နီကိုးဘာလီဟိုတယ်တွင် သမ္မတဦးသိန်းစိန်နှင့်အဖွဲ့ မီဒီယာများနှင့်တွေ့ဆုံစဉ်
လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ တိုင်းပြည်နှင့်လူမျိုး
အခြေအနေကိုကြည့်ပြီး ဒီမိုကရေစီကို ပီပြင်အောင် လုပ်ဆောင်ရမည်ဟု
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘာလီ၌ မြန်မာသတင်းသမားများနှင့် တွေ့ဆုံစဉ်
နိုဝင်ဘာလ ၁၉ရက် နေ့ ညနေပိုင်းအချိန်တွင် ပြောကြားခဲ့ပါသည်။
အစိုးရအုပ်ချုပ်မှု သက်တမ်းအနေဖြင့် ရှစ်လသာရှိသေးသည့်အတွက်
အနောက်နိုင်ငံများတွင် ကျင့်သုံးနေသောဒီမိုကရေစီစနစ်နှင့် နှိုင်းယှဉ်ရန်
မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတက ပြောပါသည်။
''ဒီမိုကရေစီဆိုတာကို ခင်ဗျား တို့က ဘာတွေနဲ့နှိုင်းလဲ၊ ဘာတွေနဲ့
တိုင်းတာလဲ မသိဘူးပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီအကြောင်း
ပြောရရင်တော့ အခုကျွန်တော်တို့ အစိုးရသက်တမ်းက ရှစ်လပဲ ရှိသေးတယ်။
အထူးသဖြင့် အနောက်နိုင်ငံ ဒီမိုကရေစီတွေနဲ့ နှိုင်းမယ်ဆိုရင် ခုနက
အနောက်နိုင်ငံတွေက ဒီမိုကရေစီရဲ့ ဘိုးအေတွေ၊ ဘွားအေတွေ၊
နှစ်ပေါင်းထောင်ချီပြီးတော့ သူတို့က ဒီမိုကရေစီ ကျင့်သုံးလာတာ။
ဒီနိုင်ငံတွေနဲ့ တစ်ထပ်တည်းဖြစ်ဖို့ အံ့ဝင်ခွင်ကျဖြစ်ဖို့ကတော့
ကျွန်တော်တို့က တော်တော်လေးတော့ ကြိုးစားရမှာပေါ့'' ဟု နိုင်ငံတော် သမ္မတက
ပြော ပါသည်။
ထို့အပြင် အနောက်နိုင်ငံများ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်နှင့်
ထပ်တူကျအောင် လုပ်ဆောင်ရန်မဖြစ်နိုင်သေးဘဲ အံ့ဝင်ခွင်ကျဖြစ်အောင်သာ
ကြိုးစားရမည်ဟု ဆိုပါသည်။
''အံဝင်ခွင်ကျဖြစ်အောင်ပဲ လုပ်လို့ရမယ်။ တစ်ထပ်တည်းဖြစ်အောင်တော့
လုပ်လို့မရဘူး။ ဘာကြောင့်လဲဆိုရင် တစ်အချက်က ကျွန်တော်တို့က လူမျိုးချင်းလဲ
မတူဘူး။ နောက်တစ်ခါ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာချင်းလည်း မတူဘူး။
ဓလေ့စရိုက်ချင်းလဲ မတူဘူး။ အစားအသောက်ချင်းလဲ ကျွန်တော်တို့က မတူဘူး။
အဲဒီတော့ လေးထောင့်ကို အဝိုင်းနဲ့စွပ်လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။
အဝိုင်းကို လေးထောင်နဲ့စွပ် လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး'' ဟု
နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
သို့သော် မိမိတိုင်းပြည်နှင့်လူ မျိုး အကျိုးဖြစ်ထွန်းစေမည့် ဒီမိုက
ရေစီစနစ်ကိုမူ ဖော်ဆောင်ရမည်ဖြစ် ကြောင်း ပြောကြားပါသည်။ ''ကိုယ့်လူမျိုး
တွေအတွက် အကျိုးရှိမယ့် ဒီမိုကရေစီမျိုး ဒါက တော့
ကိုယ့်တိုင်းပြည်ရဲ့အခြေအနေ၊ ကိုယ့်လူမျိုးရဲ့ အခြေ အနေ ဒါတွေ ကို
ကြည့်ပြီးတော့မှ ဒီမိုကရေစီ ပီပြင်အောင်တော့ လုပ်သွားရမှာ
ပေါ့''ဟုနိုင်ငံတော်သမ္မတက ပြော ကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန် သည် နိုဝင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းအချိန်က
(၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့
တက်ရောက် သတင်းရယူခဲ့သည့် ပြည်တွင်း၊ ပြည်ပမှ မြန်မာသတင်းများနှင့်
သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။
ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသား ဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန်လည် ဖြေရှင်း တောင်းပန်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဆောင် ပါဝင်သူ တဦးဖြစ်သူ ကိုလူမောင်က ယခုကဲ့သို့ နိရဉ္စရာ သို့ပြောသည်။
"အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမြေပုံက ရခိုင်ဒေသမှာ ရခိုင်လူမျိုးကို ဖော်ပြခြင်းမရှိပဲနဲ့ ဒီ ရိုဟင်ဂျာလို့ ဆိုတဲ့ ဘင်္ဂလီလူမျိုးတွေရဲ့ ဓာတ်ပုံကို ဖော်ပြတာက ဒီလူမျိုးတွေ နေထိုင်တယ်ဆိုတာကို ပြောတာနဲ့ အတူတူဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေပဲရှိတယ်။ ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးဆိုတာ မရှိဘူး။ မှားနေတဲ့ ကိစ္စ တခုကို မှားနေ တယ်လို့ ကျနော်တို့က ထောက်ပြတာပါ။ သူတို့က အမှန်တရားကို လက်ခံ တယ်ဆိုရင် အမှန်အတရား အတွက် သူတို့ ဖြေရှင်းရပါလိမ့်မယ်။ ဒီကိစ္စက မြန်မာလူထု တရပ်လုံးကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒီအတွက် ဒါကို ဘီဘီစီ အနေနဲ့ ပြန်လည် တောင်းပန်ရမယ်ဆိုပြီးတော့ ဘီဘီစီ ဌာနချုပ် ရုံးရှေ့မှာ ကျနော်တို့ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။"
ဆန္ဒပြပွဲကို နိုဝင်္ဘာလ ၁၆ရက်နေ့ နံနက် ၁၀း၃၀ မှ နံနက် ၁၁း၃၀ (လန်ဒန်စံတော်ချိန်)ထိ ဘီဘီစီ ဌာနချုပ်ရုံးရှေ့တွင် ရခိုင်အပါအဝင် တခြား မြန်မာတိုင်းရင်းသားများက စုပေါင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဘီဘီစီဌာနမှ တာဝန်ရှိသူတဦးမှလည်း ဆန္ဒပြသူများအား လာရောက် တွေ့ဆုံခဲ့ကြောင်း သူက ဆက်ပြောသည်။
"ဘီဘီစီ အာရှ ပစိဖိတ်ရေးရာ မန်နေဂျာလို့ ပြောတဲ့ သူတယောက် ရုံထဲက ထွက်လာခဲ့ပါတယ်။ ကျနော်တို့ ကလည်း ဒီက ရဲအကူအညီနဲ့ အဲဒီလူဆီကို Arakanese Community UK ကိုယ်စား အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်စာတမ်းတွေကို ပေးခဲ့ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေ ဆိုတာ ကလည်း ရခိုင်ပြည်နယ်ဟာ ရခိုင်လူမျိုး နဲ့သာ သက်ဆိုင်တယ်ဆိုတဲ့အကြောင်း၊ အဲဒါနဲ့ ပတ်သက်လို့ သမိုင်း အထောက်အထားတွေ ရေးသားထားတဲ့ စာရွက်စာတမ်းတွေ ပေးခဲ့ပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု ၁၃၅မျိုးထဲမှာလည်း ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိဘူး ဆိုတာကိုလည်း သူတို့ကို ပြောခဲ့ပါတယ်။ ပြီးတော့ ဒီသတင်းအမှားကိုရေးတဲ့ ဘီဘီစီက Anna Jone ဆိုတဲ့ အမျိုးသမီးနဲ့ ဘီဘီစီက မြန်မာလူထုကို တောင်းပန်ဖို့အတွက်လည်း စာရေးသားပေးခဲ့ပါတယ်။ ဒီအတွက် မန်နေဂျာဆိုတဲ့သူက ဒီကိစ္စကို အမြန်ဆုံးသူတို့ လုပ်ပေးမယ်၊ ဖြေရှင်းပေးမယ်ဆိုပြီးတော့ ကတိ ပေးခဲ့ပါတယ်။"
အဆိုပါ ဆန္ဒပြပွဲတွင် 1( Burma ) ( Burma )---- ( Not for Sale )( Not for Sale ) 2( Arakan State ) ( Arakan State ) ---( Not for Sale ) ( Not for Sale ) 3( Anna Jones )---- ( Out ) ( Out ) 4 ( Anna Jone stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 5(BBC stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 6( Anna Jones stop creating conflict in Burma ) ----- ( Now ) ( Now ) 7(BBC stop creating conflict in Burma ) ----- ( Now ) ( Now ) စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။
ယခုကဲ့သို့ ဆန္ဒပြရခြင်းကြောင့် ဘီဘီစီအနေဖြင့် တစုံတရာ တန့်ပြန်လာလိမ့်မည်ဟု သူတို့ အနေဖြင့် မျှော်လင့် ကြောင်း၊ အကယ်၍ တုန့်ပြန်မှုများ မရှိခဲ့သော်လည်း Anna Jones အပါအဝင် ဘီဘီစီဌာနမှ ရခိုင်လူထုနှင့် မြန်မာ လူထုကို တရားဝင် တောင်းပန် ဖြေရှင်းသည့် အထိ တိုက်ပွဲဝင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။
အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak Outlook for Burma's ethnic Groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။
ထိုအတွက်ကြောင့် နောက်ပိုင်းတွင် ရခိုင်အမျိုးသားများ အပါအဝင် မြန်မာတိုင်းရင်းသားများကလည်း ကန့်ကွက် ရှုပ်ချ လာကြခဲ့သည့်နောက် ယခုနှစ် အောက်တိုဘာလ အတွင်းတွင် အဆိုပါ ဓါတ်ပုံ ကိစ္စနှင့် ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိ လာခဲ့သည်။
ထို့နောက်ပိုင်း ဘီဘီစီ သတင်းဌာနမှ အဆိုပါ ဓာတ်ပုံနေရာတွင် ရခိုင်အမျိုးသမီးငယ်များ ဓါတ်ပုံ တစ်ပုံကို ထည့်ပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာဆိုသူများ၏ ဓါတ်ပုံကိုမူ ထပ်မံ ထည့်သွင်း ဖော်ပြထားဆဲဖြစ်သည်။

မြန်မာနိုင်ငံမှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ခုရှိတဲ့အနက် အောက်လွှတ်တော်လို့ ခေါ်ရမယ့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ လွှတ်တော် ရေးရာများကို စီမံခန့်ခွဲတဲ့ အခါမှာ ပျော့ပြောင်း ညင်သာပြီး နားလည်မှု အပြည့်အ၀ ရှိသူလို့ သတင်းမွှေးပါတယ်။ The Voice ဂျာနယ် ဆောင်းပါး တစ်ခုမှာတော့ လွှတ်တော်များ အသက် ၀င်လာမှုဟာ ဦးရွှေမန်းကြောင့် ဖြစ်တယ် ဆိုပြီး အစိုးရသစ် လက်ထက် ထူးခြား အသိအမှတ်ပြုရတဲ့ ဖြစ်ရပ် ခြောက်ခုထဲမှာ တစ်ခု အဖြစ် ဖော်ပြထားခဲ့ပါတယ်။ အခု ဆောင်းပါး ကတော့ ၂၀၁၁ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်မှာ ဖော်ပြထားတဲ့ ပြည်ခိုင်ဖြိုးအမတ် မဟုတ်တဲ့ ကျန်အမတ်များရဲ့ ဦးရွှေမန်းအပေါ် ရှုမြင်ချက်များ ဖြစ်ပါတယ်။
ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၃၁ မှ မတ်လ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး ဒုတိယပုံမှန် အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ နိုဝင်ဘာ လဆန်းရက်များ အထိ ကျင်းပလျက်ရှိရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသည် “ပြည်သူ့အသံ- လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်” ဟူသည့် ပြည်သူ့ လွှတ်တော်၏ ဆောင်ပုဒ် အတိုင်း “လွှတ်တော် နိုင်ငံရေး” ကို အတူ ဆောင်ရွက်လျက် ရှိပြီး အပြန်အလှန် သိမြင် နားလည်မှု များလည်း ပိုမို အားကောင်းလာပြီ ဖြစ်သည်။
သို့ဖြစ်၍ ရွေးကောက်ပွဲ အပြီး တစ်နှစ်တာ အတွင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အပေါ် ကိုယ်စားလှယ်တို့၏ ရှုမြင် ခံစားပုံကို ဖော်ပြအပ်ပါသည်။ (နေရာ အခက်အခဲကြောင့် ကိုယ်စားလှယ် လေးဦး၏ အမြင်ကိုသာ ဖော်ပြခြင်း ဖြစ်သော်လည်း ၄င်းတို့၏ အမြင်မှာ ကျန်ကိုယ်စားလှယ် အများစုကိုယ်စား အဓိပ္ပာယ် သဘောတူ သောကြောင့် ကိုယ်စားလှယ်များ၏ အမြင်အဖြစ် မှတ်ယူနိုင်ပါသည်။)
ဒလမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းဦး
“သူက Flexible ရှိလို့ ကျွန်တော်တို့ သဘောကျတယ်။ ကိုယ်စားလှယ်တွေ အပေါ် နားလည်မှု အပေးနိုင်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ပွင့်လင်းမှုလည်း ရှိတယ်။ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ရင် အများကြီး လိုက်လျောတယ်။ လွှတ်တော် နိုင်ငံရေး အစပိုင်းမှာကို ဒီလောက် အထိ ဖြစ်လာတဲ့ အပေါ် ကျွန်တော်တို့က ကျေနပ်ပါတယ်။
