန်းတော်များကို နိုင်ငံရေးပြပုဒ် တစ်ထောင့်တစ်နေရာမှာအသုံး ချပြီးသာသနာတော်ကို ခုတုံးလုပ်နေကြ တာကတော့ ဗုဒ္ဓဘာသာမြန်မာ လူမျိုးတိုင်း အတွက်တော့ ၀မ်းနည်းခံပြင်းစရာတစ်ခုပါပဲ..အဆိုးရွားဆုံး ကတော့ မြတ်စွာဘုရားရှင်ရဲ့ သားတော် သံဃာတော်များရဲ့ သင်္ကန်းတော်ကိုခြုံပြီးတော့ သာသနာတော် ကိုညစ်ညမ်းအောင် လုပ်နေကြတဲ့ ၊သာသနာတော်ကိုခုတုံးလုပ်ပြီး မိမိရဲ့ကိုယ်ကျိုးအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့လုပ်ဆောင် နေကြတဲ့ ဒေါ်လာစားအတိုက်အခံ များအတွက် ကတော့ နောင်ဘ၀ဆိုတာများရှိခဲ့ရင်.......? လို့ပဲမေးခွန်းထုတ်လိုက်ချင်ပါတော့တယ်..
" စာပေကိုကောင်းစွာသင်ကြားရသောရဟန်း ၊ ကိုရင်များသည်သာသနာကိုမည်းညစ်စေတတ်သောအမှူ
ကိုဘယ်သောခါမှပြုလိမ့်မည်မဟုတ်ပါ။ "
ဒီလူတွေကဘာအတွက်ဒီလိုလုပ်နေကြတာလဲ ၊ ဒီမိုကရေစီရဖို့လား ? ဒေါ်လာရဖို့လား ?
သာသနာ့သားတော် သံဃာတ်ာက ဘာလို့ဒီလိုလုပ်နေတာလဲ ? သံဃာတော်အစစ်ကောဖြစ်နိုင်ပါ့မလား ?
လူသားတွေကိုမေတ္တာဘာဝနာတွေထားတက်အောင်သင်ပေးရမယ့်သံဃာတော်က ဒေါသတွေထွက်ပြီး
လက်သီးလက်မောင်းတွေတန်းပြနေတာကရော .. ဒီမိုကရေစီအတွက်ပဲလား ၊ ဒေါ်လာစားတွေအတွက်
လား ?
သံဃာတော်တွေ မေတ္တာပို့နေတာပါဆိုရင် ဒီလူကမဆီမဆိုင်ဘာလို့လက်သီးလက်မောင်းတွေတန်းပြနေ
ရတာလဲ
ဒီဘုန်းကြီးတွေအခုလိုလုပ်နေတာ သာသနာတော်ပြန့်ပွားဖို့လား ၊ ဒေါ်လာစားဖို့လား ?
ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အထွက်အမြတ်ထားရာ ဗုဒ္ဓရုပ်ပွားတော်တွေကဘုရားစင်မှာရှိမနေပဲလမ်းမ
ပေါ်ရောက်ခဲ့ရတာကလည်း ဒီမိုကရေစီအတွက်လား ? ဒေါ်လာစားတွေအတွက်လား ?
အလံအသစ်ကိုမီးရှို့နေတာကလဲ သသနာတော်ပြန့်ပွားဖို့လား ? ဒေါ်လာများများရဖို့လား ?
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအလေးအနက်ထားတဲ့သံဃာတော်တွေပုံနဲ့မိန်းမတစ်ယောက်ပုံကို ရောပြီးကား နောက်ပိုင်းမှာ ကပ်ထားတာကရော သံဃာတော်အစစ်တွေမဟုတ်လို့ ငရဲကြီးမှာမကြောက်လို့လုပ်နေတာ လား ? ဒေါ်လာများများရဖို့ လုပ်နေတာလား ?