“….သူ့မှာ လွှတ်တော် ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်တွေ ရှိသော်လည်း ကိုယ်စားလှယ် တချို့ရဲ့ မေးခွန်းတွေ၊ အဆိုတွေ သတ်မှတ် အချိန်ထက် ပိုကြာ သွားတာမျိုးကို ဥက္ကဋ္ဌက မဖြတ်ဘဲ လိုက်လျောတာတွေ ရှိတယ်။ ပြည်သူ့ အသံတွေကို အပြည့် အဝ ကြားနာရဖို့ အတွက် နားလည်မှု ပေးပြီး အချိန်ပို ခွင့်ပြုပေးတယ်။ အဆိုတစ်ခုကို ဝိုင်းဆွေးနွေး ကြရာမှာလည်း ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အရ ပါဝင် ဆွေးနွေးကြတဲ့ ကိုယ်စားလှယ် ဦးရေကို လျှော့ချလို့ ရပေမယ့် ဒေသတွေက မတူတဲ့ အတွက် ဖြစ်နေကြတဲ့ အခက်အခဲတွေလည်း မတူနိုင်တော့ ဒါတွေကို အားလုံး သိခွင့်ရမှ ပြည်သူအတွက် ဘာလုပ်ပေး နိုင်သလဲ ဆိုတာ ရှိလေတော့ ဥက္ကဋ္ဌ အနေနဲ့ နားလည်စွာနဲ့ လိုက်လျောမှုတွေ ပေးခဲ့ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ သဘောကျ ပါတယ်”
အလုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးခိုင်မောင်ရည် (ခေါ်) ဦးခင်မောင်ရည်
“သူရဦးရွှေမန်းဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အဆင်အပြေဆုံး ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်ပါပဲ။ လွှတ်တော်ကလည်း အသစ်၊ ကိုယ်စားလှယ်တွေ ကလည်း အသစ်ဆိုတော့ တစ်ခါတစ်ရံမှာ ဆောင်ရွက် ကြရတဲ့ ကိစ္စတွေမှာ အပြန်အလှန် ပြောဆိုမှုတွေမှာ အမှား အယွင်းတွေ ရှိတယ်။ ဒါကို သူက နားလည် ခွင့်လွှတ် ပေးနိုင်တယ်။ လွှတ်တော်ကြီးကို အသက် ဝင်အောင်၊ အဆင်ပြေအောင် ထိန်းညှိ ပေးသွားနိုင်သူ ဆိုတာ သူ့လုပ်ရပ်တွေက ပေါ်လွင်စေပါတယ်။
“…..သူ့ရဲ့ အားနည်းချက် ဆိုလို့ ဝတ်စား ဆင်ယင်မှုကိုပဲ ပြောရမှာပါ။ နိုင်ငံရေး အသိမှာရော ဆောင်ရွက်မှု အပိုင်းမှာပါ သူက အားမနည်း ပေမယ့် ဝတ်စား ဆင်ယင်ပုံကတော့ အားနည်း နေသလားပဲ။ ပုဆိုးဆိုရင် ချည်ပုဆိုးပဲ ကြိုက်တယ်။ ပိုးပုဆိုး မဝတ်ချင်ဘူးလို့ သူက ရိုးရိုး သားသားပဲ ပြောတယ်။ ပုဆိုးတိုတို ဝတ်တဲ့ အကျင့်ရှိတယ်။ ရှည်ရှည် ဝတ်ရင် ခလုတ် တိုက်လဲမှာ စိုးလို့ပါတဲ့။ ဒါဟာ သူ့ရဲ့ ချစ်ခင် လေးစားစရာ ကောင်းတဲ့ ရိုးသားမှုပါ” လို့ ဦးခိုင်မောင်ရည်က ပြောပါတယ်။
သူရဦးရွှေမန်းဟာ တပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်ခဲ့၊ နိုင်ငံတော်ရဲ့ ကြီးမားတဲ့ တာဝန်တွေကိုလည်း ယူခဲ့ရသူ ဖြစ်လို့ အခုလို လွှတ်တော်မှာ ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ခေါင်းဆောင် ရပ်တည်ပြီး ကိုယ်စားလှယ်တွေ အပေါ်မှာရော၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ အပေါ်မှာပါ ထိန်းညှိပေးမှုတွေဟာဒီမိုကရေစီနည်းလမ်းကျကျ ဆောင်ရွက် နိုင်တယ်လို့ မြင်ပါသလားလို့ မြန်မာတိုင်း(မ်)
မေးတဲ့အခါ သူက
“ဥက္ကဋ္ဌကြီးဟာ တစ်ခါတစ်ရံမှာတော့ သူ့ကိုယ်သူ တပ်ကလာတာလို့ ပြောဆို သုံးနှုန်းတာ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စမျိုးမှသာ သုံးလေ့ရှိတာပါ။ သူ ဖြတ်သန်းခဲ့ရတဲ့ ဘဝကို ထောက်ပြတဲ့ သဘောပါ။ တကယ်တမ်း သူ အပြောများတာက 'ကျွန်တော်လည်း ကိုယ်ရည်သွေး ပြောရမယ် ဆိုရင် လယ်သမား သားသမီးပါ' လို့ပဲ ပြောလေ့ ရှိပါတယ်။"
“….ကျွန်တော်တို့ အနေနဲ့ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ် '၈' လေးလုံး (ကျောင်းသားဟောင်းတွေ) ဖြစ်ခဲ့တာကို ပြောမိပါတယ်။ ကျွန်တော်တို့ကို '၈' လေးလုံး သောင်းကျန်း သူတွေလို့ အပြောခံရတဲ့ အခါ မခံနိုင်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌကြီးက ကျွန်တော့်ကို 'ရင်ထဲမှာ အမာရွတ်တွေ ရှိသေးသလား' လို့ ပွင့်ပွင့် လင်းလင်း မေးပါတယ်။ အဲဒီလို မေးနိုင် သူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ်နှိုက်က သူ့ကိုယ်သူ 'ဒီမိုကရေစီ ဘက်တော်သား အပေါင်းတို့' လို့ ရဲရဲတင်းတင်း ပြောပါတယ်။ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ မရှိဘဲ ဒီမိုကရေစီ ကျကျ ကျင့်သုံးကြဖို့ သူက အမြဲ တိုက်တွန်းလေ့ ရှိသလို သူကိုယ်တိုင်ကလည်း ကျင့်သုံးနေသူလို့ မြင်ပါတယ်”
ဦးစိုင်းဆောင်ဆီ (ခေါ်) ဦးအယ်လ်ဆင်၊ ကျောက်မဲ မဲဆန္ဒနယ်
“ဦးရွှေမန်းအပေါ် အသားလွတ် ဝေဖန်တာထက် စာရင် ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်။ ဂျွန်မက်ကိန်း လွှတ်တော်ကို လာတုန်းက ဥက္ကဋ္ဌနဲ့ရော ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ပြီးကြတဲ့အခါ အခုလို စကားဝိုင်း ထိုင်ဖြစ်ကြတယ်။ ဥက္ကဋ္ဌကြီးကို ကျွန်တော်က 'လူထုအတွက် ဥပဒေပြုရေး အပိုင်းမှာ ဥက္ကဋ္ဌကြီးက တကယ့် စေတနာနဲ့ စိတ်အား ထက်သန်စွာနဲ့ ဆောင်ရွက် ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အားကိုး ယုံကြည်မိပါတယ်' လို့ ပြောလိုက်တော့ သူက 'ကျွန်တော့်ကို ဒီလိုဝေဖန်တဲ့ အတွက် ကျေးဇူးတင်တယ်။ ကျွန်တော့် ဘက်ကလည်း ပြောစရာ ရှိတယ်။ ကျွန်တော်တို့ဟာ အရင် အစိုးရကနေ လာတာ ဆိုတော့ လူတွေရဲ့ အမြင်မှာ ဒီလိုပဲ ထင်ကြမယ်။ အရင်က န.အ.ဖ က လာတဲ့ လူတွေပေါ့။ ဒါပေမယ့် ကျွန်တော်ကလည်း ကျွန်တော့် အလုပ်ကို လူထုအတွက် ပီပီပြင်ပြင် လုပ်ပါ့မယ်။ ကျွန်တော့်ကို အားကိုးသလို အားကိုးထိုက်တဲ့ လူတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားပါမယ်' လို့ ပြန်ဖြေခဲ့တယ်။
“သူ့ရဲ့လက်တွေ့ လုပ်နည်းလုပ်ဟန်တွေ အပေါ်မှာလည်း ကျွန်တော်တို့ ကျေနပ်ပါတယ်။ အလုပ်မှာ သူ့ရဲ့ စေတနာက ပေါ်လွင်ပါတယ်။ တကယ်တမ်း ဆိုရင် အခု လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေနဲ့ ဥက္ကဋ္ဌကြီးနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဆောင်ရွက်ရတဲ့ အလုပ်တွေမှာ သူက မခြွင်းမချန် ဆောင်ရွက် ပေးတာတွေ ရှိတယ်။ ဥပမာ - နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှာ ဧည့်ရိပ်သာရဲ့ စည်းကမ်းပိုင်း တချို့နဲ့ အဆင်မပြေမှုတွေနဲ့ ကိုယ်စားလှယ်တွေ ကြုံရတဲ့အခါ သူကိုယ်တိုင် လိုက်လာပြီး အဆင်ပြေအောင် စီစဉ် ပေးတာမျိုးတွေ၊ ဒေသခံ မဲဆန္ဒရှင် ပြည်သူတွေက ကိုယ်စားလှယ်က တဆင့် တိုင်ကြားမှုအပေါ် အစ- အဆုံးတိုင် အရေးတယူ ဆောင်ရွက် ပေးတာမျိုးတွေ ရှိတဲ့အတွက် ကျွန်တော်တို့ သူ့ကို သဘောကျပါတယ်”
ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်
“ဥက္ကဋ္ဌကြီးက ပြောတယ်။ သူဟာ ပါတီခေါင်းဆောင် အဖြစ် လွှတ်တော်မှာ မရပ်တည်ဘဲ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် လွှတ်တော် နိုင်ငံရေး ခေါင်းဆောင် အဖြစ် ရပ်တည်ခဲ့တဲ့ အတွက် အခုလို လွတ်ငြိမ်း ချမ်းသာခွင့် အဆိုမျိုးတွေ အောင်မြင်တယ် ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းမှုက တစ်ဝက်ပါခဲ့ရင် သူ့ခေါင်းဆောင်မှုက တစ်ဝက် ပါတယ်လို့ ဆိုရမယ်။
“….အခု သူ့ဆောင်ရွက်ချက် အားလုံးကို ခြုံကြည့်ရင် လွှတ်တော် အတွင်းမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ အကောင်းဆုံး ကိုင်တွယ် သွားနိုင်တဲ့ ဥက္ကဋ္ဌကောင်း တစ်ဦးဖြစ်ပြီး တိုင်းပြည်အတွက် အကောင်းဆုံး အဖြေတွေရအောင် ကြိုးစားနေသူ ဖြစ်တယ် ဆိုတာ တွေ့ရတယ်။ သူပြောနေကျ စကားနဲ့ ပြောရရင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးစီးပွား အတွက် အစွမ်းကုန် အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ဟောင်း တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။
“…လောကမှာ ဘယ်သူမှ perfect မဟုတ်ဘူး။ ဒါကြောင့် တော်တော် များများက လွှတ်တော် အတွေ့အကြုံတွေ နုနယ်သေးတဲ့ အခုလို အချိန်မှာ သူက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အလိုကို လိုက်ပြီး ဆောင်ရွက် ပေးတာတွေ ရှိပါတယ်။ ဒါကို အားနည်းချက်လို့ ပြောရင်ရမှာပါ။ ဒီနေ့ပဲ ထမင်းစားခန်းမှာ ကျွန်တော်သူ့ကို အလွတ်သဘော အကြံ ပြုခဲ့ပါတယ်။ နောက်တစ်ကြိမ် လွှတ်တော် အစည်းအဝေးတွေမှာ မေးခွန်းတွေ အခုထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ် ရှိဖို့ မေးတဲ့ သူတွေရော ဖြေတဲ့ သူတွေကိုပါ ဥက္ကဋ္ဌကြီးက တိုက်တွန်း စေလိုပါတယ်လို့။
“…တချို့ မေးခွန်းတွေဟာ ဇယား - ၂ အရ တိုင်းဒေသကြီး လွှတ်တော်တွေမှာ မေးရမှာ ဖြစ်တယ်။ ဒီမှာ မေးခွင့် ပြုလိုက်တော့ အချိန် အတော်များများ ကုန်တယ်။ အဖြေတွေမှာ အချိန်ထပ် အစည်းအဝေးတွေမှာ ဘယ်လို လုပ်သင့်သလဲ ဆိုတာ အကြံပေးလိုကြောင်း သူ့ကို ပြောဖြစ်ပါတယ်။ ဒါတွေကို ဥက္ကဋ္ဌကြီးက သိသော်လည်း အကြောင်း ကြောင်းကြောင့် အခွင့်အရေး ပေးတဲ့ သဘောလို့ နားလည်မိပါတယ်။
“…အရေးတကြီး ပြင်စေလိုတဲ့ အချက်ကတော့ လွှတ်တော် ဆိုတာ Debate ပါ။ အပြန်အလှန် ဆွေးနွေးမှုပါ။ စကား အချေ အတင်ပြောတဲ့ အဆင့်ကို ရောက်အောင် သွားဖို့ လိုပါတယ်။ လွှတ်တော်ရေးရာ ကော်မတီတွေလည်း ဖွဲ့ထား ပြီးပါပြီ။ အဲဒီ ကော်မတီတွေပါ တကယ် အလုပ်လုပ်လာကြရင် ကျွန်တော် ယုံကြည်ပါတယ်။ ပြည်သူ့ လွှတ်တော်ကို လူထုက ပိုမို ယုံကြည် အားကိုးလာတဲ့ လွှတ်တော် ဖြစ်လာအောင် ဥက္ကဋ္ဌကြီးက လုပ်ပေးနိုင်ပါလိမ့်မယ်”
မှတ်ပုံတင် - ၇/သကန (နိုင်) ၀၀၇၉၅၂
မွေးသက္ကရာဇ် - ၁၁.၇.၁၉၄၇
ဇာတိ - ကညွှတ်ကွင်း၊ ဖြူးမြို့နယ်
ပညာအရည်အချင်း - B.Sc (D.S.A) ၊ H.G.P ၊
အဘ - ဦးဖိုးဖေ (ကွယ်လွန်)၊ အမိ - ဒေါ်ဌေးရီ
ဇနီး - ဒေါ်ခင်လေးသက်၊ အ. ထ. ပြ (ငြိမ်း)
သားသမီး - ဦးအောင်သက်မန်း၊ ဦးတိုးနိုင်မန်း
ပါတီ - ပြည်ခိုင်ဖြိုး
မဲဆန္ဒနယ် - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဇေယျာသီရိမြို့နယ်
သင်ကြားခဲ့သော ကျောင်းများ -
(၁) အ.မ.က၊ တောင်ပိုင်းရပ်၊ ကညွှတ်ကွင်း
(၂) အ.ထ. က ၊ ကညွှတ်ကွင်း
(၃) အမှတ်စဉ် (၁၁) ဗိုလ်လောင်း သင်တန်း၊ စစ်တက္ကသိုလ်၊ ပြင်ဦးလွင်
အောင်မြင်သူ သည် မိမိ ဘာကို အလိုရှိကြောင်းကောင်းစွာ သိသည်။အလိုရှိရာကိုရယူးရန် နည်းလမ်းအကြံအစည်လည်း ရှိသည်။မိမိတွင်ရယူနိုင်စွမ်းရှိသည်ဟုလည်း ယုံကြည်သည်။ပြီး မိမိ ဘ၀ ၏နေ့စဉ် အချိန် ကာလ အများစုကို မိမိအလိုရှိရာ ရရှိရေးကိစ္စ ထံတွင် နှစ်မြှပ်သုံးစွဲသည်။
မအောင်မြင်သူ တွင် လ၀ ရည်မှန်းချက်တိတိကျကျမရှိ။အောင်မြင်မှု မအောင်မြင်မှု ဟူသည် ကံအကြောင်းတရား သာ ဖြစ်သည်ဟု ယုံကြည်သည်။ထို့ကြောင့်မလွှဲသာမရှောင်သာသည့်အခါမျိုးမှတပါး ကိုယ်စွမ်း ကိုယ်စ ထုတ်လေ့မရှိ။
အောင်မြင်သူ သည် စည်းရုံးရေး သမားကောင်းတယောက် ဖြစ်သည်။မိမိ ပစ္စည်း အစွံထုတ် ရောင်းချတတ်သူ ဖြစ်သည်။မိမိ လုပ်ငန်း အစီအစဉ်တွင် သူတပါး တို့ အားတက်သရော ၀ိုင်းဝန်း ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းတတ်သူ ဖြစ်သည်။
မအောင်မြင်သူ ကား အပြစ်ရှာသမား ဖြစ်သည်။တဖက်သား စေတနာ ပျက်အောင် လုပ်သူမျိုးဖြစ်သည်။မိမိ နှင့်ဆက်ဆံရသူ မှန်သမျှထံ အဆိုးမြင် စိတ်တွေ ပျံ့နှံ့အောင်သူ အားထုတ်နေတတ်သည်။
အောင်မြင်သူ သည် စဉ်းစားပြီးမှ စကားပြောသူ ဖြစ်သည်။သူ့စကားလုံးတွေ ကို အလွန်ချင့်ချိန်သည်။တဖက်လူများနှင့်ပတ်သက်ကာ နှစ်သက်စရာ ချီးကျူးစရာများကို အထူးဂရုပြု ဖော်ထုတ်တတ်သည်။မိမိ မနှစ်သက် သည်ကို တတ်နိုင်သမျှ သိမ်းဆည်း သိုသိပ်တတ်သည်။ဝေဖန် ပစ်တင်စကား မဆိုမိအောင် သတိထားသည်.
မအောင်မြင်သူ သည် ထိုသူနှင့် ဆန့်ကျင်ဘက်။မစဉ်းစား ပဲ စကားတွေပြောမည်.သူ့စကားကြောင့် တဖက်လူ စိတ်ထိခိုက်ရမည်.မိမိကို မုန်းတီးစေမည်.အဲ့သည်က တဆင့်ဆင့်ပွား လာသည့်ဆိုးကျိုးတွေကို မိမိပဲ တနေ့ ခံစားရမည်။
အောင်မြင်သူ သည် အကြောင်း ကိစ္စရပ်များနှင့် ပက်သက်ကာ ပြည့်စုံလုံလောက်စွာ သိရှိပြီးသည့်အခါမှသာ ယင်းတို့နှင့် စပ်လျဉ်း သည့် မိမိ အမြင်ကို သူတပါးရှေ့တွင် ကျိုးကြောင်း သင့်မြတ်စွာ တင်ပြပြောဆိုသည်။
မအောင်မြင်သူ ကား သေချာစွာ စူးစမ်းလေ့လာမှု မပြုပဲ ဝေဖန်မည်.မှတ်ချက်ချမည်.မိမိ လုံးဝ နားမလည်သည့် ကိစ္စများကိုလည်း ၀င်ရောက် စွက်ဖက်ပြောဆိုမည်.
အောင်မြင်သူ သည်အချိန်ကို လည်းကောင်း ငွေကိုလည်းကောင်း စနစ်တကျ စီမံခန့်ခွဲ သုံးစွဲသည်။
မအောင်မြင်သူ ကား အချိန်ကို တန်ဖိုးမထား။ငွေကိုလည်း မလေးစား။ ပစ်စလက်ခက် ဖြုန်းတီးပစ်တတ်သည်.
အောင်မြင်သူ သည် လူတဖက်သားကို စိတ်ဝင်စားသည်.မိမိ နှင့်အလုပ်အကိုင် တူသူနေရာဌာန တူသူ စသည့် တစ်နည်းနည်း ဆက်စပ် ပတ်သက်နေသူများအား ရင်နှီးခင်မင်စွာ ဆက်ဆံတတ်သည်.
မအောင်မြင်သူ ကား မလိုမရှိလျှင် ဘာသိဘာသာ၊ အလိုရှိမှ ခေါ်ပြောဆက်ဆံတတ်သည်။
အောင်မြင်သူ သည် ပွင့်လင်းသော စိတ်ထားရှိသည်။သဘောထားကြီးသည်။မတူသော အယူအဆ မတူသောလူများအပေါ် သည်းခံနိုင်စွမ်း ရှိသည်။
မအောင်မြင်သူ ကား တံခါးပိတ်ထားသော စိတမျိုးရှိသည်.မတူသော အယူအဆ ကိုမကြားနိုင်။မတူသော လူများကိုမကြည့်နိုင်။စိတ်တံခါး
ပိတ်ထားသည့် အတွက် အခွင့်အရေး ကောင်းတွေ ကိုလည်း သူမမြင်၊မသိ။ မိတ်ဆွေ အပေါင်းအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု မျိုးကို
လည်း သူ ဘယ်သောအခါမှမရရှိ။
အောင်မြင်သူ သည် ခေတ်နှင့်အမီ ရင်ပေါင်တန်း နိုင်အောင်အမြဲကြိုးစားသည်။မိမိလုပ်ငန်း မိမိ အသက် မွေးဝမ်းကျောင်းနယ်ပယ် မိမိ အသိုင်းအ၀ိုင်း စသည်တို့ သာမက တကမ္ဘာလုံးမှာပါ ဘာတွေ ဖြစ်နေသလဲ အမြဲသိအောင် ဂရုပြုလေ့လာသည်.။
မအောင်မြင်သူ ကား လက်တလော ပတ်သက်နေသည့် ကိစ္စမှတပါး ဘာကိုမျှ အလေးမထား။ကိုယ်နှင့် တိုက်ရိုက်မပက်သတ်တာ မှန်သမျှဘာတခုမှ မသိ။
အောင်မြင်သူ သည် လောကကိုလည်းကောင်း၊ဘ၀ ကိုလည်းကောင်း အမြဲ အပြုဘက် က တွေးသည်။ မိမိ လုပ်ငန်းတွေ အောင်မြင်ခြင်း၊လောကကြီးထဲမှာ မိမိတွက် တနေရာ ရရှိခြင်းသည် မိမိ ၏ ဆောင်ရွက်ချက်တွေ များပြား ပြည့်စုံခြင်း အရည်အသွေး ပြည့်ဝ ခြင်းတို့ကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာသိရှိသည်။
မအောင်မြင်သူ ကား ကိုယ် က မပေးပဲ ရချင်သူဖြစ်သည်။သူ့တွင် အချောင်စားချင်စိတ် ကြီးစိုးနေသည်။အချောင်မရသည့်အခါ သူတပါးတို့ လောဘ ကြီးကြောင်း ပြစ်တင်ပြောဆိုသည်။
အောင်မြင်သူ သည် သည်ကမ္ဘာတွင် လြူုဖစ်လာရခြင်း အတွက်ပင် ၀မ်းမြောက်ကျေနပ်ခြင်း ဖြစ်သည်။သူသည် ပတ်ဝန်းကျင်အပေါ် နှစ်သက်ခင်မင်မှု ရှိပြီး အများကောင်းကျိုး ဆောင်ရွက်ရန်လည်း အမြဲတက်ကြွ ထက်သန်နေသည်။
မအောင်မြင်သူ ကား လောက ကိုလည်းကောင်း ပတ်ဝန်းကျင်ကိုလည်းကောင်း အယုံအကြည်မရှိ။သူ သိသည်မှာ သူ့ အကျိုးစီးပွား ပဲ ဖြစ်သည်။သူသည် ရလျှင်ရသလို ဘနဖူးသိုက်တူးမည့် သူမျိုး ဖြစ်သည်.သို့တိုင်အောင် သူမကြီးပွားးးကြီးပွားလျှင်လည်း ရေရှည်မခံ။
နောက်ဆုံးအနေနှင့်ပြောရမည်ဆိုလျှင်
အောင်မြင်သူ နှင့်မအောင်မြင်သူ ကား စိတ်ဓါတ်ရော လုပ်ရပ်တွင်ပါ တဦးနှင့်တဦးတကမ္ဘာစီ ခြားကြသူများ ဖြစ်သည်။ထိုစိတ်ဓါတ်နှင့် လုပ်ရပ်များကြောင့်ပင် သူတို့၏ ဘ၀ အနေအထားများ လည်း ကွာခြားသွားရခြင်း ဖြစ်ပေသည်။
ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီး၏အဓိပ္ပါယ် ......
ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် ကိုဖော်ပြလေသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူသည့် ဘုရားရှင်၏ အံသြဖွယ် ခြောက်သွယ်သော ရောင်ခြည်တော်သည် ကြည်ညိုမ၀၊ ဖူး၍မ၀၊ အံ့မခန်းအထူးပင်ခန့်ညားတင့်တယ်စွာ ရှိနေသည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးကို ရောင်ခြည်တော် ခြောက်သွယ်မှ ပေါ်ထွက်သည့်အရောင်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
ရောင်ခြည်တော် ခြောက်သွယ်
ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်မှာ ပါဠိဘာသာအရ .....
၁။ နီလ ၂။ ပီတ ၃။ လောဟိတ ၄။ သြဒါထ ၅။ မဉ္ဇိဋ္ဌ ၆။ ပဘဿရ .......... တို့ဖြစ်ပါသည်။
ယင်းအရောင်းတို့ကို တူညီသော အစင်းများဖြင့် အလံတိုင်ဘက်မှစ၍ အပြာ ၊ အ၀ါ ၊ အနီ ၊ အဖြူ နှင့် နီမောင်းသော အရောင်တို့ကို အစဉ်အတိုင်းထားရှိလေသည်။
ဆဌမမြောက် နောက်ဆုံး အစင်းရောင်ဖြစ်သော ပဘဿရအရောင်မှာ အထက်ဖော်ပြထားသော အရောင်ငါးမျိုးတို့၏ ရောနှော ပေါင်းစပ်ထားသောအရောင်ဖြစ်သည်။
(စာကြွင်း) ။ ။
မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်တွင် နီလရောင်ခြည်တော်ခေါ် ညိုသော ရောင်ခြည်တော် နှင့် မဉ္ဇိဋ္ဌ ခေါ် မောင်းသောရောင်ခြည်တို့မှာ .. မြန်မာတို့သိသော အညိုအမောင်းနှင့် ကွဲပြားနေလေသည်။
နီလ - အညိုမှာ အဌကထာများတွင် မိုးဆွေပန်း၊ ကြာညိုမန်း ၊ မျက်စဉ်းမှုန် တို့၏ အရောင်တို့ဖြင့် နှိုင်းယှဉ် ပြသထား၏။
မိုးဆွေပန်း၊ ကြာညိုပန်း ၊ မျက်စဉ်းမှုန် ပန်းတို့မှာ အပြာရောင်များဖြစ်ကြ ၍ ကမ္ဘာ့ပညာရှင်များက နီလရောင်ခြည်တော်ကို အပြာရောင်ဟု ပြဌာန်းထားကြပါသည်။
ထို့ပြင် မောင်းသောအရောင်မှာ မန္ဒရတ္တ၀ဏ္ဏ - နုသောအနီရောင်၊ အနီနု ဟုဆိုသဖြင့် ပန်းရောင် (သို့) လိမ္မော်ရောင် ကို ပြဌာန်းအသိအမှတ်ပြုကြလေသည်။

သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။
ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။